< မဿဲ 21 >
1 ၁ ယေရုရှလင် မြို့အနီး သို့ချဉ်း၍ သံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာသို့ ရောက် ကြသောအခါ ယေရှု သည် တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍ ၊
When they were nigh Jerusalem, being come to Bethphage, near the Mount of Olives, Jesus sent two of his disciples,
2 ၂ သင် တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထိုရွာ၌ ချည်နှောင် လျက်ရှိသောမြည်းမ နှင့် မြည်းကလေး ကို သင် တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုးကိုဖြည် ၍ ငါ့ ထံသို့ဆောင်ခဲ့ ကြ။
saying, Go to the village opposite to you, where you will find an ass tied, and her colt with her; loose them, and bring them hither.
3 ၃ သူတစ်ပါး သည် သင် တို့အား တစ်စုံတစ်ခု ကိုဆို လျှင် သခင် အလို ရှိ သည်ဟုပြန်ပြော ကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည်ချက်ခြင်း ပေး လိုက်မည် ဟု မှာထား တော်မူ၏။
If any man say anything to you, say, Your Master wants them, and he will send them directly.
4 ၄ ထို အကြောင်းအရာမူကား၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်းကလေး ကိုစီး ၍၊
Now all this was done, that the words of the Prophet might be fulfilled,
5 ၅ နူးညံ့ သိမ်မွေ့သောစိတ်နှင့် သင် ရှိရာသို့ ကြွလာ တော်မူသည်ကို ကြည့်ရှု လော့ဟု ဇိအုန် သတို့သမီး အား ပြော ကြလော့ဟူသော ပရောဖက် ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း ဖြစ် သတည်း။
"Say to the daughters of Zion, behold your King comes to you lowly, riding on an ass, even the colt of a laboring beast."
6 ၆ တပည့် တော်တို့သည်သွား ၍ အမိန့် တော်အတိုင်း ပြု သဖြင့် ၊
Accordingly the disciples went, and having done as Jesus had commanded them,
7 ၇ မြည်းမ နှင့် မြည်းကလေး ကိုဆောင်ခဲ့ ၍ မြည်းကျောပေါ်မှာ မိမိ တို့အဝတ် ကိုတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။
brought the ass and the colt, and covering them with their mantles, made him ride.
8 ၈ အတိုင်းမသိ များစွာ သောလူတို့သည် မိမိ တို့အဝတ် ကို လမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ် ကိုင်း သစ်ခက်များကိုခုတ် ၍ လမ်း ၌ ခင်း ကြ၏။
Now the greater part spread their mantles in the way; others lopped branches off the trees, and strowed them in the way,
9 ၉ ရှေ့ နောက် လိုက်သွားသော အခြံအရံ များတို့က ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။
while the crowd that went before and that followed, shouted, saying, Hosanna to the Son of David! Blessed be he that comes in the name of the Lord! Hosanna in the highest heaven!
10 ၁၀ ယေရုရှလင် မြို့သို့ ဝင် တော်မူသောအခါ တမြို့လုံး အုတ်အုတ်သဲသဲ ၍၊ ဤ သူကားအဘယ်သူ နည်းဟု မေးမြန်း ကြလျှင်၊
When he entered Jerusalem, the whole city was in an uproar, everybody asking, Who is this?
11 ၁၁ လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။
The crowd answered, It is Jesus, the prophet of Nazareth, in Galilee.
12 ၁၂ ယေရှု သည် ဘုရားသခင်၏ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ အပေါင်း တို့ကို နှင်ထုတ် ၍ ၊ ငွေ လဲသောသူတို့၏ခုံ များကို၎င်း ၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင် နေရာကို၎င်း တွန်းလှဲ တော်မူလျက် ၊
Then Jesus went into the temple of God, and drove thence all who sold and who brought in the temple, and overturned the tables of the money-changers, and the stalls of those who sold doves,
13 ၁၃ ငါ့ အိမ် ကို ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ ၌လာသော်လည်း ၊ သင် တို့သည် ထို အိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။
and said to them, It is written, "My house shall be called a house of prayer, but you have made it a den of robbers."
14 ၁၄ ထိုအခါ ဗိမာန် တော်၌ မျက်စိကန်း သောသူ၊ ခြေမစွမ်း သောသူတို့သည် အထံ တော်သို့လာ ၍ သူ တို့အနာရောဂါကို ငြိမ်း စေတော်မူ၏။
Then the blind and the lame came to him in the temple, and he healed them.
15 ၁၅ ကိုယ်တော်ပြု တော်မူသော အံ့ဩဘွယ် အမှု တို့ကို၎င်း၊ သူငယ် တို့ကလည်း ၊ ဒါဝိဒ် ၏သား တော်အား ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ဗိမာန် တော်၌ ကြွေးကြော် ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့ သည် ကြားမြင် လျှင် အမျက်ထွက် ကြ၍ ၊
But the chief priests and the scribes, seeing the wonders which he performed, and the boys crying in the temple, Hosanna to the Son of David,
16 ၁၆ ဤ သူတို့သည် အဘယ်သို့ ပြောဆို သည်ကို ကြား သလောဟု ယေရှု အား မေး ကြလေသော်၊ ငါကြား ၏။ နို့စို့ သူငယ် တို့ နှုတ် ထဲမှ ကိုယ်တော်သည် ချီးမွမ်း ခြင်းကိုပြင်ဆင် တော်မူသည်ဟူသောစကားကို သင်တို့သည် တရံတစ်ခါ မျှ မဘတ် ဘူးသလော ဟု မိန့် တော်မူ၏။
said to him with indignation, Do you hear what these say? Jesus answered, Yes. Have you never read, "From the mouth of infants and sucklings thou hast procured praise?"
17 ၁၇ ထိုအခါ သူ တို့ကိုထား ခဲ့၍မြို့ ထဲမှ ထွက် ပြီးလျှင် ဗေသနိ ရွာသို့ ကြွ၍ ထို ညဉ့်ကို လွန် စေတော်မူ၏။
And leaving them, he went out of the city of Bethany, where he remained that night.
18 ၁၈ နံနက် အချိန်၌ မြို့ သို့ ပြန် စဉ်တွင် ဆာမွတ် တော်မူ၏။
Returning to the city in the morning, he was hungry,
19 ၁၉ လမ်း နား မှာသင်္ဘောသဖန်း ပင်တစ် ပင်ကို မြင် လျှင် ၊ ထိုအပင် သို့ ကြွသွား ၍ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင် ၌အသီး မ သီး စေနှင့် ဟု မိန့် တော်မူလျှင် ၊ ထိုအပင် သည် ချက်ခြင်း သွေ့ခြောက် လေ၏။ (aiōn )
and seeing a single fig tree by the road, he went to it; but finding only leaves on it, said, Let no fruit grow on you henceforward. And the fig tree withered forthwith. (aiōn )
20 ၂၀ တပည့် တော်တို့သည် မြင် လျှင် ၊ သင်္ဘောသဖန်း ပင်သည် ချက်ခြင်း သွေ့ခြောက် ပါပြီတကားဟု အံ့ဩ ၍ ဆို ကြ၏။
When the disciples saw it, they said with astonishment, how soon is the fig tree withered?
21 ၂၁ ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ယုံမှား ခြင်းနှင့် ကင်း သော ယုံကြည် ခြင်းရှိ လျှင် ၊ သင်္ဘောသဖန်း ပင်၌ ပြု သကဲ့သို့သင်တို့ပြုနိုင်သည်သာမက ၊ ထို တောင် ကိုပင် နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင်ဆိုသည်အတိုင်း ဖြစ် လိမ့်မည်။
Jesus answered, Indeed, I say to you, if you have an unshaken faith, you may not only do as much as is done to the fig tree, but even if you should say to this mountain, Be lifted up, and thrown into the sea, it shall be done.
22 ၂၂ ယုံကြည် ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်း သမျှ တို့ကို သင်တို့သည်ရ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
Whatsoever you shall ask in prayer, with faith, you shall receive.
23 ၂၃ ဗိမာန် တော်သို့ ဝင် ပြန်၍ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည် အထံ တော်သို့ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ထို အခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော်၊
Being come into the temple, the chief priests and the elders of the people came near, as he was teaching, and said, by what authority do you these things?
24 ၂၄ ယေရှု က၊ ငါ သည် တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ လျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ ပြော မည်။
Jesus answering, said to them, I also have a question to propose, which if you answer me, I will tell you by what authority I do these things.
25 ၂၅ ယောဟန် ၏ ဗတ္တိဇံ တရားသည် အဘယ် ကဖြစ် သနည်း။ ဘုရား က ဖြစ်သလော ။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။ ထိုသူ တို့သည် အချင်းချင်း ဆင်ခြင် ၍ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင် တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံသနည်းဟု သူမေး လေဦးမည်။
Whence had John authority to immerse? From heaven or from men? Then they reasoned thus within themselves: If we say, From heaven, he will retort, Why then did you not believe him?
26 ၂၆ လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် လူ များကိုကြောက် ရ၏။ အကြောင်းမူကား ၊ လူအပေါင်း တို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
And if we say, From men, we dread the multitude, amongst whom John is universally accounted a prophet.
27 ၂၇ အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အား ပြန်ပြော ကြ၏။ ကိုယ်တော် ကလည်း ၊ ထိုအတူ ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော ။
They, therefore, answered him, We can not tell. Jesus replied, Neither do I tell you, by what authority I do these things.
28 ၂၈ သင် တို့သည် အဘယ်သို့ ထင် ကြသနည်း။ တစ်စုံတစ်ယောက်သောသူ ၌ သား နှစ် ယောက်ရှိ ၏။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ် ဥယျာဉ်သို့ သွား ၍ လုပ်ဆောင် လော့ဟုဆို လျှင် ၊
But what do you think of this? A man had two sons, and addressing his elder son, said, Son, go work today in any vineyard.
29 ၂၉ သား က ငါမ သွား ဘူးဟု ပြန်ပြော သော်လည်း ၊ နောက်မှ နောင်တရ ၍သွား လေ၏။
He answered, I will not, but afterward repented and went.
30 ၃၀ အဘသည် အခြား သောသားဆီသို့သွား ၍ ရှေ့နည်းအတူ ဆို လျှင် ၊ သား ကသွားပါမည်အဘသခင် ဟု ဆို သော်လည်း မ သွား ဘဲနေ၏။
Then addressing the younger, he bade him likewise. He answered, Immediately, Sir, but went not.
31 ၃၁ ထိုသားနှစ် ယောက်တို့တွင် အဘယ်သူ သည် အဘ ၏အလို ကိုဆောင် သနည်း ဟု မေးတော်မူလျှင်၊ သား အကြီး ဆောင်ပါသည်ဟု လျှောက် ကြသော်၊ ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့သည် သင် တို့အရင် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်တတ်ကြ၏။
Now, which of the two obeyed his father? They said, The first. Jesus replied, Indeed, I say to you, even the publicans and harlots show you the way into the kingdom of God.
32 ၃၂ အကြောင်းမူကား ၊ ယောဟန် သည် ဖြောင့်မတ် သောအကျင့် ကိုကျင့်၍ သင် တို့ဆီသို့ လာ သော်လည်း သင်တို့မ ယုံကြည် ကြ။ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့မူကား ယုံကြည် ကြ၏။ ထိုအကြောင်းကို သင် တို့သည် မြင် သော်လည်း ယုံကြည် မည်အကြောင်း နောက်တစ်ဖန် နောင်တ မ ရကြ။
For John came to you in the way of sanctity, and you believed him not; but the publicans and the harlots believed him: yet you who saw this, did not afterward repent and believe him.
33 ၃၃ အခြား သော ဥပမာ ကိုနားထောင် ကြလော့။ အိမ်ရှင် တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သော သူတို့အား ဥယျာဉ် ကိုငှား ၍ အခြားသောပြည်သို့သွား လေ၏။
Hear another parable: A landlord planted a vineyard, and hedged it round, and digged a wine press in it, and built a tower; and having farmed it out, went abroad.
34 ၃၄ အသီး သီးချိန် ရောက် သောအခါ ၊ အသီး ကိုခံ စေခြင်းငှာငယ်သား တို့ကို ဥယျာဉ်စောင့် တို့ရှိရာ သို့ စေလွှတ် လေ၏။
When the vintage approached, he sent his servants to the husbandmen to receive the fruits.
35 ၃၅ ထိုသူ တို့သည် ငယ်သား များကို ဘမ်း ပြီးလျှင် တစ်ဦး ကိုရိုက် ၍၊ တစ်ဦး ကိုသတ် ၍ ၊ တစ်ဦး ကို ခဲ နှင့်ပစ်ကြ၏။
But they seized his servants, beat one, drove away with stones another, and killed another.
36 ၃၆ နောက်တစ်ဖန် အရင် ထက် များသော အခြား ငယ်သား တို့ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူ ပြု ကြ၏။
Again he sent other servants more respectable; but they received the same treatment;
37 ၃၇ နောက်ဆုံး ၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိ သား ကို စေလွတ် လေ၏။
finally he sent his son to them: for he said, They will reverence my son.
38 ၃၈ ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကိုသတ် ၍ သူ ၏ အမွေ ဥစ္စာကိုယူ ကြကုန်အံ့ဟု အချင်းချင်း တိုင်ပင် ၍၊
But when the husbandmen saw the son, they said among themselves, This is the heir, come, let us kill him, and keep possession of his inheritance.
39 ၃၉ ဥယျာဉ်ရှင်၏သား ကို ဘမ်းယူ ပြီးမှ ဥယျာဉ် ပြင် သို့ထုတ် ၍ သတ်ပစ် ကြ၏။
Then they seized him, thrust him out of the vineyard, and killed him.
40 ၄၀ သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည်လာ သောအခါ ၊ ဥယျာဉ်စောင့် တို့ကိုအဘယ်သို့ ပြု မည်နည်း ဟုမေးတော်မူ၏။
When, therefore, the proprietor of the vineyard comes, what will he do to those husbandmen?
41 ၄၁ ပရိသတ်တို့ကလည်း ထိုလူဆိုး တို့အား ဆိုး သောဖျက်ဆီး ခြင်းကို စီရင်ပါလိမ့်မည်။ အသီး သီးချိန် တွင် အသီးကို ဆက် အံ့သောအခြား လူ တို့အား ထိုဥယျာဉ် ကို ငှား ပါလိမ့်မည်ဟု လျှောက် ကြ၏။
They answered, He will put those wretched to a wretched death, and will let the vineyard to others, who will render him the fruits in the season.
42 ၄၂ ယေရှု ကလည်း၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကို ကျမ်းစာ ၌ သင်တို့သည် တရံတခါမျှမ ဘတ် ဘူးသလော။
Jesus replied, Did you never read in the scriptures, "A stone which the builders rejected, is made the head of the corner? This the Lord has effected, and we behold it with admiration."
43 ၄၃ ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။
Know, therefore, that the kingdom of God shall be taken from you, and given to a nation who will produce the fruits of it.
44 ၄၄ အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူသည် ကျိုး လတံ့၊ အကြင်သူ ၏အပေါ်သို့ ထို ကျောက်သည်ကျ ၏၊ ထိုသူ သည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။
For whosoever shall fall on this stone, shall be bruised; and on whomsoever it shall fall, it will crush him to pieces.
45 ၄၅ ထိုဥပမာ စကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲ တို့သည်ကြား ရလျှင် ၊ မိမိ တို့ကို ရည်ဆောင် ၍ ဟောပြော တော်မူသည်ကို သိ ကြ၏။
The chief priests and the Pharisees hearing his parables, perceived that he spoke of them;
46 ၄၆ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ သော်လည်း စုဝေး သောသူများကို ကြောက် ကြ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ကိုယ်တော် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြ၏။
but though they wished to lay hold on him, they were afraid of the populace, who reckoned him a prophet.