< မဿဲ 14 >
1 ၁ ထို အခါ စော်ဘွား ဟေရုဒ် သည် ယေရှု ၏သိတင်း တော်ကိုကြား လျှင် ၊
2 ၂ ဤ သူကားဗတ္တိဇံ ဆရာယောဟန် ဖြစ် သည်။ သေ ခြင်းမှ ထမြောက် လေပြီ။ ထို့ကြောင့် တန်ခိုး များကို ပြ နိုင်သည်ဟု မိမိ ငယ်သား တို့အားဆို ၏။
3 ၃ အထက်က ဟေရုဒ် သည်မိမိ ညီ ဖိလိပ္ပု ၏ခင်ပွန်း ဟေရောဒိ အကြောင်း ကြောင့်၊ ယောဟန် ကိုဘမ်းဆီး ချည်နှောင် ၍ ထောင် ထဲမှာ လှောင် ထား၏။
4 ၄ အကြောင်းမူကား ၊ ယောဟန် က၊ အရှင် မင်းကြီးသည် ထိုမိန်းမ ကိုမ သိမ်း အပ် ဟု ဟေရုဒ် အားဆို လေပြီ။
5 ၅ ယောဟန် ကိုသတ် ခြင်းငှာအလိုရှိ သော်လည်း ၊ လူ အပေါင်းတို့၏မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြသတည်း။
6 ၆ ထိုနောက်မှဟေရုဒ် ကိုဘွား သောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ် တွင်၊ ဟေရောဒိ ၏သမီး သည် ပွဲသဘင်၌ က သဖြင့် ဟေရုဒ် သည် နူးညွတ် သောစိတ်ရှိလျှင် ၊
7 ၇ ငါသည် သင် တောင်း သမျှ ကို ပေး မည်ဟု ကျိန်ဆို လေ၏။
8 ၈ ထိုမိန်းမငယ် သည်သူ ၏အမိ တိုက်တွန်း သည်အတိုင်း ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို လင်ပန်း ၌ ပေး တော်မူပါဟု တောင်းလျှောက် ၏။
9 ၉ မင်းကြီး သည် ဝမ်းနည်း သော်လည်း ကျိန်ဆို ခြင်းကို၎င်း ၊ အပေါင်းအဘော် တို့၏မျက်နှာကို၎င်း ထောက် သောကြောင့် ပေး စေဟုအမိန့် တော်ရှိလျက်၊
10 ၁၀ လူကို စေလွှတ် ၍ ယောဟန် ၏လည်ပင်း ကို ထောင် ထဲမှာ ဖြတ်စေ၏။11ဦးခေါင်း ကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထိုမိန်းမငယ် အားပေး ပြီးမှ ၊ သူသည်လည်း မိမိ အမိ ထံသို့ယူသွား ၏။
11 ၁၁ ယောဟန် ၏တပည့် တို့သည်လည်း လာ ၍ အလောင်း ကိုဆောင်သွား သဖြင့် သင်္ဂြိုဟ် ပြီးမှ ၊ ယေရှု ထံတော် သို့သွား ၍ ကြားလျှောက် ကြ၏။
12 ၁၂ ယေရှု သည် ကြား တော်မူလျှင် ၊ ထို အရပ်မှထွက် ၍လှေ ကိုစီးလျက် တော ၌ ဆိတ်ကွယ်ရာအရပ် သို့ ကြွ တော်မူ၏။ လူ အစုအဝေးတို့သည် ကြားသိ ရလျှင် ၊ မြို့ ရွာမှ ထွက်၍ ကုန်းကြောင်း လိုက် ကြ၏။
13 ၁၃ ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင် ၊ သနား ခြင်းစိတ်တော်ရှိ၍ လူနာ ရှိသမျှတို့ကို ချမ်းသာ ပေးတော်မူ၏။
14 ၁၄ ညဦးယံ ၌ တပည့် တော်တို့သည်ချဉ်းကပ် ၍၊ ဤအရပ် သည် တော အရပ်ဖြစ် ပါ၏။ မိုး လည်း ချုပ်ပါပြီ။ လူ အစုအဝေးတို့သည် မြို့ရွာ သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာ အခွင့် ပေးတော်မူပါဟု လျှောက် ကြလျှင်၊
15 ၁၅ ယေရှု က၊ သွား ရ သောအကြောင်း မ ရှိ။ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု မိန့် တော်မူ၏။
16 ၁၆ တပည့် တော်တို့ကလည်း ၊ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မ ရှိ ပါ ဟု လျှောက် ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ ကြ ဟုမိန့် တော်မူ၏။
17 ၁၇ ထိုအခါ လူ အစုအဝေးတို့ကို မြက်ပင် ပေါ်မှာ လျောင်း ကြစေ ဟုအမိန့် တော်ရှိ၏။
18 ၁၈ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုလည်းယူ ၍ ကောင်းကင် သို့ ကြည့်မြော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် နှင့် ငါးကိုဖဲ့ ၍ တပည့် တော်တို့အား ပေး တော်မူ၏။
19 ၁၉ တပည့် တော်တို့သည်လည်းလူ အပေါင်းတို့အား ပေးကြ၏။ လူအပေါင်း တို့သည်စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ တင်းဆယ့်နှစ် တောင်း အပြည့် ရကြ၏။
20 ၂၀ စား သောသူ အရေအတွက်ကား၊ မိန်းမ နှင့် သူငယ် တို့ကိုမ ဆိုဘဲ၊ ယောက်ျား ငါးထောင် မျှလောက် ရှိ သတည်း။
21 ၂၁ ယေရှုသည် စည်းဝေး သောသူ တို့ကိုလွှတ် တော်မူစဉ် တွင်၊ တပည့် တော်တို့ကိုလှေ စီးစေ၍ ကမ်းတစ်ဘက် သို့ အရင် ကူးစေတော်မူ၏။
22 ၂၂ စည်းဝေး သောသူတို့ကိုလွှတ် ပြီးမှ ဆုတောင်း ပဌနာပြုအံ့သောငှာတောင် ပေါ်၌ဆိတ်ကွယ် ရာအရပ်သို့ တက်ကြွ သဖြင့်၊ ည အချိန်ရောက် သောအခါ ၊ တစ်ယောက်တည်း ရှိ နေတော်မူ၏။
23 ၂၃ လှေ မူကား အိုင်အလယ်၌ရှိ၍ လေ မ သင့်သောကြောင့် လှိုင်း တံပိုးလှုပ်ရှား ခြင်းကို ပြင်းစွာရ ၏။
24 ၂၄ ည သုံးချက်တီး ကျော်အချိန် ၌ ယေရှုသည် အိုင် ပေါ်မှာ စက်တော်ဖြန့် လျက်တပည့် တော်တို့ရှိရာ သို့ ကြွ တော်မူ၏။
25 ၂၅ ထိုသို့အိုင် ပေါ်မှာ စက်တော်ဖြန့်၍ ကြွ တော်မူသည်ကို သူ တို့သည်မြင် လျှင် ထိတ်လန့် ၍၊ ဖုတ် တစ္ဆေဖြစ် သည်ဟု ကြောက် သောစိတ်နှင့် အော်ဟစ် ကြ၏။
26 ၂၆ ယေရှု သည် ချက်ခြင်း နှုတ်ဆက် ၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါ ပင်ဖြစ် သည်။ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူ၏။
27 ၂၇ ပေတရု ကလည်း ၊ သခင် ကိုယ်တော် မှန် လျှင် အကျွန်ုပ် သည်ကိုယ်တော် ထံသို့ ရေ ပေါ်မှာ လာ ရမည်အကြောင်းမိန့် တော်မူပါဟုလျှောက် လျှင်၊
28 ၂၈ လာ ခဲ့လော့ ဟု မိန့် တော်မူ၏။ ပေတရု သည်လှေ ပေါ် ကဆင်း ၍ ယေရှု ထံသို့ ရောက် အံ့သောငှာရေ ပေါ်မှာ လှမ်းသွား ၏။
29 ၂၉ လေ ပြင်း သည်ကိုမြင် လျှင် ကြောက်လန့် ၍ နစ်မွန်း လု သည်ရှိသော်၊ ကယ်မ တော်မူပါသခင် ဟု ဟစ်ကြော် လေ၏။
30 ၃၀ ယေရှု သည် လက် တော်ကိုချက်ခြင်း ဆန့် ၍ ပေတရု ကိုကိုင် တော်မူလျက် ၊ ယုံကြည် အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှား သောစိတ်ဝင်သနည်း ဟု မေး တော်မူ၏။
31 ၃၁ လှေ ပေါ်သို့ ရောက် ကြလျှင် လေ သည်ငြိမ်း လေ၏။
32 ၃၂ လှေ သား တို့သည်ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် ပါသည်ဟု ညွတ်ပြပ် ၍ လျှောက် ကြ၏။
33 ၃၃ ကမ်း တစ်ဘက် သို့ကူး လျှင် ဂင်္နေသရက် နယ်သို့ ရောက် ကြ၏။
34 ၃၄ ထို အရပ် သား တို့သည် မျက်နှာတော်ကိုမှတ်မိ လျှင် ၊ ပတ်ဝန်းကျင် အရပ်ရှိသမျှ သို့ စေလွှတ် သဖြင့် လူနာ ရှိသမျှ တို့ကို ဆောင်ခဲ့ ၍ ၊
35 ၃၅ အဝတ် တော်၏ပန်းပွား ကိုမျှသာ တို့ ရပါမည်အကြောင်း အခွင့်တောင်း ကြ၏။ တို့ သမျှ သောသူတို့သည်လည်း ချမ်းသာ ရကြ၏။
36 ၃၆ ထိုအခါ ယေရုရှလင် မြို့သားဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့သည် ချဉ်းကပ် ပြီးလျှင်၊