< မဿဲ 11 >
1 ၁ ထိုသို့တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို အကုန်အစင် မှာထား တော်မူပြီးလျှင် ၊ မြို့ ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှာ၎င်း ၊ သိတင်းကြားပြော ခြင်းငှာ၎င်း၊ ထို အရပ်မှ ကြွ တော်မူ၏။
And so it was, when Jesus finished directing His twelve disciples, that He moved on from there to teach and preach in their towns.
2 ၂ ခရစ်တော် ပြုတော်မူသောအမှု တို့ကို ယောဟန် သည်ထောင် ထဲမှာ ကြား သောအခါ၊ မိမိ တပည့် နှစ် ယောက်ကို စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။
But John, hearing in prison about the works of the Messiah, sent two of his disciples
3 ၃ သို့မဟုတ် အခြား သောသူကိုမြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
to say to Him, “Are you the Coming One, or do we look for another?”
4 ၄ ယေရှု ကလည်း ၊ သင်တို့သည် ကြား ရသမျှ မြင် ရသမျှတို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြလော့။
By way of answer Jesus said to them: “Go and report to John the things that you hear and see:
5 ၅ မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
blind regain sight and lame walk, lepers are cleansed and deaf hear, dead are raised and the poor are evangelized.
6 ၆ ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ဟု ပြန်ပြော တော်မူ၏။
And, blessed be whoever is not offended at Me!”
7 ၇ ထိုသူ တို့သည် သွား ကြသည်နောက် ယေရှု သည် ယောဟန် ကိုအကြောင်း ပြု၍ ပရိသတ် တို့အား ၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှုခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သော ကျူပင် ကို ကြည့်ရှု ခြင်းငှာသွားသလော။
So as they departed Jesus began to say to the crowds concerning John: “What did you go out into the wilderness to see, a reed shaken by the wind?
8 ၈ သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာ သွား သလော။ နူးညံ့ သော အဝတ်ကို ဝတ်ဆင် သောသူ တို့သည် မင်း အိမ် ၌ နေ တတ်ကြ၏။
But what did you go out to see, a man clothed in soft garments? Actually, those who wear soft material are in kings' houses.
9 ၉ ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏။
But really, what did you go out to see, a prophet? Yes, I tell you, and far more than a prophet.
10 ၁၀ ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသောငါ ၏တမန် ကိုသင့် ရှေ့ ၌ငါ စေလွှတ် ၏ဟု ဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
For this is he of whom it is written: ‘Behold, I send my messenger before your face, who will prepare your way ahead of you.’
11 ၁၁ ငါအမှန် ဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက်ကြီးမြတ် သောသူ တစ်ယောက်မျှ မ ပေါ် မထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံ တော်တွင် အငယ်ဆုံး သောသူသည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
Assuredly I say to you, among those born of women there has not arisen a greater than John the Baptizer; but he who is least in the kingdom of the heavens is greater than he.
12 ၁၂ ဗတ္တိဇံ ဆရာယောဟန် လက်ထက် မှစ၍ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော်ကို အနိုင် အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စား ရကြ၏။
But from the days of John the Baptizer until now the kingdom of the heavens is being aggressive and aggressive people are seizing upon it.
13 ၁၃ ယောဟန် မ ရောက်မှီတိုင်အောင်ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းရှိသမျှ တို့သည် ဆုံးမ ဩဝါဒပေးကြ၏။
For all the prophets and the Law prophesied until John,
14 ၁၄ သင်တို့သည် ငါ့စကားကို နာခံ နိုင် လျှင် ၊ ဤသူ ကား လာ လတံ့သော ဧလိယ ဖြစ် သတည်း။
and if you are willing to receive it, he is Elijah who is to come.
15 ၁၅ ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။
He who has ears to hear, let him hear!
16 ၁၆ ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ ပွဲ သဘင်၌ ထိုင် နေသော သူငယ် တို့သည် မိမိသူငယ်ချင်း တို့အား အသံ ကိုလွှင့်၍၊
“But to what shall I compare this generation? It is like children sitting in a marketplace and calling to their friends
17 ၁၇ ငါတို့သည်သာယာစွာ တီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာ မြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။
and saying, ‘We played the flute for you and you did not dance; we mourned for you and you did not lament.’
18 ၁၈ အကြောင်းမူကား ၊ ယောဟန် သည် မ စား မ သောက် ဘဲ လာ သည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
For John came neither eating nor drinking and they say, ‘He has a demon’;
19 ၁၉ လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤ သူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ သို့သော်လည်း ပညာ တရားသည် မိမိသားတို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် လွတ်သည် ဟုမိန့်တော်မူ၏။
the Son of the Man came eating and drinking and they say, ‘Just look, a glutton and a drunkard, a friend of tax collectors and sinners!’ Indeed, wisdom is vindicated by her children.”
20 ၂၀ ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ မ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။
Then He began to reproach the cities in which most of His mighty works had been done, because they did not repent.
21 ၂၁ အိုခေါရာဇိန် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့ တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာ နှင့် လူးလျက်နောင်တရ ကြလိမ့်မည်။
“Woe to you, Chorazin! Woe to you, Bethsaida! Because if the mighty works that were done in you had been done in Tyre and Sidon, they would have repented long ago in sackcloth and ashes.
22 ၂၂ ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် တို့သည် တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရ ကြလတံ့။
So I say to you, it will be more tolerable for Tyre and Sidon in the Day of judgment than for you!
23 ၂၃ အိုကပေရနောင် မြို့၊ သင် သည် မိုးဃ် ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကိုခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကိုခံရလတံ့။ အကြောင်းမူကား ၊ သင် ၌ ပြ သောတန်ခိုး ကို သောဒုံ မြို့၌ ပြု ဘူး လျှင် ၊ ထိုမြို့သည် ယခု တိုင်အောင် တည် ရာ၏။ (Hadēs )
And you, Capernaum, ‘the one having been exalted to heaven’, you will be brought down to Hades! Because if the mighty works that were done in you had been done in Sodom, it would have remained until this day. (Hadēs )
24 ၂၄ ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် သည် သောဒုံ မြို့ထက် သာ၍ ခံရ လတံ့ ဟု မိန့်တော်မူ၏။
So I say to you that it will be more tolerable for the land of Sodom in the Day of judgment than for you.”
25 ၂၅ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
At that time Jesus reacted and said: “‘I praise You, Father, Lord of heaven and earth, that You have hidden these things from the wise and intelligent and have revealed them to ‘babes’.
26 ၂၆ ထိုသို့ အလို တော်ရှိ သောကြောင့် မှန် ပါ၏အဘ ။
Yes, Father, because thus it was good to You.’
27 ၂၇ ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
“All things have been delivered to me by my Father, and no one really knows the Son except the Father; nor does anyone really know the Father except the Son, and the one to whom the Son may will to reveal Him.
28 ၂၈ ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။
Come to me all you who are laboring and are loaded down, and I will give you rest.
29 ၂၉ ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
Take my yoke upon you and learn from me, because I am gentle and lowly in heart, and you will find rest for your souls;
30 ၃၀ အကြောင်းမူကား ၊ ငါ့ ထမ်းဘိုး သည် ထမ်းလွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော်မူ၏။
for my yoke is easy and my burden is light.”