< မာကု 7 >
1 ၁ ထိုအခါ ဖာရိရှဲ တို့နှင့် ယေရုရှလင် မြို့မှ ရောက်လာ သော ကျမ်းပြု ဆရာအချို့ တို့သည် အထံ တော်၌ စုဝေး ၍၊
AND the Pharisees, and some of the scribes, who came from Jerusalem, collected together around him.
2 ၂ တပည့် တော်အချို့ တို့သည် ညစ်ညူး သောလက် တည်းဟူသောရေမဆေး သောလက်နှင့် အစာ စား သည်ကိုမြင် လျှင် အပြစ်တင်ကြ၏။
And seeing some of his disciples eating bread with hands unclean, that is, unwashed, they found fault.
3 ၃ အကြောင်းမူကား ၊ ရှေး လူအပေါင်းတို့မှ ဆက်ဆံသော နည်း ဥပဒေသကိုခံယူ သော ဖာရိရှဲ မှစ၍ယုဒ လူ အပေါင်း တို့သည် လက် ဆုပ် မ ဆေး ဘဲ အစာကို စား လေ့မ ရှိ။
For the Pharisees and all the Jews, unless they wash their hands to the wrist, eat not, holding the tradition of the elders.
4 ၄ ဈေး မှ ပြန်လာသောအခါ ၌လည်း ဆေး ခြင်းမ ပြုဘဲစား လေ့မ ရှိ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါပုကန် ၊ ခုတင် တို့ ဆေး ခြင်းမှစ၍အခြား သောထုံးတမ်းများ ကို ခံယူ ၍ ကျင့် လေ့ရှိ၏။
And coming from the market, unless they have washed, they never eat. And there are many other things which they have by tradition received to observe, as the washings of cups, and pots, and vessels of brass, and couches.
5 ၅ ထိုအခါ ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့က၊ ရှေး လူအပေါင်းတို့မှ ဆက်ခံ သောနည်း ဥပဒေသကို ကိုယ်တော် ၏ တပည့် တို့သည် မ ကျင့် ဘဲလျက် အဘယ်ကြောင့် ညစ်ညူး သောလက် နှင့် အစာ စား ကြပါသနည်း ဟု မေးလျှောက် ကြလျှင် ၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
Then the Pharisees and the scribes asked him, Why do not thy disciples walk conformable to the tradition of the elders, but eat bread with unwashed hands?
6 ၆ ဟေရှာယ သည် လျှို့ဝှက် သော သင် တို့ကိုရည်မှတ် လျက်၊ ဤ လူမျိုး သည် နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံးမူကား ငါ နှင့် ဝေး လှ၏။”
Then he answering said to them, Well did Isaiah prophesy concerning you hypocrites, as it is written, “This people honoureth me with their lips, but their heart is far from me.
7 ၇ လူတို့ စီရင် သော ပညတ် တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ် စွာ ဟော ခဲ့ပြီ။”
Now vainly do they worship me, while teaching doctrines the commandments of men.”
8 ၈ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင် ၏ ပညတ် တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူသောလူ တို့မှ ဆက်ခံသော နည်းဥပဒေသကို ခံယူ လျက်၊ ထိုသို့သောအခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။”
For leaving the command of God, ye adhere to the tradition of men, the washings of pots and cups; and many other such like things ye practise.
9 ၉ သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေသကိုကျင့် ရသော အခွင့်ရှိစေခြင်းငှာ ၊ ဘုရားသခင် ၏ ပညတ် တော်ကို လျောက်ပတ် စွာ ပယ် ကြသည်တကား။”
And he said to them, Strangely do ye make void the command of God, that ye may observe your tradition.
10 ၁၀ မောရှေ ၏ ပညတ်ကား၊ မိဘ ကို ရိုသေ စွာပြုလော့။ အကြင်သူ သည် မိဘ ကို နှုတ် ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေ သတ် ခြင်းကို ခံစေဟု လာသတည်း။”
For Moses said, “Honour thy father and thy mother:” and “he that curseth father or mother, let him assuredly be put to death.”
11 ၁၁ သင် တို့မူကား ၊ အကြင်သူ သည် ကိုယ် မိဘ ကို သင်တို့အသုံးရ နိုင်သမျှ သော ငါ ၏ဥစ္စာသည်အလှူ ဝတ္ထု တည်းဟူသောကော်ဘန် ဖြစ်စေဟုဆို ၏။”
But ye affirm, If a man say to his father or mother, it is Corban (that is, a gift), which otherwise might have been advantageous to thee from me;
12 ၁၂ ထိုသူသည် မိဘ ဝတ်ကို အလျှင်း မ ပြု ရဟု မြစ်တား ၍၊”
then ye permit him no more to do any thing for his father, or his mother;
13 ၁၃ “မိမိ တို့အဆက်ဆက်ခံ သော နည်း ဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကိုပယ် ကြ၏။ ထိုသို့သော အကျင့်အလေ့ များ တို့ကို သင်တို့သည် ကျင့် လေ့ရှိကြသည် ဟု မိန့် တော်မူ၏။
abrogating the word of God by the tradition, which ye have transmitted down; and many such like things ye do.
14 ၁၄ ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။”
And he called to him all the multitude, and said unto them, hear me all of you, and understand.
15 ၁၅ လူ ပြင် မှ လာ၍ လူ အတွင်း သို့ဝင် လျက်၊ လူ ကိုညစ်ညူး စေနိုင် သော အရာ တစုံတခု မျှမရှိ ။ လူ အတွင်းမှ ထွက် သောအရာ သည် လူ ကို ညစ်ညူး စေသောအရာ ဖြစ် ၏။”
There is nothing from without a man, that entering into him, can make him unclean: but the things which come out from him, these are the things which make a man unclean.
16 ၁၆ ကြားစရာနားရှိသောသူမည်သည်ကားကြားပါစေ” ဟုမိန့်တော်မူ၏။
If any man hath ears to hear, let him hear.
17 ၁၇ လူ အစုအဝေးရှိရာမှ ကြွ၍ အိမ် သို့ ဝင် တော်မူပြီးလျှင် ၊ တပည့် တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြ ၏။
And when he was come into the house from the multitude, his disciples asked him concerning the parable.
18 ၁၈ ကိုယ်တော်ကလည်း၊ သင် တို့သည် ဤမျှလောက် ပညာ မဲ့လျက် နေ သလော။ လူပြင် မှလာ၍ လူ အတွင်း သို့ဝင် သမျှ သည် နှလုံး ထဲသို့မ ဝင်။”
And he saith to them, Are ye also so defective of intelligence? Do you not consider, that every thing from without that entereth into a man, cannot make him unclean?
19 ၁၉ ဝမ်း ထဲသို့ ဝင် ၍ အစာ ရှိသမျှ ကို သန့်ရှင်း စေသဖြင့် ရေအိမ် တွင် ဆင်းသွား သောကြောင့် ၊ လူ ကို မ ညစ်ညူး စေနိုင် သည်ကို နားမလည်ကြသလော။”
because it entereth not into his heart, but into his belly, and goeth out into the vault, carrying off all the impurities of the food.
20 ၂၀ လူ အတွင်းမှ ထွက် သော အရာ မူကား ၊ လူ ကို ညစ်ညူး စေသောအရာဖြစ်၏။”
But, said he, what cometh out of a man, that makes a man unclean.
21 ၂၁ လူ အတွင်း နှလုံး ထဲက မကောင်း သော ကြံစည် ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့် မှားယွင်းခြင်း၊ လူ အသက်ကို သတ်ခြင်း၊”
For from within out of the heart of men proceed wicked reasonings, adulteries, whoredoms, murders,
22 ၂၂ သူ့ဥစ္စာကို ခိုး ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ လှည့်စား ခြင်း၊ ညစ်ညူး ခြင်း၊ ငြူစူ ခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ် ခြင်း၊”
thefts, inordinate cravings, mischievous actions, knavery, lewdness, an evil eye, blasphemy, pride, folly:
23 ၂၃ ဤ ဆိုးညစ် သောအရာ များ တို့သည် အတွင်း မှထွက်လာ ၍ လူ ကို ညစ်ညူး စေကြသည် ဟု မိန့် တော်မူ၏။
all these wicked things come from within, and render a person unclean.
24 ၂၄ ကိုယ်တော်သည် ထို အရပ်မှထ ၍ တုရု မြို့နှင့် ဇိဒုန်မြို့၏ ကျေးလက် သို့ ကြွ တော်မူပြီးလျှင် အိမ် သို့ ဝင် ၍ အဘယ်သူ မျှမသိ စေခြင်းငှာအလို တော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မ မူနိုင် ။
And rising, he departed thence into the confines of Tyre and Sidon; and entering into a house, desired that no man should know it: yet he could not be hid.
25 ၂၅ အကြောင်းမူကား ၊ ညစ်ညူး သောနတ် စွဲ သော မိန်းမငယ် ၏ အမိ သည် သိတင်း တော်ကို ကြား သဖြင့်၊
For a woman hearing of him, whose daughter had an unclean spirit, came and fell at his feet.
26 ၂၆ မိမိ သမီး ထဲက နတ်ဆိုး ကို နှင်ထုတ် တော်မူမည်အကြောင်း တောင်းပန် လေ၏။ ထို မိန်းမ ကား ၊ ဟေလသ အမျိုး ၊ ရှုရိဖိနိတ် ပြည်သူဖြစ် သတည်း။
The woman was a Greek, a Syrophenician by birth, and she entreated him that the devil might be cast out of her daughter.
27 ၂၇ ယေရှုကလည်း၊ ရှေးဦးစွာ သား များကို ဝ စွာကျွေးပါရစေ။ သား ၏ အစာ ကို ယူ ၍ ခွေး အားမ ပေး မချ အပ် “ဟု မိန့် တော်မူ၏။
And Jesus said unto her, Let the children first be fed, for it is not proper to take the children’s bread, and throw it to the dogs.
28 ၂၈ မိန်းမကလည်း မှန်ပါ၏သခင် ။ ခွေး မည်သည်ကား ၊ သား တို့၏ စားနုပ် စားပေါက်ကို စားပွဲ အောက် ၌ စား မြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊
But she replied, and said to him, True, Lord, yet the dogs under the table eat of the children’s crumbs.
29 ၂၉ ကိုယ်တော်က၊ ထို စကား ကြောင့် သင်သွား လော့။ နတ်ဆိုး သည် သင် ၏သမီး ထဲမှ ထွက်သွား ပြီ ဟု မိန့် တော်မူ၏။
And he said unto her, For this speech, go home, the devil is gone out of thy daughter.
30 ၃၀ ထိုမိန်းမသည်မိမိ အိမ် သို့ ပြန် ၍ နတ်ဆိုး ထွက်သွား သည်ကို၎င်း ၊ သမီး သည် အိပ်ရာ ၌ အိပ် လျက် ရှိသည်ကို၎င်း တွေ့ ၏။
And going to her house, she found the devil gone out, and her daughter laid on a couch.
31 ၃၁ တစ်ဖန် ကိုယ်တော်သည် တုရု မြို့နှင့် ဇိဒုန် မြို့၏ ကျေးလက် မှ ထွက် ၍ ဒေကပေါလိ ပြည်နယ် ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲ အိုင် သို့ ရောက် တော်မူ၏။
And again departing from the coasts of Tyre and Sidon, he came to the sea of Galilee, through the midst of the coasts of Decapolis.
32 ၃၂ ထိုအခါ နားပင်း ၍ စကား အသောသူ တစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍၊ သူ့ အပေါ်မှာလက် တော်ကို တင် ပါမည်အကြောင်း တောင်းပန် ကြ၏။
And they bring him a deaf man, who could scarcely articulate; and they entreat him to put his hand upon him.
33 ၃၃ ကိုယ်တော်သည် ထိုသူ ကို လူအစုအဝေး ထဲက ခေါ် ၍ ၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏ နား ပေါက်၌ သွင်း တော်မူ၏။ တံထွေးနှင့် ထွေး ၍ သူ၏ လျှာ ကိုလည်း တို့ တော်မူ၏။
And he took him aside out of the crowd, and put his fingers into his ears, and spitting, he touched his tongue;
34 ၃၄ ထိုနောက် ကောင်းကင် သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြု လျက် ၊ ဧဖသ ဟု မိန့် တော်မူ၏။ အနက်ကား၊ ပွင့် စေဟု ဆိုလို သတည်း။
and looking up to heaven, he heaved a deep sigh, and saith unto him, Ephphatha! that is, Be opened.
35 ၃၅ ထိုခဏခြင်း တွင် သူ သည် နား ပွင့် ခြင်း၊ လျှာ ကြော လွတ် ခြင်းရှိသဖြင့် စကားပြီပြီ ပြော နိုင်၏။
And instantly his ears were opened, and the tie of his tongue loosed, and he spake distinctly.
36 ၃၆ ထိုအကြောင်းကို အဘယ်သူ အားမျှမပြော စေခြင်းငှာ သူ တို့ကို ပညတ် တော်မူ၏။ ပညတ် တော်မူသော်လည်း သူ တို့သည် သာ၍ အလွန် သိတင်းကြားပြော ကြ၏။
And he charged them that they should tell no man: but the more he charged, the more abundantly they published it abroad.
37 ၃၇ အတိုင်း ထက်အလွန်မိန်းမော တွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံ တို့ကို လျောက်ပတ် စွာ ပြု တော်မူပြီ။ နားပင်း သောသူ တို့ကို ကြား စေတော်မူပြီအ သောသူ တို့ကိုစကား ပြောစေတော်မူပြီဟုဆို ကြ၏။
And they were astonished beyond all imagination, saying, He hath done all things admirably; he maketh even the deaf to hear, and the dumb to speak.