< နာဟုံ 2 >
1 ၁ ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။
၁ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့် လော့။ ကိုယ်ခါးကို ခိုင်ခံ့စေလော့။ ကျပ်ကျပ်အား ယူလော့။
2 ၂ အကြောင်း မူကား၊ ထာဝရဘုရား သည် ဣသရေလ ၏ဘုန်း ကဲ့သို့ ယာကုပ် ၏ဘုန်း ကို ပြုပြင် တော်မူ၏။ သုတ်သင် သောသူတို့ သည် ယာကုပ် အမျိုးကို သုတ်သင် ၍ ၊ သူ ၏အခက် အလက်တို့ကို ပယ်ရှင်း ကြပြီ။
၂အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသ ရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍၊ သူ၏အခက်အလက်တို့ကို ပယ်ရှင်းကြပြီ။
3 ၃ သူရဲ တို့သည် နီ သော ဒိုင်း လွှားကို ဆောင်၍၊ နီ သော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်း သောနေ့ ၌ ရထား တို့သည် သံ လက်နက်နှင့် တောက်ပ ၍ ၊ လှံတံ တို့သည် အလွန် လှုပ်ရှားကြ၏။
၃သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
4 ၄ ရထား တို့သည် လမ်း ၌ ဟုန်းဟုန်း မြည်၍၊ လမ်းမ တို့၌ တောင်မြောက်ပြေး ကြ၏။ မီးရူး အဆင်း အရောင်ရှိ၍၊ လျှပ်စစ် ကဲ့သို့ ပြေး ကြ၏။
၄ရထားတို့သည် လမ်း၌ ဟုန်းဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရူးအဆင်း အရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ ပြေးကြ၏။
5 ၅ စစ်သူရဲ တို့ကို နှိုးဆော် တော်မူ၏။ သူ တို့သည် ချီ သွားစဉ် သူတပါးကို တွန်း ချကြ၏။ မြို့ရိုး သို့ အလျင်အမြန် သွား၍ ပြအိုး တို့ကို ပြင်ဆင် ကြ၏။
၅စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင် အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
6 ၆ မြစ် တံခါး ပွင့် လျှင် ၊ နန်းတော် သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ် ချွတ်၍ ထုတ် ရ၏။
၆မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
7 ၇ အပျို တော်တို့သည် ချိုး ကဲ့သို့ ကူ ၍ ရင်ပတ် ကို တီး လျက် လိုက် ရကြ၏။
၇အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ၏။
8 ၈ ရှေးကာလ မှစ၍ နိနေဝေ မြို့သည် ရေကန် ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေ တို့သည် စီး ထွက်ကြ၏။ ရပ် ကြ။ ရပ် ကြဟုဟစ်သော်လည်း အဘယ်သူ မျှပြန် ၍ မကြည့်။
၈ရှေးကာလမှစ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေတို့သည် စီးထွက်ကြ၏။ ရပ်ကြ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန်၍ မကြည့်။
9 ၉ ငွေ ကို လုယူ ကြ။ ရွှေ ကိုလည်း လုယူ ကြ။ နှစ်သက် ဘွယ်သော တန်ဆာ များကို ရွှေတိုက် တော်ထဲက ထုတ်၍ မ ကုန် နိုင်။
၉ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။
10 ၁၀ မြို့တော်သည် ဟင်းလင်း နေရ၏။ ဥစ္စာ မရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက် လျက် ၊ ဒူး ချင်းထိခိုက် လျက် ၊ အလွန်ခါး ကိုက် လျက် ၊ မျက်နှာ မည်း လျက် ရှိကြ၏။
၁၀မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။
11 ၁၁ ခြင်္သေ့ နေရာအရပ်၊ ခြင်္သေ့ ပျို စား ရာအရပ်၊ ခြင်္သေ့ ၊ ခြင်္သေ့ မ၊ ခြင်္သေ့ ကလေး တို့သည် အဘယ်သူမျှမ ကြောက် စေဘဲ၊ ကျင်လည် ရာအရပ်သည် အဘယ်မှာ ရှိသနည်း။
၁၁ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျို စားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း။
12 ၁၂ ခြင်္သေ့ သည် သား ငယ်များတို့ ကိုက် ဖြတ်လျက် ၊ ခြင်္သေ့ မတို့ လည်ပင်းကို ညှစ် လျက် ၊ လုယူ ဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိ မှီခို ရာတွင်း တို့ကို ပြည့် စေတတ်၏။
၁၂ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက်၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက်၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိမှီခိုရာတွင်းတို့ကို ပြည့် စေတတ်၏။
13 ၁၃ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင် ၏ရထား တို့ကို မီးခိုး ထဲမှာ မီးရှို့ မည်။ သင် ၏ခြင်္သေ့ ပျိုတို့ကို ထား ဖြင့် ဖျက်ဆီး မည်။ သင် လုယူသော ဥစ္စာ ကို မြေကြီး မှ ပယ်ရှင်း မည်။ သင် ၏သံတမန် တို့ စကား သံကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။
၁၃ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ သင့်တဘက်၌ ငါနေ၏။ သင်၏ရထား တို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ထား ဖြင့် ဖျက်ဆီးမည်။ သင်လုယူသော ဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက် တဖန် အဘယ်သူမျှ မကြားရ။