< မဿဲ 27 >
1 ၁ နံနက် အချိန်ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ အပေါင်း တို့သည် ယေရှု ကို သတ် အံ့သောငှာ တိုင်ပင် ၍၊
Now when it was morning, all the chief priests and those in authority took thought together with the purpose of putting Jesus to death.
2 ၂ ကိုယ်တော် ကို ချည်နှောင် ပြီးလျှင် မြို့ဝန်မင်း ပုန္တိ ပိလတ်ထံသို့ဆောင်သွား ၍ အပ် လိုက်ကြ၏။
And they put cords on him and took him away, and gave him up to Pilate, the ruler.
3 ၃ ထိုအခါ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည် ကိုယ်တော်၌ သေ ပြစ်ကို စီရင်ကြသည်ကို သိမြင် လျှင်၊ နောင်တရ ၍ ငွေ သုံးဆယ် ကိုယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲတို့၌ ပြန်ပေး ၍၊
Then Judas, who was false to him, seeing that he was to be put to death, in his regret took back the thirty bits of silver to the chief priests and those in authority,
4 ၄ အကျွန်ုပ်ပြစ်မှား ပါပြီ။ အပြစ် မရှိသောသူ၏ အသွေး ကိုအပ် မိပါပြီဟု ဆို ၏။ ထိုသူ တို့ကလည်း ငါ တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ် အမှုကို ကိုယ်ကြည့် လော့ဟု ဆို ကြသော်၊
Saying, I have done wrong in giving into your hands an upright man. But they said, What is that to us? it is your business.
5 ၅ သူသည် ထိုငွေ ကိုဗိမာန် တော်၌ ပစ်ချ ခဲ့၍ အခြားသို့သွား ပြီးလျှင် လည်ကြိုးတပ် ၍ သေလေ၏။
And he put down the silver in the Temple and went out, and put himself to death by hanging.
6 ၆ ယဇ်ပုရောဟိတ် အကြီးတို့သည် ထိုငွေ ကိုယူ ၍ အသွေး ၏အဘိုး ဖြစ် ၏။ ဘဏ္ဍာ တော်၌ မ သွင်း အပ် ဟု ပြောဆို ၊
And the chief priests took the silver and said, It is not right to put it in the Temple store for it is the price of blood.
7 ၇ တိုင်ပင် ပြီးမှ ၊ အိုးထိန်း သမား၏ မြေ အကွက်ကို တစ်ပါး အမျိုးသားတို့၏သင်္ချိုင်း ဖြစ်စေဘို့ ရာ ထိုငွေ နှင့် ဝယ် ကြ၏။
And they made a decision to get with the silver the potter's field, as a place for the dead of other countries.
8 ၈ ထိုအကြောင်းကို အစွဲပြု၍ ယခု တိုင်အောင် ထို မြေ အကွက်ကို သွေး မြေ ဟု ခေါ်တွင် ကြ၏။
For this cause that field was named, The field of blood, to this day.
9 ၉ ပရောဖက် ယေရမိ ဟော သည်ကား၊ ဣသရေလ လူတို့သည် အဘိုး ပြတ်သောသူ ၏ ကိုယ်ဘိုး ငွေ သုံးဆယ် ကို သူတို့သည် ယူ ၍ ထာဝရ ဘုရားသည် ငါ့ ကို မှာထား တော်မူသည်အတိုင်း ၊
Then came true that which was said by Jeremiah the prophet, And they took the thirty bits of silver, the price of him who was valued by the children of Israel;
10 ၁၀ အိုးထိန်း သမား၏မြေ အကွက်ကို ဝယ် ကြ၏ဟူသောစကား သည်ထိုအခါ ပြည့်စုံ ခြင်းသို့ ရောက်လေ၏။
And they gave them for the potter's field, as I had word from the Lord.
11 ၁၁ ယေရှု သည် မြို့ဝန်မင်း ရှေ့ သို့ရောက် တော်မူသည်ရှိသော် မြို့ဝန်မင်း က၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု မေး လျှင် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း မှန်သည်ဟု မိန့် တော်မူ၏။
And Jesus was before the ruler, who put a question to him, Are you the King of the Jews? And Jesus said to him, You say so.
12 ၁၂ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ တို့သည် အပြစ်တင် ကြသော် တစ်ခွန်းကိုမျှ ပြန် တော်မမူ၊
But when the chief priests and those in authority made statements against him, he gave no answer.
13 ၁၃ ပိလတ် မင်းကလည်း၊ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို သင်မ ကြား သလောဟု ပြောဆို သော်လည်း၊
Then says Pilate to him, Do you give no attention to what their witnesses say against you?
14 ၁၄ စကား တစ် ခွန်းကိုမျှ ပြန် တော်မ မူသည်ကို မြို့ဝန်မင်း သည် အလွန် အံ့ဩ လေ၏။
And he gave him no answer, not even a word: so that the ruler was greatly surprised.
15 ၁၅ ထိုပွဲ ၌ မြို့ဝန်မင်း သည် အကျဉ်း ထားသောသူတို့တွင် ၊ လူ များတို့ အလိုရှိ သောသူ တစ် ယောက်ယောက် ကို လွှတ် မြဲထုံးစံ ရှိ၏။
Now at the feast it was the way for the ruler to let free to the people one prisoner, at their selection.
16 ၁၆ ထိုအခါ အကျဉ်း ထားသောသူတို့တွင် ဗာရဗ္ဗ အမည် ရှိသော ကျော်စော သောသူတစ်ယောက်ရှိ ၏။
And they had then an important prisoner, whose name was Barabbas.
17 ၁၇ လူ များ စည်းဝေး ကြသည်ရှိသော်၊ ပိလတ် မင်းက၊ သင် တို့သည် အဘယ်သူ ကို လွှတ် စေချင် သနည်း။ ဗာရဗ္ဗ ကိုလွှတ်စေချင်သလော။ ခရစ် ဟုခေါ်ဝေါ် သော ယေရှု ကို လွှတ်စေချင်သလောဟု လူ များတို့အား မေး လေ၏။
So when they came together, Pilate said to them, Whom will you have? Barabbas, or Jesus, who is named Christ?
18 ၁၈ အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလို သောစိတ်နှင့် ယေရှု ကို အပ်နှံ ကြောင်း ကို ပိလတ်မင်းသိ ၏။
For he saw that for envy they had given him up.
19 ၁၉ ထိုမှတစ်ပါးတရားပလ္လင် ပေါ်မှာ ထိုင် စဉ်တွင် ၊ မိမိ ခင်ပွန်း သည် လုလင်တစ်ယောက်ကို စေလွှတ် ၍၊ ထို ဖြောင့်မတ် သောသူ ကို အဘယ်သို့ မျှမပြုပါနှင့်။ ယနေ့ ပင် ကျွန်မသည် ထိုသူ ကြောင့် အိပ်မက် ၌ ပြင်းစွာ ခံရ ပါပြီဟု မှာ လိုက်၏။
And while he was on the judge's seat, his wife sent to him, saying, Have nothing to do with that upright man, for I have had much trouble this day in a dream because of him.
20 ၂၀ လူအစုအဝေးတို့သည် ဗာရဗ္ဗ ကိုတောင်း ၍ ယေရှု ကိုသတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲ တို့သည် လူ များကို တိုက်တွန်း သွေးဆောင်ကြ၏။
Now the chief priests and those in authority got the people to make request for Barabbas, and for Jesus to be put to death.
21 ၂၁ ထို့ကြောင့် မြို့ဝန်မင်း သည်၊ ဤသူနှစ် ယောက်တို့တွင် သင် တို့သည်အဘယ်သူ ကိုလွှတ် စေချင် သနည်း ဟု လူ များကို တစ်ဖန်မေး သောအခါ၊ ဗာရဗ္ဗ ကို လွှတ်စေချင်ပါသည်ဟု လျှောက် ကြ၏။
But the ruler made answer and said to them, Which of the two is it your pleasure that I let go free? And they said, Barabbas.
22 ၂၂ ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ် ဟု ခေါ်ဝေါ် သော ယေရှု ကို အဘယ်သို့ ပြု ရမည်နည်းဟု မေး ပြန်သော်၊ ထိုသူအပေါင်း တို့က၊ သူသည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု ဆို ကြ၏။
Pilate says to them, What, then, am I to do with Jesus, who is named Christ? They all say, Let him be put to death on the cross.
23 ၂၃ မြို့ဝန်မင်း ကလည်း အဘယ်ကြောင့် နည်း။ အဘယ် အပြစ် ကို ပြု ဘိသနည်းဟုမေး လျှင် ၊ ထိုသူ သည် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ ဟစ် ကြ၏။
And he said, Why, what evil has he done? But they gave loud cries, saying, To the cross with him!
24 ၂၄ ပိလတ် မင်းသည် မိမိမ နိုင် ၊ လူများသာ၍ ရုန်းရင်းခတ် မျှ ပြု ကြသည်ကိုမြင် လျှင် ၊ ရေ ကိုယူ ၍ လူ များ ရှေ့ တွင် မိမိ လက် ကိုဆေး လျက်၊ ဤ ဖြောင့်မတ်သော သူ၏ အသွေး နှင့်ငါသည် ကင်းရှင်း ၏။ ဤအမှုကို သင် တို့ ကြည့် ကြလော့ဟု ဆို ၏။
So when Pilate saw that he was able to do nothing, but that trouble was working up, he took water and, washing his hands before the people, said, The blood of this upright man is not on my hands: you are responsible.
25 ၂၅ ထိုလူ အပေါင်း တို့က သူ ၏အသွေး သည် ငါ တို့၏ ခေါင်းပေါ်၌ ၎င်း သား မြေးတို့၏ခေါင်းပေါ်၌ ၎င်းတည်ရှိပါစေဟု ပြန်ပြော ကြ၏။
And all the people made answer and said, Let his blood be on us, and on our children.
26 ၂၆ ပိလတ်မင်းသည်လည်း ဗာရဗ္ဗ ကို လူ များတို့အား လွှတ် လေ၏။ ယေရှု ကိုကား ရိုက် ပြီးလျှင်လက်ဝါးကပ်တိုင် မှာသတ်စေခြင်းငှာ အပ် လိုက်လေ၏။
Then he let Barabbas go free: but after having Jesus whipped, he gave him up to be put to death on the cross.
27 ၂၇ ထိုအခါ မြို့ဝန်မင်း ၏ စစ်သူရဲ တို့သည် ယေရှု ကို အိမ်တော်ဦး သို့ ဆောင်သွား ၍ စစ်သူရဲ တတပ်လုံးကို အထံ တော်၌ စုရုံး စေပြီးမှ၊
Then the ruler's armed men took Jesus into the open square, and got all their band together.
28 ၂၈ အဝတ်တော်ကို ချွတ် ၍ နီ သောဝတ်လုံ ကို ခြုံ စေကြ၏။
And they took off his clothing, and put on him a red robe.
29 ၂၉ ဆူးပင် နှင့် ရက် သောဦးရစ် ကို ခေါင်း တော်၌ တင် ကြ၏။ ကျူ တစ်လုံးကိုလည်း လက်ျာ လက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့ တော်မှာဒူးထောက် လျက်ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟူ၍ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
And they made a crown of thorns and put it on his head, and put a rod in his right hand, and they went down on their knees before him, and made sport of him, saying, Long life to the King of the Jews.
30 ၃၀ ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ ကျူလုံး ကိုယူ ၍ ခေါင်း တော်ကို ရိုက် ကြ၏။
And they put shame on him, and gave him blows on the head with the rod.
31 ၃၁ ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ မင်းဝတ်လုံ ကို ချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။
And when they had made sport of him, they took the robe off him, and put his clothing on him, and took him away to put him on the cross.
32 ၃၂ သွား ကြစဉ်တွင် ရှိမုန် အမည် ရှိသောကုရေနေ ပြည်သားတစ်ယောက်ကိုတွေ့ လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
And while they were coming out, they saw a man of Cyrene, Simon by name, and they made him go with them, so that he might take up his cross.
33 ၃၃ ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အမည် တွင်သောအရပ် သို့ ရောက် ကြသော် ၊
And when they came to the place named Golgotha, that is to say, Dead Man's Head,
34 ၃၄ ဆေးခါး နှင့် ရော သောပုံးရည် ကို ကိုယ်တော် အား သောက် စိမ့်သောငှာပေး လျှင်၊ မြည်းစမ်း တော်မူ၍ မ သောက် ချင် ဘဲ နေလေ၏။
They gave him wine mixed with bitter drink: and after tasting it, he took no more.
35 ၃၅ ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားပြီးလျှင် အဝတ် တော်တို့ကို စာရေးတံ ချ ၍ ဝေဖန် ကြ၏။
And when they had put him on the cross, they made division of his clothing among them by the decision of chance.
36 ၃၆ ထို အရပ်၌လည်း ထိုင် လျက် စောင့် နေကြ၏။
And they were seated there watching him.
37 ၃၇ အပြစ် ဖေါ်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူ သည် ယုဒ ရှင်ဘုရင် ယေရှု ပေတည်း ဟု ရေး ၍ ခေါင်း တော်ပေါ်မှာ တပ် သတည်း။
And they put up over his head the statement of his crime in writing, THIS IS JESUS THE KING OF THE JEWS.
38 ၃၈ ထိုအခါ ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော် ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ၏။
Then two thieves were put on crosses with him, one on the right and one on the left.
39 ၃၉ လမ်းမှာ သွားလာ သောသူ တို့ကလည်း ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ် ကယ်တင် လော့။
And those who went by said bitter words to him, shaking their heads and saying,
40 ၄၀ ဘုရားသခင် ၏သား တော်မှန် လျှင် လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညှိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။
You who would give the Temple to destruction and put it up again in three days, get yourself free: if you are the Son of God, come down from the cross.
41 ၄၁ ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ အကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ်၏။
In the same way, the chief priests, making sport of him, with the scribes and those in authority, said,
42 ၄၂ ကိုယ် ကို မ ကယ်တင် နိုင် ပါတကား။ ဣသရေလ ရှင်ဘုရင် မှန် လျှင် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည် မည်။
A saviour of others, he has no salvation for himself. If he is the King of Israel, let him now come down from the cross, and we will have faith in him.
43 ၄၃ ဘုရားသခင် ကိုကိုးစား ပြီ။ ငါ သည် ဘုရားသခင် ၏သား ဖြစ်၏ဟုဆို ပြီ။ သို့ဖြစ်၍ဘုရားသခင်သည် သူ ၌ အလို တော်ရှိလျှင် ယခုပင် ကယ်တင် တော်မူပါလေစေဟု ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။
He put his faith in God; let God be his saviour now, if he will have him; for he said, I am the Son of God.
44 ၄၄ ထိုနည်းတူ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာရိုက်ထားသောဓားပြ တို့သည်လည်း ကဲ့ရဲ့ အပြစ်တင်ကြ၏။
And the thieves who were on the crosses said evil words to him.
45 ၄၅ မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
Now from the sixth hour it was dark over all the land till the ninth hour.
46 ၄၆ သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။
And about the ninth hour Jesus gave a loud cry, saying, Eli, Eli, lama sabachthani? that is, My God, my God, why are you turned away from me?
47 ၄၇ ထို အရပ်၌ ရပ် နေသောသူ အချို့ တို့သည် ကြား လျှင်၊ သူသည် ဧလိယ ကိုခေါ်သည် ဟု ဆို ကြ၏။
And some of those who were near by, hearing it, said, This man is crying to Elijah.
48 ၄၈ လူတစ် ယောက်သည် ချက်ခြင်း ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌ တပ် ၍ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လေ၏။
And straight away one of them went quickly, and took a sponge, and made it full of bitter wine, and put it on a rod and gave him drink.
49 ၄၉ ကြွင်း သောသူ တို့က၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုကယ်တင် ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြ ကုန်အံ့ဟု ဆို ကြ၏။
And the rest said, Let him be; let us see if Elijah will come to his help.
50 ၅၀ ယေရှု သည် ကြီး သောအသံ နှင့်တစ်ဖန် ကြွေးကြော် ပြီးလျှင် အသက် တော်ကို လွှတ် တော်မူ၏။
And Jesus gave another loud cry, and gave up his spirit.
51 ၅၁ ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။ မြေကြီး လှုပ် လေ၏။ ကျောက် များတို့သည် ကွဲပြား ကြ၏။
And the curtain of the Temple was parted in two from end to end; and there was an earth-shock; and the rocks were broken;
52 ၅၂ သင်္ချိုင်း တွင်းတို့သည် ပွင့် လစ်သဖြင့် ကျိန်းစက် လျက်ရှိသော သန့်ရှင်း သူတို့၏ အလောင်း များစွာ တို့ သည် ထ ကြ၍ ၊
And the resting-places of the dead came open; and the bodies of a number of sleeping saints came to life;
53 ၅၃ ကိုယ်တော် ထမြောက် တော်မူသည်နောက် ၊ ထိုသူတို့သည် သင်္ချိုင်း တွင်းမှ ထွက် ၍ သန့်ရှင်း သောမြို့ ထဲသို့ ဝင် ပြီးလျှင် ၊ လူများစွာ တို့အား ထင်ရှား ကြ၏။
And coming out of their resting-places, after he had come again from the dead, they went into the holy town and were seen by a number of people.
54 ၅၄ ယေရှု ကိုစောင့် သော တပ်မှူး မှစ၍ စစ်သူရဲ များတို့သည် မြေကြီး လှုပ်ခြင်းစသည်တို့ကိုမြင် လျှင် အလွန် ထိတ်လန့် ၍ ၊ စင်စစ် ဤသူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟု ဆို ကြ၏။
Now the captain and those who were with him watching Jesus, when they saw the earth-shock and the things which were done, were in great fear and said, Truly this was a son of God.
55 ၅၅ ဂါလိလဲ ပြည်က ယေရှု နောက် တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမ အများ တို့သည်လည်း ထို အရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။
And a number of women were there, watching from a distance, who had come with Jesus from Galilee, waiting on his needs.
56 ၅၆ ထိုမိန်းမ တို့တွင် မာဂဒလ မာရိ ၊ ယာကုပ် နှင့် ယောသေ တို့၏ အမိ ဖြစ်သောမာရိ နှင့် ဇေဗေဒဲ ၏ သား တို့၏ အမိ ပါ ကြသတည်း။
Among whom was Mary Magdalene, and Mary, the mother of James and Joses, and the mother of the sons of Zebedee.
57 ၅၇ ည အချိန်ရောက် မှ အရိမသဲ မြို့သားယောသပ် အမည် ရှိသောသူဌေး သည် ယေရှု ၏တပည့် တော် ဖြစ် သည်နှင့် ၊
And in the evening, there came a man of wealth from Arimathaea, Joseph by name, who was a disciple of Jesus:
58 ၅၈ ပိလတ် မင်းထံသို့ဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။ ပိလတ် မင်းသည် အလောင်း တော်ကို ပေး စေခြင်းငှာအမိန့် တော်ရှိသော် ၊
This man went in to Pilate, and made a request for the body of Jesus. Then Pilate gave orders for it to be given to him.
59 ၅၉ ယောသပ် သည် အလောင်း တော်ကိုယူ ၍ ဖြူစင် သောပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊
And Joseph took the body, folding it in clean linen,
60 ၆၀ ကျောက် ၌ ထွင်း သောမိမိ သင်္ချိုင်း တွင်းသစ် ထဲမှာ ထား လေ၏။ ကြီးစွာ သော ကျောက် ကိုလည်း တွင်း ဝ ၌ လှိမ့် ထားပြီးမှ သွား ၏။
And put it in the resting-place which had been cut out of the rock for himself; and after rolling a great stone to the door of it he went away.
61 ၆၁ မာဂဒလ မာရိ နှင့် အခြား သောမာရိ သည် ထို အရပ်၌ သင်္ချိုင်း တော်ရှေ့ မှာ ထိုင် လျက်နေရစ်ကြ၏။
And Mary Magdalene was there, and the other Mary, seated by the place of the dead.
62 ၆၂ အဘိတ်နေ့ လွန် ၍ နက်ဖြန် နေ့ရောက် လျှင် ၊ ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည် ပိလတ် မင်းထံ၌ စုဝေး ၍၊
Now on the day after the getting ready of the Passover, the chief priests and Pharisees came together to Pilate,
63 ၆၃ ထို လှည့်ဖြား သောသူ က၊ ငါသည် သုံး ရက် မြောက် သောနေ့၌ ထမြောက် မည်ဟု မ သေမှီ ပြော သည်ကို အကျွန်ုပ်တို့မှတ်မိ ပါပြီ။
Saying, Sir, we have in mind how that false man said, while he was still living, After three days I will come again from the dead.
64 ၆၄ ထိုကြောင့် သူ ၏တပည့် တို့သည် ညအခါလာ ၍ အလောင်း ကိုခိုးယူ ပြီးလျှင် ၊ သူသည် သေ ခြင်းမှ ထမြောက် တော်မူပြီဟု လူ အပေါင်းတို့အား ပြောဆို ကြသော်၊ ရှေ့ အမှား ထက် နောက် အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာ အကြောင်းရှိ သည်ဖြစ်၍၊ သင်္ချိုင်း တွင်းကို သုံး ရက် မြောက် အောင်လုံခြုံစွာစောင့် စိမ့်သောငှာအမိန့် ရှိတော်မူပါဟု လျှောက် ကြလျှင်၊
Give orders, then, that the place where his body is may be made safe till the third day, for fear that his disciples come and take him away secretly and say to the people, He has come back from the dead: and the last error will be worse than the first.
65 ၆၅ ပိလတ် မင်းက၊ သင်တို့၌ လူစောင့် တတပ်ရှိ ၏။ သွား ကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့် စေကြ ဟု ဆို လေ၏။
Pilate said to them, You have watchmen; go and make it as safe as you are able.
66 ၆၆ ထိုသူ တို့သည် သွား ၍ ကျောက် ကို တံဆိပ် ခတ်ပြီးလျှင်အစောင့် ထားလျက် သင်္ချိုင်း တွင်းတော်ကို လုံခြုံ စွာ ပြုကြ၏။
So they went, and made safe the place where his body was, putting a stamp on the stone, and the watchmen were with them.