< မာကု 3 >

1 တရားစရပ် သို့ တစ်ဖန် ဝင် တော်မူ၍ ၊ ထို စရပ်၌ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ ၏။
And he went again into the Synagogue; and there was a man there whose hand was dead.
2 ဥပုသ်နေ့ ၌ သူ ၏ရောဂါကိုငြိမ်း စေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ၍ချောင်းကြည့် ကြ၏။
And they were watching him to see if he would make him well on the Sabbath day, so that they might have something against him.
3 ကိုယ်တော်ကလည်း၊ အလယ် ၌ မတ်တတ် နေလော့ ဟု လက် တစ်ဘက်သေ သောသူ အား မိန့်တော်မူ ပြီးမှ ၊
And he said to the man, Get up and come forward.
4 ဥပုသ်နေ့ ၌ ကျေးဇူး ပြုအပ် သလော၊ သူ့အကျိုးကိုဖျက်ဆီး အပ်သလော၊ အသက် ကို ကယ် အပ်သလော၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ် စွာနေကြ၏။
And he said to them, Is it right to do good on the Sabbath or to do evil? to give life or to put to death? But they said nothing.
5 ထိုအခါ အမျက် တော်နှင့် သူ တို့ကို ပတ်လည်ကြည့်ရှု ၍ သူ တို့စိတ် နှလုံးမိုက် သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင် ၏လက် ကိုဆန့် လော့ ဟု ထိုသူ အား မိန့် တော်မူ၍ သူသည် မိမိလက်ကိုဆန့် လျှင် ၊ ထို လက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။
And looking round on them he was angry, being sad because of their hard hearts; and he said to the man, Put out your hand. And he put it out, and his hand was made well.
6 ထိုအခါ ဖာရိရှဲ တို့သည်ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ ဖျက်ဆီး ရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်း တိုင်ပင် ကြ၏။
And the Pharisees went out, and straight away made designs with the Herodians about how they might put him to death.
7 ယေရှု သည် တပည့် တော်တို့နှင့်အတူ အိုင် နား သို့ ပြောင်း ကြွတော်မူ၍ ၊ ဂါလိလဲ ပြည်၊
And Jesus went away with his disciples to the sea, and a great number from Galilee came after him: and from Judaea,
8 ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဣဒုမဲ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာကြသောလူ များ အပေါင်း တို့နှင့် တုရု မြို့၊ ဇိဒုန် မြို့ ပတ်ဝန်းကျင် အရပ်တို့မှ လာကြသော လူများ အပေါင်း တို့သည် ပြု တော်မူသမျှ ကို ကြား လျှင် အထံ တော်သို့ လာ ကြ၏။
And from Jerusalem, and from Idumaea, and the other side of Jordan, and the country about Tyre and Sidon, a great number, hearing what great things he did, came to him.
9 လူ များတို့သည် ကိုယ်တော် ကိုဝန်းရံ၍ မ ထိခိုက် စေမည်အကြောင်း ၊ ကိုယ်တော် ၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိ စေခြင်းငှာ တပည့် တော်တို့အား အမိန့် တော်ရှိ၏။
And he made a request to his disciples to have a little boat ready for him, so that he might not be crushed by the people;
10 ၁၀ အကြောင်းမူကား ၊ လူများ တို့အား ချမ်းသာ ပေးတော်မူသောကြောင့် ၊ ရောဂါ ဝေဒနာ နှိပ်စက် သောသူ ရှိသမျှ တို့သည် ကိုယ်တော် ကို တို့ ခြင်းငှာ တွန်း ကြ၏။
For he had made such a great number well that all those who were diseased were falling down before him for the purpose of touching him.
11 ၁၁ ညစ်ညူး သောနတ် တို့သည်လည်း ကိုယ်တော် ကိုမြင် သောအခါ ပြပ်ဝပ် ၍၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ဟု ဟစ်ကြော် ကြ၏။
And the unclean spirits, whenever they saw him, went down before him, crying out, and saying, You are the Son of God.
12 ၁၂ သိတင်းတော်ကို မ ပွင့် စေမည်အကြောင်း သူ တို့အား ကြပ်တည်း စွာ ပညတ် တော်မူ၏။
And he gave them special orders not to say who he was.
13 ၁၃ ထိုအခါ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ အလို တော်ရှိသောသူ တို့ကို ခေါ် တော်မူလျှင် ၊ အထံ တော်သို့ လာ ကြ၏။
And he went up into the mountain, and sent for those whom it was his pleasure to have with him: and they went to him.
14 ၁၄ ကိုယ်တော် နှင့်အတူ ရှိ နေစေခြင်းငှာ ၎င်း၊ တရား ဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊
And he took twelve to be with him, so that he might send them out as preachers,
15 ၁၅ နတ်ဆိုး တို့ကို နှင်ထုတ် နိုင်သောအခွင့် နှင့် စေလွှတ် ခြင်းငှာ ၎င်း၊ တစ်ကျိပ် နှစ်ပါးသောသူ တည်းဟူသော၊
And give them the power of driving out evil spirits:
16 ၁၆ ပေတရု အမည် သစ်ကို ပေး တော်မူသောရှိမုန် ၊
To Simon he gave the second name of Peter;
17 ၁၇ မိုဃ်းကြိုး သား ဟု ဆိုလို သော ဗောနေရဂက် အမည် သစ်ကို ပေး တော်မူသော ဇေဗေဒဲ ၏သား နှစ် ယောက်ယာကုပ် နှင့် ယောဟန် ၊
And to James, the son of Zebedee, and John, the brother of James, he gave the second name of Boanerges, which is, Sons of thunder:
18 ၁၈ အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မသ္သဲ ၊ သောမ ၊ အာလဖဲ ၏သား ယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ် လူရှိမုန် ၊
And Andrew, and Philip, and Bartholomew, and Matthew, and Thomas, and James, the son of Alphaeus, and Thaddaeus, and Simon the Zealot;
19 ၁၉ ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ် တို့ကို ခန့်ထား တော်မူ၏။
And Judas Iscariot, who was false to him.
20 ၂၀ ထိုသူ တို့သည် အိမ် သို့ ဝင် ကြလျှင် ၊ အစာ ကို မ စား နိုင် သည့်တိုင်အောင် လူ များတို့သည် တစ်ဖန် စုဝေး ကြပြန်၏။
And he went into a house. And the people came together again, so that they were not even able to take bread.
21 ၂၁ ကိုယ်တော် ၏ အဆွေအမျိုး တို့သည်ကြား လျှင် ၊ သူသည် အရူး ဖြစ်၏ဟုဆို ၍ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာထွက်သွား ကြ၏။
And when his friends had news of it, they went out to get him, saying, He is off his head.
22 ၂၂ ယေရုရှလင် မြို့မှ လာ သော ကျမ်းပြု ဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲ သောသူဖြစ်၏။ နတ်ဆိုး မင်း ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။
And the scribes who came down from Jerusalem, said, He has Beelzebub, and, By the ruler of evil spirits he sends evil spirits out of men.
23 ၂၃ ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ဥပမာ ကို ဆောင်တော်မူလျက်၊ စာတန် သည် စာတန် ကို အဘယ်သို့ နှင်ထုတ် နိုင် သနည်း။”
And turning to them, he said to them in the form of a story, How is it possible for Satan to put out Satan?
24 ၂၄ “တိုင်း နိုင်ငံသည် မိမိ နှင့် မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”
If there is division in a kingdom, that kingdom will come to destruction;
25 ၂၅ အိမ် သည်လည်း မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”
And if there is division in a house, that house will come to destruction;
26 ၂၆ စာတန် သည် မိမိ တစ်ဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင် မ တည် နိုင် ဘဲ ဆုံး ခြင်းသို့ ရောက် လိမ့်မည်။”
And if Satan is at war with himself, and there is division in him, he will not keep his place but will come to an end.
27 ၂၇ သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ သူ၏ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို အဘယ်သူ မျှမလု မ ယူနိုင် ။ သူရဲ ကိုချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။”
But no one is able to go into the house of the strong man and take his goods, without first putting cords round the strong man, and then he will take his goods.
28 ၂၈ ငါအမှန် ဆို သည်ကား၊ ပြစ်မှား သောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူ သား တို့သည် ရနိုင်ကြ၏။”
Truly, I say to you, The sons of men will have forgiveness for all their sins and for all the evil words they say:
29 ၂၉ သန့်ရှင်း သောဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ သည် အပြစ်လွတ် စေခြင်းအခွင့်ကို အဘယ် ကာလ၌ မျှ မ ရ နိုင်ကြ။ ထာဝရ အပြစ် ဒဏ် ကို ခံရသောသူဖြစ် ပေ၏ ဟု မိန့်တော်မူ၏။ (aiōn g165, aiōnios g166)
But whoever says evil things against the Holy Spirit will never have forgiveness, but the evil he has done will be with him for ever: (aiōn g165, aiōnios g166)
30 ၃၀ အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူး သောနတ် စွဲ သောသူ ဖြစ်သည်ဟု ဆို ကြသတည်း။
Because they said, He has an unclean spirit.
31 ၃၁ ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည်လာ ၍ ပြင် မှာရပ် နေလျက် ၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော် ထံသို့ စေလွှတ် ၍ ခေါ် ကြ၏။
And his mother and brothers came and were outside, and sent for him, requesting to see him.
32 ၃၂ ခြံရံ လျက်ထိုင် သောသူများ တို့က၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုရှာ လျက် ပြင် မှာရှိကြပါ၏ဟုလျှောက် လျှင် ၊
And a great number were seated round him; and they said to him, See, your mother and your brothers are outside looking for you.
33 ၃၃ ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း” ဟု မေး တော်မူ၍ ၊
And he said in answer, Who are my mother and my brothers?
34 ၃၄ ခြံရံ လျက်ထိုင် သောသူ တို့ကို ပတ်လည် ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။”
And looking round at those who were seated about him, he said, See, my mother and my brothers!
35 ၃၅ ဘုရားသခင် ၏အလို တော်ကို ဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
Whoever does God's pleasure, the same is my brother, and sister, and mother.

< မာကု 3 >