< မိက္ခာ 5 >

1 ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။
Sasa njoni pamoja katika safu ya kupigana, binti wa maaskari; maaskari wameuzingira mji, kwa ufito watampiga mwamuzi wa Israeli kwenye shavu.
2 အိုဗက်လင် ဧဖရတ် မြို့၊ အစိုးရသောယုဒ မြို့တို့ တွင် သင် သည် မြို့ငယ် မြို့ယုတ်ဖြစ် သော်လည်း ၊ ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင်သည် ငါ့ အဘို့ သင် ၏ အထဲ မှာ ပေါ်ထွန်း လတံ့။ ထိုသခင်သည် ရှေး ကပ် ကမ္ဘာ မှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏။
Lakini wewe, Bethlehemu Efrata, hata kama uko mdogo miongoni mwa koo za Yuda, kutoka kweko mmoja atakuja kwangu kutawala Israeli, ambaye mwanzo wake ni kutoka nyakati za kale, toka milele.
3 သို့ဖြစ်၍ ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမသည် မ ဘွား မှီတိုင်အောင်၎င်း ၊ ဣသရေလ အမျိုးသား တို့ နှင့်တကွ ကျန် ကြွင်းသော ညီအစ်ကို တို့သည် မပြောင်းလဲ မှီ တိုင်အောင်၎င်း ၊ သူ တို့ကို စွန့်ပစ် တော်မူလိမ့်မည်။
Kwa hiyo Mungu atawapa, hata mda wa yeye aliye katika uchungu kuzaa mtoto, na mabaki ya ndugu zake yatawarudia wana wa Israeli.
4 ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။
Atasimama na kuchunga kundi lake kwa nguvu za Yahwe, kwa ukuu wa enzi ya jina la Yahwe Mungu wake. Watabaki, kwa kuwa atakuwa mashuhuri hata mwisho wa dunia.
5 အာရှုရိ လူသည် ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့ ဘုံ ဗိမာန်များကို နင်း သောအခါ ၊ သိုးထိန်း ခုနစ် ပါးနှင့် လူကြီး ရှစ် ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊
Atakuwa amani yetu. Wakati Waashuru watakapokuja kwenye nchi yetu, wakati wakitembea dhidi ya boma yetu, kisha kisha tutainuka juu yao wachungaji saba na viongozi nane juu ya watu.
6 ထား လက်နက်ဖြင့် အာရှုရိ ပြည် ကို၎င်း၊ မြို့ တံခါးဝ အတွင်း ၌ နိမ်ရောဓ နိုင်ငံ ကို၎င်းသုတ်သင် ပယ်ရှင်း သောအားဖြင့်၊ ငါ တို့ပြည် သို့ လာ ၍ ၊ ငါ တို့နယ် အတွင်း တွင် နင်း သော အာရှုရိ လူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
Watachunga nchi ya Ashuru kwa upanga, na nchi ya Nimrodi katika malango yake. Atatuokoa kutoka kwa Waashuru, watakapokuja kwenye nchi yetu, watakapoingia kwenye mipaka yetu.
7 ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်း ကဲ့သို့ ၎င်း ၊ လူ ကို မ ငံ့လင့် ၊ လူသား တို့ ၏ အလို သို့မ လိုက်သော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။
Mabaki ya Yakobo yatakuwa katika kabila za watu wengi, kama umande utokao kwa Yahwe, kama manyunyu kwenye majani, ambayo hayamsubiri mtu, na hayawasubiri watoto wa mwanadamu.
8 ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ တော သားရဲ တို့တွင် ခြင်္သေ့ ကဲ့သို့ ၎င်း ၊ သိုး စု တို့တွင် ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။ ခြင်္သေ့ဝင် သောအခါ အဘယ်သူ မျှမကယ်နှုတ် နိုင်အောင် နင်း ၍ ကိုက်စား တတ်၏။
Mabaki ya Yakobo yatakuwa miongoni mwa mataifa, miongoni mwa watu wengi, kama simba katikati ya kundi la kondoo. wakati akipita katikati yao, atawakanyaga juu yao na kuwachachana kuwa vipande vipande, na hakutakuwa na mtu wa kuwaokoa.
9 သင် ၏ရန်ဘက် ၌ နေသောသူတို့ကို သင် တိုက် ၍ ၊ ရန်သူ အပေါင်း တို့သည် ဆုံးရှုံး ကြလိမ့်မည်။
Mkono wako utainuliwa dhidi ya maadui zako, na utawaharibu.
10 ၁၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ သင် ၏မြင်း တို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထား တို့ကိုလည်း ဖျက်ဆီး မည်။
“Itatokea siku hiyo,” asema Yahwe, “kwamba nitawaharibu farasi wako kutoka miongoni mwenu na nitayavunja magari yako ya farasi.
11 ၁၁ သင် ၏ပြည် ၌ မြို့ရိုး တို့ကို ငါပယ်ရှင်း ၍ ၊ သင် ၏ ရဲတိုက် ရှိသမျှ တို့ကို ဖြိုဖျက် မည်။
Nitaiharibu miji katika nchi yako na kuzingusha ngome zako zote.
12 ၁၂ သင် ၏နယ် ၌ စုန်း လုပ်သောသူတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၌ ဗေဒင် ဟောသောသူမ ရှိ ရ။
Nitauharibu uchawi kwenye mkono wako, na hakutakuwa na waaguzi tena.
13 ၁၃ ထုလုပ် သော ရုပ်တု ဆင်းတုတို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ ကိုယ် လက် နှင့်လုပ် သော အရာကို နောက် တဖန်သင်မ ကိုးကွယ် ရ။
Nitaziaharibu sanamu zako za pango na nguzo za mawe kutoka miongoni mwako. Hautaabudu tena ustadi wa mikono yako.
14 ၁၄ အာရှရ ပင်တို့ကိုလည်း သင့် အလယ် ၌ ငါနှုတ် ၍ ၊ သင် ၏မြို့ တို့ကိုလည်း ငါဖျက်ဆီး မည်။
Nitazin'goa nguzo zako za Ashera kutoka miongoni mwenu, na nitaiharibu miji yenu.
15 ၁၅ ငါ့စကားကို နား မ ထောင်သော တပါးအမျိုးသား တို့ကို ပြင်းစွာအမျက် ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
Nitalipiza kisasi kwa hasira na ghadhabu juu ya mataifa ambayo hayakusikiliza.”

< မိက္ခာ 5 >