< မဿဲ 6 >
1 ၁ လူ များတို့မြင် စေခြင်းငှာ ကိုယ် သီလ အကျင့်ကို သူ့ရှေ့မှောက် ၌ မ ကျင့် မည်အကြောင်း သတိပြု ကြလော့။ သို့မဟုတ် ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ထံမှ အကျိုး ကိုမ ခံ မရကြ။
Take care not to perform your religious duties in public in order to be seen by others; if you do, your Father who is in Heaven has no reward for you.
2 ၂ ထိုကြောင့် သင်သည် အလှူဒါန ကို ပေး သောအခါ လျှို့ဝှက် သောသူ တို့သည် လူ များအချီးအမွမ်း ကို ခံလို၍ ပွဲ သဘင်လမ်း ခရီး၌ မိမိ တို့ရှေ့ မှာ တံပိုး ခရာမှုတ်စေသည်နည်းတူ မ ပြု နှင့်။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုရ ကြပြီ။
Therefore, when you do acts of charity, do not have a trumpet blown in front of you, as hypocrites do in the Synagogues and in the streets, that they may be praised by others. There, I tell you, is their reward!
3 ၃ သင် သည် အလှူဒါန ကိုပေး သောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ျာ လက်ပြု သည် အမှု ကို လက်ဝဲ လက်မျှ မသိ စေနှင့်။
But, when you do acts of charity, do not let your left hand know what your right hand is doing,
4 ၄ မ ထင်ရှားသောအရာကို မြင် တော်မူသောသင် ၏အဘ သည် အကျိုး ကိုထင်ရှားစွာ ပေး တော်မူလတံ့။
so that your charity may be secret; and your Father, who sees what is in secret, will recompense you.
5 ၅ သင်သည် ဆုတောင်း ပဌနာပြုသောအခါ လျှို့ဝှက် သောသူ တို့နည်းတူ မ ပြု နှင့်။ ထိုသူတို့သည် လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ ၊ ပွဲ သဘင်လမ်း ဆုံ လမ်းဝတို့၌ ရပ် လျက်ဆုတောင်း ခြင်းငှာ အလိုရှိ ကြ၏။ ငါအမှန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကိုခံရ ကြ၏။
And, when you pray, you are not to behave as hypocrites do. They like to pray standing in the Synagogues and at the corners of the streets, that they may be seen by men. There, I tell you, is their reward!
6 ၆ သင် သည် ဆုတောင်း သောအခါ ဆိတ်ညံ ရာအခန်းသို့ ဝင် ၍ တံခါး ကိုပိတ် ပြီးမှ ၊ မ ထင်ရှားသောအရပ်၌ ရှိတော်မူသော သင် ၏အဘ ကို ဆုတောင်း လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် ၏အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။
But, when one of you prays, let him go into his own room, shut the door, and pray to his Father who dwells in secret; and his Father, who sees what is secret, will recompense him.
7 ၇ သင်တို့သည် ဆုတောင်း သောအခါ သာသနာပ လူနည်းတူ အချည်းနှီး သောစကားဖြင့် အထပ်ထပ်မ မြွက်ကြနှင့်။ ထိုသူတို့သည် များစွာ သောစကားအားဖြင့် မိမိ တို့အလို ပြည့်စုံမည်ဟု ထင်မှတ် ကြ၏။
When praying, do not repeat the same words over and over again, as is done by the Gentiles, who think that by using many words they will obtain a hearing.
8 ၈ ထိုသူ တို့နည်းတူ မ ပြုကြနှင့်။ အကြောင်းမူကား ၊ သင် တို့ အလို ရှိသမျှ တို့ကို သင် တို့မ တောင်း မှီသင် တို့ အဘ သိ တော်မူ၏။
Do not imitate them; for God, your Father, knows what you need before you ask him.
9 ၉ ထိုကြောင့် သင် တို့ဆုတောင်း ရမည်မှာ ကောင်းကင် ဘုံ၌ ရှိတော်မူသောအကျွန်ုပ် တို့အဘ ကိုယ်တော် ၏နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။
You, therefore, should pray thus — ‘Our Father, who art in Heaven, may thy name be held holy,
10 ၁၀ နိုင်ငံ တော်တည်ထောင် ပါစေသော။ အလို တော်သည် ကောင်းကင် ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီး ပေါ်မှာ ပြည့်စုံ ပါစေသော။
thy Kingdom come, thy will be done — on earth, as in Heaven.
11 ၁၁ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား ယနေ့ ပေး သနားတော်မူပါ။
Give us to-day the bread that we shall need;
12 ၁၂ သူတစ်ပါး သည် အကျွန်ုပ် တို့ကိုပြစ်မှားသောအပြစ် များကို အကျွန်ုပ် တို့သည် လွှတ် သကဲ့သို့ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။
and forgive us our wrong-doings, as we have forgiven those who have wronged us;
13 ၁၃ အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။
and take us not into temptation, but deliver us from Evil.’
14 ၁၄ သင်တို့သည် သူတစ်ပါး တို့၏အပြစ် ကိုလွှတ် လျှင် ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သင် တို့၏အပြစ်ကို လွှတ် တော်မူမည်။
For, if you forgive others their offences, your heavenly Father will forgive you also;
15 ၁၅ သင်တို့သည် သူတစ်ပါး တို့၏အပြစ်ကိုမ လွှတ် လျှင် ၊ သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မ မူ။
but, if you do not forgive others their offences, not even your Father will forgive your offences.
16 ၁၆ သင်တို့သည် အစာရှောင် ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက် သောသူ တို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမ ရှိ ကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင် သည်ကို လူ များတို့ရှေ့မှာ ထင်ရှား စေခြင်းငှာ မိမိ တို့မျက်နှာ ကိုဖျက် တတ်ကြ၏။
And, when you fast, do not put on gloomy looks, as hypocrites do who disfigure their faces that they may be seen by men to be fasting. That, I tell you, is their reward!
17 ၁၇ ငါအမှန်အကန် ဆို သည်ကား၊ ထိုသူတို့သည် မိမိ တို့အကျိုး ကို ခံရ ကြ၏။
But, when one of you fasts, let him anoint his head and wash his face,
18 ၁၈ သင် သည်အစာရှောင် သောအခါ အစာရှောင် သည်ကိုလူ များတို့ရှေ့မှာ မ ထင်ရှား စေဘဲ၊ မ ထင်ရှားသောအရပ် ၌ ရှိတော်မူသော သင် တို့အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှာ ၊ ခေါင်း ကိုလိမ်းကျံ လော့။ မျက်နှာ ကိုလည်း သစ် လော့။ မ ထင်ရှားသောအရာ ကို မြင် တော်မူသောသင် တို့အဘ သည် အကျိုးကို ထင်ရှားစွာပေး တော်မူလတံ့။
that he may not be seen by men to be fasting, but by his Father who dwells in secret; and his Father, who sees what is secret, will recompense him.
19 ၁၉ သံချေး ၊ ပိုးရွ ဖျက်ဆီး ၍ သူခိုး ထွင်းဖောက် ခိုးယူ ရာမြေကြီး ပေါ်မှာ ဘဏ္ဍာ ကို မ ဆည်းဖူး ကြနှင့်။
Do not store up treasures for yourselves on earth, where moth and rust destroy, and where thieves break in and steal.
20 ၂၀ သံချေး ၊ ပိုးရွ မ ဖျက်ဆီး ၍ သူခိုး မ ထွင်း မဖောက် မ ခိုး မယူရာ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုဆည်းဖူး ကြလော့။
But store up treasures for yourselves in Heaven, where neither moth nor rust destroys, and where thieves do not break in or steal.
21 ၂၁ အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့၏စိတ် နှလုံးရောက် တတ်၏။
For where your treasure is, there will your heart be also.
22 ၂၂ မျက်စိ ကားကိုယ် ၏ဆီမီး ဖြစ် ၏။ ထိုကြောင့် မျက်စိ ကြည်လင် လျှင် တစ်ကိုယ်လုံး လင်း လိမ့်မည် ။
The lamp of the body is the eye. If your eye is unclouded, your whole body will be lit up;
23 ၂၃ မျက်စိ မြှေးရှက် လျှင် တစ်ကိုယ်လုံး မိုက် လိမ့်မည် ။ သင် ၏ အလင်း သော်ကား၊ မှောင်မိုက် ဖြစ် လျှင် ထိုအမိုက်သည် အလွန် မိုက် စွတကား။
but, if your eye is diseased, your whole body will be darkened. And, if the inner light is darkness, how intense must that darkness be!
24 ၂၄ အဘယ်သူ မျှသခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ် ဦးကိုမုန်း ၍ တစ် ဦးကိုချစ် မည်။ သခင်တစ် ဦးကို မှီခို ၍ တစ် ဦးကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏အစေကို၎င်း ၊ လောကီစည်းစိမ် ၏အစေ ကို၎င်း မ ခံ နိုင်ကြ။
No one can serve two masters, for either he will hate one and love the other, or else he will attach himself to one and despise the other. You cannot serve both God and Money.
25 ၂၅ ထိုကြောင့် ငါဆို သည်ကား ၊ အဘယ်သို့ စား သောက် ရမည်ဟု အသက် အဘို့မ စိုးရိမ် ကြနှင့်။ အဘယ်သို့ ဝတ် ရမည်ဟု ကိုယ် အဘို့ မ စိုးရိမ်ကြနှင့်။ အစာ ထက် အသက် မြတ်သည်မ ဟုတ်လော။ အဝတ် ထက် ကိုယ် မြတ်သည်မဟုတ်လော။
That is why I say to you, Do not be anxious about your life here — what you can get to eat or drink; nor yet about your body — what you can get to wear. Is not life more than food, and the body than its clothing?
26 ၂၆ မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မ စိုက် မကြဲ၊ စပါးကိုမ ရိတ် ၊ ကျီ ၌ မ စု မသွင်း။ သို့သော်လည်း ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သူ တို့ကို ကျွေးမွေး တော်မူ၏။ ထိုငှက် တို့ထက် သင် တို့သည် အလွန်မြတ် သည်မ ဟုတ်လော။
Look at the wild birds — they neither sow, nor reap, nor gather into barns; and yet your heavenly Father feeds them! And are not you more precious than they?
27 ၂၇ အဘယ်သူ သည် စိုးရိမ် ခြင်းအားဖြင့် မိမိ အသက်တာ ကို တစ် တောင် ခန့်မျှ တိုးပွား စေနိုင် သနည်း။
But which of you, by being anxious, can prolong his life a single moment?
28 ၂၈ အဝတ် အဘို့ ၌ အဘယ်ကြောင့် စိုးရိမ် ရသနည်း။ တော နှင်းပင် တို့သည် အဘယ်သို့ သောအားဖြင့် ကြီးပွား သည်ကို ဆင်ခြင် အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမ လုပ် ၊ ချည်ဖြစ်စေခြင်းငှာမ ငင် မဝင့်။
And why be anxious about clothing? Study the wild lilies, and how they grow. They neither toil nor spin;
29 ၂၉ သို့သော်လည်း ဘုန်းကြီး သောရှောလမုန် မင်းကြီး၏အဝတ် သည် ထို အပင်တစ် ပင်မျှ၏အဝတ်ကို မ မှီဟုငါဆို ၏။
yet I tell you that even Solomon in all his splendour was not robed like one of these.
30 ၃၀ ယုံကြည် အားနည်းသောသူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖို ထဲသို့ ရောက် သောတော မြက်ပင် ကို ဘုရားသခင် သည် ထိုသို့သော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင် တို့ကိုအဝတ် နှင့် ဖုံးလွှမ်းတော်မူမည် မ ဟုတ်လော။
If God so clothes even the grass of the field, which is living to-day and to-morrow will be thrown into the oven, will not he much more clothe you, O men of little faith?
31 ၃၁ ထိုကြောင့် အဘယ်သို့ စား သောက် ရအံ့နည်း။ အဘယ်သို့ ဝတ် ရအံ့နည်းဟူ၍မ စိုးရိမ် ကြနှင့်။ ထို အရာများကို သာသနာပ လူတို့သည် ရှာဖွေ တတ်ကြ၏။
Do not then ask anxiously ‘What can we get to eat?’ or ‘What can we get to drink?’ or ‘What can we get to wear?’
32 ၃၂ ထိုအရာ များကို သင်တို့သည် အသုံးလို ကြောင်း ကို ကောင်းကင် ဘုံ၌ရှိတော်မူသောသင် တို့အဘ သည် သိ တော်မူ၏။
All these are the things for which the nations are seeking, and your heavenly Father knows that you need them all.
33 ၃၃ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။
But first seek his Kingdom and the righteousness that he requires, and then all these things shall be added for you.
34 ၃၄ ထို့ကြောင့် နက်ဖြန် အဘို့ မ စိုးရိမ် ကြနှင့်။ နက်ဖြန် နေ့သည် မိမိ အဘို့ စိုးရိမ် လိမ့်မည်။ ယခုနေ့၌ရှိသောမကောင်း မသင့်သောအရာ သည် ယခုနေ့ ဘို့ လောက် ပေ၏။
Therefore do not be anxious about to-morrow, for to-morrow will bring its own anxieties. Every day has trouble enough of its own.