< မိက္ခာ 3 >
1 ၁ ငါဆို သည်ကား၊ အိုယာကုပ် အမျိုးမင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။ သင် တို့သည် တရား သဖြင့် စီရင်ခြင်းအမှုကို နားလည် အပ်သည် မ ဟုတ်လော။
၁ဣသရေလအမျိုးသားခေါင်းဆောင်တို့၊ နားထောင်ကြလော့။ သင်တို့သည်တရား သဖြင့်စီရင်ရသူများဖြစ်သော်လည်း၊-
2 ၂ သုစရိုက် ကို မုန်း ၍ ဒုစရိုက် ကို နှစ်သက် လျက်၊ သူတပါး အရေ ကို၎င်း ၊ အရိုး ၌ ကပ်သော အသား ကို၎င်းဆွဲ ယူလျက် ၊
၂ကောင်းသောအကျင့်ကိုမုန်း၍မကောင်းသော အကျင့်ကိုနှစ်သက်ကြ၏။ သင်တို့သည်ငါ၏ လူမျိုးတော်တို့ကိုအရှင်လတ်လတ်အရေ ဆုတ်၍အရိုးမှအသားကိုခွာယူကြ၏။-
3 ၃ ငါ့ လူ တို့၏အသား ကို စား လျက် ၊ အရေ ကို ခွာ လျက် ၊ အရိုး တို့ကို ချိုး လျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ်၊ အိုးကင်း ၌ ပြုတ်သော အမဲသား ကို ပြုသကဲ့သို့ အရိုးအသားကို စဉ်း လျက်နှင့်ပင်၊
၃သင်တို့သည်ငါ့လူမျိုးတော်၏အသားကို စားကြ၏။ သူတို့၏အရေကိုခွာ၍အရိုး များကိုချိုးလျက်အမဲဟင်းလျာသဖွယ် ဋ္ဌားဖြင့်စဉ်းကြ၏။-
4 ၄ သင်တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ သော်လည်း နားထောင် တော်မ မူ။ ဒုစရိုက် ကို ပြုကြသည် နှင့်အညီ ၊ ထို ကာလ ၌ မျက်နှာ တော်ကို လွှဲ တော်မူလိမ့်မည်။
၄သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။
5 ၅ ငါ ၏လူ တို့ကို မှားယွင်း စေလျက် ဝ စွာ စားရ သောအခါ၊ ငြိမ်ဝပ် ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မ လုပ်ကျွေး သောသူကိုကား၊ စစ်တိုက် ခြင်းငှါပြင်ဆင် လျက် ၊ ပရောဖက် ပြုသောသူတို့၊
၅ငွေပေးနိုင်သူတို့အားငြိမ်းချမ်းသာယာ မည်ဟူ၍လည်းကောင်း၊ ငွေမပေးနိုင်သူတို့ အားစစ်ဘေးရောက်မည်ဟူ၍လည်းကောင်း ဟောတတ်သောပရောဖက်တို့၏လှည့်စား ခြင်းကိုငါ၏လူမျိုးတော်တို့ခံရကြ၏။ ထာဝရဘုရားကထိုသို့သောပရော ဖက်တို့အား၊-
6 ၆ သင်တို့သည် ရူပါရုံ ကို မ မြင်နိုင်မည်အကြောင်း၊ ညဉ့် အချိန် ရောက်လိမ့်မည်။ အနာဂတ်ကို မ ဟော နိုင် မည်အကြောင်း၊ မှောင်မိုက် ဖြစ်လိမ့်မည်။ ပရောဖက် တို့၌ နေ ဝင် လိမ့်မည်။ နေ့ အချိန်၌ ပင် မှောင်မိုက် ဖုံးလွှမ်းလိမ့်မည် ။
၆``ပရောဖက်တို့၊ သင်တို့အတွက်နေ့အချိန် ကုန်လုပြီ၊ နေဝင်ချိန်ရောက်လာပြီ။ သင်တို့ သည်ရူပါရုံမြင်ရတော့မည်မဟုတ်။ အနာ ဂတ်ကိုဟောနိုင်သောအစွမ်းရှိလိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။-
7 ၇ ထိုအခါ ပရောဖက် တို့သည် ရှက်ကြောက် ကြ လိမ့်မည်။ အနာဂတ်ကို ဟော သောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရား သခင်ထူး တော်မ မူသောကြောင့် ၊ ထိုသူ အပေါင်း တို့ သည် မိမိတို့နှုတ် ကို ဖုံး ထားကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။
၇အနာဂတ်ကိုဟောသူတို့သည်ဟောကိန်း မမှန်သဖြင့် အရှက်ကွဲရလိမ့်မည်။ သူတို့ သည်ဘုရားသခင်ထံတော်မှဗျာဒိတ်မခံ ရသဖြင့်အသရေပျက်ကြလိမ့်မည်။
8 ၈ ငါ မူကား ၊ ယာကုပ် အမျိုး လွန်ကျူး ခြင်း၊ ဣသရေလ အမျိုးပြစ်မှား ခြင်းကို သူတို့အား ဘော်ပြ နိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်အားဖြင့် အရှိန် တန်ခိုး၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ပြည့်စုံ ၏။
၈ငါမူကား၊ ဣသရေလအမျိုးသားတို့အား မိမိတို့ပုန်ကန်ကူးလွန်သည့်အပြစ်များ ကိုထုတ်ဖော်ကြေညာရန် ထာဝရဘုရား၏ ဝိညာဉ်တော်အရှိန်တန်ခိုး၊ တရားမျှတစွာ စီရင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိတို့နှင့်ပြည့်ဝ၏။-
9 ၉ ဖြောင့်မတ်စွာ စီရင် ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရား ကို ဖျက် လျက်၊
၉ဣသရေလအမျိုးကိုအုပ်ချုပ်သူအကြီး အကဲတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတစွာစီရင်ခြင်းကိုမုန်း၍ အမှန်ကိုအမှားဖြစ်စေကြ၏။-
10 ၁၀ လူအသက်ကို သတ် ခြင်းအမှုဖြင့် ဇိအုန် မြို့ကို၎င်း ၊ အဓမ္မ အမှုဖြင့် ယေရုရှလင် မြို့ကို၎င်း ပြုစု သော ယာကုပ် အမျိုး မင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။
၁၀သင်တို့သည်လူသတ်မှုနှင့်မတရားမှု တည်းဟူသောအုတ်မြစ်ပေါ်တွင် ဘုရားသခင်၏မြို့တော်ဖြစ်သောယေရုရှလင် မြို့ကိုတည်ဆောက်ကြ၏။-
11 ၁၁ မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။
၁၁မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
12 ၁၂ ထိုကြောင့် ၊ သင် တို့အတွက် ဇိအုန် တောင်သည် လယ် ကဲ့သို့ ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြေပုံ များဖြစ် လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း ၊ တော တောင် ကဲ့သို့ဖြစ်လိမ့်မည်။
၁၂သို့ဖြစ်၍သင်တို့ကြောင့်ဇိအုန်မြို့သည် ထွန်ယက်ထားသောလယ်ကွက်သဖွယ်ဖြစ် လိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံ ဖြစ်လိမ့်မည်။ ဗိမာန်တော်တည်ရာတောင် သည်တောအတိဖြစ်လိမ့်မည်။