< နာဟုံ 2 >

1 ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။
Nineveh! The destroyer has come up against you; mount guard upon the rampart; watch the road; brace yourselves; strengthen your might to the utmost.
2 အကြောင်း မူကား၊ ထာဝရဘုရား သည် ဣသရေလ ၏ဘုန်း ကဲ့သို့ ယာကုပ် ၏ဘုန်း ကို ပြုပြင် တော်မူ၏။ သုတ်သင် သောသူတို့ သည် ယာကုပ် အမျိုးကို သုတ်သင် ၍ ၊ သူ ၏အခက် အလက်တို့ကို ပယ်ရှင်း ကြပြီ။
For the Lord is restoring the majesty of Jacob and of Israel, though the devastators have plundered them and destroyed their vines.
3 သူရဲ တို့သည် နီ သော ဒိုင်း လွှားကို ဆောင်၍၊ နီ သော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်း သောနေ့ ၌ ရထား တို့သည် သံ လက်နက်နှင့် တောက်ပ ၍ ၊ လှံတံ တို့သည် အလွန် လှုပ်ရှားကြ၏။
The shields of his warriors are dyed red, his soldiers are clothed in scarlet, his chariots gleam like fire on the day he prepares for battle spears are shaken.
4 ရထား တို့သည် လမ်း ၌ ဟုန်းဟုန်း မြည်၍၊ လမ်းမ တို့၌ တောင်မြောက်ပြေး ကြ၏။ မီးရူး အဆင်း အရောင်ရှိ၍၊ လျှပ်စစ် ကဲ့သို့ ပြေး ကြ၏။
Chariots rush across the fields, storm through the squares; they flame like torches, they dart like lightening.
5 စစ်သူရဲ တို့ကို နှိုးဆော် တော်မူ၏။ သူ တို့သည် ချီ သွားစဉ် သူတပါးကို တွန်း ချကြ၏။ မြို့ရိုး သို့ အလျင်အမြန် သွား၍ ပြအိုး တို့ကို ပြင်ဆင် ကြ၏။
A leader rallies his nobles, they hurl themselves forward. They speed on toward the wall; the storming-shield is set up.
6 မြစ် တံခါး ပွင့် လျှင် ၊ နန်းတော် သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ် ချွတ်၍ ထုတ် ရ၏။
The water-gates are thrown open, and the palace dissolves in ruins.
7 အပျို တော်တို့သည် ချိုး ကဲ့သို့ ကူ ၍ ရင်ပတ် ကို တီး လျက် လိုက် ရကြ၏။
The queen is stripped, she is carried off. Her maids moan like doves, beating upon their breasts.
8 ရှေးကာလ မှစ၍ နိနေဝေ မြို့သည် ရေကန် ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေ တို့သည် စီး ထွက်ကြ၏။ ရပ် ကြ။ ရပ် ကြဟုဟစ်သော်လည်း အဘယ်သူ မျှပြန် ၍ မကြည့်။
Like a pool of water is Nineveh, her waters fast ebbing away. “Stand firm! Stand firm!” someone cries, but no one turns back.
9 ငွေ ကို လုယူ ကြ။ ရွှေ ကိုလည်း လုယူ ကြ။ နှစ်သက် ဘွယ်သော တန်ဆာ များကို ရွှေတိုက် တော်ထဲက ထုတ်၍ မ ကုန် နိုင်။
“Loot the silver, loot the gold, for there is no end to the treasure, the wealth and precious things.”
10 ၁၀ မြို့တော်သည် ဟင်းလင်း နေရ၏။ ဥစ္စာ မရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက် လျက် ၊ ဒူး ချင်းထိခိုက် လျက် ၊ အလွန်ခါး ကိုက် လျက် ၊ မျက်နှာ မည်း လျက် ရှိကြ၏။
Nineveh is empty, desolate, devastated, with faint heart and knocking knee. There is weakness in every limb, and faces grow pale.
11 ၁၁ ခြင်္သေ့ နေရာအရပ်၊ ခြင်္သေ့ ပျို စား ရာအရပ်၊ ခြင်္သေ့ ၊ ခြင်္သေ့ မ၊ ခြင်္သေ့ ကလေး တို့သည် အဘယ်သူမျှမ ကြောက် စေဘဲ၊ ကျင်လည် ရာအရပ်သည် အဘယ်မှာ ရှိသနည်း။
Where now is the den of lions? Where now the lair of their young? Where the lion used to withdraw, with his cubs, with none to disturb them?
12 ၁၂ ခြင်္သေ့ သည် သား ငယ်များတို့ ကိုက် ဖြတ်လျက် ၊ ခြင်္သေ့ မတို့ လည်ပင်းကို ညှစ် လျက် ၊ လုယူ ဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိ မှီခို ရာတွင်း တို့ကို ပြည့် စေတတ်၏။
The lion tore enough for his cubs, and strangled prey for his lionesses. He filled his caves with the kill, he filled his lairs with fresh meat.
13 ၁၃ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင် ၏ရထား တို့ကို မီးခိုး ထဲမှာ မီးရှို့ မည်။ သင် ၏ခြင်္သေ့ ပျိုတို့ကို ထား ဖြင့် ဖျက်ဆီး မည်။ သင် လုယူသော ဥစ္စာ ကို မြေကြီး မှ ပယ်ရှင်း မည်။ သင် ၏သံတမန် တို့ စကား သံကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။
“But see, I am against you,” the Lord of hosts declares, “I will burn your chariots in smoke and fire. The sword will devour your young lions. You will never again prey on the land. No more will your messengers be heard.”

< နာဟုံ 2 >