< မိက္ခာ 2 >
1 ၁ ဒုစရိုက် ကို ပြုခြင်းငှါ အိပ်ရာ ပေါ် မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်း သောအခါ အခွင့်ရသည် အတိုင်း ပြု တတ်သောသူတို့ သည် အ မင်္ဂလာရှိကြ၏။
၁ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
2 ၂ သူတပါး၏အိမ် နှင့် လယ်ယာ တို့ကို တပ်မက် ၍ အနိုင်အထက် သိမ်းယူလျက် ၊ လူ နှင့် သူ ၏အိမ် ကို၎င်း၊ လူကြီး နှင့် သူ ၏အမွေ ဥစ္စာကို၎င်း လုယက် ၍ ညှဉ်းဆဲ တတ်ကြ၏။
၂သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲ တတ်ကြ၏။
3 ၃ သို့ဖြစ်၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့လည်ပင်း မ လွတ် ၊ ခေါင်း မ ကြွနိုင်သော ဘေးဒဏ် ကို ထိုသို့ သော အိမ်ထောင် တဘက် ၌ ငါ ကြံစည် ၏။ ဆိုး သောကာလ ဖြစ်လိမ့်မည်။
၃သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်းမလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ် ကို ထိုသို့သော အိမ်ထောင်တဘက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။
4 ၄ ထို ကာလ တွင် သင် တို့တဘက် ၌ ပုံ စကားကို သုံး ၍ ၊ အလွန်ပြင်းစွာမြည်တမ်း ရသောစကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီး ကြပြီ။ ငါ့ အမျိုးသား ခံစားရသော အဘို့ ကိုလဲ ၍ ငါ့ လက်မှ ရုပ် တော်မူပြီတကား။ ငါ တို့ လယ်ကွက် များကို ရုပ်သိမ်း၍၊ သူတပါး တို့အား ဝေဖန် တော်မူပြီ။
၄ထိုကာလတွင် သင်တို့ တဘက်၌ ပုံစကားကို သုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသား ခံစားရ သော အဘို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန် တော်မူပြီ။
5 ၅ ထိုကြောင့် ၊ ထာဝရဘုရား ၏ပရိသတ် တော်တွင် ၊ သင် တို့ခံစားရသောအဘို့ ကို ကြိုး တန်းနှင့် တိုင်းထွာ သောသူ မ ရှိ ရ။
၅ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။
6 ၆ ပရောဖက်ပြုသောသူတို့ ၊ ပရောဖက် မ ပြုကြ နှင့်။ သူတို့သည် ရှက်ကြောက် မည်အကြောင်း ပရောဖက် မ ပြုရကြ။
၆ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြ နှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။
7 ၇ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤ အမှုတို့ကို ပြု တော်မူ သလောဟု ဣသရေလ အမျိုးသား မေး လျှင်၊ ဖြောင့်မတ် စွာကျင့် သောသူသည် ငါ့ စကား အားဖြင့် အကျိုး ကို ရသည်မ ဟုတ် လော။
၇ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။
8 ၈ ရှေးကာလ၌ပင် ငါ ၏လူ တို့သည် ရန်ဘက် ပြု၍ ထ ကြ၏။ စစ်တိုက် ရာမှ ပြန် ၍ ဘေးကိုမကြောက် ဘဲ၊ ရှောက်သွား သော သူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူ တတ်ကြ၏။
၈ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ ရှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူတတ်ကြ၏။
9 ၉ ငါ့ လူ တို့၏မယား များကို သူ တို့သာယာ သော နေရာ ထဲက နှင်ထုတ် ၍၊ သူ တို့သား များမှ ငါ ၏ဘုန်း ကို အစဉ် နှုတ်ယူ ကြပြီ။
၉ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲက နှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နှုတ်ယူ ကြပြီ။
10 ၁၀ ထ ၍ သွား ကြလော့။ ဤ ပြည်သည် သင်တို့ငြိမ်ဝပ် ရာအရပ်မ ဟုတ်။ ဤအရပ်သည် ညစ်ညူး သောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီး ရလိမ့်မည်။
၁၀ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ် ဝပ်ရာအရပ်မဟုတ်။ ဤအရပ်သည် ညစ်ညူးသော ကြောင့်ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။
11 ၁၁ ကိုယ် အလိုသို့ လိုက် ၍ မုသား စကားကို သုံး သော သူက၊ ငါသည် ပရောဖက်ပြု၍ စပျစ်ရည် တရား နှင့် သေရည် သေရက်တရားကို ဟောပြော မည်ဟုဆိုလျှင် ၊ ထိုသူသည် ဤ လူ တို့၏ပရောဖက် ဖြစ် ရလိမ့်မည်။
၁၁ကိုယ်အလိုသို့ လိုက်၍ မုသားစကားကို သုံး သော သူက၊ ငါသည် ပရောဖက်ပြု၍ စပျစ်ရည်တရား နှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက်ဖြစ်ရလိမ့်မည်။
12 ၁၂ အိုယာကုပ် ၊ ငါသည် သင် ၏အမျိုးသား အပေါင်း တို့ကို ၎င်း၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားအပေါင်း တို့ကို၎င်း ဆက်ဆက်စုဝေး စေမည်။ သိုးခြံ ၌ သိုး များကဲ့သို့ ၎င်း ၊ ကျက်စား ရာအရပ်ထဲ မှာ သိုးစု ကဲ့သို့ ၎င်း သူ တို့ကို ငါစု ၍ ထား မည်။ လူများသောကြောင့်အသံ ကြီး လိမ့်မည်။
၁၂အိုယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်း တို့ကို၎င်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ကို၎င်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုး များကဲ့သို့၎င်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့၎င်း သူတို့ကို ငါစု၍ ထားမည်။ လူများသောကြောင့် အသံကြီး လိမ့်မည်။
13 ၁၃ အနိုင် အထက်ဖွင့်သောသူသည် သူ တို့ရှေ့ မှာ သွား ၏။ သူတို့သည်လည်း အနိုင် အထက်ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွား ကြ၏။ သူ တို့ ရှင် ဘုရင်သည် သူ တို့ရှေ့ မှာ သွား ၍ ထာဝရဘုရား သည် လမ်းပြ တော်မူ၏။
၁၃အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား၏။ သူတို့သည်လည်း အနိုင်အထက် ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။