< မဿဲ 13 >

1 ထို နေ့ ၌ ယေရှု သည် အိမ် ကထွက် ၍ အိုင် နား မှာထိုင် နေတော်မူသည်တွင်၊
On that day Yeshua went out of the house, and sat by the lake.
2 များစွာ သောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ ၍စုဝေးလျက်ရှိကြသောကြောင့် ၊ လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် နေကြ၏။
And large crowds gathered to him, so that he entered into a boat, and sat, and all the crowd stood on the beach.
3 ထိုအခါ ဥပမာ စကားများ တို့ကို မြွက်ဆို တော်မူသည်မှာ၊ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။
And he spoke to them many things in parables, saying, "Look, a farmer went out to sow.
4 အစေ့ကိုကြဲ သည်တွင် အချို့ သောအစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ငှက် တို့သည်လာ ၍ ကောက်စား ကြ၏။
And as he sowed, some seeds fell by the roadside, and the birds came and devoured them.
5 အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊
And others fell on rocky ground, where they did not have much soil, and immediately they sprang up, because they had no depth of earth.
6 နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
But when the sun had risen, they were scorched. Because they had no root, they withered away.
7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည်ကြီးပွား ၍ ညှဉ်းဆဲ ကြ၏။
Others fell among thorns, and the thorns grew up and choked them.
8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာ ပွားများ၍ အသီး သီး ကြ၏။
Still others fell on good soil, and yielded fruit: some one hundred times as much, some sixty, and some thirty.
9 ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေဟု မိန့်တော်မူ၏။
He who has ears, let him hear."
10 ၁၀ တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊
Then the disciples came, and said to him, "Why do you speak to them in parables?"
11 ၁၁ ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊
And answering, he said to them, "To you it is given to know the mysteries of the kingdom of heaven, but it is not given to them.
12 ၁၂ အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။
For whoever has, to him will be given, and he will have abundance, but whoever does not have, from him will be taken away even that which he has.
13 ၁၃ ထိုကြောင့် သူ တို့သည် မြင် လျက်မ မြင် ၊ ကြား လျက်မ ကြား ၊ အနက်ကိုလည်း နား မ လည်သောကြောင့် ဥပမာ ကိုဆောင် ၍ ငါဟောပြော ၏။
Therefore I speak to them in parables, because seeing they do not see, and hearing, they do not hear, neither do they understand.
14 ၁၄ ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင် ကြလိမ့်မည်။
And in them the prophecy of Eshaya is fulfilled, which says, 'In hearing you will hear, but will not understand, and seeing you will see, but not perceive.
15 ၁၅ အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။
For the heart of this people has grown dull, and their ears are sluggish in hearing, and they have closed their eyes, otherwise they might see with their eyes, and hear with their ears, and understand with their heart, and turn back, and I would heal them.'
16 ၁၆ သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။
"But blessed are your eyes, for they see; and your ears, for they hear.
17 ၁၇ ငါအမှန် ဆို သည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကိုပရောဖက် များ နှင့် ဖြောင့်မတ် သော သူများတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်းမ ကြား ရကြ။
For truly I tell you that many prophets and righteous people desired to see the things which you see, and did not see them; and to hear the things which you hear, and did not hear them.
18 ၁၈ မျိုးစေ့ ကြဲသောသူ ၏ဥပမာ အနက်အဓိပ္ပါယ်ကို နားထောင် ကြလော့။
"Hear, then, the parable of the farmer.
19 ၁၉ လမ်း ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ နိုင်ငံ တော်၏ တရား စကားကိုကြား ၍ နှလုံး မ သွင်းသည် ရှိသော်၊ နတ်ဆိုး လာ ၍ နှလုံး ၌ ကြဲ သောအစေ့ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။
When anyone hears the word of the Kingdom, and does not understand it, the evil one comes, and snatches away that which has been sown in his heart. This is what was sown by the roadside.
20 ၂၀ ကျောက် ပေါသောအရပ်၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း၊
And what was sown on the rocky places, this is he who hears the word, and immediately with joy receives it;
21 ၂၁ စိတ်နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် ၊ တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။
yet he has no root in himself, but endures for a while. When oppression or persecution arises because of the word, immediately he stumbles.
22 ၂၂ ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn g165)
And what was sown among the thorns, this is he who hears the word, but the cares of the world and the deceitfulness of riches choke the word, and he becomes unfruitful. (aiōn g165)
23 ၂၃ ကောင်း သောမြေ ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား ၍ နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
And what was sown on the good ground, this is he who hears the word, and understands it, who truly bears fruit, and brings forth, some one hundred times as much, some sixty, and some thirty."
24 ၂၄ အခြား သော ဥပမာ စကားကိုမိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ သောသူ နှင့်တူ ၏။
He set another parable before them, saying, "The kingdom of heaven is like a person who sowed good seed in his field,
25 ၂၅ လူ တို့သည် အိပ်ပျော် သောအခါ သူ ၏ရန်သူ သည်လာ ၍ကောင်းသောစပါး နှင့် လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ကြဲ ၍ သွား လေ၏။
but while everyone slept, his enemy came and sowed tares also among the wheat, and went away.
26 ၂၆ အပင် ပေါက် ၍ အသီးအနှံ ထွက် သောအခါ ၊ တောပင် များလည်း ထင်ရှား လျှင် ၊
But when the blade sprang up and brought forth fruit, then the tares appeared also.
27 ၂၇ ကျွန် တို့သည် အိမ်ရှင် ထံသို့သွား ၍ သခင် ၊ ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ တော်မူသည် မ ဟုတ်လော။ တောပင် တို့သည် အဘယ် ကဖြစ် သနည်းဟု လျှောက် ကြလျှင်၊
So the servants of the householder came and said to him, 'Sir, did you not sow good seed in your field? Where did these tares come from?'
28 ၂၈ အိမ်ရှင် က ဤ အမှုကား ရန်သူ ပြု သောအမှုတည်းဟု ဆို ၏။ အကျွန်ုပ်တို့သည်သွား ၍ တောပင် တို့ကို ရွေးနှုတ် စေခြင်းငှာအလို တော်ရှိသလောဟု လျှောက် ကြလျှင် ၊
"And he said to them, 'An enemy has done this.' "And the servants asked him, 'Then do you want us to go and gather them up?'
29 ၂၉ အိမ်ရှင် က ထိုသို့ငါအလိုမ ရှိ။ တောပင် တို့ကိုရွေးနှုတ် လျှင်စပါး ပင်တို့ကိုရောနှော ၍ နှုတ် မိမည် စိုးရိမ်စရာအကြောင်းရှိ၏။
"But he said, 'No, lest perhaps while you gather up the tares, you root up the wheat with them.
30 ၃၀ စပါး ရိတ်သည်ကာလတိုင်အောင် အပင်နှစ် မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါး ရိတ်သည်ကာလ ရောက် လျှင် ၊ တောပင် တို့ကို ရှေးဦးစွာ ရွေးနှုတ် ၍ မီးရှို့ ခြင်းငှာ စည်းနှောင် ကြလော့။ စပါး ကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ် သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆို သည် ဟု မိန့် တော်မူ၏။
Let both grow together until the harvest, and in the harvest time I will tell the reapers, "First, gather up the tares, and bind them in bundles to burn them; but gather the wheat into my barn."'"
31 ၃၁ အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။
He set another parable before them, saying, "The kingdom of heaven is like a mustard seed which a man took and sowed in his field;
32 ၃၂ မုန်ညင်းစေ့သည် အစေ့ တကာ တို့ထက် ငယ် သော်လည်း၊ ကြီးပွား သောအခါ မြက်ပင် တကာတို့ထက် ကြီး သဖြင့် မိုဃ်း ကောင်းကင်ငှက် တို့သည်လာ ၍ အကိုင်းအခက် တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ် တတ် သည် ဟု မိန့်တော်မူ၏။
which indeed is least of all the seeds. But when it has grown it is larger than the garden plants and becomes a tree, so that the birds of the air come and nest in its branches."
33 ၃၃ အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် တဆေး နှင့်တူ ၏။ မိန်းမ သည် တဆေးကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ်သည် ဟု မိန့်တော်မူ၏။
He spoke another parable to them. "The kingdom of heaven is like yeast, which a woman took, and hid in three measures of meal, until it was all leavened."
34 ၃၄ ယေရှု သည် ဤ ဥပမာ များတို့ကိုဆောင်၍ ပရိသတ် များတို့အား ဟောပြော တော်မူ၏။ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ၊
Yeshua spoke all these things in parables to the crowds; and without a parable, he did not speak to them,
35 ၃၅ ထိုသို့သော အားဖြင့် ပရောဖက် စကား ဟူမူကား၊ ငါသည်နှုတ် ကိုဖွင့် ၍ ဥပမာ များကိုမြွက်ဆို အံ့။ ကမ္ဘာ ဦး မှစ၍ ထိမ်ဝှက် သောအရာတို့ကိုဘော်ပြ ပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံ ခြင်းသို့ ရောက် သတည်း။
that it might be fulfilled which was spoken through the prophet, saying, "I will open my mouth in parables; I will utter things hidden since the beginning of the world."
36 ၃၆ ထိုနောက်မှ ယေရှုသည် လူ အစုအဝေးများကိုလွှတ် ၍ အိမ် သို့ ဝင် တော်မူပြီးမှ၊ တပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ကြဲသောတော မျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အကျွန်ုပ် တို့အား ဘော်ပြ တော်မူပါဟု လျှောက် ကြလျှင်၊
Then Yeshua sent the crowds away, and went into the house. His disciples came to him, saying, "Explain to us the parable of the tares in the field."
37 ၃၇ ကိုယ်တော် က၊ ကောင်း သောမျိုးစေ့ကို ကြဲ သောသူ သည်လူ သား ဖြစ် ၏။
And he answered them, "The one who sows the good seed is the Son of Man,
38 ၃၈ လယ် ကား ဤလောက ဖြစ် ၏။ ကောင်း သောအစေ့ ကား နိုင်ငံ တော်သား ဖြစ် ၏။ တော မျိုးစေ့ကား နတ်ဆိုး သား ဖြစ် ၏။
and the field is the world; and the good seed, these are the children of the Kingdom; and the tares are the children of the evil one,
39 ၃၉ တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။ (aiōn g165)
and the enemy who sowed them is the devil, and the harvest is the end of the age, and the reapers are angels. (aiōn g165)
40 ၄၀ တောပင် တို့ကိုရွေးနှုတ် ၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာ အဆုံး ၌ ဖြစ် လတံ့။ (aiōn g165)
As therefore the tares are gathered up and burned with fire; so will it be at the end of the age. (aiōn g165)
41 ၄၁ လူ သား သည် မိမိ ကောင်းကင်တမန် တို့ကိုစေလွှတ် ပြီးလျှင် ၊ မှားယွင်း စေသောသူ တို့နှင့် မတရား သော အမှုကို ပြု သောသူ ရှိသမျှ တို့ကို နိုင်ငံ တော်ထဲက ရွေးနှုတ် ၍၊
The Son of Man will send out his angels, and they will gather out of his Kingdom all things that cause stumbling, and those who do iniquity,
42 ၄၂ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာမီး ဖို ၌ ချ ကြလတံ့။
and will cast them into the furnace of fire. There will be weeping and the grinding of teeth.
43 ၄၃ ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ ၏ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
Then the righteous will shine forth like the sun in the Kingdom of their Father. He who has ears, let him hear.
44 ၄၄ တနည်းကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ ဝှက်ထား သောဘဏ္ဍာ နှင့်တူ ၏။ ထိုဘဏ္ဍာ ကိုတွေ့ သောသူ သည် တစ်ဖန် ဖုံးအုပ် ၍၊ ဝမ်းမြောက် သောစိတ်နှင့် သွား ပြီးလျှင် ၊ ရ တတ်သမျှ ကိုရောင်း ၍ ထို လယ် ကိုဝယ် တတ်၏။
"The kingdom of heaven is like a treasure hidden in the field, which a man found, and hid. In his joy, he goes and sells all that he has, and buys that field.
45 ၄၅ တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် မြတ် သောပုလဲ တို့ကိုရှာ သော ကုန်သည် နှင့်တူ ၏။
"Again, the kingdom of heaven is like a man who is a merchant seeking fine pearls,
46 ၄၆ ထိုကုန်သည်သည် အလွန်အဘိုး ထိုက်သောပုလဲ ကိုတွေ့ သောအခါ ၊ သွား ၍ မိမိ၌ရ တတ်သမျှ ကို ရောင်း ပြီးလျှင်ထိုပုလဲ ကိုဝယ် လေ၏။
and having found one pearl of great price, he went and sold all that he had, and bought it.
47 ၄၇ တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုး သောငါးတို့ကို အုပ်မိ သောပိုက်ကွန် နှင့်တူ ၏။
"Again, the kingdom of heaven is like a dragnet, that was cast into the lake, and gathered some fish of every kind,
48 ၄၈ ငါးနှင့်အပြည့် ရှိသောအခါ တံငါတို့သည် ကုန်း ပေါ်သို့ ဆွဲတင် ၍ထိုင် လျက် ၊ ကောင်း သောငါးကို ခြင်း ထဲသို့ ရွေးချယ် ထည့်ထား၍ ၊ မကောင်း သောငါးကို ပြင် သို့ပစ် လိုက်ကြ၏။
which, when it was filled, they drew up on the beach. They sat down, and gathered the good into containers, but the bad they threw away.
49 ၄၉ ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊ (aiōn g165)
So will it be in the end of the world. The angels will come forth, and separate the wicked from among the righteous, (aiōn g165)
50 ၅၀ ငိုးကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ မီး ဖို ၌ ချ ကြလတံ့။
and will cast them into the furnace of fire. There will be the weeping and the grinding of teeth."
51 ၅၁ ဤ အရာအလုံးစုံ တို့ကို သင်တို့သည် နားလည် ကြသလောဟု မေးတော်မူလျှင်၊ နားလည် ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက် ကြ၏။
"Have you understood all these things?" They answered him, "Yes."
52 ၅၂ ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။
And he said to them, "Therefore, every scribe who has been made a disciple in the kingdom of heaven is like a man who is a householder, who brings out of his treasure new and old things."
53 ၅၃ ထို ဥပမာ စကားများကို အကုန်အစင် မိန့်မြွက်တော်မူပြီးလျှင် ထို အရပ်မှကြွသွား တော်မူ၏။
And it happened that when Yeshua had finished these parables, he departed from there.
54 ၅၄ ထိုနောက်မှမိမိ မြို့ သို့ ရောက် တော်မူ၍ တရားစရပ် ၌ ဆုံးမ ဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင့် ၊ ဤ သူသည် ဤ ပညာ ကို၎င်း ၊ ဤတန်ခိုး ကို၎င်း အဘယ်မှာ ရသနည်း။
And coming into his own country, he taught them in their synagogue, so that they were astonished, and said, "Where did this man get this wisdom, and these mighty works?
55 ၅၅ သူသည် လက်သမား သား မ ဟုတ် လော။ သူ့ အမိ ကား မာရိ အမည် ရှိသည်မ ဟုတ်လော။ သူ့ ညီ ကား၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။
Is not this the carpenter's son? Is not his mother called Maryam, and his brothers, Yaquv and Yauseph and Shimon and Yehudah?
56 ၅၆ သူ့ နှမ များတို့သည်လည်း ငါ တို့နှင့် အနီးအပါးနေ ကြသည်မ ဟုတ်လော။ သို့ဖြစ်လျှင် ဤ သူသည် အရာ များကို အဘယ်မှာ ရသနည်းဟု ပြောဆို လျက်၊
And are not all of his sisters with us? Where then did this man get all of these things?"
57 ၅၇ စေတနာစိတ်ပျက် ကြ၏။ ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ် ၌ အသရေရှိသည် ဟု ထိုသူ တို့အား မိန့် တော်မူ၏။
And they were offended by him. But Yeshua said to them, "A prophet is not without honor, except in his own country, and in his own house."
58 ၅၈ မြို့သား များတို့သည် မယုံကြည် ကြသောကြောင့် ၊ ထို အရပ်၌ များစွာ သောတန်ခိုး ကိုပြ တော်မ မူ။
And he did not do many mighty works there because of their unbelief.

< မဿဲ 13 >