< နာဟုံ 3 >
1 ၁ လူအသက်ကိုသတ် တတ်သော မြို့ ၌အမင်္ဂလာ ဖြစ်စေသော၊ လှည့်စား ခြင်း၊ အနိုင် အထက်ပြုခြင်းနှင့် ပြည့်ဝ ၏။ ဘမ်းမိ သောအရာကို မ လွှတ် တတ်။
၁တိုက်ခိုက်လုယူခံရန်ကြွယ်ဝ များပြားနေသည့်မြို့၊ လှည့်စားတတ်သူလူသတ်သမားမြို့သည် အမင်္ဂလာရှိ၏။
2 ၂ နှင်တံ နှင့်ရိုက်သံ ၊ လှည်းဘီး လိမ့် သံ ၊ မြင်း ခုန် သံ၊ ရထား ပြေး သံကို ကြားရ၏။
၂နှင်တန်ရိုက်သံ၊ရထားဘီးလှိမ့်သံ၊မြင်းခွာသံ၊ စစ်မြင်းရထားဆောင့်သံကိုနားထောင်လော့။
3 ၃ မြင်းစီးသူရဲ သည် မီး တောက်သော ထား ၊ လျှပ်စစ် ပြက်သော လှံ ကိုချီ လျက် ၊ တိုက်သောသူရဲအများ နှင့် သေ သောသူအပုံ ပုံရှိကြ၏။ အသေ ကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူ သေကောင်များကို ထိမိ၍ လဲ တတ်ကြ ၏။
၃မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊ သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။ မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။ လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။
4 ၄ အဆင်း လှ ၍ ပြုစား တတ်လျက်၊ မတရား သောမေထုန် အမှုနှင့် စုန်းမ အတတ်အားဖြင့် ၊ လူ အမျိုးမျိုးအနွှယ်နွှယ်တို့ကို ကုန်သွယ် လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရား သောမေထုန် ကို ပြုဖန်များပြား သောကြောင့် ၊
၄နိနေဝေမြို့တည်းဟူသောပြည့်တန်ဆာမသည် အပြစ်ဒဏ်ခံရလေပြီ။ သူသည်လူတို့၏စိတ်ကိုယိုဖိတ်စေလောက်အောင် ချောမောလှသဖြင့်၊လူမျိုးတကာ၏စိတ်ကို ဆွဲဆောင်ကာ ဖြားယောင်းသွေးဆောင်ခဲ့ပေသည်။
5 ၅ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အဝတ် ကို သင် ၏မျက်နှာ ပေါ် မှာ လှန် ၍ အတိုင်းတိုင်းအပြည် ပြည် ရှေ့မှာ သင် ၌ အချည်းစည်း ရှိခြင်း၊ အရှက် ကွဲခြင်းကို ငါပြ မည်။
၅အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။
6 ၆ သင် ၌ မစင် ကိုပစ် ၍ ညစ်ညူး စေပြီးမှ ၊ သူတပါး တို့ကြည့် စရာထား မည်။
၆ငါသည်စက်ဆုပ်ရွံရှာမှုနှင့်သင့်ကိုဆက်ဆံ၍ အညစ်အကြေးများဖြင့်ဖုံးအုပ်မည်။ လူတို့သည်သင့်အားအော့နှလုံးနာလျက် ငေး၍ကြည့်ကြလိမ့်မည်။
7 ၇ သင့် ကို မြင် သမျှ သောသူတို့ က၊ နိနေဝေ မြို့ ပျက်စီး ပြီ။ အဘယ်သူ မြည်တမ်း မည်နည်းဟုဆို လျက် ၊ သင့် ထံမှ ပြေး ကြလိမ့်မည်။ နှစ်သိမ့် စေသောသူတို့ ကို သင့် အဘို့ အဘယ်မှာ ငါရှာ ၍ ရနိုင်သနည်း။
၇သင့်ကိုမြင်သူအပေါင်းတို့သည်နောက်သို့ တွန့်ဆုတ်သွားလိမ့်မည်။ သူတို့က``နိနေဝေမြို့သည်ယိုယွင်း ပျက်စီးလျက်နေလေပြီ။ ထိုမြို့အားအဘယ်သူကကရုဏာသက် ပါလိမ့်မည်နည်း။ အဘယ်သူသည်နှစ်သိမ့်မှုကိုပေးလို ပါမည်နည်း'' ဟုဆိုကြလိမ့်မည်။
8 ၈ သင်သည် မြစ် ကြားမှာ တည် သော နောမုန် မြို့ ထက် ကြီးမြတ် သလော။ ထိုမြို့ ကို ရေ ဝိုင်း လျက်၊ ပင်လယ် သည် မြို့ကျုံး ဖြစ်၏။ မြို့ရိုး လည်း ပင်လယ် နှင့် စပ် သတည်း။
၈အို နိနေဝေမြို့၊ သင်သည်အီဂျစ်ပြည်၏မြို့ တော်သီဘီမြို့ထက်သာလွန်ကောင်းမွန်ပါ သလော။ ထိုမြို့တွင်လည်းမြို့ရိုးသဖွယ်ကာ ကွယ်မှုကိုပေးသည့်မြစ်တစ်ခုရှိပေသည်။ နိုင်းမြစ်ကားထိုမြို့၏ကွယ်ကာရာပင်တည်း။-
9 ၉ အဲသယောပိ ပြည်နှင့် အဲဂုတ္တု ပြည်သည် သူ ၏ လက်နက် ဖြစ်၏။ ရေတွက် ၍ မကုန်နိုင်။ ဖုတ ပြည်နှင့် လိဗု ပြည်လည်း သူ ၏လက်နက် အဝင် ဖြစ် ၏။
၉သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊-
10 ၁၀ သို့သော်လည်း ၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်း သွားကြပြီ။ မြို့သားငယ် တို့ကို လမ်း ဦး ရှိသမျှ တို့၌ ချိုးဖဲ့ လျက် ၊ ဂုဏ် အသရေရှိသော မြို့သားတို့ကို စာရေးတံ ချ လျက် ၊ အားကြီး သော မြို့သားအပေါင်း တို့ကို သံကြိုး ဖြင့် ချည်နှောင် လျက် ပြုကြပြီ။
၁၀သီဘီမြို့သူမြို့သားတို့သည်ပြည်နှင်ဒဏ်သင့် ကြလျက်သူတို့၏သားသမီးများသည်လမ်း ဆုံလမ်းခွတိုင်း၌အရိုက်အနှက်ခံရကြ၏။ သူတို့အထဲမှဂုဏ်အသရေရှိသူများကို သံကြိုးများနှင့်ချည်နှောင်ခေါ်ဆောင်ကာ မိမိတို့အချင်းချင်းမဲချ၍ခွဲဝေယူကြ၏။
11 ၁၁ သင် သည်လည်း မိန်းမော တွေဝေလျက် ပုန်းရှောင် ၍ နေရလိမ့်မည်။ ရန်သူ ၏လက်နှင့် လွတ်အောင် ခိုင်ခံ့ သောအရပ်ကို ရှာ ရလိမ့်မည်။
၁၁အို နိနေဝေမြို့၊ သင်သည်မူးယစ်ထုံထိုင်း လျက်ရန်သူများ၏လက်မှလွတ်မြောက် ရန်ကြိုးစားလိမ့်မည်။-
12 ၁၂ သင် ၏ရဲတိုက် ရှိသမျှ တို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်း ပင်နှင့် တူကြ လိမ့်မည်။ လှုပ် လျှင် စား ချင်သောသူ၏ ပါးစပ် ထဲ သို့ ကျ လိမ့်မည်။
၁၂သင်၏ခံတပ်မှန်သမျှသည်အသီးမှည့်များ ရှိသည့်သဖန်းပင်များနှင့်တူ၍ အပင်ကို လှုပ်လိုက်လျှင်စားချင်သူ၏ခံတွင်းသို့ အသီးများကျလာလိမ့်မည်။-
13 ၁၃ သင် ၏လူ တို့သည် သင့် အလယ် ၌ မိန်းမ ကဲ့သို့ဖြစ်၍၊ ပြည် တံခါး တို့သည် ရန်သူ တို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင် တို့သည် မီး လောင် လိမ့်မည်။
၁၃သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-
14 ၁၄ ရန်သူဝိုင်း ထားသော ကာလဘို့ ရေ ကို ခပ် ထား လော့။ ရဲတိုက် တို့ကို ခိုင်ခံ့ စေလော့။ ရွံ့ ထဲ သို့ ဝင် ၍ အုတ် မြေကို နင်း နယ်လော့။ အုတ်ဖို ကို ပြင်ဆင် လော့။
၁၄မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
15 ၁၅ ထိုအရပ်၌ပင် သင့် ကို မီး လောင် လိမ့်မည်။ ထား နှင့်ခုတ် ဖြတ်လိမ့်မည်။ ယာလက်ကျိုင်း ကိုက်စားသကဲ့သို့ ကိုက်စား လိမ့်မည်။ ယာလက်ကျိုင်း နှင့် အရာဘကျိုင်း ကောင်တို့သည် များ သကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှါကြိုးစားလော့။
၁၅သင်သည်အဘယ်သို့ပင်ပြုသော်လည်းမီးသင့် လောင်ပြီးစစ်ပွဲတွင်ကျဆုံး၍သေလိမ့်မည်။ ကျိုင်းကောင်များကိုက်ဖျက်လိုက်သည့်အသီး အနှံများကဲ့သို့သင်သည်အစတုန်း၍သွား လိမ့်မည်။ သင်သည်ကျိုင်းကောင်များကဲ့သို့လူဦးရေ တိုးပွားစေခဲ့၏။-
16 ၁၆ မိုဃ်းကောင်းကင် ကြယ် များသည်ထက် ၊ သင် ၏ ကုန်သည် တို့ကို များပြား စေသော်လည်း၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား ၍ ပျံ သွားတတ်ကြ၏။
၁၆မိုးကောင်းကင်ကြယ်တာရာများထက်ပင်ပို မိုများပြားသည့်ကုန်သည်များကိုမွေးထုတ် ပေးခဲ့၏။ သို့ရာတွင်မိမိတို့အတောင်ကိုဖြန့် ၍ပျံသွားသောကျိုင်းကောင်များကဲ့သို့ ထို သူတို့သည်ထွက်သွားကြလေပြီ။-
17 ၁၇ သင် ၏မင်းသား တို့သည် အရာဘကျိုင်း ကဲ့သို့ ၎င်း ၊ ဗိုလ် တို့သည် ဂေါဘကျိုင်း ကဲ့သို့ ၎င်း ဖြစ်၍၊ ချမ်း သောအခါ စောင်ရန်း နား မှာ ဝပ် တတ်ကြ၏။ နေ ထွက် သောအခါ ပျံ သွား၍ အဘယ် အရပ် သို့ ရောက်သည်ကို မ သိ ရ။
၁၇သင်၏အစောင့်များနှင့်မှူးမတ်များသည်ချမ်း ဧချိန်ညဥ့်အခါနံရံများတွင်နားနေပြီး လျှင် နေထွက်သည်နှင့်ပျံထွက်သွားသဖြင့် အဘယ်အရပ်သို့ရောက်ရှိနေမှန်းမသိရ သည့်ကျိုင်းကောင်အုပ်နှင့်တူကြ၏။
18 ၁၈ အိုအာရှုရိ ရှင်ဘုရင် ၊ သင် ၏သိုးထိန်း တို့သည် အိပ်ပျော် လျက်၊ သင် ၏မှူးမတ် တို့သည် ကျိန်းဝပ် လျက်၊ သင် ၏လူ အပေါင်းတို့သည် တောင်ရိုး ပေါ် မှာ အရပ်ရပ်သို့ ကွဲပြား လျက်ရှိ၍၊ အဘယ်သူ မျှမစုဝေး စေ။ သင် ၏ အနာ မ ပျောက် နိုင်။ ပြင်းစွာခံရ ၏။
၁၈အို အာရှုရိဘုရင်သင်၏ဘုရင်ခံများသည် အိပ်ငိုက်ကြလေပြီ။ သင်၏မှူးမတ်များသည် လည်းထာဝရအိပ်ပျော်လျက်နေကုန်၏။ သင် ၏ပြည်သူတို့သည်တောင်များပေါ်တွင်ကွဲ လွင့်လျက်ရှိရာသူတို့အားမိမိတို့ပြည် သို့တစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။-
19 ၁၉ သင် ၏သိတင်း ကို ကြား သမျှ သောသူတို့ သည် သင့် အပေါ် မှာ လက် ခုပ်တီး ကြလိမ့်မည်။ အကြောင်း မူကား၊ သင် ပြုသောအဓမ္မ အမှု ကို မ ခံ ဘဲလွတ်သော သူကား အဘယ်သူ နည်း။
၁၉သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။