< မာကု 9 >
1 ၁ ငါအမှန် ဆို သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် တန်ခိုး နှင့်တကွတည် ကြောင်းကို ဤ အရပ်၌ ရှိ သောသူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့ မ ရောက် ရကြ ဟုမိန့် တော်မူ၏။
2 ၂ ခြောက် ရက် လွန် သောအခါ ယေရှု သည် ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ် ၍ ၊ အခြား သူမပါဘဲမြင့် လှစွာသော တောင် ပေါ်တွင်ဆိတ်ကွယ် ရာအရပ်သို့ ဆောင်ကြွ တော်မူ၏။ သူ တို့ရှေ့ ၌ထူးခြားသော အဆင်း အရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ၊
3 ၃ အဝတ် တော်လည်း ပြောင်လက် လျှက်၊ ဤမြေ ၌ အဘယ်ခဝါသည် မျှ မ တတ်နိုင် အောင် မိုဃ်းပွင့်ကဲ့သို့ အလွန် ဖြူ လျက်ရှိ၏။
4 ၄ မောရှေ နှင့် ဧလိယ သည် ထင်ရှား ၍ ယေရှု နှင့်အတူ စကားပြောလျက် ရှိ ၏။
5 ၅ ထိုအခါ ပေတရု က အရှင် ဘုရား၊ ဤ အရပ်၌ နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့ တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်၊ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု လျှောက် လေ ၏။
6 ၆ တပည့် တော်တို့သည် အလွန်ကြောက် သောကြောင့် ပေတရုသည် ယောင်ယမ်း ၍ ထိုသို့လျှောက် သတည်း။
7 ၇ ထိုအခါ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၍ ၊ ဤသူ သည်ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ် လေ၏။
8 ၈ ထိုခဏခြင်း တွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှု လျှင်၊ မိမိ တို့နှင့်အတူ ယေရှု တယောက်တည်း မှတပါး အဘယ်သူ ကိုမျှ မ မြင် ကြ။
9 ၉ တောင် ပေါ် မှဆင်းကြွ သောအခါ ကိုယ်တော်က၊ လူ သား သည် သေ ခြင်းမှ မ ထမြောက် မှီတိုင်အောင်သင်တို့ ယခုမြင် သောအရာ ကို အဘယ်သူ အားမျှ မကြား မပြောကြနှင့်” ဟု တပည့် တော်တို့ကို ပညတ် တော်မူ၏။
10 ၁၀ တပည့်တော်တို့သည် ထိုစကား ကို မှတ်မိ ၍ သေ ခြင်းမှ ထမြောက် ခြင်းသည် အဘယ်သို့ ဆိုလို သနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ ၏။
11 ၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယ သည် အရင် လာ မည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ပါသနည်းဟု မေးလျှောက် ကြလျှင် ၊
12 ၁၂ ကိုယ်တော်က၊ ဧလိယ သည် အရင် လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည် မှန် ပေ၏။ လူ သား သည်လည်း အလွန် ဆင်းရဲ ၍ ကဲ့ရဲ့ ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာ လာ၏။”
13 ၁၃ ငါဆို သည်ကား၊ ဧလိယ သည် ရောက် လေပြီ။ သူ ၏အကြောင်း ကို ကျမ်းစာရေး ထားသည်အတိုင်း လူ များသည် သူ့ အားပြုချင် သမျှ ကို ပြု ကြပြီ” ဟုမိန့် တော်မူ၏။
14 ၁၄ တပည့် တော်တို့ရှိရာ သို့ ရောက် တော်မူသောအခါ များစွာ သောလူ အစုအဝေးသည် သူ တို့ကို ဝိုင်း လျက် ၊ ကျမ်းပြု ဆရာတို့သည် သူ တို့နှင့် ဆွေးနွေး မေးမြန်းကြသည်ကို မြင် တော်မူ၏။
15 ၁၅ စုဝေး လျက်ရှိသော လူအပေါင်း တို့သည် ကိုယ်တော် ကိုမြင် လျှင် ချက်ခြင်း အံ့ဩ မိန်းမောခြင်းရှိလျက် အထံ တော်သို့ ပြေး ၍ နှုတ်ဆက် ကြ၏။
16 ၁၆ ကိုယ်တော်ကလည်း ၊ သင်တို့သည် သူ တို့နှင့် အဘယ်သို့ ဆွေးနွေး မေးမြန်းကြသနည်း ဟု ကျမ်းပြု ဆရာ တို့ကို မေး တော်မူလျှင်၊
17 ၁၇ လူ အစုအဝေး၌ ပါသော သူ တယောက် က၊ အရှင် ဘုရား၊ အ သောနတ် အစွဲခံရ သော အကျွန်ုပ် ၏သား ကို အထံ တော်သို့ ဆောင်ခဲ့ ပါပြီ။
18 ၁၈ နတ်သည် ဘမ်းစား လေ ရာရာ၌ သူ့ ကိုမြေပေါ်မှာလှဲ ၍ ၊ သူ သည်လည်း ခံတွင်း မှ အမြှုတ်ထွက်လျက် ၊ အံသွား ခဲကြိတ် လျက် ၊ ပိန်ခြောက် လျက်နေရပါ၏။ ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်လျှောက် ၍ သူတို့သည် မ တတ်နိုင် ကြပါဟု လျှောက် သော်၊
19 ၁၉ ကိုယ်တော်က၊ ယုံကြည် ခြင်းမရှိသောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလ ပတ်လုံးနေ ရ မည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ ယူခဲ့ ကြ” ဟု မိန့် တော်မူသည်အတိုင်း ၊ယူခဲ့ ကြ၏။
20 ၂၀ ထိုနတ် သည် ကိုယ်တော် ကိုမြင် လျှင် ချက်ခြင်း သူငယ် ကို တောင့်မာ စေသဖြင့် သူငယ်သည် မြေ ပေါ်မှာ လဲ ၍ အမြှုတ် ထွက်လျက် ကိုယ်ကို လှိမ့် လျက်နေ၏။
21 ၂၁ ကိုယ်တော်ကလည်း၊ ဤသို့ ဖြစ် သည်ကား၊ အဘယ်မျှလောက် ကြာ ပြီနည်း” ဟု သူငယ် ၏အဘ အား မေး တော်မူလျှင် ၊ အဘက၊ ငယ် သောအရွယ်ကပင် ဖြစ်ပါ၏။
22 ၂၂ သူငယ် ကို သေ စေခြင်းငှာ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း အကြိမ်ကြိမ် လဲ စေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင် တော်မူလျှင် အကျွန်ုပ် တို့ကို သနား ၍ကယ် တော်မူပါဟု လျှောက် လေ၏။
23 ၂၃ ယေရှု ကလည်း ၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည် သောသူ ဖြစ် လျှင် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် သည်” ဟု မိန့် တော်မူ၏။
24 ၂၄ သူငယ် ၏အဘ သည် ချက်ခြင်း ဟစ်ကြော် ၍ အကျွန်ုပ်ယုံကြည် ပါ၏သခင်။ မယုံကြည် သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက် ပြန်လေ၏။
25 ၂၅ ထိုအခါ လူ များတို့သည် စုဝေး လျက် ပြေးလာကြသည်ကို ယေရှု သည်မြင် လျှင်၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ် မှ ထွက် လော့၊ နောက်တစ်ဖန် မဝင် နှင့် ငါ အမိန့် ရှိ၏ ဟု ထိုညစ်ညူး သောနတ် ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊
26 ၂၆ နတ်သည် အော်ဟစ် ၍ အလွန် တောင့်မာ စေပြီးမှ ထွက်သွား ၏။ သူငယ်သည် သေ သကဲ့သို့ ဖြစ် ၏။ သေ ပြီဟု လူများ ဆို ကြ၏။
27 ၂၇ ယေရှု သည် သူ၏ လက် ကိုကိုင် ၍ ချီကြွ တော်မူသဖြင့် သူသည်ထ လေ၏။
28 ၂၈ အိမ် သို့ ဝင် တော်မူပြီးမှ တပည့် တော်တို့က၊ အကျွန်ုပ် တို့သည် ထိုနတ် ကို အဘယ်ကြောင့် မ နှင်ထုတ် နိုင် ပါသနည်းဟု တိတ်ဆိတ် စွာမေးလျှောက် ကြသော်၊
29 ၂၉ ကိုယ်တော်က၊ ဆုတောင်း ခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့ သောအားဖြင့် ထို နတ်မျိုး သည် မ ထွက် နိုင် ဟု မိန့် တော်မူ၏။
30 ၃၀ ထို အရပ်မှထွက် ၍ ဂါလိလဲ ပြည်အလယ်၌ ရှောက်သွား ကြစဉ်တွင်အဘယ်သူ မျှသိ စေခြင်းငှာ အလို တော်မ ရှိ။
31 ၃၁ အကြောင်းမူကား ၊ လူ သား သည် လူ တို့လက် သို့ အပ်နှံ ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။
32 ၃၂ ခံပြီးမှ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ တော်မူ၏။ ထိုအကြောင်း များကို သူ တို့သည် နားမလည် သော်လည်း ၊ ကိုယ်တော် ကို မမေး မ လျှောက်ဝံ့ကြ။
33 ၃၃ ကပေရနောင် မြို့သို့ ရောက် ၍ အိမ် ၌ ရှိ တော်မူလျှင် ၊ သင်တို့သည် လမ်း ၌ အဘယ် အမှုကို အချင်းချင်း ငြင်းခုံ ကြသနည်းဟု မေး တော်မူသည်ကို၊
34 ၃၄ သူ တို့သည် တိတ်ဆိတ် စွာနေကြ၏။ အကြောင်းမူကား ၊ အဘယ်သူ သည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း ၌ အချင်းချင်း ငြင်းခုံ ကြ၏။
35 ၃၅ ထိုအခါ ကိုယ်တော်သည် ထိုင် လျက် တစ်ကျိပ် နှစ်ပါးတို့ကိုခေါ် တော်မူ၍ ၊ အရင် အဦးဖြစ်လို သောသူ မည်သည်ကား နောက်ဆုံး ဖြစ် ရမည်။ အလုံးစုံ တို့၏ အစေခံ လည်း ဖြစ် ရမည်” ဟု မိန့် တော်မူ၏။
36 ၃၆ သူငယ် တစ်ယောက်ကိုလည်း ယူ ၍ သူ တို့အလယ် ၌ ထား ပြီးမှ လက်တော်နှင့်ချီပိုက် လျက်၊
37 ၃၇ အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သော သူငယ် တစ်စုံတစ်ယောက် ကိုလက်ခံ ၏။ ထိုသူ သည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကိုလက်ခံ သောသူ သည်လည်း ငါ့ ကိုသာ လက်ခံ သည်မ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင် လက်ခံသည်” ဟု မိန့် တော်မူ၏။
38 ၃၈ ယောဟန် ကလည်း၊ အရှင် ဘုရား၊ အကျွန်ုပ်တို့နှင့်အတူမလိုက်ဘဲလျက် ကိုယ်တော် ၏နာမ ကို အမှီပြု နတ်ဆိုး တို့ကိုနှင်ထုတ် သောသူတစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူသည်အကျွန်ုပ် တို့နှင့်အတူမ လိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တား ကြပါသည်ဟု လျှောက် လေသော်၊
39 ၃၉ ယေရှု က၊ ထိုသူ ကိုမ မြစ်တား ကြနှင့်။ ငါ့ နာမ ကို အမှီပြု လျက် တန်ခိုး ကိုပြ ၍ ငါ့ ကိုအလွယ်တကူ ကဲ့ရဲ့ နိုင် သောသူ တစ်ယောက်မျှ မရှိ ။”
40 ၄၀ သင်တို့၏ရန်သူ ဘက်၌မ ရှိ သောသူ သည် သင်တို့ ဘက် ၌ရှိ ၏။”
41 ၄၁ သင်တို့သည်ခရစ်တော် နှင့် ဆိုင် သည်ဟု ငါ့မျက်နှာကိုထောက်၍အကြင်သူ သည် သင် တို့အား ရေ တခွက် ကိုမျှပေး ၏။ ထိုသူသည် အကျိုး ကို မ ရဘဲမ နေရာ၊ ငါအမှန် ဆို ၏။”
42 ၄၂ ငါ့ ကို ယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည် မှားယွင်း စေ၏။ ထိုသူသည်လည်ပင်း ၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကိုခံရလျှင် အနေသာ၍ ကောင်း ၏။”
43 ၄၃ သင် ၏လက် သည်သင့် ကိုမှားယွင်း စေလျှင် လက် ကိုဖြတ် လော့။”
44 ၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင် သော မီး ထဲသို့ လက် နှစ် ဘက်စုံနှင့် ဝင် ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna )
45 ၄၅ သင် ၏ခြေ သည် သင့် ကိုမှားယွင်း စေလျှင် ခြေ ကိုဖြတ် လော့။”
46 ၄၆ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ ခြေ ချို့တဲ့၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna )
47 ၄၇ သင် ၏မျက်စိ သည်လည်း သင့် ကိုမှားယွင်း စေလျှင် မျက်စိ ကိုထုတ် လော့။”
48 ၄၈ ပိုး မ သေ ၊ မီး မ ငြိမ်း ရာ ၊ ငရဲ မီးထဲသို့ မျက်စိ နှစ် ဘက်စုံနှင့်ချ ခြင်းကို ခံရသည်ထက် ၊ မျက်စိ တစ်ဘက်နှင့် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်စား သော် သာ၍ ကောင်း၏။” (Geenna )
49 ၄၉ ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ခပ်သိမ်း သောသူတို့သည် မီး ဆား ခတ်ခြင်းကို ခံရကြမည်။”
50 ၅၀ ဆား သည်ကောင်း ၏သို့သော်လည်း အငန် ကင်းပျောက်လျှင် ၊ ငန်သောအရသာ ကို အဘယ်သို့ ရပြန်မည်နည်း။ သင် တို့၌ ဆား ရှိ စေကြလော့။ အချင်းချင်း အသင့်အတင့် နေကြလော့ ဟု မိန့်တော်မူ၏။