< မာကု 15 >
1 ၁ နံနက် အချိန်တွင် ယဇ်ပုရောဟိတ် အကြီးတို့သည် မ ဆိုင်းမလင့်ဘဲ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာ၊ လွှတ် အရာရှိအပေါင်း တို့နှင့် တိုင်ပင် ခြင်းကိုပြု၍၊ ယေရှု ကိုချည်နှောင် ပြီးလျှင် ၊ ပိလတ် မင်းထံသို့ဆောင်သွား ၍ အပ် လိုက်ကြ၏။
2 ၂ ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ကိုယ်တော် ကိုမေး လျှင် ၊ မင်းကြီး မေး သည်အတိုင်းမှန်သည်” ဟု မိန့် တော်မူ၏။
3 ၃ ယဇ်ပုရောဟိတ် အကြီးတို့သည် များစွာ သောအပြစ် ကိုတင်ကြ၏။
4 ၄ တစ်ဖန် ပိလတ် မင်းက၊ သင်သည် တစ်ခွန်း ကိုမျှပြန် ၍ မ ပြောသလော။ သင့် တစ်ဘက်၌ အဘယ်မျှလောက် သက်သေခံ ကြသည်ကို ကြည့် ပါဟု မေးမြန်း ပြောဆို သော်လည်း ၊
5 ၅ စကားတစ်ခွန်း ကိုမျှပြန် တော်မ မူသည်ကို ပိလတ် မင်းသည် အံ့ဩ လေ၏။
6 ၆ ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်း ထားသောသူတို့တွင်၊ လူများတောင်း သောသူ တစ် ယောက်ယောက်ကို လွှတ် တတ်၏။
7 ၇ ထိုအခါ ပုန်ကန် ၍ လူအသက်ကိုသတ် သော အပြစ်သင့် သော ဗာရဗ္ဗ အမည် ရှိသောသူ တစ်ယောက် သည်၊ ပုန်ကန် သောအပေါင်းအဘော်တို့နှင့်တကွ အကျဉ်းခံ လျက်ရှိ၏။
8 ၈ လူ အပေါင်းတို့သည် မိမိ တို့အား ပြုမြဲပြု ပါမည်အကြောင်း အော်ဟစ်၍ တောင်းပန် သောအခါ ၊
9 ၉ ပိလတ် မင်းက၊ သင်တို့သည် ယုဒ ရှင်ဘုရင် ကို လွှတ် စေချင် သလောဟု ပြန် ၍မေး ၏။
10 ၁၀ အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ် အကြီးတို့သည် မနာလို သောစိတ်နှင့် ယေရှု ကိုအပ်နှံ ကြောင်း ကိုသိ ၏။
11 ၁၁ ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗ ကို လွှတ် စေခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့သည် လူအစုအဝေး ကို နှိုးဆော် ကြ၏။
12 ၁၂ တစ်ဖန် ပိလတ် မင်းက၊ ယုဒ ရှင်ဘုရင် ဟု သင်တို့ခေါ်ဝေါ် သောသူ ကိုအဘယ်သို့ ပြု ရမည်နည်းဟု မေးမြန်း သော်၊
13 ၁၃ ထိုသူအပေါင်းတို့က၊ သူ့ ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု ဟစ် ကြ၏။
14 ၁၄ ပိလတ် မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ် အပြစ် ကို ပြု ဘိသနည်းဟု မေး လျှင်၊ ထိုသူ ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူ များတို့သည်သာ၍ ဟစ် ကြ၏။
15 ၁၅ ပိလတ် မင်းသည်လည်း လူ များတို့၏စိတ်ကို ပြေစေခြင်းငှာအလိုရှိ ၍၊ ဗာရဗ္ဗ ကို သူ တို့အား လွှတ် လေ ၏။ ယေရှု ကိုကား၊ ရိုက် ပြီးလျှင် လက်ဝါးကပ်တိုင် မှာ သတ်စေခြင်းငှာ အပ် လိုက်လေ၏။
16 ၁၆ ထိုအခါ စစ်သူရဲ တို့သည် ကိုယ်တော် ကို ပြဲတောရိရုံး တည်းဟူသောအိမ်တော်ဦး အတွင်း သို့ဆောင်သွား ၍၊ စစ်သူရဲ တတပ်လုံးကို စုရုံး စေပြီးမှ ၊ ကိုယ်တော် အား နီမောင်း သောအဝတ်ကိုဝတ် စေ၍ ၊
17 ၁၇ ဆူး ပင်နှင့်ရက် သော ဦးရစ် ကိုတင် ပြီးလျှင် ၊
18 ၁၈ ယုဒ ရှင်ဘုရင် ၊ ကိုယ်တော် သည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး စကားကို ပြောကြ၏။
19 ၁၉ ခေါင်း တော်ကို ကျူလုံး နှင့် ရိုက် ခြင်း၊ တံထွေး နှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူး ထောက် ၍ ပြပ်ဝပ် ခြင်း ကိုလည်း ပြုကြ၏။
20 ၂၀ ထိုသို့ ကိုယ်တော် ကို ပြက်ယယ်ပြု သည်နောက် ၊ နီမောင်း သောအဝတ်ကိုချွတ် ၍ အဝတ် တော်ကို ဝတ် ပြန်စေပြီးလျှင် ၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားခြင်းငှာ ထုတ်သွား ကြ၏။
21 ၂၁ အာလေဇန္ဒြု နှင့် ရုဖု ၏ အဘ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်သည်၊ တောရွာ မှ လာ ၍ လမ်း၌သွား သည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
22 ၂၂ ဦးခေါင်းခွံ အရပ် ဟု ဆိုလို သောဂေါလဂေါသ အရပ် သို့ ကိုယ်တော် ကို ဆောင်သွား ပြီးမှ ၊
23 ၂၃ မုရန် နှင့်ရောသော စပျစ်ရည် ကို၊ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လျှင် မ ခံ ဘဲ နေတော်မူ၏။
24 ၂၄ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပြီးလျှင် ၊ အဝတ် တော်ကို စားရေးတံ ချ ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။
25 ၂၅ ကိုယ်တော် ကို လက်ဝါးကပ်တိုင် မှာ ရိုက်ကြသောအချိန်ကား၊ နံနက် တချက်တီးအချိန် ဖြစ် သတည်း။
26 ၂၆ အပြစ် ဖော်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ဟု ရေး ထားသတည်း။
27 ၂၇ ကိုယ်တော် နှင့်တကွ ဓားပြ နှစ် ယောက်တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။
28 ၂၈ ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
29 ၂၉ လမ်းမှာသွား သောသူ တို့ကလည်း ၊ ဟဲ့ ၊ ဗိမာန် တော်ကို ဖြိုဖျက် ၍ သုံး ရက် အတွင်း တွင် တည်ဆောက် ပြန်သောသူ ၊
30 ၃၀ ကိုယ်ကိုကိုယ် ကယ်တင် လော့။ လက်ဝါးကပ်တိုင် မှ ဆင်း လော့ဟု မိမိ တို့ခေါင်း ကိုညိတ် ၍ ကဲ့ရဲ့ သော စကားနှင့် ပြောဆို ကြ၏။
31 ၃၁ ထိုနည်းတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့က၊ ဤသူသည် သူတစ်ပါး တို့ကို ကယ်တင် တတ် ၏။ ကိုယ် ကိုမ ကယ်တင် နိုင် ပါတကား။
32 ၃၂ ငါတို့ မြင်၍ ယုံကြည် စေခြင်းငှာ ၊ ဣသရေလ ရှင်ဘုရင် တည်းဟူသောခရစ်တော် သည် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလော့ဟု အချင်းချင်း ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူ တို့သည်လည်း ကဲ့ရဲ့ ပြစ်တင်ကြ၏။
33 ၃၃ မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
34 ၃၄ သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကိုစွန့်ပစ် တော်မူသနည်းဟု ဆိုလို သတည်း။
35 ၃၅ အနား၌ရပ် နေသော သူ အချို့ တို့သည်ကြား လျှင်၊ သူသည်ဧလိယ ကို ခေါ် သည်ဟုဆို ကြ၏။
36 ၃၆ လူတစ် ယောက်သည် ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌တပ် ၍ ကိုယ်တော် အား သောက် စိမ့်သောငှာပေးလျက်၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုချယူ ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြကုန်အံ့ဟုဆို ၏။
37 ၃၇ ယေရှု သည်ကြီး သောအသံ နှင့် ကြွေးကြော် ၍ အသက် ချုပ်တော်မူ၏။
38 ၃၈ ထိုအခါ ဗိမာန် တော်၏ ကုလားကာ သည် အထက် စွန်းမှ အောက် စွန်းတိုင်အောင် စုတ်ကွဲ လေ၏။
39 ၃၉ ထိုသို့ ကြွေးကြော်၍ အသက် ချုပ်တော်မူကြောင်း ကိုရှေ့ တော်၌ရပ် နေသော တပ်မှူး သည်မြင် လျှင်၊ စင်စစ် ဤ သူ သည် ဘုရားသခင် ၏သား တော်မှန် ပေ၏ဟုဆို ၏။
40 ၄၀ မိန်းမ အချို့တို့သည်လည်း ထိုအရပ်၌ အဝေး က ကြည့်ရှု ၍ နေ ကြ၏။
41 ၄၁ ထို မိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲ ပြည်မှာ ရှိတော်မူ စဉ် ၊ နောက် တော်သို့ အလုပ်အကျွေး လိုက် သော မာဂဒလ မာရိ ၊ ယာကုပ် ငယ် နှင့် ယောသေ ၏ အမိ ဖြစ်သောမာရိ နှင့် ရှာလုံ တို့မှစ၍ နောက်တော်၌ ယေရုရှလင် မြို့သို့ လိုက် လာသောအခြား မိန်းမများ လည်း ပါကြသတည်း။
42 ၄၂ ထိုနေ့ကား အဘိတ်နေ့ တည်းဟူသော ပရက္ကု နေ့ဖြစ် သောကြောင့် ည အချိန်ရောက် မှ၊
43 ၄၃ အသရေ ရှိသော လွှတ် အရာရှိ၊ အရိမသဲ မြို့သားယောသပ် သည်၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သောသူ ဖြစ် သည်နှင့် ၊ ပိလတ် မင်းထံသို့ ရဲရင့် စွာဝင် ၍ ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။
44 ၄၄ ယေရှုသည်ယခုပင် သေ သည်ကို ပိလတ် မင်းသည် အံ့ဩ ခြင်းရှိသဖြင့် တပ်မှူး ကိုခေါ် ၍၊ သေ သည်ကား ကြာ ပြီလောဟုမေး ၏။
45 ၄၅ သေကြောင်းကို တပ်မှူး စကားဖြင့် သိ လျှင် ၊ အလောင်း တော်ကို ယောသပ် အားအပ်ပေး ၏။
46 ၄၆ ယောသပ်သည် ကိုယ်တော် ကိုချ ၍၊ မိမိဝယ် ခဲ့သော ပိတ်ချော နှင့်ပတ်ရစ် ပြီးလျှင် ၊ ကျောက် ၌ ထွင်း သော သင်္ချိုင်း တွင်းထဲမှာ ထား ၍ တွင်း ၌ ကျောက် ကိုလှိမ့် ထားလေ၏။
47 ၄၇ မာဂဒလ မာရိ ၊ ယောသေ ၏ အမိ ဖြစ်သော မာရိ တို့သည် အလောင်း တော် ထား ရာ အရပ် သို့ ကြည့်ရှု ကြ၏။