< မာကု 14 >
1 ၁ ထိုနောက် နှစ် ရက် လွန် လျှင် ပသခါ အဇုမ ပွဲရှိ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ ပရိယာယ် အားဖြင့် ဘမ်းဆီး ၍ သတ် ရအံ့နည်းဟု ရှာကြံ ကြ၏။
၁ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဘမ်းဆီး၍ သတ်ရအံ့နည်းဟု ရှာကြံကြ၏။
2 ၂ သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကို စိုးရိမ် ၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟုပြောဆို ကြ၏။
၂သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ၏။
3 ၃ ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသော လူနူ ၏အိမ် ၌ ကိုယ်တော် ရှိ တော်မူသည်ဖြစ်၍ ၊ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် နှင့်ပြည့်သော ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ကိုယ်တော် သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူ ခွက်ကိုခွဲ ပြီးမှခေါင်း တော်ပေါ်၌သွန်းလောင်း လေ၏။
၃ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော်ရှိတော်မူသည်ဖြစ်၍၊ မိန်းမတယောက် သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မစဉ်၊ ကျောက်ဖြူခွင်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။
4 ၄ အချို့ တို့သည် ဒေါသ စိတ်ရှိ သည်ဖြစ်၍၊ ထို ဆီမွှေး ကို အဘယ်ကြောင့် အကျိုးမဲ့ ဆုံး စေသနည်း။
၄အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း။
5 ၅ ဒေနာရိ အပြားသုံးရာ မက သောအဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး စရာကောင်းသည်ဟု ဆို၍ထိုမိန်းမ ကိုအပြစ်တင် ကြ၏။
၅ဒေနာရိအပြားသုံးရာမကသော အဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကိုအပြစ်ထင်ကြ၏။
6 ၆ ယေရှု ကလည်း ထိုမိန်းမ ကိုရှိ စေတော့။ အဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကို ပြု ပြီ။”
၆ယေရှုကလည်းထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။
7 ၇ ဆင်းရဲ သောသူ တို့သည် သင်တို့၌ အစဉ် ရှိ ကြ၏ သင်တို့ အလိုရှိသည်အတိုင်း သူ တို့အားကျေးဇူး ပြု နိုင် ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။”
၇ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အားကျေးဇူးပြုနိုင် ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။
8 ၈ ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။”
၈ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ၊ ငါ့ကိုယ်ကို ဆီမွှေး နှင့် လူးနှင့်သတည်း။
9 ၉ “ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤ မိန်းမကို အောက်မေ့ စရာဘို့ သူပြု သောဤအမှု ကို ကြားပြော ရကြလတံ့” ဟုမိန့်တော်မူ၏။
၉ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟုမိန့်တော်မူ၏။
10 ၁၀ ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ် သည် ကိုယ်တော် ကိုအပ် ခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား လေ၏။
၁၀ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။
11 ၁၁ ထိုသူ တို့သည် ကြား လျင်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော် ကို အဘယ်သို့ အပ် ရမည်နည်းဟု ရှာကြံ လျက်နေ၏။
၁၁ထိုသူတို့သည် ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။
12 ၁၂ ပသခါ သိုးငယ်ကို သတ် သောနေ့တည်းဟူသောအဇုမ ပွဲပဌမ နေ့ ၌ တပည့် တော်တို့သည် အထံ တော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
၁၂ပသခါသိုးငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံတော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
13 ၁၃ ကိုယ်တော် သည် တပည့် တော်နှစ် ယောက်တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် မြို့ ထဲသို့ သွား ကြ။ ရေ အိုး ဆောင် သောသူ ကို တွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ ၊”
၁၃ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊
14 ၁၄ သူဝင် သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို စား ရသောဧည့်သည်အခန်း ကား၊ အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ်ရှင် ကို ပြော ကြလော့။”
၁၄သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည် တို့နှင့်တကွ ပသခါပွဲကို စားရသောဧည့်သည် အခန်း ကား၊ အဘယ်မှရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
15 ၁၅ ထိုသူ သည် အသင့် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကိုပြ လိမ့်မည်။ ထို အခန်း၌ ငါ တို့ဘို့ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
၁၅ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
16 ၁၆ တပည့် တော်တို့သည်သွား ၍ မြို့ ထဲသို့ ဝင် လျှင် ၊ စကား တော်အတိုင်း တွေ့ ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
၁၆တပည့်တော်တို့သည်သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
17 ၁၇ ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာ တော်မူ၏။
၁၇ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။
18 ၁၈ စားပွဲ၌လျောင်း ၍ စား နေကြစဉ်တွင်၊ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ သင် တို့အဝင် ဖြစ်၍ ငါ နှင့်အတူ စား သောသူ တစ်စုံတစ်ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
၁၈စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင်၊
19 ၁၉ တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော၊ အကျွန်ုပ် လောဟု တစ် ယောက်နောက် တစ် ယောက် အသီးအသီးမေးလျှောက် ကြ၏။
၁၉တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ၏။
20 ၂၀ ကိုယ်တော်ကလည်း ၊ တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်၍ငါ နှင့်အတူ ပုကန် တွင် နှိုက် သောသူ သည် ငါ့ကို အပ်နှံလိမ့်မည်။”
၂၀ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပုန်ကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။
21 ၂၁ ကျမ်းစာ လာသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သား ကို အပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကို မ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
၂၁ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဘွားမြင်ခြင်းကို မခံရလျှင်အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။
22 ၂၂ ထိုအခါ စား လျက်နေကြစဉ်တွင်ယေရှုသည်မုန့် ကိုယူ ၍၊ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့် ကားငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စားကြလော့” ဟု မိန့် တော်မူလျက် တပည့် တော်တို့အား ပေး တော်မူ၏။
၂၂ထိုအခါစားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့် ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။
23 ၂၃ ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှသူ တို့အား ပေး တော်မူလျှင် ၊ ထိုသူရှိသမျှ တို့သည် သောက် ကြ၏။
၂၃ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။
24 ၂၄ ကိုယ်တော်ကလည်း ၊ ဤ ခွက်ကား၊ ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍၊ လူများ အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။”
၂၄ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။
25 ၂၅ ငါအမှန် ဆို သည်ကား၊ ဤ စပျစ်ရည် မျိုးအသစ် ကို ဘုရားသခင် ၏နိုင်ငံ တော်၌ ငါမ သောက် မှီ နေ့ တိုင်အောင် ယခုမှစ၍တစ်ဖန်ငါမ သောက်ရ “ဟု မိန့် တော်မူ၏။
၂၅ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။
26 ၂၆ ထိုနောက် သီချင်းဆို ပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
၂၆ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
27 ၂၇ ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကို ငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှ သည် ငါ့ကြောင့် စိတ်ပျက် ကြလိမ့်မည်။”
၂၇ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။
28 ၂၈ သို့သော်လည်း ငါ သည်ထမြောက် ပြီးမှ သင် တို့ရှေ့ ၊ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊2”
၂၈သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊
29 ၂၉ ပေတရု က၊ ဤသူရှိသမျှ တို့သည် စိတ်ပျက် ကြသော်လည်း အကျွန်ုပ် သည် စိတ်မ ပျက်ပါဟု လျှောက် လေ၏။
၂၉ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက် လေ၏။
30 ၃၀ ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင်ပင် ကြက် သည်နှစ်ကြိမ် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
၃၀ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊
31 ၃၁ ပေတရုက၊ ကိုယ်တော် နှင့်တကွသေ ရ သော်လည်း အကျွန်ုပ်သည် ကိုယ်တော် ကိုမ ငြင်း မပယ်ပါဟု သာ၍ခိုင်ခံ့ သောစကားနှင့် လျှောက် ပြန်၏။ ထိုသူအပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
၃၁ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
32 ၃၂ ထိုအခါ ဂေသရှေမန် အရပ် သို့ ရောက် ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်း စဉ် တွင်သင်တို့သည်ဤ အရပ်၌ ထိုင် နေကြလော့” ဟု တပည့် တော်တို့အား မိန့်တော်မူ ပြီးမှ ၊
၃၂ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤ အရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊
33 ၃၃ ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
၃၃ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော် မူ၏။
34 ၃၄ ထိုအခါ ငါ သည်သေ လောက် အောင်စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ စောင့် နေ ကြလော့ ဟု တပည့် တော်သုံးယောက်တို့အား မိန့် တော်မူ၍၊
၃၄ထိုအခါ ငါသည်သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊
35 ၃၅ ထိုမှအနည်းငယ် လွန် ပြန်လျှင် ၊ မြေ ပေါ်မှာ ပြပ်ဝပ် ၍ အိုအဘ ခမည်းတော် ၊”
၃၅ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပြပ်ဝပ်၍ အိုအဘခမည်းတော်၊
36 ၃၆ ကိုယ်တော် သည် အလုံးစုံ တို့ကိုတတ်နိုင် တော်မူ၏။ ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်းမ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟူ၍ထို အချိန် နာရီ သည် မိမိ နှင့် လွန်သွားနိုင် လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်း တော်မူပြီးမှ ၊
၃၆ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊
37 ၃၇ ပြန်လာ ၍ တပည့် တော်တို့သည် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော် သလော။ တစ် နာရီ ခန့်မျှစောင့် နေခြင်းငှာမ စွမ်းနိုင် သလော။”
၃၇ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။
38 ၃၈ စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက် စောင့် နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အားမိန့် တော်မူပြီးမှ ၊
၃၈စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအားမိန့်တော်မူပြီးမှ၊
39 ၃၉ တစ်ဖန် သွား ၍ ရှေ့မြွက်ဆို သည်နည်းတူ ဆုတောင်း တော်မူ၏။
၃၉တဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။
40 ၄၀ ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍၊ သူ တို့သည်မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက်နေကြ သည်ကို တွေ့ တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက် ရမည်ကို မ သိ ကြ။
၄၀ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။
41 ၄၁ သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။”
၄၁သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန် ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။
42 ၄၂ ထ ကြ။ ငါတို့သည်သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
၄၂ထကြ။ ငါတို့သည်သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
43 ၄၃ ထိုသို့ မိန့် တော်မူစဉ် တွင်ပင်တပည့်တော် တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာလူ အကြီးအကဲများစေလွှတ်သောလူ အစုအဝေးအပေါင်းတို့သည် ဓား နှင့် ဒုတ် များကိုကိုင်လျက် ချက်ခြင်း လာ ကြ၏။
၄၃ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ် ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ။ လူအပေါင်းတို့သည် ထားနှင့်ဒုတ်များကိုကိုင်လျက် ချက်ခြင်းလာကြ၏။
44 ၄၄ ကိုယ်တော် ကိုအပ်နှံ သောသူ က၊ ငါနမ်း သောသူ သည်ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ၍ လုံခြုံ စွာ ဆောင်သွား ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း ၊
၄၄ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်း၍ လုံခြုံစွာ ဆောင် သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
45 ၄၅ သူသည် ရောက် လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ အရှင်ဘုရားဟုဆို လျက် နမ်း လေ၏။
၄၅သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။
46 ၄၆ ထိုသူတို့သည် လာ၍ ကိုယ်တော် ကိုဆွဲကိုင် ဘမ်းဆီး ကြ၏။
၄၆ထိုသူတို့သည် လာ၍ ကိုယ်တော်ကိုဆွဲကိုင် ဘမ်းဆီးကြ၏။
47 ၄၇ အနား၌ ရပ် နေသောသူ တစ် ယောက်သည် ဓား ကို ဆွဲထုတ် ပြီးလျှင်၊ ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် နားရွက် ပြတ် လေ၏။
၄၇အနား၌ ရပ်နေသော သူတယောက်သည် ထားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တ ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။
48 ၄၈ ယေရှု ကလည်း သင်တို့သည် ဓားပြ ကို ဘမ်းသကဲ့သို့ ငါ့ ကိုဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား၊”
၄၈ယေရှုကလည်း သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက် စွဲလျက်လာကြသည်တကား၊
49 ၄၉ ငါသည် ဗိမာန် တော်၌ နေ့ တိုင်း ဆုံးမ ဩဝါဒပေးလျက် ၊ သင် တို့အလယ်၌ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဖမ်း မဆီးကြ။ ဤအကြောင်းအရာကား၊”
၄၉ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊
50 ၅၀ ကျမ်းစာ ပြည်စုံ မည်အကြောင်း တည်း ဟု ထိုလူ များကို မိန့် တော်မူ၏။
၅၀ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။
51 ၅၁ ထိုအခါ တပည့်တော်အပေါင်း တို့သည် ကိုယ်တော် ကိုစွန့်ပစ် ၍ ပြေး ကြ၏။ လုလင် တစ် ယောက်သည် စောင် တစ်ထည်ကိုသာဝတ် လျက် နောက်တော်သို့လိုက် သည်ဖြစ်၍ ၊ မင်းလုလင်တို့သည် ထိုလုလင် ကို ဘမ်းဆီး ကြ၏။
၅၁ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီး ကြ၏။
52 ၅၂ သူ သည်လည်း စောင် ကိုစွန့်ပစ် ၍ အဝတ် မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေး လေ၏။
၅၂သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။
53 ၅၃ ထိုသူတို့သည် ယေရှု ကို ယဇ်ပုရောဟိတ် မင်းထံသို့ ဆောင်သွား ကြ၏။ ထိုမင်းထံ၌ယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာအပေါင်း တို့သည် စည်းဝေး ကြ၏။
၅၃ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ် အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။
54 ၅၄ ပေတရု သည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး အတွင်း သို့ တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာ လိုက် ပြီးလျှင် ၊ မင်း လုလင်တို့နှင့်အတူ ထိုင် ၍ မီး လှုံ လေ၏။
၅၄ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာ လိုက် ပြီးလျှင်၊ မင်းလုလင်တို့နှင့်တအူထိုင်၍မီးလှုံလေ၏။
55 ၅၅ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကို သတ် ရမည်အကြောင်း သက်သေ ကို ရှာ သော်လည်း မ တွေ့ ကြ။
၅၅ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက် သေကို ရှာသော်လည်းမတွေ့ကြ။
56 ၅၆ လူများ တို့သည် မမှန် သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံ ချက်သည်မ ညီ ။
၅၆လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။
57 ၅၇ အချို့ တို့သည်ထ ၍၊ ဤသူက၊ လူတို့လက် ဖြင့် လုပ်သော၊
၅၇အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊
58 ၅၈ ဤ ဗိမာန် တော်ကို ငါ ဖြိုဖျက် ၍ လူတို့ လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက် မည်ဟု ပြောဆို သည်ကို အကျွန်ုပ် တို့ကြား ရပါပြီဟု သက်သေခံ ကြ၏။
၅၈ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။
59 ၅၉ သို့သော်လည်း သူ တို့၏ သက်သေခံ ချက်သည် မ ညီ ။
၅၉သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။
60 ၆၀ ယဇ်ပုရောဟိတ် မင်းသည် အလယ် ၌ မတ်တပ်ထ ၍၊ သင်သည် တခွန်းမျှ ပြန် ၍မ ပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟု ယေရှု ကိုမေး လျှင်၊
၆၀ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တပ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊
61 ၆၁ ကိုယ်တော်သည် တခွန်းမျှ ပြန်ပြော တော်မ မူဘဲတိတ်ဆိတ်စွာ နေ၏။ တစ်ဖန် ယဇ်ပုရောဟိတ် မင်းက၊ သင် သည် ခရစ်တော် တည်းဟူသောမင်္ဂလာ ရှိသောဘုရားသခင်၏သား တော် မှန် သလောဟု မေး ပြန်လျှင် ၊
၆၁ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မြေးပြန်လျှင်၊
62 ၆၂ ယေရှု က၊ မှန် ၏။ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက်၊ မိုဃ်း တိမ် ကို စီး၍ ကြွလာ သည်ကို သင်တို့မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
၆၂ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
63 ၆၃ ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကို ဆုတ် လျက်အဘယ် သက်သေ ကို လို သေး သနည်း။
၆၃ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း။
64 ၆၄ ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြား ရပြီ။ အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော် သည် အသေခံ ထိုက် ကြောင်းကို ထိုသူ အပေါင်း တို့သည် စီရင် ကြ၏။
၆၄ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်း လျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။
65 ၆၅ ထိုအခါ အချို့ တို့သည် ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်သီးနှင့် ထိုး လျက် ၊ ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ မင်း လုလင်တို့သည်လည်း ပါး တော်ကို လက်နှင့်ပုတ် ကြ ၏။
၆၅ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏။
66 ၆၆ ပေတရု သည်အောက် မှာ အိမ်ဦး ၌ ရှိ စဉ်၊ ယဇ်ပုရောဟိတ် မင်း၏ အစေအပါး မိန်းမတစ် ယောက်သည် လာ ၍ ၊
၆၆ပေတရုသည်အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါးမိန်းမတယောက်သည် လာ၍၊
67 ၆၇ ပေတရု သည် မီးလှုံ လျက်နေသည်ကို မြင် သောအခါသူ့ ကိုစေ့စေ့ကြည့် ၍၊ သင် သည်လည်း နာဇရက် မြို့သားယေရှု နှင့် ပေါင်းဖေါ်သောသူဖြစ် သည်ဟု ဆို လျှင် ၊
၆၇ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင်၊
68 ၆၈ ပေတရုက၊ သင် ပြော သောအရာ ကိုငါမ သိ ၊ နား မ လည်ဟု ငြင်းခုံ ပြီးမှ အိမ်ဦး ရှေ့သို့ ထွက် သော် ကြက် တွန် လေ၏။
၆၈ပေတရုက၊ သင်ပြောသောအရာကိုငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။
69 ၆၉ နောက်တစ်ဖန် အစေအပါး မိန်းမသည် ပေတရု ကိုမြင် လျှင် ၊ အနား၌ ရပ် နေသောသူ တို့အား၊ ဤသူ သည် ထိုသူ တို့ အဝင် ဖြစ် သည်ဟုဆို သော်။
၆၉နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော်။
70 ၇၀ ပေတရု သည် တစ်ဖန် ငြင်းခုံ ပြန်၏၊ ထိုနောက်များမကြာ အနား၌ ရပ် နေသောသူ တို့က၊ အကယ်စင်စစ် သင်သည် ထိုသူ တို့အဝင် ဖြစ် ၏။ သင်သည် ဂါလိလဲ လူဖြစ် ၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆို ကြလျှင် ၊
၇၀ပေတရုသည် တဖန်ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊
71 ၇၁ ပေတရုက၊ သင်တို့ပြော သောသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို သည်နောက် ၊
၇၁ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ကျိန်ဆိုသည်နောက်၊
72 ၇၂ တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။
၇၂တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။