< မဿဲ 11 >

1 ထိုသို့တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို အကုန်အစင် မှာထား တော်မူပြီးလျှင် ၊ မြို့ ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှာ၎င်း ၊ သိတင်းကြားပြော ခြင်းငှာ၎င်း၊ ထို အရပ်မှ ကြွ တော်မူ၏။
And it came to pass, when Jesus had made an end of commanding his twelve disciples, he passed from thence, to teach and preach in their cities.
2 ခရစ်တော် ပြုတော်မူသောအမှု တို့ကို ယောဟန် သည်ထောင် ထဲမှာ ကြား သောအခါ၊ မိမိ တပည့် နှစ် ယောက်ကို စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။
Now when John had heard in prison the works of Christ: sending two of his disciples he said to him:
3 သို့မဟုတ် အခြား သောသူကိုမြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
Art thou he that art to come, or look we for another?
4 ယေရှု ကလည်း ၊ သင်တို့သည် ကြား ရသမျှ မြင် ရသမျှတို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြလော့။
And Jesus making answer said to them: Go and relate to John what you have heard and seen.
5 မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
The blind see, the lame walk, the lepers are cleansed, the deaf hear, the dead rise again, the poor have the gospel preached to them.
6 ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ဟု ပြန်ပြော တော်မူ၏။
And blessed is he that shall not be scandalized in me.
7 ထိုသူ တို့သည် သွား ကြသည်နောက် ယေရှု သည် ယောဟန် ကိုအကြောင်း ပြု၍ ပရိသတ် တို့အား ၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှုခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သော ကျူပင် ကို ကြည့်ရှု ခြင်းငှာသွားသလော။
And when they went their way, Jesus began to say to the multitudes concerning John: What went you out into the desert to see? a reed shaken with the wind?
8 သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာ သွား သလော။ နူးညံ့ သော အဝတ်ကို ဝတ်ဆင် သောသူ တို့သည် မင်း အိမ် ၌ နေ တတ်ကြ၏။
But what went you out to see? a man clothed in soft garments? Behold they that are clothed in soft garments, are in the houses of kings.
9 ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏။
But what went you out to see? a prophet? yea I tell you, and more than a prophet.
10 ၁၀ ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသောငါ ၏တမန် ကိုသင့် ရှေ့ ၌ငါ စေလွှတ် ၏ဟု ဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
For this is he of whom it is written: Behold I send my angel before thy face, who shall prepare thy way before thee.
11 ၁၁ ငါအမှန် ဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက်ကြီးမြတ် သောသူ တစ်ယောက်မျှ မ ပေါ် မထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံ တော်တွင် အငယ်ဆုံး သောသူသည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
Amen I say to you, there hath not risen among them that are born of women a greater than John the Baptist: yet he that is the lesser in the kingdom of heaven is greater than he.
12 ၁၂ ဗတ္တိဇံ ဆရာယောဟန် လက်ထက် မှစ၍ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော်ကို အနိုင် အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စား ရကြ၏။
And from the days of John the Baptist until now, the kingdom of heaven suffereth violence, and the violent bear it away.
13 ၁၃ ယောဟန် မ ရောက်မှီတိုင်အောင်ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းရှိသမျှ တို့သည် ဆုံးမ ဩဝါဒပေးကြ၏။
For all the prophets and the law prophesied until John:
14 ၁၄ သင်တို့သည် ငါ့စကားကို နာခံ နိုင် လျှင် ၊ ဤသူ ကား လာ လတံ့သော ဧလိယ ဖြစ် သတည်း။
And if you will receive it, he is Elias that is to come.
15 ၁၅ ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။
He that hath ears to hear, let him hear.
16 ၁၆ ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ ပွဲ သဘင်၌ ထိုင် နေသော သူငယ် တို့သည် မိမိသူငယ်ချင်း တို့အား အသံ ကိုလွှင့်၍၊
But whereunto shall I esteem this generation to be like? It is like to children sitting in the market place.
17 ၁၇ ငါတို့သည်သာယာစွာ တီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာ မြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။
Who crying to their companions say: We have piped to you, and you have not danced: we have lamented, and you have not mourned.
18 ၁၈ အကြောင်းမူကား ၊ ယောဟန် သည် မ စား မ သောက် ဘဲ လာ သည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
For John came neither eating nor drinking; and they say: He hath a devil.
19 ၁၉ လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤ သူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ သို့သော်လည်း ပညာ တရားသည် မိမိသားတို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် လွတ်သည် ဟုမိန့်တော်မူ၏။
The Son of man came eating and drinking, and they say: Behold a man that is a glutton and a wine drinker, a friend of publicans and sinners. And wisdom is justified by her children.
20 ၂၀ ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ မ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။
Then began he to upbraid the cities wherein were done the most of his miracles, for that they had not done penance.
21 ၂၁ အိုခေါရာဇိန် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့ တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာ နှင့် လူးလျက်နောင်တရ ကြလိမ့်မည်။
Woe to thee, Corozain, woe to thee, Bethsaida: for if in Tyre and Sidon had been wrought the miracles that have been wrought in you, they had long ago done penance in sackcloth and ashes.
22 ၂၂ ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် တို့သည် တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရ ကြလတံ့။
But I say unto you, it shall be more tolerable for Tyre and Sidon in the day of judgment, than for you.
23 ၂၃ အိုကပေရနောင် မြို့၊ သင် သည် မိုးဃ် ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကိုခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကိုခံရလတံ့။ အကြောင်းမူကား ၊ သင် ၌ ပြ သောတန်ခိုး ကို သောဒုံ မြို့၌ ပြု ဘူး လျှင် ၊ ထိုမြို့သည် ယခု တိုင်အောင် တည် ရာ၏။ (Hadēs g86)
And thou Capharnaum, shalt thou be exalted up to heaven? thou shalt go down even unto hell. For if in Sodom had been wrought the miracles that have been wrought in thee, perhaps it had remained unto this day. (Hadēs g86)
24 ၂၄ ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် သည် သောဒုံ မြို့ထက် သာ၍ ခံရ လတံ့ ဟု မိန့်တော်မူ၏။
But I say unto you, that it shall be more tolerable for the land of Sodom in the day of judgment, than for thee.
25 ၂၅ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
At that time Jesus answered and said: I confess to thee, O Father, Lord of heaven and earth, because thou hast hid these things from the wise and prudent, and hast revealed them to the little ones.
26 ၂၆ ထိုသို့ အလို တော်ရှိ သောကြောင့် မှန် ပါ၏အဘ ။
Yea, Father; for so hath it seemed good in thy sight.
27 ၂၇ ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
All things are delivered to me by my Father. And no one knoweth the Son, but the Father: neither doth any one know the Father, but the Son, and he to whom it shall please the Son to reveal him.
28 ၂၈ ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။
Come to me, all you that labour, and are burdened, and I will refresh you.
29 ၂၉ ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
Take up my yoke upon you, and learn of me, because I am meek, and humble of heart: and you shall find rest to your souls.
30 ၃၀ အကြောင်းမူကား ၊ ငါ့ ထမ်းဘိုး သည် ထမ်းလွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော်မူ၏။
For my yoke is sweet and my burden light.

< မဿဲ 11 >