< မဿဲ 1 >

1 အာဗြဟံ နှင့် ဒါဝိဒ် တို့မှ ဆင်းသက် တော်မူသောယေရှု ခရစ် ၏ဆွေ တော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
This is the record of the genealogy of Jesus Christ, the son of David, the son of Abraham:
2 အာဗြဟံ သား ဣဇာက် ။ ဣဇာက် သား ယာကုပ် ။ ယာကုပ် သား ယုဒ မှစ၍ ညီနောင် တစ်စု။
Abraham was the father of Isaac, Isaac the father of Jacob, and Jacob the father of Judah and his brothers.
3 ယုဒ သည် မိမိခင်ပွန်းတာမာ တွင် မြင် သောသားဖာရက် နှင့် ဇာရ ။ ဖာရက် သား ဟေဇရုံ ။ ဟေဇရုံ သား အာရံ ။
Judah was the father of Perez and Zerah by Tamar, Perez the father of Hezron, and Hezron the father of Ram.
4 အာရံ သား အမိနဒပ် ။ အမိနဒပ် သား နာရှုန် ။ နာရှုန် သား စာလမုန် ။
Ram was the father of Amminadab, Amminadab the father of Nahshon, and Nahshon the father of Salmon.
5 စာလမုန် သည် မိမိခင်ပွန်းရာခပ် တွင် မြင် သော သားဗောဇ ။ ဗောဇ သည် မိမိခင်ပွန်းရုသ တွင် မြင် သော သားဩဗက် ။ ဩဗက် သား ယေရှဲ ။ ယေရှဲ သား ဒါဝိဒ် မင်းကြီး တည်း။
Salmon was the father of Boaz by Rahab, Boaz the father of Obed by Ruth, Obed the father of Jesse,
6 ဒါဝိဒ် မင်းကြီးသည် ဥရိယ ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမ တွင် မြင် သောသားရှောလမုန် ။
and Jesse the father of David the king. Next: David was the father of Solomon by Uriah’s wife,
7 ရှောလမုန် သား ရောဗောင် ။ ရောဗောင် သား အဘိယ ။ အဘိယ သား အာသ ။
Solomon the father of Rehoboam, Rehoboam the father of Abijah, and Abijah the father of Asa.
8 အာသ သား ယောရှဖတ် ။ ယောရှဖတ် သား ယဟောရံ ။ ယဟောရံ သား ဩဇိ ။
Asa was the father of Jehoshaphat, Jehoshaphat the father of Joram, and Joram the father of Uzziah.
9 ဩဇိ သား ယောသံ ။ ယောသံ သား အာခတ် ။ အာခတ် သား ဟေဇကိ ။
Uzziah was the father of Jotham, Jotham the father of Ahaz, and Ahaz the father of Hezekiah.
10 ၁၀ ဟေဇကိ သား မနာရှေ ။ မနာရှေ သား အာမုန် ။ အာမုန် သား ယောရှိ ။
Hezekiah was the father of Manasseh, Manasseh the father of Amon, Amon the father of Josiah,
11 ၁၁ ယောရှိ သား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း ခါနီးတွင် မြင်သောသား ယေခေါနိ မှစ၍ ညီနောင် တစ်စုတည်း။
and Josiah the father of Jeconiah and his brothers at the time of the exile to Babylon.
12 ၁၂ ဗာဗုလုန် မြို့သို့ နေရာပြောင်း သည့်နောက် ၊ ယေခေါနိ သား ရှာလသေလ ။ ရှာလသေလ သား ဇေရုဗဗေလ ။
After the exile to Babylon: Jeconiah was the father of Shealtiel, Shealtiel the father of Zerubbabel,
13 ၁၃ ဇေရုဗဗေလ သား အဗျုဒ် ။ အဗျုဒ် သား ဧလျာကိမ် ။ ဧလျာကိမ် သား အာဇော် ။
Zerubbabel the father of Abiud, Abiud the father of Eliakim, and Eliakim the father of Azor.
14 ၁၄ အာဇော် သား ဇာဒုတ် ။ ဇာဒုတ် သား အာခိမ် ။ အာခိမ် သား ဧလုဒ် ။
Azor was the father of Zadok, Zadok the father of Achim, and Achim the father of Eliud.
15 ၁၅ ဧလုဒ် သား ဧလာဇာ ။ ဧလာဇာ သား မဿန် ။ မဿန် သား ယာကုပ် ။
Eliud was the father of Eleazar, Eleazar the father of Matthan, Matthan the father of Jacob,
16 ၁၆ ယာကုပ် မြင် သောသားကား ၊ မာရိ ၏ ခင်ပွန်း ယောသပ် တည်း။ ထိုမာရိသည် ခရစ် ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော် ဖြစ်၏။
and Jacob the father of Joseph, the husband of Mary, of whom was born Jesus, who is called Christ.
17 ၁၇ ဤသို့ လျှင်၊ မျိုးစဉ် နွယ်ဆက်ပေါင်း ကား၊ အာဗြဟံ မှ သည် ဒါဝိဒ် တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဒါဝိဒ် မှ သည် ဗာဗုလုန် မြို့သို့ နေရာပြောင်း သည်တိုင်အောင် တစ်ဆယ်လေး ဆက် ၊ ဗာဗုလုန် မြို့သို့ ပြောင်း ပြီးမှသည် ခရစ်တော် တိုင်အောင် တစ်ဆယ်လေး ဆက် ဖြစ်သတည်း။
In all, then, there were fourteen generations from Abraham to David, fourteen from David to the exile to Babylon, and fourteen from the exile to the Christ.
18 ၁၈ ယေရှု ခရစ် သည် ဘွားမြင် ခြင်းကို ခံ တော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော် မာရိ သည် ယောသပ် နှင့် ထိမ်းမြား ဆောင်နှင်း၍ မ ရှက်တင် မှီတွင် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ပဋိသန္ဓေ စွဲနေ၏။
This is how the birth of Jesus Christ came about: His mother Mary was pledged in marriage to Joseph, but before they came together, she was found to be with child through the Holy Spirit.
19 ၁၉ သူ ၏ခင်ပွန်း ယောသပ် သည် သူတော်ကောင်း ဖြစ် ၍ ၊ မာရိ အသရေ ကို မ ပျက်စေချင် သောကြောင့် တိတ်ဆိတ် စွာစွန့်ပယ် မည်ဟု အကြံရှိ ၏။
Because Joseph her husband was a righteous man and was unwilling to disgrace her publicly, he resolved to divorce her quietly.
20 ၂၀ ထိုသို့ ကြံစည် ၍နေစဉ်တွင် အိပ်မက် ကိုမြင်ရသည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ ဒါဝိဒ် အမျိုး ယောသပ် ၊ သင် ၏ခင်ပွန်း မာရိ ကို ထိန်းသိမ်း ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ဖြစ် ၏။
But after he had pondered these things, an angel of the Lord appeared to him in a dream and said, “Joseph, son of David, do not be afraid to embrace Mary as your wife, for the One conceived in her is from the Holy Spirit.
21 ၂၁ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ ထိုသား သည် မိမိ လူ တို့ကိုအပြစ် မှ ကယ်ချွတ် မည်သူ ဖြစ်သောကြောင့် ၊ ယေရှု ဟူသောအမည် ဖြင့် မှည့် ရမည်ဟု ကောင်းကင်တမန်ဆို ၏။
She will give birth to a Son, and you are to give Him the name Jesus, because He will save His people from their sins.”
22 ၂၂ ထိုအကြောင်း အရာမူကား ၊ ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထားတော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်း တည်း ။
All this took place to fulfill what the Lord had said through the prophet:
23 ၂၃ ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှု လော့။ သတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ ၍ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရကြလတံ့ဟုလာသတည်း။ ဧမာနွေလ အနက် ကား ငါ တို့နှင့်အတူ ရှိတော်မူသောဘုရားသခင် ဟု ဆိုလို သတည်း။
“Behold, the virgin will be with child and will give birth to a son, and they will call Him Immanuel” (which means, “God with us”).
24 ၂၄ ယောသပ် သည် အိပ်ပျော် ရာမှ နိုး လျှင် ထာဝရ ဘုရား၏ကောင်းကင်တမန် မှာထား သည့်အတိုင်း ပြု ၍ မိမိ ခင်ပွန်း ကို ထိန်းသိမ်း လေ၏။
When Joseph woke up, he did as the angel of the Lord had commanded him, and embraced Mary as his wife.
25 ၂၅ သို့သော်လည်း ၊ သား ဦးကို မ ဘွား မှီတိုင်အောင် သံဝါသ မ ပြုဘဲနေ၏။ ထိုသား ကိုလည်း ယေရှု ဟူသောအမည် ဖြင့် မှည့် လေ၏။
But he had no union with her until she gave birth to a Son. And he gave Him the name Jesus.

< မဿဲ 1 >