< မဿဲ 22 >
1 ၁ တစ်ဖန် ယေရှု သည် ဥပမာ ကိုဆောင်၍ ပရိသတ် တို့အား မိန့်မြွက် တော်မူသည်ကား၊
AND Jesus continuing his discourse, spake again to them in parables, saying,
2 ၂ ကောင်းကင် နိုင်ငံ တော်သည် မိမိ သား အဘို့ ထိမ်းမြား မင်္ဂလာဆောင်ပွဲကို စီရင် သောမင်းကြီး နှင့်တူ ၏။
The kingdom of heaven is like to a certain king, who made a marriage-feast for his son:
3 ၃ ထိုမင်းကြီးသည် ဘိတ် ပြီးသောသူ တို့ကို ခေါ် စေခြင်းငှာလုလင် တို့ကိုစေလွှတ် သောအခါ ထိုသူတို့သည် မ လာ ဘဲနေကြ၏။
and sent his servants to call those who were invited to the entertainment: and they would not come.
4 ၄ တစ်ဖန် အခြား သောလုလင် တို့ကို စေလွှတ် ၍ ငါ့ ပွဲ ကို ငါပြင်ဆင် ပြီ။ နွား မှစသောဆူဖြိုး သော တိရစ္ဆာန် များကို သတ် ၍ပြီးပြီ။ အလုံးစုံ တို့သည် အသင့် ရှိပြီ။ မင်္ဂလာဆောင်ပွဲ သို့ လာ ကြပါဟု ဘိတ် ပြီးသောသူ တို့အား ပြော ကြဟု မှာ လိုက်ပြန်၏။
Again he sent other servants, saying, Tell those who have been invited, Behold, I have prepared my dinner; my oxen and the fatlings are killed, and all things are ready; come unto the marriage-feast.
5 ၅ သို့သော်လည်း ထိုသူ တို့သည် နားမထောင် ဘဲ အချို့ တို့သည် မိမိ လယ် သို့ သွား ကြ၏။ အချို့ တို့သည် ကုန်သွယ် ရာသို့ သွားကြ၏။
But they gave themselves no concern about it, and went their several ways, one to his own farm, and another to his traffick:
6 ၆ ကြွင်း သောသူ တို့သည်လည်း လုလင် တို့ကိုဘမ်းဆီး ၍ ညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကို ပြုကြ၏။
And the rest seizing his servants, insulted and slew them.
7 ၇ ထိုမင်းကြီး သည်ကြားလျှင် အမျက်ထွက် ၍ စစ် ချီ စေသဖြင့် ၊ လူ အသက်ကိုသတ်သော ထို သူတို့ကို အပြီးလုပ်ကြံ ၍ သူ တို့၏မြို့ ကို မီးရှို့ လေ၏။
Then the king, when he heard it, was incensed: and sending out his armies, destroyed these murderers, and burnt down their city.
8 ၈ ထိုနောက်မှ မင်းကြီးသည်လုလင် တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင် ပွဲသည် အသင့် ရှိ ၏။ ခေါ်ဘိတ် သောသူ တို့သည် မ ထိုက် မတန်သောကြောင့် ၊
Then he said to his servants, The wedding entertainment indeed is ready, but those who were invited were not worthy:
9 ၉ လမ်းမ လမ်းကြား သို့ သွား ၍ တွေ့ သမျှ သောသူတို့ကို ပွဲ သို့ ခေါ်ဘိတ် ကြဟု အမိန့် တော်ရှိသည်အတိုင်း၊
go therefore into the thoroughfares of the roads, and as many as ye find, invite to the banquet.
10 ၁၀ လုလင် တို့သည် လမ်း များသို့ ထွက်သွား ၍ ကောင်း မကောင်း တွေ့ သမျှ သော လူအပေါင်း တို့ကို စုဝေး စေ၍ ပွဲ တော်၌ အပြည့် ရှိလေ၏။
So these servants going out into the roads, collected all, as many as they found, both bad and good; and the wedding feast was fully furnished with guests.
11 ၁၁ မင်းကြီး သည် ပွဲ ၌ လျောင်း သောသူ တို့ကို ကြည့်ရှု ခြင်းငှာဝင် တော်မူသောအခါ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် ကိုမ ဝတ် သောသူ တစ်ယောက်ကိုမြင် လျှင် ၊
Then the king coming in to look around on the guests, saw there a man who had not put on the wedding garment:
12 ၁၂ အဆွေ ၊ မင်္ဂလာဆောင် ပွဲ၏ အဝတ် မ ရှိ ဘဲ အဘယ်ကြောင့် ဝင် သနည်းဟု မေး တော်မူသည်ကို ထိုသူ သည် မ ပြောနိုင်ဘဲနေ၏။
and he saith to him, Friend, how came thou in here, not having the garment provided for the marriage feast? And he was speechless.
13 ၁၃ ထိုအခါ မင်းကြီး သည် အခြံအရံ တို့အား ထိုသူ ၏လက် ခြေ ကိုတုပ်နှောင် လော့။ ငိုကြွေး ခြင်းအံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ် မှောင်မိုက် ထဲသို့ ယူသွားချ လိုက်ကြဟု အမိန့် တော်ရှိ၏။
Then said the king to the servants, Bind his feet and hands, and take him away, and cast him into the darkness, which is without; there shall be weeping and gnashing of teeth.
14 ၁၄ ထိုသို့ ခေါ် တော်မူသောသူအများ ရှိ သော်လည်း ၊ ရွေးကောက် တော်မူသောသူနည်း သည် ဟု မိန့်တော်မူ၏။
For many are called, but few elect.
15 ၁၅ ထိုအခါ ဖာရိရှဲ တို့သည် ထွက်သွား ပြီးလျှင်၊ ငါတို့သည်သူ ၏စကား ကို ချောင်းမြောင်း၍ အပြစ် ပြုခွင့်ကို အဘယ်သို့ရ နိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊
Then went the Pharisees, and took counsel together how they might lay a snare to entrap him in his discourse.
16 ၁၆ မိမိ တပည့် တို့နှင့် ဟေရုဒ် တပည့်တို့ကို အထံ တော်သို့စေလွှတ် ၍ အရှင် ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကိုမ ထောက် ဘဲ ဘုရားသခင် ၏တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။
And they sent to him their disciples, with the Herodians, saying, Master, we know that thou art true, and teachest the way of God with veracity; and carest for no man, for thou regardest not the person of men:
17 ၁၇ သို့ဖြစ်၍ ကိုယ်တော် သည် အဘယ်သို့ ထင် တော်မူသနည်း။ ကဲသာ ဘုရင်အားအခွန် ကို ဆက် အပ် သလော။ မ ဆက်အပ်သလော အကျွန်ုပ် တို့အား မိန့် တော်မူပါဟု မေးလျှောက် ကြ၏။1”
tell us therefore, What thinkest thou? Is it lawful to pay tribute to Caesar, or not?
18 ၁၈ ယေရှု သည် ထိုသူ တို့၏ဆိုးညစ် သောသဘောကို သိ တော်မူလျှင် ၊ လျှို့ဝှက် သောသူတို့၊ အဘယ်ကြောင့် ငါ့ ကို စုံစမ်း နှောင့်ရှက်ကြသနည်း။
But Jesus knew their wicked design, and said, Why tempt ye me, ye hypocrites?
19 ၁၉ အခွန် ငွေ တစ်ပြားကိုပြ ပါ ဟု မိန့် တော်မူ၍၊ ဒေနာရိ တစ်ပြားကို ယူခဲ့ ကြ၏။
Shew me the money for the tribute; and they brought him a denarius.
20 ၂၀ ဤ ပုံ ဤလိပ်စာ ကား၊ အဘယ်သူ ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်း ဟု မေး တော်မူလျှင် ၊
And he saith unto them, Whose figure is this and inscription?
21 ၂၁ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ယေရှုကလည်း၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ ဥစ္စာ ကိုကား ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
They say unto him, Caesar’s. Then saith he to them, Render therefore to Caesar, the things which are Caesar’s; and to God, the things which are God’s.
22 ၂၂ ထိုသူတို့သည် ကြား ရလျှင် အံ့ဩ ၍ အထံ တော်မှ ထွက် သွား ကြ၏။
And when they heard him, they marvelled, and leaving him, went away.
23 ၂၃ ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူရှိသော ဇဒ္ဒုကဲ တို့သည် ထို နေ့ ၌ အထံ တော်သို့ချဉ်းကပ် ၍၊
On the same day the Sadducees came to him, who say, that there is no resurrection, and they put a question to him,
24 ၂၄ အရှင် ဘုရား၊ လူ မည်သည်ကားသား မ ရှိ ဘဲသေ လျှင် ၊ သူ ၏မယား ကို သူ့ ညီ သိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု မောရှေ စီရင်ပါပြီ။
saying, Master, Moses said, “If a man die having no children, his brother in right of affinity shall marry his wife, and raise up seed for his brother.”
25 ၂၅ ကျွန်ုပ် တို့တွင် ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့် စုံဘက် ၍ သား မ ရှိ ဘဲ သေ သဖြင့် မိမိ မယား ကို မိမိ ညီ နှင့် ကျန်ရစ် စေ၏။
Now there were with us seven brothers; and the first marrying, died, and had no offspring, and left his wife to his brother;
26 ၂၆ ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှသေကြ၏။
likewise the second also; then the third; so on to the seven.
27 ၂၇ နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
Last of all the woman died also.
28 ၂၈ သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမသည်ခုနစ် ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ ၏ မယား ဖြစ် ရပါမည်နည်း။ ထိုသူအပေါင်း တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။
In the resurrection therefore, whose wife shall she be of the seven? for they all had her.
29 ၂၉ ယေရှု ကလည်း ၊ သင်တို့သည် ကျမ်းစာ ကိုနား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့်မှား သောအယူကိုယူကြ၏။
Jesus then answering, said unto them, Ye are in an error, from not knowing the Scriptures, and the power of God.
30 ၃၀ ထမြောက် ရာကာလ၌ စုံဘက် ခြင်းကို မ ပြု၊ ထိမ်းမြား ပေးစားခြင်းကို မ ပြု။
For at the resurrection, they neither marry, nor are given in marriage, but are as the angels of God in heaven.
31 ၃၁ ကောင်းကင် သားဘုရားသခင်၏ တမန်တော် ကဲ့သို့ ဖြစ် ကြ၏။
But with respect to the resurrection of the dead, have ye not read what was spoken to you of God, saying,
32 ၃၂ ထိုမှတပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် က၊ ငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ် သည်ဟု သင် တို့အား မိန့်မြွက် တော်မူကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။ ဘုရားသခင်သည် သေ နေသောသူတို့၏ ဘုရား မ ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည် ဟု မိန့် တော်မူ၏။
“I am the God of Abraham, and the God of Isaac, and the God of Jacob?” God is not the God of the dead, but of the living.
33 ၃၃ ပရိသတ် များတို့သည် ကြား ရလျှင် ဆုံးမ ဩဝါဒပေးတော်မူသည်ကို အံ့ဩ ခြင်းရှိကြ၏။
And when the multitude heard it, they were amazingly struck with his doctrine.
34 ၃၄ ဇဒ္ဒုကဲ တို့၏ စကား ကို ချေတော်မူကြောင်း ကို ဖာရိရှဲ တို့သည်ကြား လျှင် စုဝေး ကြ၍ ၊
But the Pharisees hearing that he had stopped the Sadducees’ mouths, they assembled together:
35 ၃၅ သူ တို့အဝင် အပါဖြစ်သော ကျမ်းတတ် တစ် ယောက်သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာ၊
and one of them, a teacher of the law, put a question to him, to make trial of him, and said,
36 ၃၆ အရှင် ဘုရား၊ ပညတ္တိ ကျမ်း၌ အဘယ် မည်သော ပညတ် သည်သာ၍ ကြီးသနည်းဟု မေးလျှောက် သော်၊
Master, which is the great commandment in the law?
37 ၃၇ ယေရှု က၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံးအကြွင်းမဲ့ ဉာဏ် ရှိသမျှ နှင့် ချစ် လော့၊
Then Jesus said to him, “Thou shalt love the Lord thy God with all thy heart, and with all thy soul, and with all thy mind.”
38 ၃၈ ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ် ၏။ ကြီးမြတ် သော ပညတ်လည်း ဖြစ်၏။
This is the first and great commandment.
39 ၃၉ ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသောဒုတိယ ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ၏။
And the second is like to it, “Thou shalt love thy neighbour as thyself.”
40 ၄၀ ဤ ပညတ် နှစ် ပါးတို့ကား ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း ရှိသမျှ တို့၏ အချုပ်အခြာ ပင်ဖြစ်သတည်း ဟု မိန့် တော်မူ၏။
On these two commandments, the whole law and the prophets depend.
41 ၄၁ ဖာရိရှဲ တို့သည် စုဝေး ၍ နေကြစဉ်တွင်ယေရှု က၊ သင် တို့သည် ခရစ်တော် ကို အဘယ်သို့ ထင်မှတ် ကြ သနည်း။
The Pharisees being then assembled, Jesus put a question to them,
42 ၄၂ အဘယ်သူ ၏ သား ဖြစ် သနည်း ဟု မေး တော်မူလျှင်၊ ဒါဝိဒ် ၏သား ဖြစ်သည်ဟု လျှောက် ကြသော်၊
saying, What think ye of the Messiah, whose son is he? They say unto him, David’s.
43 ၄၃ သို့ဖြစ်လျှင် ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ဝိညာဉ် တော်အားဖြင့် အဘယ်ကြောင့် ခေါ် သနည်း။
He saith unto them, How then doth David by the Spirit call him Lord? saying,
44 ၄၄ ဒါဝိဒ်၏စကားမှာ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
“The Lord said unto my Lord, Sit at my right hand, till I put thine enemies as a footstool for thy feet.”
45 ၄၅ ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် ၊ အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူသည်ရှိသော်၊
If then David calleth him Lord, how is he his son?
46 ၄၆ အဘယ်သူ မျှစကား တစ်ခွန်းကိုပြန် လျှောက်ခြင်းငှာမတတ်နိုင် ကြ။ ထို နေ့ မှစ၍ နောက်တစ်ဖန် အဘယ်သူ မျှမ မေး မလျှောက်ဝံ့ ကြ။
And no man could answer him a word, neither durst any man, from that day, interrogate him any more.