< မာကု 16 >
1 ၁ ဥပုသ်နေ့ လွန် မှမာဂဒလ မာရိ ၊ ယာကုပ် ၏အမိဖြစ်သော မာရိ နှင့် ရှာလုံ တို့သည်သွား ၍၊ အလောင်း တော်ကို လိမ်း ခြင်းငှာ နံ့သာမျိုး ကိုဝယ် ပြီးလျှင် ၊
When the Sabbath was past, Maryam Magdelaitha, and Maryam the mother of Yaquv, and Shalum, bought spices, that they might come and anoint him.
2 ၂ ခုနစ် ရက်တွင် ပဌမ နေ့ရက်နံနက် စောစော ၊ နေ ထွက် သောအချိန်၌ သင်္ချိုင်း တော်သို့ သွား ကြ၏။
Very early on the first day of the week, they came to the tomb when the sun had risen.
3 ၃ ထိုမိန်းမတို့က၊ တွင်း ဝ ၌ ပိတ်သောကျောက် ကို အဘယ်သူ လှိမ့်လှန် ၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆို ပြီးမှ ကြည့်ရှု လျှင် ၊ ထို ကျောက် သည် လှိမ့်လှန်လျက်ရှိ သည်ကို မြင် ကြ၏။
They were saying among themselves, "Who will roll away the stone from the door of the tomb for us?"
4 ၄ ထိုကျောက်ကားအလွန် ကြီး သောကျောက် ဖြစ် သတည်း။
for it was very big. Looking up, they saw that the stone was rolled back.
5 ၅ မိန်းမတို့သည် တွင်း ထဲသို့ ဝင် ကြပြီးလျှင် ၊ လုလင် တစ်ယောက်သည် ဖြူစင် ရှည်လျားသောအင်္ကျီ ကိုဝတ် လျက်လက်ျာ ဘက်၌ ထိုင် သည်ကိုမြင် ၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။
Entering into the tomb, they saw a young man sitting on the right side, dressed in a white robe, and they were amazed.
6 ၆ ထိုသူ ကလည်း ၊ ထိတ်လန့် မိန်းမောခြင်းမ ရှိကြနှင့်။ လက်ဝါးကပ်တိုင် မှာ သတ်သောနာဇရက် မြို့သားယေရှု ကို သင်တို့ရှာ ကြ၏။ ထိုသူသည် ထမြောက် တော်မူပြီ။ ဤ အရပ်၌မ ရှိ ။ အလောင်း တော် ထား ရာ အရပ် ကိုကြည့် ကြလော့။
He said to them, "Do not be amazed. You seek Yeshua, the Natsraya, who has been crucified. He has risen. He is not here. Look, the place where they put him.
7 ၇ သင် တို့ရှေ့ ဂါလိလဲ ပြည်သို့ ကြွတော်မူကြောင်း ကို၊ ပေတရု မှစ၍ တပည့် တော်တို့အား သွား ၍ပြော ကြ လော့။ အထက်ကမိန့် တော်မူသည်အတိုင်း ၊ ထို ပြည်၌ သင်တို့သည် ကိုယ်တော် ကိုတွေ့မြင် ရကြလိမ့်မည်ဟု ပြောဆို ၏။
But go, tell his disciples and Kipha, 'He goes before you into Galila. There you will see him, as he said to you.'"
8 ၈ ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်း တော်မှ ထွက် ၍ တုန်လှုပ် လျက် ၊ မိန်းမော တွေဝေလျက်ပြေး ကြ၏၊ ကြောက်လန့် သောကြောင့် အဘယ်သူ ကိုမျှ မ ပြော မဆိုကြ။
They went out, and fled from the tomb, for trembling and astonishment had come on them. They said nothing to anyone; for they were afraid.
9 ၉ (note: The most reliable and earliest manuscripts do not include Mark 16:9-20.) ကိုယ်တော်သည် ခုနစ် ရက်တွင် ပဌမ နေ့ရက်စောစော အချိန်၌ထမြောက် ပြီးမှ ၊ အထက် က နတ်ဆိုး ခုနစ် ယောက်ကို နှင်ထုတ် တော်မူသော မာဂဒလ မာရိ အား ရှေးဦးစွာ ကိုယ်ကိုပြ တော်မူ၏။
(note: The most reliable and earliest manuscripts do not include Mark 16:9-20.) Now when he had risen early on the first day of the week, he appeared first to Maryam Magdelaitha, from whom he had cast out seven demons.
10 ၁၀ မာရိလည်းသွား ၍ကိုယ်တော် နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွား ငိုကြွေး လျက် နေ ကြစဉ်တွင်၊ သူ တို့အားထို သိတင်းကို ကြားပြော လေ၏။
She went and told those who had been with him, as they mourned and wept.
11 ၁၁ ကိုယ်တော်သည် အသက်ရှင် တော်မူသည်ကို၎င်း ၊ မာရိ သည် ကိုယ်တော်ကိုမြင် ရသည်ကို၎င်း ၊ သူ တို့ သည်ကြား လျှင် မ ယုံကြ။
When they heard that he was alive, and had been seen by her, they disbelieved.
12 ၁၂ ထိုနောက် တပည့် တော်နှစ် ယောက်တို့သည် တောရွာ သို့ သွား စဉ်တွင်ကိုယ်တော်သည်ခြားနား သော အရောင် ကိုဆောင် လျက် ကိုယ်ကိုပြ တော်မူ၏။
And after these things he appeared in another form to two of them, as they walked on their way into the country.
13 ၁၃ သူ တို့သည်ပြန်လာ ၍ အခြား သော တပည့်တော် တို့အား ထို သိတင်းကို ကြားပြော သော်လည်း မ ယုံ ဘဲ နေကြ၏။
And they went away and told it to the rest. They did not believe them, either.
14 ၁၄ ထိုနောက် တစ်ကျိပ် တစ်ပါးသောသူ တို့သည် စားပွဲ၌ လျောင်း ကြစဉ်တွင် ကိုယ်တော်ကိုပြ တော်မူ၍၊ ထမြောက် လျက်ရှိသော ကိုယ်တော် ကိုမြင် သောသူတို့၏ စကားကိုမ ယုံ သောကြောင့် သူ တို့မယုံတတ်သော စိတ်၊ ခိုင်မာ သောစိတ်ကို ဆုံးမ၍ အပြစ်တင် တော်မူပြီးမှ ၊
Afterward he was revealed to the eleven themselves as they were reclining, and he rebuked them for their unbelief and hardness of heart, because they did not believe those who had seen him after he had risen.
15 ၁၅ “သင်တို့သည် လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ သို့ သွား ၍၊ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟော ကြလော့။”
And he said to them, "Go into all the world, and proclaim the Good News to the whole creation.
16 ၁၆ “ယုံကြည် ၍ ဗတ္တိဇံ ကိုခံသောသူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူ မူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။”
He who believes and is baptized will be saved; but he who disbelieves will be condemned.
17 ၁၇ ယုံကြည် သောသူ တို့၌ ဖြစ် အံ့သောနိမိတ် လက္ခဏာဟူမူကား ၊ ငါ ၏နာမ ကို အမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် ကြလတံ့။ ထူးခြား သောဘာသာ စကားမျိုးတို့ကို ပြော ကြလတံ့။”
And these signs will accompany those who believe: In my name they will cast out demons; they will speak with new tongues;
18 ၁၈ မြွေ တို့ကို ဘမ်းကိုင် ကြလတံ့။ သေ စေတတ် သော အဆိပ်အတောက် ကို သောက် စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ် ကြလတံ့။ မကျန်းမမာ သောသူတို့အပေါ်မှာ လက် ကိုတင် ၍ ချမ်းသာ ပေးကြလတံ့ ဟု မိန့်တော်မူ၏။
they will pick up serpents; and if they drink any deadly thing, it will not harm them; they will place their hands on the sick, and they will be made well."
19 ၁၉ ထိုသို့ သခင် ဘုရားသည် တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံတော်မူ၍ ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ထိုင် နေတော်မူ၏။
So then the Lord Yeshua, after he had spoken to them, was taken up into heaven, and sat down at the right hand of God.
20 ၂၀ တပည့် တော်တို့သည်လည်း ထွက်သွား ၍၊ သခင် ဘုရားသည် မစ တော်မူသည်နှင့်၎င်း ၊ သူတို့၌ဖြစ် သောနိမိတ် လက္ခဏာအားဖြင့် နှုတ်ကပတ် တရားတော်ကိုတည် စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်း သောအရပ်တို့၌ တရား ဟောကြ၏။
And they went out and preached everywhere, the Lord working with them and confirming the message by the signs that followed.