< မဿဲ 19 >
1 ၁ ထို ဒေသနာ တော်ကို ယေရှု သည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှ ပြောင်း၍ ယုဒ ပြည် စွန်း ၊ ယော်ဒန် မြစ်တစ်ဘက် သို့ ကြွ တော်မူ၏။
When Jesus finished speaking he left Galilee and went to the region of Judea beyond the Jordan River.
2 ၂ လူ များအပေါင်း တို့သည် နောက် တော်သို့လိုက်ကြသည်ဖြစ်၍ ၊ ထို အရပ်၌ အနာ ရောဂါများကို ငြိမ်း စေ တော်မူ၏။
Large crowds followed him, and he healed those who were sick there.
3 ၃ ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
Some Pharisees came to test him. “Is a man allowed to divorce his wife for any reason?” they asked.
4 ၄ ကိုယ်တော် က၊ အစအဦး ၌ ဖန်ဆင်း တော်မူသောသူ သည် ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။
Jesus replied, “Haven't you read that God who created people in the beginning made them male and female?
5 ၅ ထို အကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ် ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဘတ်ဘူးသလော။
He said, ‘This is the reason a man will leave his father and mother, and join with his wife, and the two shall become one.’
6 ၆ ထို့ကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ်တစ်ဦးတည်း ဖြစ် ၏။ ဘုရားသခင် ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့် ဟု မိန့် တော်မူ၏။
Now they're no longer two, but one. What God has joined together no one should separate.”
7 ၇ ဖာရိရှဲတို့ကလည်း၊ ထိုသို့ မှန်လျှင်ဖြတ်စာ ကိုပေး ၍ မယား နှင့် ကွာ စေခြင်းငှာမောရှေ သည် အဘယ်ကြောင့် စီရင် သနည်းဟု လျှောက် ကြသော်၊
“Then why did Moses give a law that a man could divorce his wife by giving her a written certificate of divorce, and sending her away?” they asked.
8 ၈ ကိုယ်တော်က၊ သင် တို့စိတ် နှလုံးခိုင်မာသောကြောင့် မယား နှင့်ကွာ ရသောအခွင့် ကို မောရှေ သည် စီရင် ၏။အစအဦး ၌ ထိုသို့ မ ဟုတ်။
“Because of your hard-hearted attitude Moses permitted you to divorce your wives, but it wasn't like that in the beginning,” Jesus replied.
9 ၉ ငါပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်းမှတပါး အခြား သောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက် သောသူ သည် မိမိမယားကိုပြစ်မှား ၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့ မယား ကို ပြစ်မှားသည် ဟုမိန့်တော်မူ၏။
“I tell you, anyone who divorces his wife except on the grounds of sexual immorality and then marries another woman, commits adultery.”
10 ၁၀ တပည့် တော်တို့ကလည်း၊ လင် မယား အမှု သည် ဤသို့ ဖြစ် လျှင် စုံဘက် ခြင်းကိုမ ပြုကောင်း ပါဟု လျှောက် ကြ၏။
“If that's the situation between husband and wife, it's better not to marry!” his disciples told him.
11 ၁၁ ကိုယ်တော် ကလည်း ၊ ထို စကား ကို လူ တိုင်းမ ခံ မယူနိုင်။ အခွင့်ရ သောသူ တို့သာ ခံယူနိုင်ကြ၏။
“Not everyone can accept this instruction, only those it's given to,” Jesus told them.
12 ၁၂ လူအချို့တို့သည် အမိ ဝမ်း တွင်းကပင် မိန်းမလျှာ ဖြစ် ကြ၏။ အချို့တို့သည် သူတစ်ပါး ဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင် နိုင်ငံ တော်အဘို့ အလို့ငှာမိမိ ကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူ နိုင် သောသူ သည် ခံယူ စေ ဟုမိန့် တော်မူ၏။
“Some are born as eunuchs, some are made eunuchs by men, and some choose to be eunuchs for the sake of the kingdom of heaven. Those who can accept this should accept it.”
13 ၁၃ ထိုအခါ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ၍ မေတ္တာပို့ တော်မူစေခြင်းငှာအထံ တော်သို့ဆောင်ခဲ့ သည်ဖြစ်၍တပည့် တော်တို့သည် အပြစ်တင် ကြ၏။
The people brought little children to him so he could bless them and pray for them. But the disciples told them not to.
14 ၁၄ ယေရှု ကလည်း ၊ ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊
But Jesus said, “Let the little children come to me. Don't stop them. The kingdom of heaven belongs to those who are like them!”
15 ၁၅ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။
He placed his hands on them to bless them, and then he left.
16 ၁၆ ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊ (aiōnios )
A man came to Jesus and asked him, “Teacher, what good things must I do to gain eternal life?” (aiōnios )
17 ၁၇ ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင်တစ်ပါးတည်း သာကောင်းမြတ် တော်မူ၏။ အသက် ရှင်ခြင်းသို့ ဝင်စား လို လျှင် ပညတ် တော်တို့ကို စောင့်ရှောက် လော့ ဟု မိန့် တော်မူ၏။
“Why do you ask me what is good?” Jesus replied. “There's only one who is good. But if you want to have eternal life, then keep the commandments.”
18 ၁၈ အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။
“Which ones?” the man asked him. “Don't murder, don't commit adultery, don't steal, don't give false testimony,
19 ၁၉ မိဘ ကိုရိုသေ စွာပြုလော့။ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ ဟု မိန့် တော်မူ၏။
honor your father and mother, and love your neighbor as yourself,” replied Jesus.
20 ၂၀ ထိုလုလင် ကလည်း၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည်ငယ် သောအရွယ်မှစ၍စောင့်ရှောက် ပါပြီ။ အဘယ် အကျင့်လို သေး သနည်းဟု လျှောက် ပြန်လေ၏။
“I've kept all these commandments,” the young man said. “What else do I need to do?”
21 ၂၁ ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
Jesus told him, “If you want to be perfect, then go and sell your possessions, give the money to the poor, and you'll have treasure in heaven. Then come and follow me.”
22 ၂၂ ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။
When the young man heard Jesus' answer he went away very sad, because he had many possessions.
23 ၂၃ ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ငွေရတတ် သောသူသည် ကောင်းကင် နိုင်ငံ တော်သို့ ဝင် ခဲ လှ ၏။
“I tell you the truth,” Jesus said to his disciples, “rich people find it hard to enter the kingdom of heaven.
24 ၂၄ တစ်ဖန် ငါဆို သည်ကား၊ ကုလားအုပ် သည် အပ် နဖားကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု တပည့် တော်တို့အားမိန့် တော်မူ၏။
I also tell you this: It's easier for a camel to pass through the eye of a needle than for a rich person to enter the kingdom of God.”
25 ၂၅ ထိုသူတို့သည်ကြား လျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
When the disciples heard this, they were very surprised, and asked, “So who can be saved?”
26 ၂၆ ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ၍ ဤအမှု ကိုလူ မ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
Jesus looked at them and said, “From a human point of view it's impossible, but all things are possible with God.”
27 ၂၇ ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊
Peter answered him, “Look, we've left everything and followed you. What reward will we have?”
28 ၂၈ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။
Jesus replied, “I tell you the truth: when everything is remade and the Son of man sits on his glorious throne, you who have followed me will also sit on twelve thrones, judging the twelve tribes of Israel.
29 ၂၉ အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။ (aiōnios )
All those who because of me have left their homes, brothers, sisters, father, mother, children, and fields, will receive back a hundred times more, and will receive eternal life. (aiōnios )
30 ၃၀ နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
For many who are first will be last, and many who are last will be first.