< မာကု 1 >
1 ၁ ဘုရားသခင် သား တော် ယေရှု ခရစ် ၏ ဧဝံဂေလိ တရား၏ အစ ကို ဆိုပေအံ့။
THE beginning of the gospel of Jesus the Messiah, the Son of God.
2 ၂ အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။
As it is written in Isaiah the prophet: Behold, I send my messenger before thy face, who shall prepare thy way.
3 ၃ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊
The voice of one crying in the wilderness: Prepare ye the way of the Lord; make smooth his paths.
4 ၄ ယောဟန် သည် တော ၌ ဗတ္တိဇံ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လျက် ပေါ်ထွန်း ၏။
John baptized in the wilderness, and proclaimed the baptism of repentance for the remission of sins.
5 ၅ ယေရုရှလင် မြို့သားများမှစ၍ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
And there went out to him all the region of Judaea, and all the people of Jerusalem; and he baptized them in the river Jordan, while they confessed their sins.
6 ၆ ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သောအဝတ်ကိုဝတ် လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်း လျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ၏။
And this John was clad in raiment of camels' hair; and was girded with a cincture of skin about his loins; and his food was locusts and wild honey.
7 ၇ ဟော ချက်စကား ဟူမူကား ၊ ငါ့ ထက် တတ်စွမ်း နိုင်သောသူ သည် ငါ့ နောက် ကြွလာ ၏။ ထိုသူ ၏ ခြေနင်း တော်ကြိုး ကိုမျှ ငုံ့ ၍ဖြည် ခြင်းငှာငါမထိုက် ။
And he proclaimed, and said: Behold, after me cometh one more powerful than I, of whom I am not worthy to stoop and untie the fastenings of his shoes.
8 ၈ ငါ သည် သင် တို့အား ရေ ၌ဗတ္တိဇံ ကိုပေး၏။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ သင် တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
I have baptized you with water; but he will baptize you with the Holy Spirit.
9 ၉ ထိုအခါ ယေရှု သည် ဂါလိလဲ ပြည်နာဇရက် မြို့မှ ကြွလာ ၍ ယောဟန် လက်ဖြင့် ယော်ဒန် မြစ်၌ ဗတ္တိဇံကို ခံ တော်မူ၏။
And it occurred, in those days, that Jesus came from Nazareth in Galilee, and was baptized in Jordan by John.
10 ၁၀ ရေ မှ ပေါ် ထစဉ်တွင်ကောင်းကင် ကွဲ ၍ ဝိညာဉ် တော်သည်ချိုးငှက် ကဲ့သို့ ကိုယ်တော် အပေါ် ၌ဆင်းသက် တော်မူသည်ကို မြင် ရ၍၊
And immediately on his coming from the water, he saw the heavens cleft, and the Spirit descending like a dove upon him.
11 ၁၁ သင် ကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
And there was a voice from the heavens: Thou art my beloved Son, in whom I delight.
12 ၁၂ ထိုခဏခြင်း တွင် ဝိညာဉ် တော်သည် ယေရှု ကိုတော သို့ သွား စေတော်မူ၏။
And directly the Spirit carried him into the wilderness:
13 ၁၃ အရက် လေးဆယ် ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိ တော်မူ၏။ ကောင်းကင်တမန် တို့သည်လည်း လုပ်ကျွေး ကြ၏။
and he was there in the wilderness forty days, being tempted by Satan. And he was with the wild beasts; and angels ministered to him.
14 ၁၄ ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊
After John was delivered up, Jesus came into Galilee, and proclaimed the tidings, of the kingdom of God,
15 ၁၅ အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
and said: The time is completed, and the kingdom of God is near. Repent ye, and believe the tidings.
16 ၁၆ ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ရှိမုန် နှင့် အန္ဒြေ ညီအစ်ကို နှစ်ယောက်သည် တံငါ ဖြစ် ၍ ၊ အိုင် တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင် ၊
And as he walked near the sea of Galilee, he saw Simon and Andrew his brother casting a net into the sea, for they were fishermen.
17 ၁၇ ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊
And Jesus said to them: Come after me, and I will make you fishers of men.
18 ၁၈ ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
And immediately they left their nets, and went after him.
19 ၁၉ ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။
And as he passed on a little, he saw James the son of Zebedee, and John his brother, who also were in a ship, and mending their nets.
20 ၂၀ ထိုသူတို့သည်လည်း လှေ ပေါ်မှာ ရှိသောသူငှား တို့နှင့်တကွ အဘ ဇေဗေဒဲ ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက် ကြ၏။
And he called them: and immediately they left Zebedee their father in the ship, with the hired servants, and went after him.
21 ၂၁ ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
And when they entered Capernaum, he immediately taught on the sabbath in their synagogues.
22 ၂၂ ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သောသူနည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။
And they were astonished at his doctrine; for he taught them, as having authority, and not as their Scribes.
23 ၂၃ ထိုသူ တို့၏ တရားစရပ် ၌ ညစ်ညူး သောနတ် စွဲ သောသူ ရှိ ၍ ၊
And in their synagogue was a man, in whom was an unclean spirit; and he cried out,
24 ၂၄ ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။
and said: What have we to do with thee? Jesus thou Nazarean. Hast thou come to destroy us? I know thee, who thou art, the Holy One of God.
25 ၂၅ ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့” ဟု ဆုံးမ တော်မူလျှင်၊
And Jesus rebuked him, and said: Shut thy mouth, and come out of him.
26 ၂၆ ညစ်ညူး သောနတ် သည် ထိုသူ ကို တောင့်မာ စေပြီးမှ ၊ ကြီး သောအသံ နှင့် အော်ဟစ် ၍ထွက်သွား ၏။
And the unclean spirit threw him down, and cried with a loud voice, and came out of him.
27 ၂၇ လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤအမှုသည် အဘယ်သို့နည်း။ ဤ ဆုံးမ ခြင်းအသစ် သည် အဘယ်သို့ နည်း။ ညစ်ညူး သောနတ် တို့ကိုပင် အာဏာ နှင့် မှာထား ၍၊ သူတို့သည် နားထောင် ကြသည်တကားဟု အချင်းချင်း မေးမြန်း ပြောဆို ကြ၏။
And they were all amazed, and inquired one of another, and said: What is this? What new doctrine is this? For with authority he commandeth the unclean spirits, and they obey him.
28 ၂၈ သတင်း တော်သည်လည်း ဂါလိလဲ ပြည်အရပ်ရပ် တို့၌ ချက်ချင်း နှံ့ပြား ကျော်စောလေ၏။
And immediately his fame spread into all the land of Galilee.
29 ၂၉ တရားစရပ် မှ ထွက် ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေ တို့အိမ် သို့ ယာကုပ် ၊ ယောဟန် နှင့်တကွ ချက်ခြင်း သွား ကြ ၏။
And he retired from the synagogue, and entered into the house of Simon and Andrew, with James and John.
30 ၃၀ ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။
And Simon's mother-in-law was lying sick with a fever: and they told him about her.
31 ၃၁ ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
And he came, and took her hand, and raised her up; and immediately the fever left her, and she ministered to them.
32 ၃၂ နေ ဝင် ၍ ည အချိန်ရောက် လျှင် ၊ မကျန်းမမာ သောသူ နှင့် နတ်ဆိုးစွဲ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ ၊
And in the evening at the setting of the sun, they brought to him all them that were diseased, and demoniacs.
33 ၃၃ တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။
And all the city was collected at the door.
34 ၃၄ အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
And he healed many who labored under divers diseases, and cast out many demons; and he suffered not the demons to speak, because they knew him.
35 ၃၅ နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။
And in the morning, he rose much before others, and retired to a solitary place, and there prayed.
36 ၃၆ ရှိမုန် နှင့် သူ ၏အပေါင်းအဖော် တို့သည် လိုက် ၍ ရှာကြသော်၊
And Simon and his associates sought for him.
37 ၃၇ ကိုယ်တော် ကိုတွေ့ လျှင် လူအပေါင်း တို့သည် ကိုယ်တော် ကို ရှာ ကြပါသည်ဟုလျှောက်ဆို ၏။
And when they found him, they said to him: Every body is seeking for thee.
38 ၃၈ ကိုယ်တော်ကလည်း “ငါသည် နီးစပ် သောမြို့ ရွာတို့၌ တရား ဟောခြင်းငှာ သွား ကြကုန်အံ့။ ထိုသို့ အလို့ငှာ ငါကြွလာ ပြီ” ဟုမိန့်တော်မူ ၍ ၊
And he said to them: Go into the adjacent villages and towns; for there also I will preach, because therefore have I come.
39 ၃၉ ဂါလိလဲ ပြည်အရပ်ရပ် တရားစရပ် တို့၌ တရား ဟောလျက် နတ်ဆိုး တို့ကို နှင်ထုတ် လျက်နေတော်မူ၏။
And he preached in all their synagogues, in all Galilee, and cast out demons.
40 ၄၀ နူနာစွဲ သောသူတစ်ယောက်သည် အထံ တော်သို့ လာ ၍ ဒူးထောက် လျက် ၊ ကိုယ်တော်အလိုရှိ လျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
And a leper came to him, and fell at his feet, and entreated him, and said to him: If thou wilt, thou canst make me clean.
41 ၄၁ ယေရှုသည် သနား သောစိတ်ရှိသဖြင့် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ လျှက် ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ” ဟု မိန့် တော်မူ၏။
And Jesus had compassion on him, and stretched out his hand, and touched him, and said: I will; be thou clean.
42 ၄၂ ထိုသို့ မိန့်တော်မူသည် ခဏခြင်း တွင် နူနာ ပျောက် ၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
And in that hour, his leprosy departed from him, and he became clean.
43 ၄၃ ယေရှုကလည်း၊ “သင်သတိပြု ။”
And he charged him, and sent him away,
44 ၄၄ “အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။
and he said to him: See that thou tell no person; but go, show thyself to the priests, and offer an oblation on account of thy purification, as Moses commanded, for a testimony to them.
45 ၄၅ ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။
And he, as he went out, began to proclaim it much, and to divulge the matter; so that Jesus could not openly go into the city, but was without, in desert places; and they came to him from every quarter.