< မာကု 8 >
1 ၁ ထို အခါ စုဝေး သောသူအလွန် များ၍ စားစရာ မ ရှိ လျှင် ၊ ယေရှုသည် တပည့် တော်တို့ကို ခေါ် ၍၊
၁မကြာမီလူပရိသတ်ကြီးစုရုံးမိပြန်၏။ သူ တို့မှာစားစရာမရှိကြသဖြင့် ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်တော်မူ၍၊-
2 ၂ ဤ လူ များကို ငါသနား ၏။ သုံး ရက် ပတ်လုံး ငါ နှင့်အတူရှိ ကြပြီ။ စားစရာ အလျှင်း မ ရှိ ။”
၂``ဤလူတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် ရှိနေခဲ့ကြ၏။ ယခုသူတို့မှာစားစရာမရှိ ကြ။ သို့ဖြစ်၍သူတို့ကိုငါသနားတော်မူသည်။-
3 ၃ “အချို့ တို့သည် အဝေး က လာ သည်ဖြစ်၍ ၊ အစာမစားမှီ သူ တို့အိမ် သို့ ငါလွှတ် လျှင် လမ်း ခရီး၌ မော ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
၃အချို့သောသူတို့သည်ခရီးဝေးမှလာရောက်ခဲ့ ကြ၏။ သူတို့ကိုမကျွေးမွေးဘဲအိမ်သို့ပြန်စေ ပါလျှင် သူတို့သည်လမ်းခရီးတွင်မူးလဲကုန် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
4 ၄ တပည့် တော်တို့ကလည်း ၊ ဤ တော အရပ်၌ ဤသူ တို့ကို အဘယ်သို့ ဝ စွာကျွေး နိုင် မည်နည်းဟု လျှောက် ကြသော်၊
၄တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။
5 ၅ ကိုယ်တော်က၊ သင်တို့တွင် မုန့် ဘယ်နှစ် လုံး ရှိ ပါသနည်း ဟု မေး တော်မူလျှင် ၊ မုန့်ခုနှစ် လုံးရှိပါသည်ဟု လျှောက် ကြ၏။
၅ကိုယ်တော်က ``သင်တို့တွင်မုန့်မည်မျှရှိသနည်း'' ဟုမေးတော်မူ၏။ တပည့်တော်တို့က ``မုန့်ခုနစ်လုံးရှိပါသည်'' ဟုလျှောက်ကြ၏။
6 ၆ ထိုအခါ “လူ အစုအဝေးကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ မုန့် ခုနစ် လုံးကိုလည်း ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ လူများတို့ရှေ့၌ ထည့် စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူသည် အတိုင်း သူတို့သည် ထည့် ကြ၏။
၆ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။-
7 ၇ အနည်းငယ် မျှသော ငါး ကောင်ကလေးလည်း ရှိ သည်ဖြစ်၍ ၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့် စေခြင်းငှာမိန့် တော်မူ၏။
၇ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။-
8 ၈ ထိုသူတို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ ခုနစ် တောင်း အပြည့် ရကြ၏။
၈လူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။-
9 ၉ စားသောသူအရေအတွက်ကား၊ လူလေးထောင် မျှလောက် ရှိ သတည်း။ ထိုသူ တို့ကို လွှတ် တော်မူပြီးမှ ၊
၉မုန့်စားသူဦးရေကားလေးထောင်မျှရှိသတည်း။ ကိုယ်တော်သည်လူတို့ကိုထိုအရပ်မှထွက်ခွာ သွားစေတော်မူ၏။-
10 ၁၀ တပည့် တော်တို့နှင့်တကွ လှေ ထဲသို့ ချက်ခြင်း ဝင် ၍ ၊ ဒါလမနုသ ကျေးလက် သို့ ရောက် တော်မူ၏။
၁၀ထိုနောက်ချက်ချင်းပင်တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ ဒါလမနုသဒေသသို့ကြွ တော်မူ၏။
11 ၁၁ ထိုအခါ ဖာရိရှဲ တို့သည် ထွက်လာ ၍ ကိုယ်တော် နှင့် ဆွေးနွေး ငြင်းခုံသည်တွင် စုံစမ်း နှောင့်ရှက်ခြင်းငှာ၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
၁၁ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
12 ၁၂ ကိုယ်တော် သည် စိတ် နှလုံးညည်းတွား သံကို ပြုတော်မူလျက် ဤ လူမျိုး သည်နိမိတ် လက္ခဏာကိုအဘယ်ကြာင့် တောင်း သနည်း။ငါအမှန် ဆို သည်ကားဤ လူမျိုး အား နိမိတ် လက္ခဏာကို မ ပြ ရ ဟု မိန့် တော်မူပြီးလျှင်၊
၁၂ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
13 ၁၃ ထိုသူ တို့ရှိရာမှထွက် ၍ တစ်ဖန် လှေထဲသို့ ဝင် ပြီးလျှင်ကမ်းတစ်ဘက် သို့ ပြန် တော်မူ၏။
၁၃ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။
14 ၁၄ တပည့်တော်တို့သည် မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြသဖြင့် ၊ လှေ ပေါ်မှာ သူ တို့၌ မုန့် တစ်လုံးတည်း သာ ရှိ ၏။
၁၄တပည့်တော်တို့သည်အစားအစာများကို မယူခဲ့မိကြ။ လှေပေါ်၌မုန့်တစ်လုံးသာရှိ၏။-
15 ၁၅ ကိုယ်တော်ကလည်း ၊ ဖာရိရှဲ တို့၏တဆေး ကို၎င်း ၊ ဟေရုဒ် ၏တဆေး ကို၎င်း၊ သတိ နှင့်ကြဉ်ရှောင် ကြ ဟု ပညတ် တော်မူ၏။
၁၅ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။
16 ၁၆ တပည့်တော်တို့ကိုလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆိုကြ၏။
၁၆တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ သည့်အကြောင်းကို အချင်းချင်းပြောဆိုလျက် နေကြ၏။
17 ၁၇ ယေရှုသည် သိ တော်မူလျှင် ၊ သင်တို့၌ မုန့် မ ပါ သည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံး မ သွင်း၊ နား မ လည်ကြသလော။ သင် တို့ စိတ် နှလုံးမိုက် သေး သလော။”
၁၇ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိ တော်မူလျှင် ``သင်တို့သည်စားစရာမပါသည့် အဖြစ်ကိုအဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင်မသိနားမလည်သေးသလော။ သင်တို့၏အသိဉာဏ်သည်အဘယ်ကြောင့်ဤမျှ ထိုင်းမှိုင်းနေသနည်း။-
18 ၁၈ မျက်စိ ရှိ လျက်ပင်မ မြင် ၊ နား ရှိ လျက်ပင် မ ကြား ၊ စိတ်မ အောက်မေ့ ဘဲနေကြသလော။”
၁၈သင်တို့သည်မျက်စိရှိလျက်မမြင်ကြပါ သလော။ နားရှိလျက်မကြားကြပါသလော။-
19 ၁၉ မုန့် ငါး လုံးကို လူငါးထောင် အား ငါဖဲ့ သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေး တော်မူလျှင်၊ တစ်ဆယ့်နှစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
၁၉ငါသည်လူငါးထောင်ကိုကျွေးရန်မုန့်ငါးလုံး ဖဲ့ခဲ့သည်ကို သင်တို့သတိမရကြသလော။ ထိုအခါကမုန့်ကျိုးမုန့်ပဲ့များကိုတောင်း မည်မျှအပြည့်ကောက်သိမ်းရကြသနည်း'' ဟု သူတို့အားမေးတော်မူ၏။ တပည့်တော်တို့က ``တစ်ဆယ့်နှစ်တောင်းကောက် သိမ်းရပါသည်'' ဟုပြန်၍လျှောက်ကြ၏။
20 ၂၀ “မုန့်ခုနစ် လုံးကို လူလေးထောင် အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင်၊ ခုနစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
၂၀နောက်တစ်ဖန် ကိုယ်တော်က ``ငါသည်လူလေး ထောင်ကိုမုန့်ကျွေးရန် မုန့်ခုနစ်လုံးကိုဖဲ့ခဲ့စဉ် အခါက မုန့်ကျိုးမုန့်ပဲ့များကိုတောင်းမည်မျှ အပြည့် ကောက်သိမ်းရကြသနည်း'' ဟုမေး တော်မူ၏။ တပည့်တော်တို့က ``ခုနစ်တောင်းကောက်သိမ်း ကြပါသည်'' ဟုလျှောက်ကြ၏။
21 ၂၁ သို့ဖြစ်လျှင် ၊ သင် တို့သည် နားမ လည်ဘဲ အဘယ်သို့နေကြသနည်း” ဟု မိန့် တော်မူ၏။
၂၁ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။
22 ၂၂ ဗက်ဇဲဒ မြို့သို့ ရောက် တော်မူလျှင် ၊ လူကန်း တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ၍ ၊ ထိုသူ ကို တို့ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
၂၂ကိုယ်တော်နှင့်တပည့်တော်တို့သည်ဗက်ဇဲဒရွာ သို့ရောက်ကြ၏။ ထိုအခါလူတို့သည်မျက်မမြင် တစ်ယောက်ကိုအထံတော်သို့ခေါ်ခဲ့ပြီးလျှင် ထို သူအားလက်တော်နှင့်တို့ထိတော်မူရန် တောင်းပန်ကြ၏။-
23 ၂၃ ကိုယ်တော်သည် လူကန်း ကိုလက် ဆွဲ ၍ မြို့ ပြင် သို့ ထွက် ပြီးမှ ၊ သူ၏ မျက်စိ ကို တံထွေးနှင့်ထွေး ၍ သူ့ အပေါ်မှာလက် တော်ကိုတင် လျက်၊ သင်သည် တစ်စုံတစ်ခု ကို မြင်သလော ဟု မေး တော်မူ၏။
၂၃ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။
24 ၂၄ ထိုသူသည် ကြည့်မျှော် လျှင် ၊ လူ တို့သည် သစ်ပင် ကဲ့သို့ ဖြစ်၍ လှမ်းသွား သည်ကို အကျွန်ုပ်မြင် ပါသည် ဟု လျှောက် ၏။
၂၄သူသည်မော်ကြည့်ကာ ``အကျွန်ုပ်သည်လူများ ကိုမြင်ရပါသည်။ သို့ရာတွင်သူတို့သည်သစ်ပင် များလမ်းလျှောက်နေသကဲ့သို့ဖြစ်နေပါသည်'' ဟုလျှောက်၏။
25 ၂၅ နောက်တစ်ဖန် သူ၏ မျက်စိ ပေါ်မှာ လက် တော်ကိုတင် ၍ ကြည့်မျှော် စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံ တို့ကို ရှင်းလင်း စွာမြင် လေ၏။
၂၅ထိုအခါကိုယ်တော်သည် ထိုသူ၏မျက်စိများ အပေါ်၌လက်တော်ကိုတင်တော်မူပြန်၏။ ယခု အကြိမ်၌ထိုသူသည်အားစိုက်၍ကြည့်လိုက်ရာ မျက်စိအလင်းကိုပြန်လည်ရရှိသဖြင့် အရာ ခပ်သိမ်းကိုရှင်းလင်းစွာမြင်လေ၏။-
26 ၂၆ ကိုယ်တော်ကလည်း၊ မြို့ ထဲသို့ မ ဝင် နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့် ဟု မိန့် တော်မူ၍ သူ့ ကို မိမိ နေရာ သို့ လွှတ် လိုက်လေ၏။
၂၆ကိုယ်တော်သည်သူ့အား ``ရွာထဲသို့မဝင်နှင့်'' ဟုအမိန့်ပေး၍အိမ်သို့ပြန်စေတော်မူ၏။
27 ၂၇ ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ တပည့် တော်တို့နှင့်တကွ ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ လူ များတို့သည် ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
၂၇သခင်ယေရှုနှင့်တပည့်တော်တို့သည် ကဲသရိ ဖိလိပ္ပုကျေးရွာများသို့သွားကြ၏။ လမ်းတွင် ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ်သူ ဖြစ်သည်ဟု ပြောဆိုနေကြသနည်း'' ဟု တပည့်တော်တို့အားမေးတော်မူ၏။-
28 ၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က ဧလိယ ဖြစ်သည် ဟူ၍၎င်း ၊ အချို့ က ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
၂၈``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က မူပရောဖက်တစ်ပါးဖြစ်သည်ဟူ၍ပြောဆိုကြ ပါသည်'' ဟုတပည့်တော်တို့လျှောက်ထားကြ၏။
29 ၂၉ သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
၂၉ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။
30 ၃၀ ကိုယ်တော် ၏အကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။
၃၀ထိုအခါကိုယ်တော်က ``ငါမည်သူဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောနှင့်'' ဟုတပည့်တော် တို့အားပညတ်တော်မူ၏။
31 ၃၁ ထိုမှတစ်ပါး၊ လူ သား သည်များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ စ ပြုတော်မူ၏။
၃၁ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။-
32 ၃၂ ထိုသို့အတည့်အလင်း ပြတော်မူသောကြောင့် ပေတရု သည် ကိုယ်တော် ကို မိမိ နှင့်အတူခေါ် ၍ အပြစ်တင် သောစကား ကို လျှောက် သော် ၊
၃၂ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
33 ၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ တပည့် တော်တို့ကိုကြည့်ရှု လျက်၊ အချင်းရန်သူ ၊ ငါ့ နောက် သို့ ဆုတ် လော့။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်းသည် ဟူ၍ပေတရု ကို ဆုံးမ တော်မူ၏။
၃၃ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
34 ၃၄ ထိုအခါ တပည့် တော်တို့နှင့် ပရိသတ် များကို ခေါ် တော်မူပြီးလျှင်၊ အကြင်သူ သည် ငါ ၌ဆည်းကပ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက်သို့ လိုက် ရမည်။”
၃၄ကိုယ်တော်သည်တပည့်တော်တို့နှင့်ပရိသတ်ကို အထံတော်သို့ခေါ်တော်မူပြီးလျှင် ``ငါ့တပည့် ဖြစ်လိုသူသည်ကိုယ်ကျိုးစွန့်ရမည်။ ကိုယ့် လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ လိုက်ရမည်။-
35 ၃၅ အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့်၎င်း အသက် ရှုံး ၏။ ထိုသူသည် မိမိ အသက် ကို ကယ်ဆယ် လိမ့်မည်။”
၃၅မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
36 ၃၆ လူ သည်ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။”
၃၆လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
37 ၃၇ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေး နိုင်သနည်း။”
၃၇မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ် အရာနှင့်ရွေးယူနိုင်မည်နည်း။-
38 ၃၈ “မျောက်မထား သော ဤ လူမျိုး ဆိုး တွင် အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏။ လူ သား သည် မိမိ အဘခမည်းတော် ၏ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်း သော ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ သောအခါ ထိုသူ ကို ရှက် တော်မူလတံ့။
၃၈ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။