< မိက္ခာ 1 >
1 ၁ ယုဒ ရှင်ဘုရင် ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့လက်ထက် ၌ မောရရှ ရွာသားမိက္ခါ သည် ရှမာရိ မြို့နှင့် ယေရုရှလင် မြို့အဘို့ ခံရ သော ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟူမူကား ၊
၁ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။
2 ၂ အိုလူ များအပေါင်း တို့၊ ကြား ကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင် ကြလော့။ အရှင် ထာဝရဘုရား တည်းဟူသောသန့်ရှင်း သော ဗိမာန် တော် ထဲက ဘုရား ရှင်သည် သင် တို့တဘက် ၌ သက်သေခံ တော်မူမည်။
၂လူမျိုးအပေါင်းတို့၊ကြားနာကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့နားထောင် ကြလော့။ အရှင်ထာဝရဘုရားသည်သင်တို့တစ် ဘက်မှ သက်သေခံတော်မူမည်။ နားထောင်ကြလော့၊ ထာဝရဘုရားသည်ကောင်းကင်ဘုံရှိဗိမာန် တော်မှ မိန့်ကြားတော်မူ၏။
3 ၃ ထာဝရဘုရား သည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက် ကြွဆင်းသက် ၍ ၊ မြင့် သော မြေ အရပ်တို့ကို နင်း တော်မူမည်။
၃ထာဝရဘုရားသည်သန့်ရှင်းရာဌာန တော်မှ ကြွဆင်းလာ၍၊တောင်ထိပ်များပေါ်တွင် စက်တော်ဖြန့်တော်မူမည်။
4 ၄ မီး ရှေ့ မှာ ဘယောင်း ကဲ့သို့ ၎င်း ၊ ချောက် ကြီးမှ ဆင်း သော ရေ ကဲ့သို့ ၎င်း ရှေ့တော်၌ တောင် တို့သည် အရည် ဖြစ်၍ ၊ ချိုင့် တို့သည်လည်း အက်ကွဲ ကြလိမ့်မည်။
၄ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။ ထိုနောက်တောင်ကုန်းမှတောင်အောက်သို့ ရေစီးဆင်းသကဲ့သို့ချိုင့်ဝှမ်းထဲသို့စီးဆင်း လိမ့်မည်။
5 ၅ ထို အမှုသည် ယာကုပ် လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှား သောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူး ရာကား အဘယ်သို့ နည်း။ ရှမာရိ မြို့မ ဟုတ် လော။ ယုဒ ၏မြင့် ရာအရပ်ကား အဘယ်မှာ ရှိသနည်း။ ယေရုရှလင် မြို့၌ရှိသည်မ ဟုတ်လော။
၅ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-
6 ၆ ထိုကြောင့် ၊ ရှမာရိ မြို့ကို လယ်ပြင် ၌ မြေပုံ ကဲ့သို့ ၎င်း ၊ စပျစ် ဥယျာဉ် စိုက် ရာအရပ်ကဲ့သို့ ၎င်း ငါဖြစ် စေမည် ။ မြို့ရိုး ကျောက် တို့ကို ချိုင့် ထဲ သို့ သွန် ပစ်၍ ၊ မြို့ရိုး အမြစ် ကို လှန် ပြမည်။
၆ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။-
7 ၇ ခပ်သိမ်း သော ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ မည်။ သူငှါးလုပ်၍ ရသမျှ သောအခ တို့ကို မီးရှို့ မည်။ မှားသော ဘုရား ရှိသမျှ တို့ကို သုတ်သင် ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာ ကို ဆည်းဖူး သည်ဖြစ်၍၊ ထိုဥစ္စာ သည် ပြည်တန်ဆာ လက်သို့ တဖန်ရောက် ရဦးမည်။
၇ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 ၈ ထို အမှုကြောင့် ငါသည် ငိုကြွေး မြည်တမ်း မည်။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွား မည်။ မြေခွေး ကဲ့သို့ အူ လျက် ၊ ကုလားအုပ် ငှက်ကဲ့သို့ မြည် လျက်နေမည်။
၈ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။-
9 ၉ သူ ခံရသောဒဏ်နာ မ ပျောက်နိုင်။ ယုဒ ပြည်တိုင်အောင် ကူး သဖြင့်၊ ငါ ၏အမျိုးသား နေရာ ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။
၉ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။
10 ၁၀ ဂါသ မြို့၌ သိတင်းမ ပြော ကြနှင့်။ အလျှင်းမ ငိုကြွေး ကြနှင့်။ ဗေသောဖရာ မြို့မှာ မြေမှုန့် ၌ လူး လဲလျက် နေကြလော့။
၁၀ဂါသမြို့ရှိရန်သူများအားငါတို့စစ်ရေး နိမ့်သည့်သတင်းကိုမကြားပြောနှင့်။ သင် တို့ငိုကြွေးနေခြင်းကိုသူတို့မမြင်စေနှင့်။ ဗေသောဖရာမြို့သားတို့၊ စိတ်ပျက်အား လျော့ကြောင်းပြရန်မြေမှုန့်၌လူးလှိမ့်နေ ကြလော့။-
11 ၁၁ အိုရှဖိရ မြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွား လော့။ ဇာနန် မြို့သမီး သည် ငိုကြွေး ခြင်းကို ပြုလျက် မ ထွက် ရ။ ဗေသဇေလ မြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။
၁၁ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။-
12 ၁၂ မာရုတ် မြို့သမီး သည်လည်း ကောင်း သောအရာ ကို တောင့်တ၍ နာကျင် လျက်ရှိ၏။ အကြောင်း မူကား၊ ထာဝရဘုရား ထံတော်မှ ဘေးဒဏ် သည် ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။
၁၂မာရုတ်မြို့သားတို့သည်လူးလှိမ့်လျက် ဝေဒနာခံနေကြ၏။ ထာဝရဘုရား သည်ယေရုရှလင်မြို့အား ဘေးဒုက္ခရောက် စေတော့မည်ဖြစ်၍ ငါတို့မြို့သားတို့သည် စိတ်တထင့်ထင့်နှင့်အကူအညီစောင့် မျှော်နေကြ၏။-
13 ၁၃ အိုလာခိရှ မြို့သမီး ၊ လျင်မြန်သော မြင်း ကို ရထား ၌ က လော့။ သင် သည် ဣသရေလ ၏ လွန်ကျူး ခြင်း ကို လက်ခံ ၍၊ ဇိအုန် သတို့သမီး အား အပြစ် လမ်းကို ပြသတည်း။
၁၃လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။-
14 ၁၄ ထိုကြောင့် သင်သည် ဂါသ ပြည် မောရရှက်မြို့ သို့ လက်ဆောင် ကိုပေး လိုက်ရမည်။ အာခဇိပ် မြို့သား တို့ သည် ဣသရေလ ရှင် ဘုရင်တို့ကို လှည့်စား ကြလိမ့်မည်။
၁၄ယုဒပြည်သားတို့၊ မောရရှက်ဂါသမြို့ကို လည်းလက်လွှတ်လိုက်ကြလော့။ ဣသရေလ ဘုရင်တို့သည် အာခဇိပ်မြို့သားတို့ထံမှ အကူအညီရလိမ့်မည်မဟုတ်။
15 ၁၅ အိုမရေရှ မြို့သမီး ၊ သင် ၏ဥစ္စာကို အမွေ ခံသောသူကို ငါခေါ် ခဲ့မည်။ သူသည် ဣသရေလ ဘုန်း ၊ အဒုလံ မြို့သို့ ရောက် လိမ့်မည်။
၁၅မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။-
16 ၁၆ ချစ် ဘွယ်သောသင် ၏သားသမီး တို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ် ၍နေလော့။ ရွှေလင်းတ ကဲ့သို့ ကျယ်စွာ သော ခေါင်းပြောင် ခြင်းကို ပြုလော့။
၁၆ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။