< မဿဲ 18 >
1 ၁ ထို အခါ တပည့် တော်တို့သည် ချဉ်းကပ် ၍ ကောင်းကင် နိုင်ငံ တော်၌ အဘယ်သူ သည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက် ကြသော်၊
2 ၂ သူငယ် တစ်ယောက်ကိုခေါ် တော်မူ၍ ၊ တပည့် တော်တို့အလယ် ၌ ထား ပြီးမှ ၊
3 ၃ ငါအမှန် ဆို သည်ကား၊ သင်တို့သည်ပြောင်းလဲ ၍ သူငယ် ကဲ့သို့ မ ဖြစ် လျှင် ကောင်းကင် နိုင်ငံ တော်သို့ မ ရောက် ရကြ။
4 ၄ ထို့ကြောင့် အကြင်သူ သည် ဤ သူငယ် ကဲ့သို့ မိမိ ကိုမိမိနှိမ့်ချ အံ့၊ ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ သာ၍ ကြီးမြတ်လိမ့်မည်။
5 ၅ အကြင်သူ သည်ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သောသူငယ် တစ်စုံတစ်ယောက် ကို လက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။
6 ၆ ငါ့ ကိုယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည်မှားယွင်း စေ၏၊ ထိုသူ သည် လည်ပင်း ၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ နက်နဲ သောပင်လယ် ၌ နှစ်မြှုပ် ခြင်းကို ခံရလျှင်အနေသာ၍ကောင်း ၏။
7 ၇ မှားယွင်း စရာအကြောင်းများရှိသောကြောင့် လောကီသား တို့သည်အမင်္ဂလာ ရှိကြ၏။ မှားယွင်း စရာ အကြောင်း ရှိ ရမည်။ သို့သော်လည်း မှားယွင်း စရာအကြောင်းကို ဖြစ် စေသောသူ သည် အမင်္ဂလာ ရှိ၏။
8 ၈ သင် ၏လက် ခြေ သည် သင့် ကို မှားယွင်း စေလျှင် လက် ခြေကိုဖြတ်ပစ် လော့။ လက် ခြေ အစုံ နှင့် ထာဝရ မီး ထဲသို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော်သာ၍ ကောင်း၏။ (aiōnios )
9 ၉ သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် ၊ မျက်စိ ကိုထုတ်ပစ် လော့။ မျက်စိ နှစ် ဘက်စုံနှင့် ငရဲ မီး ထဲသို့ ချ ခြင်းကို ခံရ သည်ထက် မျက်စိ တစ်ဘက်နှင့် အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။ (Geenna )
10 ၁၀ သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။
11 ၁၁ ထိုမှတပါးလူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာကြွလာသတည်း။
12 ၁၂ အဘယ်သို့ ထင် ကြသနည်း။ သိုး တရာ ရှိ သောသူ ၌ သိုး တစ် ကောင်သည်လမ်းလွဲ ၍ပျောက်လျှင် ၊ ထိုသူသည် ကိုးဆယ် ကိုးကောင်သောသိုးတို့ကို တောင် ပေါ်မှာ ထား ခဲ့ပြီးမှ၊ လမ်းလွဲ ၍ပျောက်သော သိုးတစ်ကောင်ကို သွား ၍ ရှာ တတ်သည် မ ဟုတ်လော။
13 ၁၃ တွေ့ ပြီးလျှင် ၊ လမ်း မ လွဲမပျောက်သောသိုး ကိုးဆယ် ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ ထိုသိုး တစ်ကောင်၌ သာ၍ ဝမ်းမြောက် ခြင်းရှိသည်ဟု ငါအမှန် ဆို ၏။
14 ၁၄ ထိုနည်းတူ ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဤ သူငယ် တစ် ယောက်ကိုမျှ ပျက်စီး စေခြင်းငှာ အလို တော်မ ရှိ ။
15 ၁၅ ထို့ကြောင့်သင် ၏ညီအစ်ကို သည် သင့် ကိုပြစ်မှား လျှင် ၊ သူ့ ဆီသို့သွား ၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ ၍ ဆုံးမလော့။ သူသည် သင် ၏စကားကိုနားထောင် လျှင် ညီအစ်ကို ကိုရ ပြီ။
16 ၁၆ သို့မဟုတ် သင်၏စကားကိုနား မ ထောင်လျှင် ။ လူနှစ် ဦးသုံး ဦးသက်သေခံ ၍စကား ရှိသမျှ တို့ကို တည် စေခြင်းငှာကိုယ် နှင့်အတူ လူတစ်ဦး နှစ် ဦးကိုခေါ် ဦးလော့။
17 ၁၇ ထိုသူ တို့၏စကားကို နားမထောင် လျှင် အသင်းတော် အား ကြားပြော လော့။ အသင်းတော် ၏စကားကို နားမထောင် လျှင် ၊ သာသနာပ လူကဲ့သို့၎င်း ၊ အခွန်ခံ ကဲ့သို့ ၎င်း ထိုသူကိုမှတ် လော့။
18 ၁၈ ငါအမှန် ဆို သည်ကား၊ မြေကြီး ပေါ်မှာ သင်တို့ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက် ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည်။
19 ၁၉ တစ်ဖန် ငါဆို သည်ကား၊ မြေကြီး ပေါ်မှာ သင် တို့တွင် နှစ် ယောက်တို့သည် သဘော ချင်းတူ၍ ဆုတောင်း လျှင် ၊ တောင်းသမျှ သောဆု တို့ကို ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ ၏ခမည်းတော် သည် ပေး တော်မူလတံ့။
20 ၂၀ အကြောင်းမူကား ၊ အကြင်အရပ် ၌ လူနှစ် ဦးသုံး ဦးတို့သည် ငါ ၏နာမ ကိုထောက်၍စည်းဝေး ကြ၏၊ ထို အရပ်၌ သူ တို့အလယ် မှာ ငါရှိ သည် ဟု မိန့်တော်မူ၏။
21 ၂၁ ထိုအခါ ပေတရု သည်ချဉ်းကပ် ၍၊ သခင် ၊ ညီအစ်ကို သည် အကျွန်ုပ် ကိုပြစ်မှား ၍ အကျွန်ုပ် သည် သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ် ရပါအံ့နည်း။ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရပါအံ့လောဟု မေးလျှောက် သော်၊ ယေရှု က၊ ခုနှစ် ကြိမ်မြောက် အောင်လွှတ်ရမည် ငါမ ဆို ။
22 ၂၂ အကြိမ် ခုနှစ်ဆယ်ခုနှစ်လီ မြောက် အောင်လွှတ်ရမည် ငါဆို၏။
23 ၂၃ ထို့ကြောင့် ကောင်းကင် နိုင်ငံ တော်သည်၊ မိမိ ကျွန် များတို့ကိုစာရင်း ယူ ခြင်းငှာအလိုရှိ သောမင်းကြီး တစ်ဦးနှင့်တူ ၏။
24 ၂၄ စာရင်းယူ စဉ်တွင်၊ ငွေ အခွက်တသိန်း ကြွေးတင် သောသူတစ် ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ ကြ၏။
25 ၂၅ ထိုသူသည်ကြွေးဆပ် ရန်မ ရှိ သောကြောင့် ၊ ကိုယ်မှစ၍သား မယား ဥစ္စာ ရှိ သမျှ တို့ကိုရောင်း ၍ ကြွေး ကို ဆပ်စေဟု သူ၏သခင် စီရင် ၏။
26 ၂၆ ထို ကျွန် သည်ညွတ်ပြပ် ဝပ်တွား လျက်၊သခင် ၊ ကျွန်တော် ကိုသည်းခံ တော်မူပါ။ ကြွေးရှိသမျှ ကို ဆပ် ပါမည်ဟုလျှောက် လျှင်၊
27 ၂၇ သူ ၏သခင် သည် သနား ခြင်းရှိသဖြင့် ကြွေး ရှိသမျှကိုလွှတ် ၍ချမ်းသာ ပေးလေ၏။
28 ၂၈ ထို ကျွန် သည်ထွက်သွား ရာတွင် မိမိ ငွေဒေနာရိ တစ်ရာ ကြွေးတင် သော ကျွန်ချင်း တစ် ယောက်ကိုတွေ့ လျှင်၊ လည်ပင်း ကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေး လော့ဟုဆို ၏။
29 ၂၉ ထိုကျွန်ချင်း သည် ကြွေးရှင်၏ခြေရင်း၌ပြပ်ဝပ် လျက် ကျွန်တော် ကိုသည်းခံ တော်မူပါ။ ကြွေး ရှိသမျှကို ဆပ် ပါမည်ဟု တောင်းပန် သော်လည်း ၊
30 ၃၀ ငွေရှင် သည် နား မ ထောင်ဘဲသွား ၍ ကြွေး ကိုမ ဆပ်မှီတိုင်အောင်သူ့ ကိုထောင် ထဲမှာ လှောင် ထား၏။
31 ၃၁ ထိုအမှုအရာ ကို အခြားသောကျွန်ချင်း တို့သည် မြင် လျှင် အလွန် နာကြည်း သောစိတ်နှင့်သွား ၍ ၊ ပြု လေ သမျှ တို့ကို မိမိ တို့သခင် ၌ ကြားလျှောက် ကြ၏။
32 ၃၂ ထိုအခါ သခင် သည်ထိုကျွန် ကိုခေါ် ၍၊ ဟယ် ဆိုးညစ် သောကျွန် ၊ သင်သည်ငါ့ ကိုတောင်းပန် သောကြောင့် သင် ၌တင်သမျှ သောကြွေး ကို ငါရှင်းလင်း စေ၏။
33 ၃၃ ငါ သည်သင့် ကိုသနား သကဲ့သို့ သင် သည်လည်း ကျွန်ချင်း ကို မ သနား အပ် သလောဟု ဆို လျက်၊
34 ၃၄ အမျက်ထွက် ၍ ကြွေး ရှိသမျှ ကို မ ဆပ် မှီတိုင်အောင်အာဏာသား တို့လက်ကိုအပ် လေ၏။
35 ၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်း တို့ကို စိတ် နှလုံးပါလျက်အပြစ် မ လွှတ်လျှင် ၊ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ ၏အဘ သည် ထိုနည်းတူ သင် တို့ကိုစီရင် တော်မူလတံ့ ဟု မိန့် တော်မူ၏။