< မဿဲ 4 >
1 ၁ ထိုအခါ မာရ်နတ် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ် တော်သည် ယေရှု ကို တော သို့ ပို့ဆောင် တော်မူ၍၊
Then Jesus was led by the Spirit into the wilderness to be tempted by the devil.
2 ၂ ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာ အာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ် ခြင်းသို့ ရောက်တော်မူ၏။
After fasting forty days and forty nights, He was hungry.
3 ၃ ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
The tempter came to Him and said, “If You are the Son of God, tell these stones to become bread.”
4 ၄ ယေရှု ကလည်း ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
But Jesus answered, “It is written: ‘Man shall not live on bread alone, but on every word that comes from the mouth of God.’”
5 ၅ ထိုအခါ မာရ်နတ် သည် ယေရှု ကို သန့်ရှင်း သောမြို့ တော်သို့ ဆောင်သွား ၍ ဗိမာန် တော်၏အထွဋ် ၌ တင် ထားပြီးလျှင် ၊
Then the devil took Him to the holy city and set Him on the pinnacle of the temple.
6 ၆ ကျမ်းစာလာ သည်ကား၊ ကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍၊ သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင် ၏သား တော်မှန် လျှင် ကိုယ် ကိုအောက် သို့ချ လိုက်တော်မူပါဟု လျှောက် လေ၏။
“If You are the Son of God,” he said, “throw Yourself down. For it is written: ‘He will command His angels concerning You, and they will lift You up in their hands, so that You will not strike Your foot against a stone.’”
7 ၇ ယေရှု ကလည်း သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည်အစုံအစမ်း မ ပြုရဟု ကျမ်းစာ လာပြန် သည် ဟု မိန့် တော်မူ၏။
Jesus replied, “It is also written: ‘Do not put the Lord your God to the test.’”
8 ၈ တစ်ဖန် မာရ်နတ် သည် ယေရှု ကို အလွန် မြင့် လှစွာသော တောင် ပေါ်သို့ ဆောင်သွား ၍၊ ဤလောက ၌ ရှိသမျှ သောတိုင်းနိုင်ငံ တို့ကို၎င်း ၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်း စည်းစိမ်ကို၎င်း ပြညွှန် ၍ ၊
Again, the devil took Him to a very high mountain and showed Him all the kingdoms of the world and their glory.
9 ၉ ကိုယ်တော်သည် ငါ့ ကို ညွတ်ပြပ် ကိုးကွယ် လျှင် ယခု ပြလေသမျှ တို့ကို ငါပေး မည်ဟုဆို လေ၏။
“All this I will give You,” he said, “if You will fall down and worship me.”
10 ၁၀ ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။
“Away from Me, Satan!” Jesus declared. “For it is written: ‘Worship the Lord your God and serve Him only.’”
11 ၁၁ ထိုအခါ မာရ်နတ် သည် အထံ တော်မှထွက်သွား ၍ ကောင်းကင်တမန် တို့သည် ချဉ်းကပ် လျက် လုပ်ကျွေး ကြ၏။
Then the devil left Him, and angels came and ministered to Him.
12 ၁၂ ယောဟန် သည် ထောင် ထဲသို့ရောက်ကြောင်း ကို ယေရှုသည်ကြား လျှင်၊ ဂါလိလဲ ပြည်သို့ ကြွ တော်မူ၍၊
When Jesus heard that John had been imprisoned, He withdrew to Galilee.
13 ၁၃ နာဇရက် မြို့ကို စွန့်သွား လျက် ၊ ဇာဗုလုန် ခရိုင် ၊ နဿလိ ခရိုင်စပ်ကြား တွင် အိုင် နှင့်နီးစပ်သော ကပေရနောင် မြို့သို့ ရောက် ၍ နေ တော်မူ၏။
Leaving Nazareth, He went and lived in Capernaum, which is by the sea in the region of Zebulun and Naphtali,
14 ၁၄ ဤအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။
to fulfill what was spoken through the prophet Isaiah:
15 ၁၅ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် တည်းဟူသောအိုင် နားရှောက်သောလမ်း ၊ ယော်ဒန် မြစ်တစ်ဘက် ၊ တစ်ပါး အမျိုးသားနေရာဂါလိလဲ ပြည်၊
“Land of Zebulun and land of Naphtali, the Way of the Sea, beyond the Jordan, Galilee of the Gentiles—
16 ၁၆ မှောင်မိုက် ထဲမှာ ရှိ နေသောလူ များတို့သည် ကြီးစွာ သောအလင်း ကို မြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင်ရှိ နေသော သူ တို့၌ အလင်း ပေါ်ထွန်း လျက်ရှိ၏ဟု ဟောထားသတည်း။
the people living in darkness have seen a great light; on those living in the land of the shadow of death, a light has dawned.”
17 ၁၇ ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။
From that time on Jesus began to preach, “Repent, for the kingdom of heaven is near.”
18 ၁၈ ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် အန္ဒြေ ၊ ညီအစ်ကို နှစ် ယောက်တို့သည် တံငါ ဖြစ် ၍၊ အိုင် တွင် ပိုက်ကွန် ဖြန့်ချ သည်ကို မြင် တော်မူလျှင်၊
As Jesus was walking beside the Sea of Galilee, He saw two brothers, Simon called Peter and his brother Andrew. They were casting a net into the sea, for they were fishermen.
19 ၁၉ ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကိုမျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြု မည် ဟု အမိန့် တော်ရှိလေသော် ၊
“Come, follow Me,” Jesus said, “and I will make you fishers of men.”
20 ၂၀ ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
And at once they left their nets and followed Him.
21 ၂၁ ထိုမှ လွန် လျှင် အခြား သောညီအစ်ကို နှစ် ယောက်၊ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် တို့သည် သူ တို့အဘ နှင့်အတူ လှေ ပေါ် မှာ ပိုက်ကွန် ပြင် နေသည်ကို မြင်၍ ခေါ် တော်မူ၏။
Going on from there, He saw two other brothers, James son of Zebedee and his brother John. They were in a boat with their father Zebedee, mending their nets. Jesus called them,
22 ၂၂ ထိုသူ တို့သည်လည်း ချက်ခြင်း အဘ နှင့် လှေ ကို စွန့်ပစ် ၍ နောက်တော်သို့လိုက် ကြ၏။
and immediately they left the boat and their father and followed Him.
23 ၂၃ ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
Jesus went throughout Galilee, teaching in their synagogues, preaching the gospel of the kingdom, and healing every disease and sickness among the people.
24 ၂၄ သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
News about Him spread all over Syria, and people brought to Him all who were ill with various diseases, those suffering acute pain, the demon-possessed, those having seizures, and the paralyzed—and He healed them.
25 ၂၅ ဂါလိလဲ ပြည်၊ ဒေကပေါလိ ပြည်၊ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာသော လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။
The large crowds that followed Him came from Galilee, the Decapolis, Jerusalem, Judea, and beyond the Jordan.