< မာကု 4 >
1 ၁ နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။
And again he began to teach by the sea side. And there is gathered unto him a very great multitude, so that he entered into a boat, and sat in the sea; and all the multitude were by the sea on the land.
2 ၂ ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊
And he taught them many things in parables, and said unto them in his teaching,
3 ၃ နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”
Hearken: Behold, the sower went forth to sow:
4 ၄ အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”
and it came to pass, as he sowed, some [seed] fell by the way side, and the birds came and devoured it.
5 ၅ အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊”
And other fell on the rocky [ground], where it had not much earth; and straightway it sprang up, because it had no deepness of earth:
6 ၆ နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”
and when the sun was risen, it was scorched; and because it had no root, it withered away.
7 ၇ အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။”
And other fell among the thorns, and the thorns grew up, and choked it, and it yielded no fruit.
8 ၈ အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။”
And others fell into the good ground, and yielded fruit, growing up and increasing; and brought forth, thirtyfold, and sixtyfold, and a hundredfold.
9 ၉ ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။
And he said, Who hath ears to hear, let him hear.
10 ၁၀ ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊
And when he was alone, they that were about him with the twelve asked of him the parables.
11 ၁၁ ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။”
And he said unto them, Unto you is given the mystery of the kingdom of God: but unto them that are without, all things are done in parables:
12 ၁၂ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။”
that seeing they may see, and not perceive; and hearing they may hear, and not understand; lest haply they should turn again, and it should be forgiven them.
13 ၁၃ သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”
And he saith unto them, Know ye not this parable? and how shall ye know all the parables?
14 ၁၄ မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။”
The sower soweth the word.
15 ၁၅ တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။”
And these are they by the way side, where the word is sown; and when they have heard, straightway cometh Satan, and taketh away the word which hath been sown in them.
16 ၁၆ ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”
And these in like manner are they that are sown upon the rocky [places], who, when they have heard the word, straightway receive it with joy;
17 ၁၇ စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။”
and they have no root in themselves, but endure for a while; then, when tribulation or persecution ariseth because of the word, straightway they stumble.
18 ၁၈ ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊”
And others are they that are sown among the thorns; these are they that have heard the word,
19 ၁၉ လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။” (aiōn )
and the cares of the world, and the deceitfulness of riches, and the lusts of other things entering in, choke the word, and it becometh unfruitful. (aiōn )
20 ၂၀ ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။”
And those are they that were sown upon the good ground; such as hear the word, and accept it, and bear fruit, thirtyfold, and sixtyfold, and a hundredfold.
21 ၂၁ ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။”
And he said unto them, Is the lamp brought to be put under the bushel, or under the bed, [and] not to be put on the stand?
22 ၂၂ ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။”
For there is nothing hid, save that it should be manifested; neither was [anything] made secret, but that it should come to light.
23 ၂၃ ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။”
If any man hath ears to hear, let him hear.
24 ၂၄ ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”
And he said unto them, Take heed what ye hear: with what measure ye mete it shall be measured unto you: and more shall be given unto you.
25 ၂၅ အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။”
For he that hath, to him shall be given: and he that hath not, from him shall be taken away even that which he hath.
26 ၂၆ ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊”
And he said, So is the kingdom of God, as if a man should cast seed upon the earth;
27 ၂၇ ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။”
and should sleep and rise night and day, and the seed should spring up and grow, he knoweth not how.
28 ၂၈ မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။”
The earth beareth fruit of herself; first the blade, then the ear, then the full corn in the ear.
29 ၂၉ အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။
But when the fruit is ripe, straightway he putteth forth the sickle, because the harvest is come.
30 ၃၀ ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊”
And he said, How shall we liken the kingdom of God? or in what parable shall we set it forth?
31 ၃၁ မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”
It is like a grain of mustard seed, which, when it is sown upon the earth, though it be less than all the seeds that are upon the earth,
32 ၃၂ မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”
yet when it is sown, groweth up, and becometh greater than all the herbs, and putteth out great branches; so that the birds of the heaven can lodge under the shadow thereof.
33 ၃၃ ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။
And with many such parables spake he the word unto them, as they were able to hear it:
34 ၃၄ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။
and without a parable spake he not unto them: but privately to his own disciples he expounded all things.
35 ၃၅ ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊
And on that day, when even was come, he saith unto them, Let us go over unto the other side.
36 ၃၆ တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။
And leaving the multitude, they take him with them, even as he was, in the boat. And other boats were with him.
37 ၃၇ ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။
And there ariseth a great storm of wind, and the waves beat into the boat, insomuch that the boat was now filling.
38 ၃၈ ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊
And he himself was in the stern, asleep on the cushion: and they awake him, and say unto him, Master, carest thou not that we perish?
39 ၃၉ ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။
And he awoke, and rebuked the wind, and said unto the sea, Peace, be still. And the wind ceased, and there was a great calm.
40 ၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊
And he said unto them, Why are ye fearful? have ye not yet faith?
41 ၄၁ သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
And they feared exceedingly, and said one to another, Who then is this, that even the wind and the sea obey him?