< နေဟမိ 10 >
1 ၁ တံဆိပ် ခတ်သောသူဟူမူကား ၊ ဟာခလိ သား ပြည်အုပ် မင်း နေဟမိ ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
၁ပထမဦးစွာလက်မှတ်ရေးထိုးသူမှာ ဟာ ခလိ၏သား၊ ဘုရင်ခံနေဟမိဖြစ်၏။ ထို နောက်ဇိဒကိယလက်မှတ်ရေးထိုးလေ သည်။
2 ၂ စရာယ ၊ အာဇရိ ၊ ယေရမိ၊
၂လက်မှတ်ရေးထိုးကြသည့်ယဇ်ပုရောဟိတ် များမှာ အောက်ပါစာရင်းအတိုင်းဖြစ်သည်။ စရာယ၊အာဇရိ၊ယေရမိ၊ ပါရှုရ၊အာမရိ၊မာလခိယ၊ ဟတ္ထုတ်၊ရှေဗနိ၊မလ္လုတ် ဟာရိမ်၊မေရမုတ်၊သြဗဒိ၊ ဒံယေလ၊ဂိန္နေသုန်၊ဗာရုတ်၊ မေရှုလံ၊အဘိယ၊မိယာမိန် မာဇိ၊ဗိလဂဲ၊ရှေမာယ၊
3 ၃ ပါရှုရ ၊ အာမရိ ၊ မာလခိယ၊
၃
4 ၄ ဟတ္တုတ် ၊ ရှေဗနိ ၊ မလ္လုတ်၊
၄
5 ၅ ဟာရိမ် ၊ မေရမုတ် ၊ ဩဗဒိ၊
၅
6 ၆ ဒံယေလ ၊ ဂိန္နေသုန် ၊ ဗာရုတ်၊
၆
7 ၇ မေရှုလံ ၊ အဘိယ ၊ မိယာမိန်၊
၇
8 ၈ မာဇိ ၊ ဗိလဂဲ ၊ ရှေမာယ၊
၈
9 ၉ လေဝိ သားအာဇနိ သား ယောရှု တပါး၊ ဟေနဒဒ် သား ဗိနွိ တပါး၊ ကပ်မျေလ တပါး၊
၉လက်မှတ်ရေးထိုးသူလေဝိအနွယ်ဝင် များမှာ အောက်ပါစာရင်းအတိုင်းဖြစ်သည်။ အာဇနိ၏သားယောရှု၊ ဟေနဒဒ်သားချင်းစုခေါင်းဆောင်ဗိနွိ၊ ကပ်မျေလ၊ရှေဗနိ၊ဟောဒိယ၊ ကေလိတ၊ပေလာယ၊ဟာနန်၊ မိက္ခာ၊ရေဟုပ်၊ဟာရှဘိ၊ ဇက္ကုရ၊ရှေရဘိ၊ရှေဗနိ၊ ဟောဒိယ၊ဗာနိ၊ဗေနိနု။
10 ၁၀ သူ တို့ညီ ရှေဗနိ ၊ ဟောဒိယ ၊ ကေလိတ ၊ ပေလာယ ၊ ဟာနန်၊
၁၀
11 ၁၁ မိက္ခါ ၊ ရေဟုပ် ၊ ဟာရှဘိ၊
၁၁
12 ၁၂ ဇက္ကုရ ၊ ရှေရဘိ ၊ ရှေဗနိ၊
၁၂
13 ၁၃ ဟောဒိယ ၊ ဗာနိ ၊ ဗေနိနု၊
၁၃
14 ၁၄ လူ တို့တွင် အကြီး အကဲဖြစ်သော ပါရုတ် ၊ ပါဟတ်မောဘ ၊ ဧလံ ၊ ဇဿု ၊ ဗာနိ၊
၁၄လက်မှတ်ရေးထိုးသူပြည်သူခေါင်းဆောင် များမှာ အောက်ပါစာရင်းအတိုင်းဖြစ်သည်။ ပါရုတ်၊ပါဟတ်မောဘ၊ ဧလံ၊ဇဿု၊ဗာနိ၊ ဗုန္နိ၊အာဇဂဒ်၊ဗေဗဲ၊ အဒေါနိယ၊ဗိဂဝဲ၊အာဒိန်၊ အာတာ၊ဟိဇကိယ၊အဇ္ဇုရ၊ ဟောဒိယ၊ဟရှုံ၊ဗေဇဲ၊ဟာရိပ်၊ အာနသုတ်၊နေဗဲ၊မာဂပျာရှ၊ မေရှုလံ၊ဟေဇိရ၊မေရှဇဗေလ၊ ဇာဒုတ်၊ယာဒွါ၊ပေလတိ၊ဟာနန်၊ အနာယ၊ဟောရှေ၊ဟာနနိ၊ဟာရှုပ်၊ ဟာလောဟက်၊ပိလဟ၊ရှောဗက်၊ရေဟုံ၊ ဟာရှဗန၊မာသေယ၊အဟိယ၊ဟာနန်၊ အာနန်၊မလ္လုတ်၊ဟာရိမ်၊ဗာနာ။
15 ၁၅ ဗုန္နိ ၊ အာဇဂဒ် ၊ ဗေဗဲ၊
၁၅
16 ၁၆ အဒေါနိယ ၊ ဗိဂဝဲ ၊ အာဒိန်၊
၁၆
17 ၁၇ အာတာ ၊ ဟိဇကိယ ၊ အဇ္ဇုရ၊
၁၇
18 ၁၈ ဟောဒိယ ၊ ဟရှုံ ၊ ဗေဇဲ၊
၁၈
19 ၁၉ ဟာရိပ် ၊ အာနသုတ် ၊ နေဗဲ၊
၁၉
20 ၂၀ မာဂပျာရှ ၊ မေရှုလံ ၊ ဟေဇိရ၊
၂၀
21 ၂၁ မေရှဇဗေလ ၊ ဇာဒုတ် ၊ ယာဒွါ၊
၂၁
22 ၂၂ ပေလတိ ၊ ဟာနန် ၊ အနာယ၊
၂၂
23 ၂၃ ဟောရှေ ၊ ဟာနနိ ၊ ဟာရှုပ်၊
၂၃
24 ၂၄ ဟာလောဟက်၊ ပိလဟ ၊ ရှောဗက်၊
၂၄
25 ၂၅ ရေဟုံ ၊ ဟာရှဗန ၊ မာသေယ၊
၂၅
26 ၂၆ အဟိယ ၊ ဟာနန် ၊ အာနန်၊
၂၆
27 ၂၇ မလ္လုတ် ၊ ဟာရိမ် ၊ ဗာနာ တည်း။
၂၇
28 ၂၈ ကြွင်း သောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ တံခါး စောင့်၊ သီချင်း သည်၊ ဘုရား ကျွန် အစရှိသော ဘုရား သခင်၏ တရား ကို စောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့် ကွာ သော သူအပေါင်း တို့သည် မယား သား သမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည် သောသူဖြစ်၍၊
၂၈ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။
29 ၂၉ ညီအစ်ကို မှူးမတ် တို့၌ မှီဝဲ လျက်၊ ဘုရား သခင်၏ ကျွန် မောရှေ အားဖြင့် ထား တော်မူသော ဘုရား သခင်၏ တရား တော်အတိုင်း ကျင့် ပါမည်ဟူ၍၎င်း၊ ငါ တို့အရှင် ထာဝရဘုရား ၏ ပညတ် တော်များ၊ စီရင် ထုံးဖွဲ့ တော်မူချက်ရှိသမျှ တို့ကို စောင့်ရှောက် ပါမည်ဟူ၍၎င်း ၊
၂၉
30 ၃၀ ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ၊ ပြည်သား သမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူဘဲနေပါမည်ဟူ၍၎င်း ၊
၃၀ငါတို့သည်ဤပြည်တွင်နေထိုင်သူလူမျိုး ခြားနှင့်ထိမ်းမြားစုံဖက်မှုကိုပြုမည်မ ဟုတ်ပါ။
31 ၃၁ ပြည်သား တို့သည် ဥပုသ် နေ့ ၌ ဥစ္စာ ၊ စားစရာ ကိုရောင်း ခြင်းငှါ ယူ ခဲ့လျှင်၊ ဥပုသ် နေ့ဖြစ်စေ ၊ အခြား သော ဓမ္မ နေ့ဖြစ်စေမ ဝယ် ၊ သတ္တမ နှစ် တွင် လယ်လုပ်ခြင်းအမှုကိုမ ပြု၊ ကြွေး ကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆို လျက် သစ္စာ ဂတိထားကြ၏။
၃၁ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။
၃၂ငါတို့သည်နှစ်စဉ်နှစ်တိုင်းတစ်ဦးလျှင်ငွေ တစ်အောင်စ၏ရှစ်ပုံတစ်ပုံကို ဗိမာန်တော် အသုံးစရိတ်အတွက်ပေးလှူပါမည်။
33 ၃၃ ထို မှတပါး၊ ငါ တို့ဘုရား သခင်၏ အိမ် တော်အမှု တည်းဟူသောဥပုသ် နေ့နှင့် လဆန်း နေ့တွင် ရှေ့တော် မုန့် ၊ မြဲ သောဘောဇဉ်ပူဇော်သက္ကာ ၊ မြဲ သောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်း သောအသုံးအဆောင်၊ ဣသရေလ အမျိုး၏အပြစ်ဖြေရာယဇ် အစရှိသော ငါ တို့၏ဘုရားသခင် အိမ် တော်အမှု အလုံးစုံ ကိုဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ် လျှင်ငွေတကျပ် သုံး စုတစုစီပေး ရမည်အကြောင်းကိုယ် အဘို့စီရင်ထုံးဖွဲ့ ကြ၏။
၃၃ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
34 ၃၄ ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ မီး မွေးစရာထင်း ပူဇော် သက္ကာကို ၊ တနှစ် တနှစ် လျှင် ချိန်းချက် သော အချိန် တို့၌ ၊ အဆွေ အမျိုးအလိုက် ငါ တို့ ဘုရား သခင်၏ အိမ် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း ၊ ယဇ်ပုရောဟိတ် လေဝိ သားပြည်သူ ပြည်သားတို့သည် စာရေးတံ ပြုကြ၏။
၃၄ပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များဖြစ်ကြသောငါတို့သည် ပညတ်ကျမ်းအရငါတို့ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုမီးရှို့ ပူဇော်ရန်အတွက် လိုအပ်သည့်ထင်းများကို အဘယ်သားချင်းစုတို့ကဆောင်ခဲ့ရကြ မည်ကိုနှစ်စဉ်နှစ်တိုင်းမဲချဆုံးဖြတ်ကြ ပါမည်။
35 ၃၅ အဦး သီးသော မြေ အသီး အနှံနှင့် အဦးသီးသော သစ် သီး အမျိုးမျိုး ကို ဗိမာန် တော်သို့ နှစ် တိုင်း ဆောင် ခဲ့ရမည်အကြောင်း၊
၃၅ငါတို့သည်နှစ်စဉ်နှစ်တိုင်းမိမိတို့ရိတ်သိမ်း ရရှိသည့်အသီးအနှံဦးများကိုလည်းကောင်း၊ ငါတို့သစ်သီးပင်များတွင်အဦးမှည့်သည့် အသီးများကိုလည်းကောင်းဗိမာန်တော် သို့ယူဆောင်ခဲ့ပါမည်။
36 ၃၆ ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ အဦး ဘွားသော သား ယောက်ျားနှင့် အဦး ဘွားသော သိုး နွား အစရှိသည်တို့ကို၊ ဗိမာန် တော်၌ အမှု စောင့်သော ယဇ် ပုရောဟိတ် တို့ရှိရာ ဗိမာန် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း၊
၃၆ပညတ်ကျမ်းတွင်ပြဋ္ဌာန်းဖော်ပြထားသည့် အတိုင်း ငါတို့သည်ဘုရားသခင်အားဆက် ကပ်ရန်အတွက် မိမိတို့၏သားဦးကိုလည်း ကောင်း၊ မိမိတို့နွား၊ သိုး၊ ဆိတ်တို့မှမွေးဖွား သည့်သားဦးကိုလည်းကောင်းဗိမာန်တော် ရှိယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ပါ မည်။
37 ၃၇ အဦး လုပ်သော မုန့်စိမ်း ၊ ပူဇော် သက္ကာ၊ သစ် သီး အမျိုးမျိုး ၊ စပျစ်ရည် ၊ ဆီ ကိုယဇ်ပုရောဟိတ် တို့ရှိရာ ဗိမာန် တော် အခန်း သို့ ၎င်း၊ လယ်လုပ် သော မြို့ ရွာရှိသမျှ တို့၌ မြေ အသီးအနှံဆယ် ဘို့တဘို့ကို လေဝိ သားတို့ထံ သို့၎င်း၊ ဆောင် ခဲ့ရမည်အကြောင်းစီရင်ထုံးဖွဲ့ကြ၏။
၃၇ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
38 ၃၈ လေဝိ သားတို့သည် ဆယ် ဘို့တဘို့ကို ခံယူသောအခါ ၊ အာရုန် အမျိုး ယဇ်ပုရောဟိတ် ရှိ ရမည်။ လေဝိ သား တို့သည်လည်း ဆယ် ဘို့တဘို့ထဲက ဆယ် ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန် တော်အခန်း ဘဏ္ဍာ တိုက်ထဲ သို့ သွင်းရကြမည်။
၃၈ဤဆယ်ဖို့တစ်ဖို့အလှူကိုကောက်ခံချိန် ၌အာရုန်မှဆင်းသက်သည့်ယဇ်ပုရော ဟိတ်များသည် လေဝိအနွယ်ဝင်တို့နှင့် အတူရှိရမည်။ ထိုနောက်လေဝိအနွယ်ဝင် တို့ကမိမိတို့ကောက်ခံရရှိသည့်အသီး အနှံများအနက် ဆယ်ပုံတစ်ပုံကိုဗိမာန် တော်တွင်အသုံးပြုရန်ဗိမာန်တော်ပစ္စည်း သိုလှောင်ခန်းသို့ယူဆောင်သွားပါ မည်။-
39 ၃၉ လေဝိ သားအစရှိသော ဣသရေလ အမျိုးသား တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ပူဇော် သက္ကာတို့ကို သန့်ရှင်း ရာဌာနတော်တန်ဆာ ၊ အမှု စောင့်ယဇ်ပုရောဟိတ် ၊ တံခါး စောင့်၊ သီချင်း သည်တို့ရှိရာ အခန်း သို့ ဆောင် ခဲ့ရကြမည်။ ငါ တို့ ဘုရား သခင်၏ အိမ် တော်ကို ငါတို့သည် စွန့်ပစ် ၍ မ ထားရကြ။
၃၉ဣသရေလအမျိုးသားများနှင့်လေဝိ အနွယ်ဝင်တို့သည်အသီးအနှံ၊ စပျစ်ရည် နှင့်သံလွင်ဆီအလှူကိုဗိမာန်တော်အသုံး အဆောင်များထားရှိသောတာဝန်ကျသည့် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့် တပ်သားများနှင့် ဗိမာန်တော်ဂီတပညာသည် များနေထိုင်သောအခန်းများသို့ယူဆောင် သွားပါမည်။ ငါတို့သည်ငါတို့ဘုရားသခင်၏အိမ် တော်ကိုစွန့်ပစ်၍ထားမည်မဟုတ်ပါ။