< မာကု 8 >

1 ထို အခါ စုဝေး သောသူအလွန် များ၍ စားစရာ မ ရှိ လျှင် ၊ ယေရှုသည် တပည့် တော်တို့ကို ခေါ် ၍၊
In those days, the multitude being very large and not having anything to eat, Jesus called His disciples and said to them:
2 ဤ လူ များကို ငါသနား ၏။ သုံး ရက် ပတ်လုံး ငါ နှင့်အတူရှိ ကြပြီ။ စားစရာ အလျှင်း မ ရှိ ။”
“I have compassion on the multitude, because they have stayed with me three days now and have nothing to eat.
3 “အချို့ တို့သည် အဝေး က လာ သည်ဖြစ်၍ ၊ အစာမစားမှီ သူ တို့အိမ် သို့ ငါလွှတ် လျှင် လမ်း ခရီး၌ မော ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
If I send them away hungry to their homes, they will give out on the way, because some of them have come a long distance.”
4 တပည့် တော်တို့ကလည်း ၊ ဤ တော အရပ်၌ ဤသူ တို့ကို အဘယ်သို့ ဝ စွာကျွေး နိုင် မည်နည်းဟု လျှောက် ကြသော်၊
His disciples answered Him, “From what source could anyone satisfy these people with bread here in a wilderness?”
5 ကိုယ်တော်က၊ သင်တို့တွင် မုန့် ဘယ်နှစ် လုံး ရှိ ပါသနည်း ဟု မေး တော်မူလျှင် ၊ မုန့်ခုနှစ် လုံးရှိပါသည်ဟု လျှောက် ကြ၏။
He asked them, “How many loaves do you have?” And they said, “Seven.”
6 ထိုအခါ “လူ အစုအဝေးကို မြေ ပေါ်မှာ လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။ မုန့် ခုနစ် လုံးကိုလည်း ယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ လူများတို့ရှေ့၌ ထည့် စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူသည် အတိုင်း သူတို့သည် ထည့် ကြ၏။
So He told the crowd to sit down on the ground; then taking the seven loaves and giving thanks, He broke them and gave them to His disciples to set before the crowd, and they did.
7 အနည်းငယ် မျှသော ငါး ကောင်ကလေးလည်း ရှိ သည်ဖြစ်၍ ၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့် စေခြင်းငှာမိန့် တော်မူ၏။
They also had a few small fish; so blessing them He said to distribute them as well.
8 ထိုသူတို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ ခုနစ် တောင်း အပြည့် ရကြ၏။
Well they ate and were filled; they even took up seven hampers of broken pieces that were left over.
9 စားသောသူအရေအတွက်ကား၊ လူလေးထောင် မျှလောက် ရှိ သတည်း။ ထိုသူ တို့ကို လွှတ် တော်မူပြီးမှ ၊
Now those who had eaten were about four thousand; and He sent them away.
10 ၁၀ တပည့် တော်တို့နှင့်တကွ လှေ ထဲသို့ ချက်ခြင်း ဝင် ၍ ၊ ဒါလမနုသ ကျေးလက် သို့ ရောက် တော်မူ၏။
Then He got right into the boat with His disciples and went to the region of Dalmanutha.
11 ၁၁ ထိုအခါ ဖာရိရှဲ တို့သည် ထွက်လာ ၍ ကိုယ်တော် နှင့် ဆွေးနွေး ငြင်းခုံသည်တွင် စုံစမ်း နှောင့်ရှက်ခြင်းငှာ၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
The Pharisees came out and began to argue with Him, requesting of Him a sign from heaven, by way of testing Him.
12 ၁၂ ကိုယ်တော် သည် စိတ် နှလုံးညည်းတွား သံကို ပြုတော်မူလျက် ဤ လူမျိုး သည်နိမိတ် လက္ခဏာကိုအဘယ်ကြာင့် တောင်း သနည်း။ငါအမှန် ဆို သည်ကားဤ လူမျိုး အား နိမိတ် လက္ခဏာကို မ ပြ ရ ဟု မိန့် တော်မူပြီးလျှင်၊
But He sighed deeply in His spirit and said: “Why does this generation seek a sign? I tell you emphatically, no sign shall be given to this generation!”
13 ၁၃ ထိုသူ တို့ရှိရာမှထွက် ၍ တစ်ဖန် လှေထဲသို့ ဝင် ပြီးလျှင်ကမ်းတစ်ဘက် သို့ ပြန် တော်မူ၏။
Turning His back on them, He got back into the boat and went off to the other side.
14 ၁၄ တပည့်တော်တို့သည် မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြသဖြင့် ၊ လှေ ပေါ်မှာ သူ တို့၌ မုန့် တစ်လုံးတည်း သာ ရှိ ၏။
(His disciples had forgotten to take bread; they did not have more than one loaf with them in the boat.)
15 ၁၅ ကိုယ်တော်ကလည်း ၊ ဖာရိရှဲ တို့၏တဆေး ကို၎င်း ၊ ဟေရုဒ် ၏တဆေး ကို၎င်း၊ သတိ နှင့်ကြဉ်ရှောင် ကြ ဟု ပညတ် တော်မူ၏။
And He charged them, saying, “Watch out; beware of the leaven of the Pharisees and the leaven of Herod.”
16 ၁၆ တပည့်တော်တို့ကိုလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆိုကြ၏။
So they started reasoning among themselves, saying, “It's because we have no bread.”
17 ၁၇ ယေရှုသည် သိ တော်မူလျှင် ၊ သင်တို့၌ မုန့် မ ပါ သည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွေး ပြောဆိုကြသနည်း။ ယခုတိုင်အောင်နှလုံး မ သွင်း၊ နား မ လည်ကြသလော။ သင် တို့ စိတ် နှလုံးမိုက် သေး သလော။”
Being aware of it Jesus said to them: “Why are you reasoning because you have no bread? Do you still neither perceive nor understand? Do you still have hearts that have been hardened?
18 ၁၈ မျက်စိ ရှိ လျက်ပင်မ မြင် ၊ နား ရှိ လျက်ပင် မ ကြား ၊ စိတ်မ အောက်မေ့ ဘဲနေကြသလော။”
Having eyes do you not see, and having ears do you not hear, and do you not remember?
19 ၁၉ မုန့် ငါး လုံးကို လူငါးထောင် အား ငါဖဲ့ သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေး တော်မူလျှင်၊ တစ်ဆယ့်နှစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
When I broke the five loaves for the five thousand, how many baskets full of pieces did you take up?” They say to Him, “Twelve.”
20 ၂၀ “မုန့်ခုနစ် လုံးကို လူလေးထောင် အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ် တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင်၊ ခုနစ် တောင်းကောက်သိမ်းပါသည်ဟု လျှောက် ကြ၏။
“And when I broke the seven for the four thousand, how many hampers full of pieces did you take up?” And they said, “Seven.”
21 ၂၁ သို့ဖြစ်လျှင် ၊ သင် တို့သည် နားမ လည်ဘဲ အဘယ်သို့နေကြသနည်း” ဟု မိန့် တော်မူ၏။
So He said to them, “How is it that you still don't understand?”
22 ၂၂ ဗက်ဇဲဒ မြို့သို့ ရောက် တော်မူလျှင် ၊ လူကန်း တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ၍ ၊ ထိုသူ ကို တို့ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
Then He came to Bethsaida; and they brought a blind man to Him and begged Him to touch him.
23 ၂၃ ကိုယ်တော်သည် လူကန်း ကိုလက် ဆွဲ ၍ မြို့ ပြင် သို့ ထွက် ပြီးမှ ၊ သူ၏ မျက်စိ ကို တံထွေးနှင့်ထွေး ၍ သူ့ အပေါ်မှာလက် တော်ကိုတင် လျက်၊ သင်သည် တစ်စုံတစ်ခု ကို မြင်သလော ဟု မေး တော်မူ၏။
So He took the blind man by the hand and led him out of the village; then spitting into his eyes and laying hands on him, He asked him if he saw anything.
24 ၂၄ ထိုသူသည် ကြည့်မျှော် လျှင် ၊ လူ တို့သည် သစ်ပင် ကဲ့သို့ ဖြစ်၍ လှမ်းသွား သည်ကို အကျွန်ုပ်မြင် ပါသည် ဟု လျှောက် ၏။
And looking up he said, “I do see men, only they look like walking trees.”
25 ၂၅ နောက်တစ်ဖန် သူ၏ မျက်စိ ပေါ်မှာ လက် တော်ကိုတင် ၍ ကြည့်မျှော် စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံ တို့ကို ရှင်းလင်း စွာမြင် လေ၏။
Then He put His hands on his eyes again, and made him look up; and he was restored and saw everyone clearly.
26 ၂၆ ကိုယ်တော်ကလည်း၊ မြို့ ထဲသို့ မ ဝင် နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့် ဟု မိန့် တော်မူ၍ သူ့ ကို မိမိ နေရာ သို့ လွှတ် လိုက်လေ၏။
Then He sent him away to his house, saying, “Neither go into the village nor tell anyone in the village.”
27 ၂၇ ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ တပည့် တော်တို့နှင့်တကွ ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ လူ များတို့သည် ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
Then Jesus and His disciples set out for the towns of Caesarea Philippi; and on the way He questioned His disciples, saying to them, “Who are people saying that I am?”
28 ၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က ဧလိယ ဖြစ်သည် ဟူ၍၎င်း ၊ အချို့ က ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
So they answered, “John the Baptist; others Elijah; still others one of the prophets.”
29 ၂၉ သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
He said to them, “And who do you say that I am?” So Peter answered and said to Him, “You are the Christ!”
30 ၃၀ ကိုယ်တော် ၏အကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။
Then He charged them that they should tell no one about Him.
31 ၃၁ ထိုမှတစ်ပါး၊ လူ သား သည်များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို တပည့် တော်တို့အား ပြ စ ပြုတော်မူ၏။
He then began to teach them that the Son of the Man must suffer many things, and be rejected by the elders, chief priests and the scribes, and be killed, and after three days rise again.
32 ၃၂ ထိုသို့အတည့်အလင်း ပြတော်မူသောကြောင့် ပေတရု သည် ကိုယ်တော် ကို မိမိ နှင့်အတူခေါ် ၍ အပြစ်တင် သောစကား ကို လျှောက် သော် ၊
He said these things quite plainly. Then Peter took Him aside and began to rebuke Him.
33 ၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ တပည့် တော်တို့ကိုကြည့်ရှု လျက်၊ အချင်းရန်သူ ၊ ငါ့ နောက် သို့ ဆုတ် လော့။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်းသည် ဟူ၍ပေတရု ကို ဆုံးမ တော်မူ၏။
But He turned, looked at His disciples, and rebuked Peter, saying: “Get behind me, Satan! You have in mind men's values, not God's values.”
34 ၃၄ ထိုအခါ တပည့် တော်တို့နှင့် ပရိသတ် များကို ခေါ် တော်မူပြီးလျှင်၊ အကြင်သူ သည် ငါ ၌ဆည်းကပ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက်သို့ လိုက် ရမည်။”
He summoned the crowd, along with His disciples, and said to them: “Whoever wants to follow along behind me must deny himself and take up his cross and follow me.
35 ၃၅ အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့်၎င်း အသက် ရှုံး ၏။ ထိုသူသည် မိမိ အသက် ကို ကယ်ဆယ် လိမ့်မည်။”
Because whoever may resolve to ‘save’ his life will waste it; but whoever may ‘waste’ his life for my sake and the Gospel's, he will save it.
36 ၃၆ လူ သည်ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။”
Well, what will it profit a man if he gains the whole world, yet forfeits his soul?
37 ၃၇ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေး နိုင်သနည်း။”
Or what can a man give in exchange for his soul?
38 ၃၈ “မျောက်မထား သော ဤ လူမျိုး ဆိုး တွင် အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏။ လူ သား သည် မိမိ အဘခမည်းတော် ၏ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်း သော ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ သောအခါ ထိုသူ ကို ရှက် တော်မူလတံ့။
Yes, whoever is ashamed of me and my words in this adulterous and sinful generation, the Son of the Man will also be ashamed of Him whenever He comes in the glory of His Father with the holy Angels.”

< မာကု 8 >