< မာကု 5 >
1 ၁ အိုင် တစ်ဘက် ၊ ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
Καὶ ἦλθον εἰς τὸ πέραν τῆς θαλάσσης εἰς τὴν χώραν τῶν Γερασηνῶν.
2 ၂ ယေရှု သည် လှေ ထဲက ထွက်ကြွ တော်မူသည် ခဏခြင်း တွင်၊ ညစ်ညူး သောနတ် စွဲ သောသူ သည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော် ကိုခရီးဦးကြိုပြု လေ၏။
καὶ ἐξελθόντος αὐτοῦ ἐκ τοῦ πλοίου, εὐθὺς ὑπήντησεν αὐτῷ ἐκ τῶν μνημείων ἄνθρωπος ἐν πνεύματι ἀκαθάρτῳ,
3 ၃ ထိုသူ သည် သင်္ချိုင်း တစပြင်၌ နေ တတ်၏။ သူ့ ကို သံကြိုး နှင့်ပင် အဘယ်သူ မျှချည် ၍ မ နိုင် ။
ὃς τὴν κατοίκησιν εἶχεν ἐν τοῖς μνήμασιν, καὶ οὐδὲ ἁλύσει οὐκέτι οὐδεὶς ἐδύνατο αὐτὸν δῆσαι
4 ၄ ခြေချင်း ၊ သံကြိုး အဖန် များစွာချည် စမ်းသော်လည်း ၊ သံကြိုး ကိုဆွဲဖြတ် ၍ ခြေချင်း ကိုဖြဲ တတ်၏။ သူ့ ကို ယဉ် စေခြင်းငှာအဘယ်သူ မျှမတတ်နိုင် ။
διὰ τὸ αὐτὸν πολλάκις πέδαις καὶ ἁλύσεσιν δεδέσθαι, καὶ διεσπάσθαι ὑπ’ αὐτοῦ τὰς ἁλύσεις καὶ τὰς πέδας συντετρῖφθαι, καὶ οὐδεὶς ἴσχυεν αὐτὸν δαμάσαι·
5 ၅ နေ့ ညဉ့် မပြတ် သင်္ချိုင်း တစပြင်၌ ၎င်း ၊ တောင် ပေါ်၌ ၎င်း ၊ ဟစ်ကြော် လျက်၊ ကျောက် စောင်းနှင့် ကိုယ် ကို ရှ စေလျက် နေ တတ်၏။
καὶ διὰ παντὸς νυκτὸς καὶ ἡμέρας ἐν τοῖς μνήμασιν καὶ ἐν τοῖς ὄρεσιν ἦν κράζων καὶ κατακόπτων ἑαυτὸν λίθοις.
6 ၆ ယေရှု ကိုအဝေး က မြင် လျှင် ၊ အထံ တော်သို့ ပြေးလာ ၍ ပြပ်ဝပ် လျက်၊
καὶ ἰδὼν τὸν Ἰησοῦν ἀπὸ μακρόθεν ἔδραμεν καὶ προσεκύνησεν αὐτόν,
7 ၇ အမြင့်ဆုံး သော ဘုရားသခင် ၏သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း ဘုရားသခင် ကိုအမှီပြု၍အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီး သောအသံ နှင့် အော်ဟစ် ၍ လျှောက် လေ၏။
καὶ κράξας φωνῇ μεγάλῃ λέγει Τί ἐμοὶ καὶ σοί, Ἰησοῦ Υἱὲ τοῦ Θεοῦ τοῦ Ὑψίστου; ὁρκίζω σε τὸν Θεόν, μή με βασανίσῃς.
8 ၈ လျှောက်သည်အကြောင်းကား၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
ἔλεγεν γὰρ αὐτῷ Ἔξελθε τὸ πνεῦμα τὸ ἀκάθαρτον ἐκ τοῦ ἀνθρώπου.
9 ၉ ကိုယ်တော်ကလည်း၊ သင် သည် အဘယ် အမည် ရှိသနည်း ဟုမေး တော်မူလျှင် ၊ အကျွန်ုပ် အမည် ကား၊ လေဂေါင် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများ ဖြစ် ကြပါ၏ဟု လျှောက် ပြီးမှ ၊
καὶ ἐπηρώτα αὐτόν Τί ὄνομά σοι; καὶ λέγει αὐτῷ Λεγιὼν ὄνομά μοι, ὅτι πολλοί ἐσμεν.
10 ၁၀ ထို ပြည် ထဲက အခြားသို့မ နှင် ပါမည့် အကြောင်းများစွာ တောင်းပန် လေ၏။
καὶ παρεκάλει αὐτὸν πολλὰ ἵνα μὴ αὐτὰ ἀποστείλῃ ἔξω τῆς χώρας.
11 ၁၁ ထို အရပ်၌ တောင် ပေါ်မှာ များစွာ သော ဝက် အစု သည် ကျက်စား လျက်ရှိ ၏။
ἦν δὲ ἐκεῖ πρὸς τῷ ὄρει ἀγέλη χοίρων μεγάλη βοσκομένη·
12 ၁၂ နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထို ဝက် ထဲသို့ ဝင် ရပါမည်အကြောင်း စေလွှတ် တော်မူပါ ဟု တောင်းပန် ပြန်လျှင် ၊
καὶ παρεκάλεσαν αὐτὸν λέγοντες Πέμψον ἡμᾶς εἰς τοὺς χοίρους, ἵνα εἰς αὐτοὺς εἰσέλθωμεν.
13 ၁၃ ယေရှု သည် ချက်ခြင်းအခွင့် ပေးတော်မူ၏။ ညစ်ညူး သောနတ် တို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက် ဆုံးကြ၏။ အရေအတွက်အားဖြင့်နှစ်ထောင် လောက် ရှိ၏။
καὶ ἐπέτρεψεν αὐτοῖς. καὶ ἐξελθόντα τὰ πνεύματα τὰ ἀκάθαρτα εἰσῆλθον εἰς τοὺς χοίρους, καὶ ὥρμησεν ἡ ἀγέλη κατὰ τοῦ κρημνοῦ εἰς τὴν θάλασσαν, ὡς δισχίλιοι, καὶ ἐπνίγοντο ἐν τῇ θαλάσσῃ.
14 ၁၄ ဝက်ကျောင်း သောသူ တို့သည် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော လျှင် ၊ လူများတို့သည် ထို အမူအရာ တို့ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။
Καὶ οἱ βόσκοντες αὐτοὺς ἔφυγον καὶ ἀπήγγειλαν εἰς τὴν πόλιν καὶ εἰς τοὺς ἀγρούς· καὶ ἦλθον ἰδεῖν τί ἐστιν τὸ γεγονός.
15 ၁၅ အထံ တော်သို့ ရောက် သောအခါ ၊ နတ်ဆိုး လေဂေါင် စွဲ သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ် နှင့် ထိုင် နေသည်ကိုမြင် လျှင် ၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
καὶ ἔρχονται πρὸς τὸν Ἰησοῦν, καὶ θεωροῦσιν τὸν δαιμονιζόμενον καθήμενον ἱματισμένον καὶ σωφρονοῦντα, τὸν ἐσχηκότα τὸν λεγιῶνα, καὶ ἐφοβήθησαν.
16 ၁၆ နတ်ဆိုးစွဲ သောသူ ၌၎င်း ၊ ဝက် တို့၌၎င်း၊ အဘယ်သို့ ဖြစ် သည်ကို သိမြင် သောသူ တို့သည် နောက်လာ သောသူ တို့အား ပြန်ကြား ပြီးမှ ၊
καὶ διηγήσαντο αὐτοῖς οἱ ἰδόντες πῶς ἐγένετο τῷ δαιμονιζομένῳ καὶ περὶ τῶν χοίρων.
17 ၁၇ မိမိ တို့ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။
καὶ ἤρξαντο παρακαλεῖν αὐτὸν ἀπελθεῖν ἀπὸ τῶν ὁρίων αὐτῶν.
18 ၁၈ လှေ ထဲသို့ ဝင် တော်မူသောအခါ နတ်ဆိုးစွဲ ဘူးသောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
καὶ ἐμβαίνοντος αὐτοῦ εἰς τὸ πλοῖον παρεκάλει αὐτὸν ὁ δαιμονισθεὶς ἵνα μετ’ αὐτοῦ ᾖ.
19 ၁၉ ကိုယ်တော်သည် အခွင့် မ ပေး။. သင်သည် ကိုယ် အိမ် သို့ သွား လော့။ ထာဝရ ဘုရားသည် သနား ခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို သင် ၏အဆွေအမျိုး တို့အား ပြန်ကြား လော့ ဟု မိန့် တော်မူလျှင် ၊
καὶ οὐκ ἀφῆκεν αὐτόν, ἀλλὰ λέγει αὐτῷ Ὕπαγε εἰς τὸν οἶκόν σου πρὸς τοὺς σούς, καὶ ἀπάγγειλον αὐτοῖς ὅσα ὁ Κύριός σοι πεποίηκεν καὶ ἠλέησέν σε.
20 ၂၀ ထိုသူသည် သွား ၍ ၊ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို၊ ဒေကပေါလိ ပြည် တွင် သိတင်းကြားပြော သည်ဖြစ်၍ ၊ ခပ်သိမ်း သောသူတို့သည် အံ့ဩ ခြင်းရှိကြ၏။
καὶ ἀπῆλθεν καὶ ἤρξατο κηρύσσειν ἐν τῇ Δεκαπόλει ὅσα ἐποίησεν αὐτῷ ὁ Ἰησοῦς, καὶ πάντες ἐθαύμαζον.
21 ၂၁ ယေရှု သည် ကမ်းတစ်ဘက် သို့ ကူး ပြန် ၍ အိုင် နား မှာ ရှိ တော်မူစဉ်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြ၏။
Καὶ διαπεράσαντος τοῦ Ἰησοῦ ἐν τῷ πλοίῳ πάλιν εἰς τὸ πέραν συνήχθη ὄχλος πολὺς ἐπ’ αὐτόν, καὶ ἦν παρὰ τὴν θάλασσαν.
22 ၂၂ ထိုအခါ ယာဣရု အမည် ရှိသော တရားစရပ်မှူး သည်လာ ၍ ကိုယ်တော် ကိုမြင် လျှင်၊ ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊ အကျွန်ုပ် ၏ သမီးငယ် သေ လုပါပြီ။
καὶ ἔρχεται εἷς τῶν ἀρχισυναγώγων, ὀνόματι Ἰάειρος, καὶ ἰδὼν αὐτὸν πίπτει πρὸς τοὺς πόδας αὐτοῦ,
23 ၂၃ သို့သော်လည်းကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင် ခြင်းငှာ သူ၏အပေါ်၌လက် ကိုတင် တော်မူလျင် အသက် ရှင်ပါလိမ့်မည်ဟု များစွာ တောင်းပန် ၏။
καὶ παρακαλεῖ αὐτὸν πολλὰ λέγων ὅτι Τὸ θυγάτριόν μου ἐσχάτως ἔχει, ἵνα ἐλθὼν ἐπιθῇς τὰς χεῖρας αὐτῇ, ἵνα σωθῇ καὶ ζήσῃ.
24 ၂၄ ကိုယ်တော်သည် သူ နှင့်အတူ သွား ၍ များစွာ သော လူ အပေါင်းတို့သည် ကိုယ်တော် ကို ခြံရံ လျက် ထိခိုက်တိုက်မိကြ၏။
καὶ ἀπῆλθεν μετ’ αὐτοῦ. καὶ ἠκολούθει αὐτῷ ὄχλος πολύς, καὶ συνέθλιβον αὐτόν.
25 ၂၅ ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာ စွဲ သောကြောင့် ၊
Καὶ γυνὴ οὖσα ἐν ῥύσει αἵματος δώδεκα ἔτη,
26 ၂၆ များစွာ သော ဆေးသမား တို့လက်၌ အလွန် ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန် သော်လည်း သက်သာ မ ရသည် သာမက ၊ အနာတိုး သော မိန်းမ တစ်ယောက်သည်၊
καὶ πολλὰ παθοῦσα ὑπὸ πολλῶν ἰατρῶν καὶ δαπανήσασα τὰ παρ’ αὐτῆς πάντα, καὶ μηδὲν ὠφεληθεῖσα ἀλλὰ μᾶλλον εἰς τὸ χεῖρον ἐλθοῦσα,
27 ၂၇ ယေရှု ၏သိတင်း တော်ကို ကြား သည်ရှိသော်၊
ἀκούσασα τὰ περὶ τοῦ Ἰησοῦ, ἐλθοῦσα ἐν τῷ ὄχλῳ ὄπισθεν ἥψατο τοῦ ἱματίου αὐτοῦ·
28 ၂၈ ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု ဆို သည်နှင့်၊ လူ အစုအဝေးထဲ၌ နောက် တော်သို့ လာ ၍အဝတ် တော်ကို တို့ လေ၏။
ἔλεγεν γὰρ ὅτι Ἐὰν ἅψωμαι κἂν τῶν ἱματίων αὐτοῦ σωθήσομαι.
29 ၂၉ ထိုခဏခြင်း တွင် အသွေး စုဝေး ရာခန်းခြောက် သည်ဖြစ်၍ ၊ ထို ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် ပြီဟု မိမိ ကိုယ် ၌သိ လေ၏။
καὶ εὐθὺς ἐξηράνθη ἡ πηγὴ τοῦ αἵματος αὐτῆς, καὶ ἔγνω τῷ σώματι ὅτι ἴαται ἀπὸ τῆς μάστιγος.
30 ၃၀ ယေရှု သည် မိမိ ကိုယ်မှ တန်ခိုး ထွက် သည်ကို ချက်ခြင်း သိ တော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍၊ ငါ့ အဝတ် ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူ၏။
καὶ εὐθὺς ὁ Ἰησοῦς ἐπιγνοὺς ἐν ἑαυτῷ τὴν ἐξ αὐτοῦ δύναμιν ἐξελθοῦσαν, ἐπιστραφεὶς ἐν τῷ ὄχλῳ ἔλεγεν Τίς μου ἥψατο τῶν ἱματίων;
31 ၃၁ တပည့် တော်တို့က၊ လူ အစုအဝေးသည် ကိုယ်တော် အား ထိခိုက် ကြသည်ကိုမြင် လျက်ပင်၊ ငါ့ ကို အဘယ်သူ တို့ သနည်းဟုမေး တော်မူပါသည်တကားဟု လျှောက် ကြသော်လည်း ၊
καὶ ἔλεγον αὐτῷ οἱ μαθηταὶ αὐτοῦ Βλέπεις τὸν ὄχλον συνθλίβοντά σε, καὶ λέγεις Τίς μου ἥψατο;
32 ၃၂ ကိုယ်တော်သည် ထိုသို့ ပြု သောသူ ကိုမြင် ခြင်းငှာ၊ ပတ်လည် သို့ ကြည့်ရှုတော်မူ၏။
καὶ περιεβλέπετο ἰδεῖν τὴν τοῦτο ποιήσασαν.
33 ၃၃ ထို မိန်းမ သည်ကိုယ် ၌အဘယ်သို့ ဖြစ် သည်ကိုသိ သောကြောင့် ကြောက်ရွံ့ တုန်လှုပ် လျက် အထံ တော်သို့ လာ ပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှ ကို အဟုတ်အမှန် ကြားလျှောက် လေ၏။
ἡ δὲ γυνὴ φοβηθεῖσα καὶ τρέμουσα, εἰδυῖα ὃ γέγονεν αὐτῇ, ἦλθεν καὶ προσέπεσεν αὐτῷ καὶ εἶπεν αὐτῷ πᾶσαν τὴν ἀλήθειαν.
34 ၃၄ ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကိုငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့။ ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် စေ “ဟု မိန့် တော်မူ၏။
ὁ δὲ εἶπεν αὐτῇ Θυγάτηρ, ἡ πίστις σου σέσωκέν σε· ὕπαγε εἰς εἰρήνην, καὶ ἴσθι ὑγιὴς ἀπὸ τῆς μάστιγός σου.
35 ၃၅ ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ် မှ လူလာ ၍ ၊ ကိုယ်တော် ၏သမီး သေ ပါပြီ။ အဘယ်ကြောင့် ဆရာ ကို နှောင့်ရှက် သေး သနည်းဟု ဆို ကြ၏။
Ἔτι αὐτοῦ λαλοῦντος ἔρχονται ἀπὸ τοῦ ἀρχισυναγώγου λέγοντες ὅτι Ἡ θυγάτηρ σου ἀπέθανεν· τί ἔτι σκύλλεις τὸν διδάσκαλον;
36 ၃၆ ထို စကား ကို ယေရှု သည်ကြား လျှင်၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့ ဟု တရားစရပ်မှူး အား ချက်ခြင်းမိန့် တော်မူ၏။
ὁ δὲ Ἰησοῦς παρακούσας τὸν λόγον λαλούμενον λέγει τῷ ἀρχισυναγώγῳ Μὴ φοβοῦ, μόνον πίστευε.
37 ၃၇ ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ညီ ယောဟန် မှတစ်ပါး အဘယ်သူ ကိုမျှမ လိုက် စေ ဘဲ၊
καὶ οὐκ ἀφῆκεν οὐδένα μετ’ αὐτοῦ συνακολουθῆσαι εἰ μὴ τὸν Πέτρον καὶ Ἰάκωβον καὶ Ἰωάνην τὸν ἀδελφὸν Ἰακώβου.
38 ၃၈ တရားစရပ်မှူး အိမ် သို့ ရောက် ၍ အုန်းအုန်းသဲသဲ ပြုကြသည်ကို၎င်း မြင် တော်မူလျှင် ၊
καὶ ἔρχονται εἰς τὸν οἶκον τοῦ ἀρχισυναγώγου, καὶ θεωρεῖ θόρυβον, καὶ κλαίοντας καὶ ἀλαλάζοντας πολλά,
39 ၃၉ အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲ ပြု၍ ငိုကြွေး ကြသနည်း။ သူငယ် သေ သည်မ ဟုတ်အိပ်ပျော် သည်” ဟု မိန့် တော်မူသော်၊
καὶ εἰσελθὼν λέγει αὐτοῖς Τί θορυβεῖσθε καὶ κλαίετε; τὸ παιδίον οὐκ ἀπέθανεν ἀλλὰ καθεύδει.
40 ၄၀ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။ ထိုသူ ရှိသမျှ တို့ကို ပြင်သို့ ထွက် စေပြီးမှသူငယ် ၏ မိဘ တို့ကို၎င်း ၊ ကိုယ်တော် နှင့် ပါသောသူ တို့ကို၎င်း ခေါ် ပြီးလျှင် ၊ သူငယ် လျောင်း ရာအရပ် သို့ ဝင် ၍ ၊
καὶ κατεγέλων αὐτοῦ. αὐτὸς δὲ ἐκβαλὼν πάντας παραλαμβάνει τὸν πατέρα τοῦ παιδίου καὶ τὴν μητέρα καὶ τοὺς μετ’ αὐτοῦ, καὶ εἰσπορεύεται ὅπου ἦν τὸ παιδίον.
41 ၄၁ သူငယ် ၏လက် ကို ကိုင် တော်မူလျှက် ၊ တလိသ ကုမိ ဟု မိန့် တော်မူ၏။ အနက် ကား၊ မိန်းမငယ် ထ လော့ ငါဆို ၏ဟု ဆိုလို သတည်း။
καὶ κρατήσας τῆς χειρὸς τοῦ παιδίου λέγει αὐτῇ Ταλιθὰ κούμ, ὅ ἐστιν μεθερμηνευόμενον Τὸ κοράσιον, σοὶ λέγω, ἔγειρε.
42 ၄၂ ထိုခဏခြင်း တွင် မိန်းမငယ် သည် ထ ၍ လှမ်းသွား ၏။ သူသည် တစ်ဆယ့်နှစ် နှစ် အရွယ်ရှိ ၏။ ထိုသူတို့ သည် အလွန် မိန်းမော တွေဝေခြင်းသို့ ရောက်ကြ၏။
καὶ εὐθὺς ἀνέστη τὸ κοράσιον καὶ περιεπάτει· ἦν γὰρ ἐτῶν δώδεκα. καὶ ἐξέστησαν εὐθὺς ἐκστάσει μεγάλῃ.
43 ၄၃ ထို အမူအရာကို အဘယ်သူ မျှမသိ စေမည်အကြောင်း ၊ ထိုသူ တို့ကို ကျပ်တည်း စွာ ပညတ် တော်မူ၍ ၊ “သူ့ အား စားစရာ ပေး လော့ ဟု မိန့် တော်မူ၏။
καὶ διεστείλατο αὐτοῖς πολλὰ ἵνα μηδεὶς γνοῖ τοῦτο, καὶ εἶπεν δοθῆναι αὐτῇ φαγεῖν.