< မဿဲ 2 >

1 ယုဒ ပြည်ဗက်လင် မြို့၌ ဟေရုဒ် မင်းကြီး လက်ထက် ၊ ယေရှု သည်ဘွားမြင် ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ ပြည်က ယေရုရှလင် မြို့သို့ ရောက်လာ ကြလျှင်။
Now when Jesus was born in Bethlehem of Judea in the days of Herod the king, look, Magi from the east came to Jerusalem, saying,
2 ယခု ဘွားမြင် သောယုဒ ရှင်ဘုရင် သည်၊ အဘယ်မှာ ရှိ တော်မူသနည်း။ အရှေ့ ပြည်၌ သူ ၏ကြယ် ကိုငါတို့မြင် ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာရောက်လာ ပြီဟု မေးမြန်းပြောဆို ကြ၏။
"Where is he who is born King of the Jews? For we saw his star in the east, and have come to worship him."
3 ထိုစကားကိုကြား လျှင် ဟေရုဒ် မင်းကြီး သည် ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့် ၊
And when King Herod heard it, he was troubled, and all Jerusalem with him.
4 ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် ကျမ်းပြု ဆရာရှိသမျှ တို့ကိုစုဝေး စေ၍ ခရစ်တော် ကို အဘယ် အရပ်မှာ ဘွားမြင် လိမ့်မည်နည်းဟု မေးမြန်း တော်မူ၏။
And gathering together all the chief priests and scribes of the people, he asked them where the Christ would be born.
5 ထိုဆရာ တို့ကလည်း ၊ ပရောဖက် တစ်ဦးရေး ထားသောအချက်ဟူမူကား ၊
And they said to him, "In Bethlehem of Judea, for thus it is written through the prophet,
6 အိုယုဒ ပြည် ဗက်လင် မြို့၊ အစိုးရ သောယုဒ မြို့တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မ ဟုတ် ။ အကြောင်းမူကား ၊ ငါ ၏လူစု ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင် သည် သင် ၏အထဲ မှာပေါ်ထွန်း လတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့်ယုဒ ပြည်ဗက်လင် မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီး အား ပြန်ကြား လျှောက်ထားကြ၏။
'And you, Bethlehem, land of Judah, are in no way least among the rulers of Judah; for out of you will come forth a ruler who will shepherd my people, Israel.'"
7 ထိုအခါ ဟေရုဒ် မင်းကြီးသည်၊ မာဂု ပညာရှိတို့ကို မထင်မရှား ခေါ် ၍ ကြယ် ပေါ်ထွန်း သောအချိန် ကာလကို စေ့စေ့ မေးမြန်းပြီးမှ၊
Then Herod secretly called the Magi, and learned from them exactly what time the star appeared.
8 သင်တို့သွား ၍ ထို သူငယ် ကိုကြိုးစား ရှာ ကြပါ။ တွေ့ လျှင် ငါ့ ထံသို့ပြန်လာ ၍ ငါ လည်း ထိုသူငယ် ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြော ကြပါဟု မှာထား တော်မူလျက်၊ ဗက်လင် မြို့သို့ စေလွှတ် လေ၏။
And he sent them to Bethlehem, and said, "Go and search diligently for the young child, and when you have found him, bring me word, so that I also may come and worship him."
9 ထိုသူ တို့သည် မင်းကြီး စကားကိုနာခံ ပြီးလျှင် ထွက်သွား ကြ၍ အရှေ့ ပြည်၌ မြင် ရသောကြယ် သည် သူ တို့ ရှေ့ ကသွားသဖြင့် သူငယ် တော်ရှိ ရာအရပ် အပေါ်သို့ ရောက် ၍ တည် လျက်နေ၏။
And they, having heard the king, went their way; and look, the star which they saw in the east went before them, until it came and stood over where the young child was.
10 ၁၀ ထို ကြယ် ကို မြင် ပြန်သောအခါ အလွန် ဝမ်းမြောက် ဝမ်းသာ ခြင်းရှိ၍၊
And when they saw the star, they rejoiced with exceedingly great joy.
11 ၁၁ အိမ် သို့ ဝင် လေသော်၊ မယ်တော် မာရိ နှင့်တကွ သူငယ် တော်ကိုတွေ့မြင် လျှင် ပြပ်ဝပ် ကိုးကွယ် ၍ ၊ မိမိ တို့ ဘဏ္ဍာ ဥစ္စာတို့ကိုဖွင့် ပြီးမှ လောဗန် နှင့် မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေ ကို၎င်း ဆက်ကပ် ပူဇော်ကြ၏။
And they came into the house and saw the young child with Mary, his mother, and they fell down and worshiped him. Then, opening their treasures, they offered to him gifts: gold, frankincense, and myrrh.
12 ၁၂ နောက်မှ ဟေရုဒ် မင်းကြီးထံသို့ မ ပြန် ရမည်အကြောင်းကို အိပ်မက် တွင် ဗျာဒိတ် တော်ကိုရ၍ မိမိ တို့ ပြည် သို့ အခြား သောလမ်း ဖြင့် ပြန်သွား ကြ၏။
Being warned in a dream that they should not return to Herod, they went back to their own country another way.
13 ၁၃ ထိုသူ တို့သွား ကြသည်နောက် ၊ ယောသပ် သည် အိပ်မက် ကိုမြင် သည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့ ပြေး ၍၊ တစ်ဖန်ငါပြောဆို သည်တိုင်အောင် ထို ပြည်၌ နေ လော့။ ဟေရုဒ် မင်းကြီးသည် သူငယ် တော်ကို သတ် အံ့သောငှာ ရှာ လိမ့်မည်ဟုဆို လေ၏။
Now when they had departed, look, an angel of the Lord appeared to Joseph in a dream, saying, "Arise and take the young child and his mother, and flee into Egypt, and stay there until I tell you, for Herod will seek the young child to destroy him."
14 ၁၄ ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ညဉ့် အချိန်၌ ဆောင်ယူ ပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား ၍ ၊
And he arose and took the young child and his mother by night, and departed into Egypt,
15 ၁၅ ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်တိုင်အောင် ထို ပြည်၌ နေ လေ၏။ ဤအကြောင်းအရာကား၊ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ငါခေါ် ခဲ့ပြီဟု ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထား တော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်းတည်း။
and was there until the death of Herod; that it might be fulfilled which was spoken by the Lord through the prophet, saying, "Out of Egypt I called my son."
16 ၁၆ ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။
Then Herod, when he saw that he was mocked by the Magi, was exceedingly angry, and sent out, and killed all the male children who were in Bethlehem and in all the surrounding countryside, from two years old and under, according to the exact time which he had learned from the Magi.
17 ၁၇ ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊
Then that which was spoken by Jeremiah the prophet was fulfilled, saying,
18 ၁၈ ရာမ အရပ်၌ သည်းစွာ သောညည်းတွား ငိုကြွေး၊ မြည်တမ်း ခြင်းအသံ ကိုကြား ရ၍၊ ရာခေလ သည် မိမိ သား တို့ မ ရှိ သောကြောင့် ငို ၍ စိတ် မ ပြေနိုင် ဟူသောစကား သည် ထိုအခါ ၌အမှန် ကျသတည်း။
"A voice was heard in Ramah, lamentation and weeping and great mourning, Rachel weeping for her children; and she would not be comforted, because they are no more."
19 ၁၉ ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်နောက် ၊ ယောသပ် သည် အဲဂုတ္တု ပြည်၌ အိပ်မက် ကိုမြင် ပြန်သည် မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည်ထင်ရှား ၍၊
But when Herod was dead, look, an angel of the Lord appeared in a dream to Joseph in Egypt, saying,
20 ၂၀ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား လော့။ သူငယ် တော်ကိုသတ်အံ့သောငှာ ရှာ သောသူ တို့သည်သေ ကြပြီဟု ဆို လေ၏။
"Arise and take the young child and his mother, and go into the land of Israel, for those who sought the young child's life are dead."
21 ၂၁ ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား၍ ရောက် သည်ရှိသော်၊
And he arose and took the young child and his mother, and went to the land of Israel.
22 ၂၂ ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ၌ ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊
But when he heard that Archelaus was reigning over Judea in the place of his father, Herod, he was afraid to go there. Being warned in a dream, he withdrew into the region of Galilee,
23 ၂၃ ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် ၍ အမြဲနေ လေ၏။
and came and lived in a city called Nazareth; that it might be fulfilled which was spoken through the prophets, that he will be called a Nazorean.

< မဿဲ 2 >