< မာကု 4 >

1 နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။
Again he began to teach by the seaside. A great multitude was gathered to him, so that he entered into a boat in the sea and sat down. All the multitude were on the land by the sea.
2 ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊
He taught them many things in parables, and told them in his teaching,
3 နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”
“Listen! Behold, the farmer went out to sow.
4 အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”
As he sowed, some seed fell by the road, and the birds came and devoured it.
5 အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊”
Others fell on the rocky ground, where it had little soil, and immediately it sprang up, because it had no depth of soil.
6 နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”
When the sun had risen, it was scorched; and because it had no root, it withered away.
7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။”
Others fell amongst the thorns, and the thorns grew up and choked it, and it yielded no fruit.
8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။”
Others fell into the good ground and yielded fruit, growing up and increasing. Some produced thirty times, some sixty times, and some one hundred times as much.”
9 ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
He said, “Whoever has ears to hear, let him hear.”
10 ၁၀ ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊
When he was alone, those who were around him with the twelve asked him about the parables.
11 ၁၁ ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။”
He said to them, “To you is given the mystery of God’s Kingdom, but to those who are outside, all things are done in parables,
12 ၁၂ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။”
that ‘seeing they may see and not perceive, and hearing they may hear and not understand, lest perhaps they should turn again, and their sins should be forgiven them.’”
13 ၁၃ သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”
He said to them, “Don’t you understand this parable? How will you understand all of the parables?
14 ၁၄ မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။”
The farmer sows the word.
15 ၁၅ တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။”
The ones by the road are the ones where the word is sown; and when they have heard, immediately Satan comes and takes away the word which has been sown in them.
16 ၁၆ ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”
These in the same way are those who are sown on the rocky places, who, when they have heard the word, immediately receive it with joy.
17 ၁၇ စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။”
They have no root in themselves, but are short-lived. When oppression or persecution arises because of the word, immediately they stumble.
18 ၁၈ ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊”
Others are those who are sown amongst the thorns. These are those who have heard the word,
19 ၁၉ လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။” (aiōn g165)
and the cares of this age, and the deceitfulness of riches, and the lusts of other things entering in choke the word, and it becomes unfruitful. (aiōn g165)
20 ၂၀ ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။”
Those which were sown on the good ground are those who hear the word, accept it, and bear fruit, some thirty times, some sixty times, and some one hundred times.”
21 ၂၁ ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။”
He said to them, “Is a lamp brought to be put under a basket or under a bed? Isn’t it put on a stand?
22 ၂၂ ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။”
For there is nothing hidden except that it should be made known, neither was anything made secret but that it should come to light.
23 ၂၃ ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။”
If any man has ears to hear, let him hear.”
24 ၂၄ ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”
He said to them, “Take heed what you hear. With whatever measure you measure, it will be measured to you; and more will be given to you who hear.
25 ၂၅ အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။”
For whoever has, to him more will be given; and he who doesn’t have, even that which he has will be taken away from him.”
26 ၂၆ ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊”
He said, “God’s Kingdom is as if a man should cast seed on the earth,
27 ၂၇ ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။”
and should sleep and rise night and day, and the seed should spring up and grow, though he doesn’t know how.
28 ၂၈ မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။”
For the earth bears fruit by itself: first the blade, then the ear, then the full grain in the ear.
29 ၂၉ အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။
But when the fruit is ripe, immediately he puts in the sickle, because the harvest has come.”
30 ၃၀ ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊”
He said, “How will we liken God’s Kingdom? Or with what parable will we illustrate it?
31 ၃၁ မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”
It’s like a grain of mustard seed, which, when it is sown in the earth, though it is less than all the seeds that are on the earth,
32 ၃၂ မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”
yet when it is sown, grows up and becomes greater than all the herbs, and puts out great branches, so that the birds of the sky can lodge under its shadow.”
33 ၃၃ ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။
With many such parables he spoke the word to them, as they were able to hear it.
34 ၃၄ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။
Without a parable he didn’t speak to them; but privately to his own disciples he explained everything.
35 ၃၅ ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊
On that day, when evening had come, he said to them, “Let’s go over to the other side.”
36 ၃၆ တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။
Leaving the multitude, they took him with them, even as he was, in the boat. Other small boats were also with him.
37 ၃၇ ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။
A big wind storm arose, and the waves beat into the boat, so much that the boat was already filled.
38 ၃၈ ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊
He himself was in the stern, asleep on the cushion; and they woke him up and asked him, “Rabbi, don’t you care that we are dying?”
39 ၃၉ ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။
He awoke and rebuked the wind, and said to the sea, “Peace! Be still!” The wind ceased and there was a great calm.
40 ၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊
He said to them, “Why are you so afraid? How is it that you have no faith?”
41 ၄၁ သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
They were greatly afraid and said to one another, “Who then is this, that even the wind and the sea obey him?”

< မာကု 4 >