< နာဟုံ 1 >

1 ဧလကောရှ ရွာသား နာဟုံ ခံရ၍၊ နိနေဝေ မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်အချက်ဟူမူကား၊
The burden of Nineveh. The book of the vision of Nahum the Elkoshite.
2 အပြစ်ရှိသည်ဟု ထာဝရဘုရား သည် ယုံ လွယ်၍ ဒဏ် ပေးသော ဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဒဏ် ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက် ပြုသောသူတို့ကို ဒဏ် ပေး၍ ၊ ရန်သူ တို့ကို အငြိုး ထားတော်မူ၏။
Jehovah is a jealous God and avenges. Jehovah avenges and is full of wrath. Jehovah takes vengeance on his adversaries, and he reserves wrath for his enemies.
3 ထာဝရဘုရား သည် စိတ် ရှည်တော်မူ၏။ တန်ခိုး လည်း ကြီး တော်မူ၏။ သို့ရာတွင် ၊ အပြစ်တည်သော သူတို့ ကို အပြစ် မှ လွှတ်တော်မ မူ။ ထာဝရဘုရား သည် လေဘွေ ၌ ၎င်း ၊ မိုဃ်းသက် မုန်တိုင်း၌ ၎င်း ကြွ တော်မူ၍ ၊ မိုဃ်း တိမ် တို့သည် စက် တော်အောက်၌ မြေမှုန့် ကဲ့သို့ဖြစ်ကြ၏။
Jehovah is slow to anger, and great in power, and will by no means clear the guilty. Jehovah has his way in the whirlwind and in the storm, and the clouds are the dust of his feet.
4 ပင်လယ် ကို ဆုံးမ ၍ ခန်းခြောက် စေတော်မူ၏။ ခပ်သိမ်း သော မြစ် ရေကိုလည်း ကုန် စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်တို့သည် ညှိုးနွမ်း ကြ၏။ လေဗနုန် အပွင့် လည်း ညှိုးနွမ်း ၏။
He rebukes the sea, and makes it dry, and dries up all the rivers. Bashan languishes, and Carmel, and the flower of Lebanon languishes.
5 ကိုယ်တော် ကြောင့် တောင် တို့သည် တုန်လှုပ် လျက် ၊ ကုန်း တို့သည် အရည် ကျိုလျက် ၊ ရှေ့ တော်၌ မြေကြီး နှင့် လောကဓါတ် မှစ၍ လောက သားအပေါင်း တို့သည် ရွေ့ လျက်ရှိကြ၏။
The mountains quake at him, and the hills melt, and the earth is up heaved at his presence. Yea, the world, and all who dwell therein.
6 အမျက် တော်ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ အမျက် တော်အရှိန် ကို အဘယ်သူ ဆီးတား နိုင်သနည်း။ မီး လောင်သကဲ့သို့ အမျက် ထွက် ၍ ၊ ကျောက် တို့ကို ဖြို ချ တော်မူ၏။
Who can stand before his indignation? And who can abide in the fierceness of his anger? His wrath is poured out like fire, and the rocks are broken apart by him.
7 ထာဝရဘုရား သည် ကောင်း တော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံ သောသူတို့ ကို သိ မှတ်တော်မူ၏။
Jehovah is good, a stronghold in the day of trouble, and he knows those who take refuge in him.
8 ရန်သူ နေရာ ကို လွှမ်းမိုး သော မြစ် ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူ တို့ကို မှောင်မိုက် လိုက် လိမ့်မည်။
But with an over running flood he will make a full end of her place, and will pursue his enemies into darkness.
9 ထာဝရဘုရား တဘက် ၌ အဘယ်သို့ ကြံစည် ကြသနည်း ။ အပြီး ဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ် နင်းစရာ အကြောင်းမ ရှိ ရ။
What do ye devise against Jehovah? He will make a full end. Affliction shall not rise up the second time.
10 ၁၀ သူတို့သည် ဆူး ပင်ကဲ့သို့အချင်းချင်းညိတွယ် လျက် ၊ စပျစ်ရည် နှင့် ယစ်မူး သကဲ့သို့ ဖြစ်လျက်၊ သွေ့ခြောက် သောအမှိုက် ကဲ့သို့ မီး လောင်ခြင်းကိုခံရကြ လိမ့်မည်။
For entangled like thorns, and drunken as with their drink, they are consumed utterly as dry stubble.
11 ၁၁ ထာဝရဘုရား တဘက် ၌ မ ကောင်းသော အကြံ ကို ကြံစည် သောအဓမ္မ တိုင်ပင်အမတ်သည် သင့် အထဲ က ပေါ် လာပြီ။
He has gone forth out of thee, who devises evil against Jehovah, who counsels wickedness.
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတို့သည် စုံလင် ၍ အရေအတွက်အားဖြင့်များပြား သော်လည်း ၊ ဆုံးရှုံး ၍ ကွယ်ပျောက် ရကြလိမ့်မည်။ သင့် ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက် တဖန် မ ညှဉ်းဆဲ ။
Thus says Jehovah: Though they be in full strength, and likewise many, even so they shall be cut down. And he shall pass away. Though I have afflicted thee, I will afflict thee no more.
13 ၁၃ ယခု မှာ သင် ၌ သူ တင်သော ထမ်းဘိုး ကို ငါချိုး ပယ်၍ ၊ ချည်နှောင်သော ကြိုး တို့ကိုလည်း ဖြတ် မည်။
And now I will break his yoke from off thee, and will burst thy bonds apart.
14 ၁၄ သင် ၏အမှု ၌ ထာဝရဘုရား စီရင် တော်မူသည် ကား၊ သင် ၏အမျိုး မ ဆက် မနွှယ်ရ။ ထုသော ရုပ်တု နှင့် သွန်း သော ရုပ်တုတို့ကို သင် ၏ဘုရား ကျောင်း မှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာ သောကြောင့် သင် ၏ သင်္ချိုင်း ကို ငါလုပ် မည်။
And Jehovah has given commandment concerning thee, that no more of thy name be sown. Out of the house of thy gods I will cut off the graven image and the molten image. I will make thy grave, for thou are vile.
15 ၁၅ ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာသိတင်း စကားကို ကြား ပြောသောသူ ၏ခြေ တို့ကို တောင် ပေါ် မှာ ကြည့် ကြလော့။ အိုယုဒ အမျိုး၊ သင် ၏ ဓမ္မပွဲကို ခံ လော့။ သစ္စာ ဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေ လော့။ အဓမ္မ လူသည် ရှင်းရှင်း ပယ် ဖြတ်ခြင်းကို ခံရသောကြောင့် ၊ နောက် တဖန်သင့် ကို မ ကျော် မနင်းရ။
Behold, upon the mountains the feet of him who brings good news, who publishes peace! Keep thy feasts, O Judah. Perform thy vows, for the wicked one shall no more pass through thee. He is utterly cut off.

< နာဟုံ 1 >