< မာကု 3 >
1 ၁ တရားစရပ် သို့ တစ်ဖန် ဝင် တော်မူ၍ ၊ ထို စရပ်၌ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ ၏။
Once again Jesus went into the synagogue, and a man was there who had a withered hand.
2 ၂ ဥပုသ်နေ့ ၌ သူ ၏ရောဂါကိုငြိမ်း စေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ၍ချောင်းကြည့် ကြ၏။
Now the Pharisees were watching Jesus closely to see if he would heal the man on the Sabbath, so that they could accuse him.
3 ၃ ကိုယ်တော်ကလည်း၊ အလယ် ၌ မတ်တတ် နေလော့ ဟု လက် တစ်ဘက်သေ သောသူ အား မိန့်တော်မူ ပြီးမှ ၊
And he said to the man with the withered hand, “Rise and come forward.”
4 ၄ ဥပုသ်နေ့ ၌ ကျေးဇူး ပြုအပ် သလော၊ သူ့အကျိုးကိုဖျက်ဆီး အပ်သလော၊ အသက် ကို ကယ် အပ်သလော၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ် စွာနေကြ၏။
Then Jesus said to them, “Is it lawful on the Sabbath to do good or to do evil, to save life or to kill?” But they were silent.
5 ၅ ထိုအခါ အမျက် တော်နှင့် သူ တို့ကို ပတ်လည်ကြည့်ရှု ၍ သူ တို့စိတ် နှလုံးမိုက် သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင် ၏လက် ကိုဆန့် လော့ ဟု ထိုသူ အား မိန့် တော်မူ၍ သူသည် မိမိလက်ကိုဆန့် လျှင် ၊ ထို လက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။
After looking around at them with anger, grieved by the hardness of their hearts, he said to the man, “Stretch out yoʋr hand.” So he stretched it out, and his hand was restored, becoming as sound as the other.
6 ၆ ထိုအခါ ဖာရိရှဲ တို့သည်ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ ဖျက်ဆီး ရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်း တိုင်ပင် ကြ၏။
Then the Pharisees went out and immediately took counsel with the Herodians against Jesus as to how they might destroy him.
7 ၇ ယေရှု သည် တပည့် တော်တို့နှင့်အတူ အိုင် နား သို့ ပြောင်း ကြွတော်မူ၍ ၊ ဂါလိလဲ ပြည်၊
But Jesus withdrew with his disciples to the sea, and a great multitude from Galilee followed him, and also from Judea,
8 ၈ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဣဒုမဲ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာကြသောလူ များ အပေါင်း တို့နှင့် တုရု မြို့၊ ဇိဒုန် မြို့ ပတ်ဝန်းကျင် အရပ်တို့မှ လာကြသော လူများ အပေါင်း တို့သည် ပြု တော်မူသမျှ ကို ကြား လျှင် အထံ တော်သို့ လာ ကြ၏။
Jerusalem, Idumea, and beyond the Jordan. A great multitude of people from around Tyre and Sidon also came to him when they heard about everything he was doing.
9 ၉ လူ များတို့သည် ကိုယ်တော် ကိုဝန်းရံ၍ မ ထိခိုက် စေမည်အကြောင်း ၊ ကိုယ်တော် ၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိ စေခြင်းငှာ တပည့် တော်တို့အား အမိန့် တော်ရှိ၏။
Then he told his disciples to have a small boat ready for him, so that the crowd would not crush him.
10 ၁၀ အကြောင်းမူကား ၊ လူများ တို့အား ချမ်းသာ ပေးတော်မူသောကြောင့် ၊ ရောဂါ ဝေဒနာ နှိပ်စက် သောသူ ရှိသမျှ တို့သည် ကိုယ်တော် ကို တို့ ခြင်းငှာ တွန်း ကြ၏။
For he had healed many, so that all who had afflictions were pressing toward him to touch him.
11 ၁၁ ညစ်ညူး သောနတ် တို့သည်လည်း ကိုယ်တော် ကိုမြင် သောအခါ ပြပ်ဝပ် ၍၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ဟု ဟစ်ကြော် ကြ၏။
Whenever the unclean spirits saw him, they would fall down before him and cry out, “Yoʋ are the Son of God.”
12 ၁၂ သိတင်းတော်ကို မ ပွင့် စေမည်အကြောင်း သူ တို့အား ကြပ်တည်း စွာ ပညတ် တော်မူ၏။
But he would strictly warn them not to make him known.
13 ၁၃ ထိုအခါ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ အလို တော်ရှိသောသူ တို့ကို ခေါ် တော်မူလျှင် ၊ အထံ တော်သို့ လာ ကြ၏။
Afterward Jesus went up on the mountain and called for those whom he wanted, and they came to him.
14 ၁၄ ကိုယ်တော် နှင့်အတူ ရှိ နေစေခြင်းငှာ ၎င်း၊ တရား ဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
He appointed twelve so that they might be with him and so that he might send them out to preach
15 ၁၅ နတ်ဆိုး တို့ကို နှင်ထုတ် နိုင်သောအခွင့် နှင့် စေလွှတ် ခြင်းငှာ ၎င်း၊ တစ်ကျိပ် နှစ်ပါးသောသူ တည်းဟူသော၊
and to have authority to heal diseases and cast out demons.
16 ၁၆ ပေတရု အမည် သစ်ကို ပေး တော်မူသောရှိမုန် ၊
He appointed Simon (whom he gave the name Peter);
17 ၁၇ မိုဃ်းကြိုး သား ဟု ဆိုလို သော ဗောနေရဂက် အမည် သစ်ကို ပေး တော်မူသော ဇေဗေဒဲ ၏သား နှစ် ယောက်ယာကုပ် နှင့် ယောဟန် ၊
James the son of Zebedee and John the brother of James (whom he gave the name Boanerges, which means, Sons of Thunder);
18 ၁၈ အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မသ္သဲ ၊ သောမ ၊ အာလဖဲ ၏သား ယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ် လူရှိမုန် ၊
Andrew, Philip, Bartholomew, Matthew, Thomas, James the son of Alphaeus, Thaddaeus, Simon the Cananite,
19 ၁၉ ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ် တို့ကို ခန့်ထား တော်မူ၏။
and Judas Iscariot, who betrayed him. Then they entered a house,
20 ၂၀ ထိုသူ တို့သည် အိမ် သို့ ဝင် ကြလျှင် ၊ အစာ ကို မ စား နိုင် သည့်တိုင်အောင် လူ များတို့သည် တစ်ဖန် စုဝေး ကြပြန်၏။
and a crowd came together again, so that Jesus and his disciples could not even eat bread.
21 ၂၁ ကိုယ်တော် ၏ အဆွေအမျိုး တို့သည်ကြား လျှင် ၊ သူသည် အရူး ဖြစ်၏ဟုဆို ၍ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာထွက်သွား ကြ၏။
When his family heard about it, they went out to restrain him, for they said, “He is out of his mind.”
22 ၂၂ ယေရုရှလင် မြို့မှ လာ သော ကျမ်းပြု ဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲ သောသူဖြစ်၏။ နတ်ဆိုး မင်း ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။
But the scribes who had come down from Jerusalem said, “He is possessed by Beelzebul,” and, “By the ruler of demons he casts out demons.”
23 ၂၃ ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ဥပမာ ကို ဆောင်တော်မူလျက်၊ စာတန် သည် စာတန် ကို အဘယ်သို့ နှင်ထုတ် နိုင် သနည်း။”
So Jesus called them over and said to them in parables, “How can Satan cast out Satan?
24 ၂၄ “တိုင်း နိုင်ငံသည် မိမိ နှင့် မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”
If a kingdom is divided against itself, that kingdom cannot stand.
25 ၂၅ အိမ် သည်လည်း မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”
And if a house is divided against itself, that house cannot stand.
26 ၂၆ စာတန် သည် မိမိ တစ်ဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင် မ တည် နိုင် ဘဲ ဆုံး ခြင်းသို့ ရောက် လိမ့်မည်။”
And if Satan has risen up against himself and is divided, he cannot stand, but has come to an end.
27 ၂၇ သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ သူ၏ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို အဘယ်သူ မျှမလု မ ယူနိုင် ။ သူရဲ ကိုချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။”
No one can enter the house of a strong man and plunder his goods unless he first binds the strong man. Then he can plunder his house.
28 ၂၈ ငါအမှန် ဆို သည်ကား၊ ပြစ်မှား သောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူ သား တို့သည် ရနိုင်ကြ၏။”
“Truly I say to you, all sins will be forgiven the sons of men, and whatever blasphemies they utter.
29 ၂၉ သန့်ရှင်း သောဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ သည် အပြစ်လွတ် စေခြင်းအခွင့်ကို အဘယ် ကာလ၌ မျှ မ ရ နိုင်ကြ။ ထာဝရ အပြစ် ဒဏ် ကို ခံရသောသူဖြစ် ပေ၏ ဟု မိန့်တော်မူ၏။ (aiōn , aiōnios )
But whoever blasphemes against the Holy Spirit never has forgiveness, but is subject to eternal judgment.” (aiōn , aiōnios )
30 ၃၀ အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူး သောနတ် စွဲ သောသူ ဖြစ်သည်ဟု ဆို ကြသတည်း။
He said this because they were saying, “He has an unclean spirit.”
31 ၃၁ ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည်လာ ၍ ပြင် မှာရပ် နေလျက် ၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော် ထံသို့ စေလွှတ် ၍ ခေါ် ကြ၏။
Then Jesus' brothers and mother came, and standing outside, they sent word to him and called for him.
32 ၃၂ ခြံရံ လျက်ထိုင် သောသူများ တို့က၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုရှာ လျက် ပြင် မှာရှိကြပါ၏ဟုလျှောက် လျှင် ၊
There was a crowd sitting around Jesus, and they said to him, “Behold, yoʋr mother, yoʋr brothers, and yoʋr sisters are outside looking for yoʋ.”
33 ၃၃ ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း” ဟု မေး တော်မူ၍ ၊
But he answered them, “Who is my mother, or my brothers?”
34 ၃၄ ခြံရံ လျက်ထိုင် သောသူ တို့ကို ပတ်လည် ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။”
And looking around in a circle at the people sitting there, he said, “Behold, these are my mother and my brothers!
35 ၃၅ ဘုရားသခင် ၏အလို တော်ကို ဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
For whoever does the will of God is my brother and my sister and mother.”