< မဿဲ 26 >
1 ၁ ထို ဒေသနာ တော်ရှိသမျှတို့ကို ယေရှု သည် အကုန်အစင် ဟော တော်မူပြီး လျှင်၊ တပည့် တော်တို့အား၊
When Jesus had finished saying all these things, He told His disciples,
2 ၂ နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
“You know that the Passover is two days away, and the Son of Man will be handed over to be crucified.”
3 ၃ ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌ စည်းဝေး ကြပြီးလျှင် ၊
At that time the chief priests and elders of the people assembled in the courtyard of the high priest, whose name was Caiaphas,
4 ၄ ယေရှု ကိုပရိယာယ် အားဖြင့်ဘမ်းဆီး ၍ သတ် အံ့သောငှာတိုင်ပင် ကြ၏။
and they conspired to arrest Jesus covertly and kill Him.
5 ၅ သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကိုစိုးရိမ်၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟု ပြောဆို ကြ၏။
“But not during the feast,” they said, “or there may be a riot among the people.”
6 ၆ ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသောလူနူ ၏ အိမ် ၌ ယေရှု ရှိ တော်မူသည်ဖြစ်၍ ၊
While Jesus was in Bethany in the home of Simon the Leper,
7 ၇ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သော ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို အထံ တော်သို့ ယူခဲ့၍၊ စားပွဲ နားမှာလျောင်းတော်မူသော ကိုယ်တော် ၏ခေါင်း ပေါ်၌ သွန်းလောင်း လေ၏။
a woman came to Him with an alabaster jar of expensive perfume, which she poured on His head as He reclined at the table.
8 ၈ တပည့် တော်တို့သည် မြင် လျှင် ဒေါသ စိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ ဆုံးစေသနည်း။
When the disciples saw this, they were indignant and asked, “Why this waste?
9 ၉ ထို ဆီမွှေးကို အဘိုးများစွာ နှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေး စရာကောင်းသည်ဟုဆို ကြ၏။
This perfume could have been sold at a high price, and the money given to the poor.”
10 ၁၀ ယေရှု သည် သိ တော်မူလျှင် ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကိုပြု ပြီ။
Aware of this, Jesus asked, “Why are you bothering this woman? She has done a beautiful deed to Me.
11 ၁၁ ဆင်းရဲ သောသူ တို့သည် သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။
The poor you will always have with you, but you will not always have Me.
12 ၁၂ ဤ ဆီမွှေး ကို ငါ့ ကိုယ် အပေါ် ၌သွန်းလောင်း သည်မှာ ငါ့ အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင်ခြင်းငှာ ပြု သတည်း။
By pouring this perfume on Me, she has prepared My body for burial.
13 ၁၃ ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤမိန်းမ ကို အောက်မေ့ စရာဘို့ သူ ပြု သောဤအမှု ကို ကြားပြော ရကြလတံ့ ဟု မိန့် တော်မူ၏။
Truly I tell you, wherever this gospel is preached in all the world, what she has done will also be told in memory of her.”
14 ၁၄ ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ် သော ယုဒ ရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား ၍၊
Then one of the Twelve, the one called Judas Iscariot, went to the chief priests
15 ၁၅ အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။
and asked, “What are you willing to give me if I hand Him over to you?” And they set out for him thirty pieces of silver.
16 ၁၆ ထိုအခါ မှစ၍ ကိုယ်တော် ကိုအပ် ခြင်းငှာ အဆင်သင့် သောအချိန်ကာလကို ရှာကြံ လျက်နေ၏။
So from then on Judas looked for an opportunity to betray Jesus.
17 ၁၇ အဇုမ ပွဲ ပဌမ နေ့၌ တပည့် တော်တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေး ကြသော်၊
On the first day of the Feast of Unleavened Bread, the disciples came to Jesus and asked, “Where do You want us to prepare for You to eat the Passover?”
18 ၁၈ ကိုယ်တော် က၊ မြို့ တွင် ဤမည်သော သူ ၏အိမ်သို့ သွား ကြ၊ ဆရာ မှာ လိုက်သည်ကား၊ ငါ့ အချိန် နီး ပြီ။ သင့် အိမ်၌ ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို ငါခံ မည်ဟု ထိုသူ ကို ပြော ကြလော့ ဟု မိန့် တော်မူ၏။
He answered, “Go into the city to a certain man and tell him that the Teacher says, ‘My time is near. I will keep the Passover with My disciples at your house.’”
19 ၁၉ တပည့် တော်တို့သည် စီရင် တော်မူသည်အတိုင်း ပြု ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
So the disciples did as Jesus had directed them and prepared the Passover.
20 ၂၀ ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်း တော်မူ၏။
When evening came, Jesus was reclining with the twelve disciples.
21 ၂၁ စား ၍နေကြစဉ် ကိုယ်တော် က၊ ငါအမှန် ဆို သည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ငါ့ ကို အပ်နှံ လိမ့်မည် ဟု မိန့် တော်မူလျှင် ၊
And while they were eating, He said to them, “Truly I tell you, one of you will betray Me.”
22 ၂၂ တပည့်တော်တို့သည် အလွန် ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ် လောဟု အသီးအသီး မေးလျှောက် ကြ၏။
They were deeply grieved and began to ask Him one after another, “Surely not I, Lord?”
23 ၂၃ ကိုယ်တော် ကလည်း ငါ နှင့်အတူ ပုကန် တွင် လက် နှိုက် သောသူ သည် ငါ့ ကို အပ်နှံ လိမ့်မည်။
Jesus answered, “The one who has dipped his hand into the bowl with Me will betray Me.
24 ၂၄ ကျမ်းစာ လာသည်အတိုင်း လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
The Son of Man will go just as it is written about Him, but woe to that man by whom He is betrayed. It would be better for him if he had not been born.”
25 ၂၅ ကိုယ်တော်ကို အပ်နှံ မည့်သူ ယုဒ ရှကာရုတ် ကလည်း ၊ အရှင် ဘုရား၊ အကျွန်ုပ် လောဟု မေးလျှောက် လျှင်၊ သင် ဆို သည့်အတိုင်းမှန်သည် ဟု ပြန်ပြော တော်မူ၏။
Then Judas, who would betray Him, said, “Surely not I, Rabbi?” Jesus answered, “You have said it yourself.”
26 ၂၆ ထိုအခါ စား လျက်နေကြစဉ်တွင်၊ ယေရှု သည် မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား ငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စား ကြလော့ ဟု မိန့် တော်မူလျက်၊ တပည့် တော်တို့အား ပေး တော်မူ၏။
While they were eating, Jesus took bread, spoke a blessing and broke it, and gave it to the disciples, saying, “Take and eat; this is My body.”
27 ၂၇ ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှ သူ တို့အားပေး တော်မူ၍ သင်တို့ရှိသမျှ သည်သောက် ကြလော့။
Then He took the cup, gave thanks, and gave it to them, saying, “Drink from it, all of you.
28 ၂၈ ဤ ခွက်ကား ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍ လူများ တို့၏အပြစ် ကိုလွတ် စေခြင်းငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။
This is My blood of the covenant, which is poured out for many for the forgiveness of sins.
29 ၂၉ ငါဆို သည်ကား၊ ဤ စပျစ်ရည် မျိုး အသစ် ကို ငါ့ ခမည်းတော် ၏နိုင်ငံ ၌ သင် တို့နှင့်အတူ ငါ မ သောက်မှီ နေ့ တိုင်အောင်ယခု မှစ၍ တစ်ဖန် ငါမ သောက်ရ ဟု မိန့် တော်မူ၏။
I tell you, I will not drink of this fruit of the vine from now on until that day when I drink it anew with you in My Father’s kingdom.”
30 ၃၀ ထို့နောက် သီချင်း ဆိုကြပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
And when they had sung a hymn, they went out to the Mount of Olives.
31 ၃၁ ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကိုငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ၊ ယနေ့ ညဉ့် တွင် သင် တို့ရှိသမျှ သည် ငါ့ ကြောင့် စိတ်ပျက် ကြလိမ့်မည်။
Then Jesus said to them, “This very night you will all fall away on account of Me. For it is written: ‘I will strike the Shepherd, and the sheep of the flock will be scattered.’
32 ၃၂ သို့သော်လည်း ငါ သည်ထမြောက် ပြီးမှသင် တို့ရှေ့ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊
But after I have risen, I will go ahead of you into Galilee.”
33 ၃၃ ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။
Peter said to Him, “Even if all fall away on account of You, I never will.”
34 ၃၄ ယေရှု ကလည်း၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင် ကြက် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူလျှင်၊
“Truly I tell you,” Jesus declared, “this very night, before the rooster crows, you will deny Me three times.”
35 ၃၅ ပေတရု က၊ ကိုယ်တော် နှင့်တကွ သေ ရသော်လည်း အကျွန်ုပ် သည်ကိုယ်တော် ကို မ ငြင်း မပယ်ပါဟု လျှောက် ပြန်၏။ တပည့် တော်အပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
Peter replied, “Even if I have to die with You, I will never deny You.” And all the other disciples said the same thing.
36 ၃၆ ထိုအခါ ယေရှု သည် သူ တို့နှင့်အတူ ဂေသရှေမန် အရပ် သို့ ရောက် တော်မူလျှင်၊ ငါသည် ထို အရပ်သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ အရပ်၌ ထိုင် နေကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊
At that time Jesus went with His disciples to a place called Gethsemane, and He told them, “Sit here while I go over there and pray.”
37 ၃၇ ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
He took with Him Peter and the two sons of Zebedee and began to be sorrowful and deeply distressed.
38 ၃၈ ထိုအခါ ယေရှု က၊ ငါ သည် သေ လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။
Then He said to them, “My soul is consumed with sorrow to the point of death. Stay here and keep watch with Me.”
39 ၃၉ ထိုမှအနည်းငယ် လွန် ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ် အဘ ၊ ဤ ခွက် သည် အကျွန်ုပ် ကိုလွန်သွားနိုင် လျှင် လွန်သွား ပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော ဟု ဆုတောင်း တော်မူ၏။
Going a little farther, He fell facedown and prayed, “My Father, if it is possible, let this cup pass from Me. Yet not as I will, but as You will.”
40 ၄၀ တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။
Then Jesus returned to the disciples and found them sleeping. “Were you not able to keep watch with Me for one hour?” He asked Peter.
41 ၄၁ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက်စောင့် နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း ၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အား မိန့် တော်မူပြီးမှ ၊
“Watch and pray so that you will not enter into temptation. For the spirit is willing, but the body is weak.”
42 ၄၂ တစ်ဖန် သွား ၍ အကျွန်ုပ် အဘ ၊ ဤခွက် ကိုအကျွန်ုပ်မ သောက် ဘဲ လွန် ၍မ သွားရလျှင် ကိုယ်တော် အလိုရှိ သည်အတိုင်း ဖြစ် ပါစေသော ဟု ဆုတောင်း ပြန်၏။
A second time He went away and prayed, “My Father, if this cup cannot pass unless I drink it, may Your will be done.”
43 ၄၃ ထိုနောက် တပည့် တော်တို့ရှိရာသို့လာ ၍ သူ တို့သည် မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင်၊
And again Jesus returned and found them sleeping—for their eyes were heavy.
44 ၄၄ သူ တို့ကိုထား ခဲ့၍ တစ်ဖန် သွား ပြီးလျှင်ရှေ့မြွက်ဆို သည်နည်းတူ သုံး ကြိမ်မြောက်အောင် ဆုတောင်း တော်မူ၏။
So He left them and went away once more and prayed a third time, saying the same thing.
45 ၄၅ ထိုနောက် တပည့် တော်တို့ရှိရာ သို့ပြန်လာ လျှင် ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ လူ သား ကို ဆိုး သောသူတို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။
Then He returned to the disciples and said, “Are you still sleeping and resting? Look, the hour is near, and the Son of Man is betrayed into the hands of sinners.
46 ၄၆ ထ ကြ၊ ငါတို့သည် သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
Rise, let us go! See, My betrayer is approaching!”
47 ၄၇ ထိုသို့ မိန့် တော်မူစဉ် တွင်ပင် တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သော ယုဒ ရှကာရုတ်လာ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူများစေလွှတ်သောလူ အစုအဝေးအပေါင်း တို့သည် ဓား နှင့် ဒုတ် များကို ကိုင်လျက်ပါကြ၏။
While Jesus was still speaking, Judas, one of the Twelve, arrived, accompanied by a large crowd armed with swords and clubs, sent from the chief priests and elders of the people.
48 ၄၈ ကိုယ်တော် ကို အပ်နှံ သောသူ က၊ ငါနမ်း သောသူ သည် ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း၊
Now the betrayer had arranged a signal with them: “The One I kiss is the man; arrest Him.”
49 ၄၉ ကိုယ်တော် ရင်းသို့ ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ မင်္ဂလာ ရှိပါစေသောဟုဆို လျက်နမ်း လေ၏။
Going directly to Jesus, he said, “Greetings, Rabbi!” and kissed Him.
50 ၅၀ ယေရှု ကလည်း ၊ အဆွေ ၊ အဘယ် အခင်းရှိ ၍လာ သနည်း ဟုမေး တော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော် ကို ဆွဲကိုင် ဘမ်းဆီး ကြ၏။
“Friend,” Jesus replied, “do what you came for.” Then the men stepped forward, seized Jesus, and arrested Him.
51 ၅၁ ထိုအခါ ယေရှု နှင့် ပါသောသူ တစ် ယောက်သည် လက် ကိုဆန့် ၍ ဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကိုခုတ် သဖြင့် နားရွက် ပြတ် လေ၏။
At this, one of Jesus’ companions drew his sword and struck the servant of the high priest, cutting off his ear.
52 ၅၂ ယေရှု ကလည်း သင့် ဓား ကို သူ့ နေရာ ၌ ပြန်ထား လော့။ ဓား ကိုကိုင် သောသူ ရှိသမျှ တို့သည် ဓား ဖြင့် ဆုံး ခြင်းသို့ ရောက်ကြလိမ့်မည်။
“Put your sword back in its place,” Jesus said to him. “For all who draw the sword will die by the sword.
53 ၅၃ ယခုပင် ငါ့ အဘ ကို ငါတောင်း နိုင် သည်ကို ၎င်း ၊ တောင်းလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ် တပ် မက ငါ့ ထံသို့စေလွှတ် တော်မူမည်ကို၎င်း၊ သင်သည်မ ထင် သလော။
Are you not aware that I can call on My Father, and He will at once put at My disposal more than twelve legions of angels?
54 ၅၄ သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။
But how then would the Scriptures be fulfilled that say it must happen this way?”
55 ၅၅ ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌ နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ ဖမ်းဆီး ကြ။
At that time Jesus said to the crowd, “Have you come out with swords and clubs to arrest Me as you would an outlaw? Every day I sat teaching in the temple courts, and you did not arrest Me.
56 ၅၆ ထို အကြောင်းအရာမူကား ၊ အနာဂတ္တိ ကျမ်းစာ ပြည့်စုံ မည်အကြောင်း တည်း ဟု လူ အစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့် တော်အပေါင်း တို့သည် ကိုယ်တော် ကို စွန့်ပစ် ၍ပြေး ကြ၏။
But this has all happened so that the writings of the prophets would be fulfilled.” Then all the disciples deserted Him and fled.
57 ၅၇ ကိုယ်တော် ကို ဘမ်းဆီး သောသူ တို့သည် ကျမ်းပြု ဆရာ၊ လူ အကြီးအကဲများစည်းဝေး ရာ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ဆောင်သွား ကြ၏။
Those who had arrested Jesus led Him away to the house of Caiaphas the high priest, where the scribes and elders had gathered.
58 ၅၈ ပေတရု သည်လည်း ၊ ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာလိုက် ၍ အတွင်း သို့ဝင် ပြီးလျှင် ၊ ထိုအမှု၏ အဆုံး ကိုသိမြင် ခြင်းငှာမင်း လုလင်တို့နှင့်အတူ ထိုင် နေ၏။
But Peter followed Him at a distance, right up to the courtyard of the high priest. And he went in and sat down with the guards to see the outcome.
59 ၅၉ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကိုသတ် ရမည် အကြောင်း မမှန် သောသက်သေကို ရှာ သော်လည်း မတွေ့ကြ။
Now the chief priests and the whole Sanhedrin were seeking false testimony against Jesus in order to put Him to death.
60 ၆၀ မမှန် သောသက်သေခံအများ လာ သော်လည်း သက်သေကိုမ တွေ့ ကြ။ နောက်ဆုံး ၌ မမှန်သော သက်သေခံနှစ် ယောက်တို့သည် လာ ၍ ၊
But they did not find any, though many false witnesses came forward. Finally two came forward
61 ၆၁ ဤ သူက ငါသည် ဘုရားသခင် ၏ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် နိုင် သည်ဟု ပြော ပါသည်ဟု သက်သေခံ ကြ၏။
and declared, “This man said, ‘I am able to destroy the temple of God and rebuild it in three days.’”
62 ၆၂ ယဇ်ပုရောဟိတ် မင်းသည် ထ ၍ ၊ သင်သည် တစ်ခွန်းမျှ ပြန် ၍မပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟုဆို လျှင်၊
So the high priest stood up and asked Him, “Have You no answer? What are these men testifying against You?”
63 ၆၃ ယေရှု သည် တိတ်ဆိတ် စွာနေတော်မူ၏။ ယဇ်ပုရောဟိတ် မင်းကလည်း သင် သည် ခရစ်တော် တည်းဟူသောဘုရားသခင် ၏သား တော်မှန်သည် မမှန်သည်ကို ငါ တို့အား ပြော စေခြင်းငှာ ၊ အသက် ရှင်တော်မူသောဘုရားသခင် ကို ငါတိုင်တည် ၍ သင့် ကို ကျိန်ဆိုစေ၏ဟု ဆို လျှင်၊
But Jesus remained silent. Then the high priest said to Him, “I charge You under oath by the living God: Tell us if You are the Christ, the Son of God.”
64 ၆၄ ယေရှု က၊ သင် ဆို သည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆို သည်ကား၊ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက် မိုဃ်းတိမ် ကိုစီး ၍ ကြွလာ သည်ကို သင်တို့ မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
“You have said it yourself,” Jesus answered. “But I say to all of you, from now on you will see the Son of Man sitting at the right hand of Power and coming on the clouds of heaven.”
65 ၆၅ ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကိုဆုတ် လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြား ရပြီ။
At this, the high priest tore his clothes and declared, “He has blasphemed! Why do we need any more witnesses? Look, now you have heard the blasphemy.
66 ၆၆ အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူ တို့က ဤသူသည် အသေခံ ထိုက် ပေ၏ဟု ပြန် စီရင်ကြ၏။
What do you think?” “He deserves to die,” they answered.
67 ၆၇ ထိုအခါ မျက်နှာ တော်ကို တံထွေး နှင့် ထွေးကြ၏။ လက်သီး နှင့် ထိုးကြ၏။
Then they spit in His face and struck Him. Others slapped Him
68 ၆၈ အချို့ တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော် ကို အဘယ်သူ ပုတ် သည်ကို ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။
and said, “Prophesy to us, Christ! Who hit You?”
69 ၆၉ ပေတရု သည် ပြင် မှာအိမ်ဦး ၌ ထိုင် နေစဉ်၊ အစေအပါး မိန်းမတစ် ယောက်သည် သူ ရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲ လူ ယေရှု နှင့် ပေါင်းဘော်သောသူဖြစ် သည်ဟု ဆို လျှင်၊
Meanwhile, Peter was sitting out in the courtyard, and a servant girl came up to him. “You also were with Jesus the Galilean,” she said.
70 ၇၀ ပေတရု က သင်ပြော သောအရာ ကို ငါမ သိ ဟု လူအပေါင်း တို့ရှေ့ ၌ ငြင်းခုံ လေ၏။
But he denied it before them all: “I do not know what you are talking about.”
71 ၇၁ ထို့နောက် ပေတရုသည် အိမ်ဦးရှေ့ သို့ ထွက် ပြီးမှအခြား သောမိန်းမသည် သူ့ ကိုမြင် ၍ ထို အရပ်၌ ရှိသောသူ တို့အား၊ ဤ သူလည်းနာဇရက် မြို့သားယေရှု နှင့် ပေါင်းဖော်သောသူဖြစ် သည်ဟု ဆို လျှင် ၊
When Peter had gone out to the gateway, another servant girl saw him and said to the people there, “This man was with Jesus of Nazareth.”
72 ၇၂ ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ကျိန်ဆို လျက်တစ်ဖန် ငြင်းခုံ ပြန်၏။
And again he denied it with an oath: “I do not know the man!”
73 ၇၃ ထို့နောက် များမကြာ ထိုအရပ်၌ ရပ် နေသော သူ တို့သည် ပေတရု အနီးသို့လာ ၍၊ အကယ်စင်စစ် သင် သည်လည်း ထိုသူ တို့အဝင် ဖြစ် ၏။ သင့် စကား သည် သင့် အကြောင်းကို ထင်ရှား စေ၏ဟု ဆို ကြလျှင် ၊
After a little while, those standing nearby came up to Peter. “Surely you are one of them,” they said, “for your accent gives you away.”
74 ၇၄ ပေတရုက၊ ထိုသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို ၏။ ထို ခဏချင်းတွင် ကြက် တွန် လေ၏။
At that he began to curse and swear to them, “I do not know the man!” And immediately a rooster crowed.
75 ၇၅ ယေရှု က၊ ကြက် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသော စကား ကို ပေတရု သည် သတိရ သဖြင့် ပြင် သို့ထွက် ၍ ပြင်းစွာ ငိုကြွေး လေ၏။
Then Peter remembered the word that Jesus had spoken: “Before the rooster crows, you will deny Me three times.” And he went outside and wept bitterly.