< မာကု 12 >

1 ထိုအခါ ဥပမာ အားဖြင့် မိန့် တော်မူသည်ကား၊ လူ တစ်ဦးသည် စပျစ် ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ် ပြီးမှ စပျစ်သီး နယ်ရာကျင်းကိုတူး လေ၏။ မှီခိုရာလင့်စင် ကိုလည်း ဆောက် လေ၏။ လုပ်ဆောင် သောသူတို့ အား ဥယျာဉ် ကိုငှား ၍ ၊ အခြားသောပြည်သို့သွား လေ၏။”
Then addressing them in parables, he said, A man planted a vineyard, and hedged it about, and dug a place for a wine vat, and built a tower, and having farmed it out, went abroad.
2 ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့ လက်မှ စပျစ် သီး ကိုခံ စေခြင်းငှာ သူ တို့ရှိရာ သို့ ငယ်သား ကို စေလွှတ် လေ၏။”
The season being come, he sent a servant to the husbandmen, to receive his portion of the fruits of the vineyard.
3 ထိုသူတို့သည် ငယ်သား ကိုဘမ်းဆီး ၍ ရိုက် ပြီးမှ လက်ချည်း လွှတ် လိုက်ကြ၏။”
But they seized him, beat him, and sent him away empty.
4 နောက်တစ်ဖန် အခြား သော ငယ်သား ကိုသူ တို့ရှိရာသို့ စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ ၏ခေါင်း ကိုမှန်၍ အရှက်ခွဲ ပြီးမှလွှတ်လိုက်ကြ၏။”
Again, he sent to them another servant, whom they wounded in the head with stones, and sent back with disgrace.
5 အခြား သောသူငယ်သားကို စေလွှတ် ပြန်လျှင် ၊ သူ့ ကိုသတ် ကြ၏။ အခြား သောငယ်သားများ တို့တွင် အချို့ ကိုရိုက် ကြ၏။ အချို့ တို့ကိုသတ် ကြ၏။”
He sent another, whom they killed; and of many more that he sent, some they beat, and some they killed.
6 ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ် သား တစ်ယောက်တည်း ရှိ သေး သည်ဖြစ်၍၊ ထိုသူတို့သည် ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိသား ကို နောက်ဆုံး ၌ စေလွှတ် လေ၏။”
At last, having an only son, whom he loved, he sent him also to them; for he said, They will reverence my son.
7 ဥယျာဉ်စောင့် တို့ကလည်း ၊ ဤသူ သည်အမွေခံ ဖြစ် ၏။ လာ ကြ၊ သူ့ ကို သတ် ကြကုန်အံ့။ ထိုသို့ သူ ၏ အမွေ ဥစ္စာကို ငါ တို့ရ ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင် ၍၊”
But those husbandmen said among themselves, This is the heir; come, let us kill him, and the inheritance will be our own.
8 ဥယျာဉ်ရှင်၏သားကို ဘမ်းယူ ပြီးမှ သတ် ၍ ဥယျာဉ် ပြင် သို့ ထုတ်ပစ် ကြ၏။”
Then they laid hold on him, and having thrust him out of the vineyard, they killed him.
9 သို့ဖြစ်လျှင် ၊ ဥယျာဉ် ရှင် သည် အဘယ်သို့ ပြု မည်နည်း၊ သူသည်လာ ၍ ဥယျာဉ်စောင့် တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည်။”
What, therefore, will the proprietor of the vineyard do? He will come and destroy the husbandmen, and give the vineyard to others.
10 ၁၀ တိုက်ကိုတည်လုပ် သောသူ များပယ် ထားသောကျောက် သည် နောက်တစ်ဖန်တိုက် ထောင့် အထွဋ် အဖျား သို့ ရောက် ပြန်၏။ ထို အမှုသည် ထာဝရ ဘုရားပြုတော်မူသောအမှုဖြစ် ၏။”
Have you not read this passage of scripture, "A stone which the builders rejected, is made the head of the corner:
11 ၁၁ ငါ တို့မျက်မှောက် ၌ လည်း ၊ အံ့ဩဘွယ် ဖြစ် ၏ဟူသောစကားကိုကျမ်းစာ ၌ သင်တို့သည် မ ဘတ် ဘူး သလော ဟု မိန့်တော်မူ၏။
this the Lord has performed, and we behold it with admiration?"
12 ၁၂ ထိုသူတို့သည် မိမိ တို့ကိုရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကို သိ သောကြောင့် ၊ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာရှာကြံ ကြ၏။ သို့သော်လည်း စုဝေး သောသူ တို့ကို ကြောက် သောကြောင့် အထံ တော်မှ ထွက်သွား ကြ၏။
And they desired to have seized him, but were afraid of the multitude; for they knew that he spoke the parable against them.
13 ၁၃ တစ်ဖန် စကား ကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲ တို့နှင့် ဟေရုဒ် တပည့်အချို့ တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။
Then the chief priests, the scribes, and the elders, leaving Jesus, went away, and sent to him certain Pharisees and Herodians, to catch him in his words.
14 ၁၄ ထိုသူတို့သည် ချဉ်းကပ် ၍ ၊ အရှင် ဘုရား၊ ကိုယ်တော်သည်သစ္စာ ရှိ ပါ၏။ အဘယ်သူ ကိုမျှမ ကြောက် ၊ လူ မျက်နှာ ကို မ ထောက် ဘဲ ဘုရားသခင် ၏တရား လမ်း ကို ဟုတ်မှန်စွာပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။ ကဲသာ ဘုရင်အား အခွန် ဆက် အပ် သလော၊ မ ဆက်အပ်သလော။
These coming up, said to him, Rabbi, we know that you are upright, and stand in awe of none; for you respect not the person of men, but teach the way of God faithfully. Is it lawful to give tribute to Cesar, or not?
15 ၁၅ အကျွန်ုပ်တို့သည် ဆက် ရမည်လော၊ မ ဆက် ရမည်လောဟု မေးလျှောက် ကြ၏။ ကိုယ်တော် သည် ထို သူ တို့၏လျှို့ဝှက် ခြင်းကို သိ တော်မူလျှင် ၊ သင်တို့သည် ငါ့ ကိုအဘယ်ကြောင့် စုံစမ်း နှောင့်ယှက်ကြသနည်း။ ဒေနာရိ တစ်ပြားကို ငါကြည့် ဘို့ ယူခဲ့ ကြ” ဟု မိန့် တော်မူ၍၊
Shall we give, or shall we not give? He, perceiving their artifice, answered, Why would you entangle me? Bring me a denarius, that I may see it.
16 ၁၆ သူတို့သည်ယူခဲ့ ကြ၏။ ဤ ပုံ ၊ ဤ လိပ်စာ ကားအဘယ်သူ ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေး တော်မူလျှင် ၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက် ကြသော် ၊
When they had brought, he asked them, Whose is the image and inscription? They answered, Cesar's.
17 ၁၇ ယေရှု ကလည်း ၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ၊ ဘုရားသခင် အားဆက်ပေးကြလော့ ဟု မိန့် တော်မူသည်ကို သူတို့သည် အံ့ဩ ခြင်းရှိကြ၏။
Jesus replied, Render to Cesar that which is Cesar's, and to God that which is God's. And they wondered at him.
18 ၁၈ ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟူ၍အယူ ရှိသောဇဒ္ဒုကဲ တို့သည်လည်းအထံ တော်သို့ ချည်းကပ် ၍ ၊
Then Sadducees came to him, who say that there is no future life, and proposed this questions:
19 ၁၉ အရှင် ဘုရား၊ လူမည်သည်ကား သား မ ရှိ ဘဲ သေ သွား၍ မယား ကျန်ရစ် လျှင် ၊ သူ့ ညီ သည် ထို မိန်းမ ကိုသိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွှယ် စေဟု အကျွန်ုပ် တို့အား မောရှေ စီရင်ရေး ထားပါပြီ။
Rabbi, Moses has enacted, that if a man's brother die, survived by a wife without children, he shall marry the widow, and raise issue to his brother.
20 ၂၀ ညီအစ်ကို ခုနှစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမ နှင့်စုံဘက် ၍ သား မ ရှိ ဘဲသေ လျှင် ၊
Now there were seven brothers. The first took a wife, and dying, left no issue.
21 ၂၁ သူ ၏မယား ကိုသူ့ညီ အကြီးသိမ်းယူ ၍ သား မ ရှိဘဲသေ ပြန်လေ၏။
The second married her, and died; neither did he leave any issue; so did also the third.
22 ၂၂ ထို့အတူ တတိယ သူ မှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ် ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမ ကိုသိမ်းယူ၍ သား ကိုမ ကျန်ရစ် စေကြ။ နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
Thus all seven married her, and left no issue. Last of all, the woman also died.
23 ၂၃ သို့ဖြစ်၍ထမြောက် ရာကာလ၌ သူတို့သည်ထမြောက် ကြသောအခါ ထိုမိန်းမသည်အဘယ်သူ ၏မယား ဖြစ် ပါမည်နည်း။ ထို ခုနစ် ယောက်တို့သည် ထိုမိန်းမ နှင့်စုံဘက် ခြင်းကို ပြုကြပြီဟု မေးလျှောက် ကြ၏။
At the resurrection, therefore, when they are risen, to which of the seven will she belong; for she has been the wife of them all?
24 ၂၄ ယေရှု ကလည်း၊ သင်တို့သည်ကျမ်းစာ ကို နား မ လည်၊ ဘုရားသခင် ၏တန်ခိုး တော်ကို မ သိသောကြောင့် မှား သောအယူကိုယူကြ၏။”
Jesus answering, said to them, Is not this the source of your error, your not knowing the scriptures, nor the power of God?
25 ၂၅ သေ ခြင်းမှ ထမြောက် သောအခါ စုံဘက် ခြင်းကိုမ ပြု၊ ထိမ်းမြား ပေးစားခြင်းကိုမ ပြု၊ ကောင်းကင် တမန် ကဲ့သို့ ဖြစ် ကြ၏။”
For there will be neither marrying, nor giving in marriage, among them who rise from the dead. They will then resemble the angels.
26 ၂၆ ထိုမှတစ်ပါးသေ လွန်သောသူ တို့သည် ထမြောက် ခြင်းအရာမှာ၊ ဘုရားသခင် ကငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟု မောရှေ အား မိန့် တော်မူကြောင်းကို မောရှေ ၏ကျမ်း ၊ ချုံ ခဏ်း၌ သင်တို့သည်မ ဘတ် ဘူးသလော။”
But as to the dead, that they are raised, have you not read in the book of Moses, how God spoke to him in the bush, saying, "I am the God of Abraham, and the God of Isaac, and the God of Jacob."
27 ၂၇ ဘုရားသခင်သည် သေ နေသောသူတို့၏ဘုရား မ ဟုတ် ၊ အသက် ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန် မှား ကြသည်” ဟု မိန့် တော်မူ၏။
God is not a God of the dead, but of the living. Therefore you greatly err.
28 ၂၈ ထိုသို့ ဆွေးနွေး ငြင်းခုံကြသည်ကို ကျမ်းပြု ဆရာတစ် ယောက်သည်ကြား ၍၊ ကိုယ်တော်သည် လျောက်ပတ် စွာ ပြန်ပြော တော်မူသည်ကို သိမြင် လျှင် အထံတော်သို့ချဉ်းကပ် ၍ ၊ ပညတ်တကာ တို့တွင် အဘယ် မည် သော ပညတ် သည်သာ၍ မြတ်သနည်းဟု မေးလျှောက် သော်၊
A scribe, who had heard them dispute, perceiving the justness of his reply, came to him, and proposed this question: Which is the chief commandment of all?
29 ၂၉ ယေရှု က၊ ပညတ်တကာတို့တွင် အမြတ်ဆုံး သောပညတ်ဟူမူကား၊ အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ဘုရားသခင် ထာဝရ ဘုရားသည် တစ်ဆူတည်း သောထာဝရ ဘုရားဖြစ် တော်မူ၏။ ထာဝရဘုရား သည် တစ်ပါးတည်းဖြစ်တော်မူ၏။”
Jesus answered, The chief of all the commandments is, "Hearken, Israel, the Lord is our God. The Lord is one:"
30 ၃၀ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို စိတ် နှလုံး အကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။”
and, "You shall love the Lord your God with all your heart, and with all your soul, and with all your mind, and with all your strength." This is the first commandment.
31 ၃၁ ထိုမှတပါးကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ဒုတိယ ပညတ်သည် ပဌမ ပညတ် နှင့်သဘောတူ၏။ ဤ ပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ် မ ရှိ “ဟုပြန်၍ မိန့် တော်မူ၏။
The second resembles it: "You shall love your neighbor as yourself." There is no commandment greater than these.
32 ၃၂ ကျမ်းပြု ဆရာကလည်း ၊ အရှင် ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ် စွာမိန့် တော်မူပြီ။ ဘုရားသခင်တဆူတည်း ရှိ တော်မူ၏။
The scribe replied, Truly, Rabbi, you have answered well. There is one, and only one;
33 ၃၃ ထို ဘုရားသခင် မှတပါး အခြား သောဘုရားသခင်မ ရှိ ။ ထို ဘုရားသခင် ကို စိတ် နှလုံးအကြွင်းမဲ့ ၊ ဉာဏ် ရှိသမျှ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် ခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သောသူကိုလည်း ၊ ကိုယ် နှင့်အမျှ ချစ် ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင် မှစ၍ ယဇ်အမျိုးမျိုး တို့ကို ပူဇော် ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်ဟု လျှောက် လေ၏။
and to love him with all the heart, and with all the spirit, and with all the soul, and with all the strength; and to love one's self, is more than all burnt offerings and sacrifices.
34 ၃၄ ထိုသို့ ပညာ သတိနှင့် ပြန်လျှောက် သည်ကို ယေရှု သည်သိမြင် လျှင် ၊ သင်သည်ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ဝေး “ဟု မိန့် တော်မူ၏။ နောက်တစ်ဖန် အဘယ်သူ မျှ မ မေး မလျှောက်ဝံ့ ကြ။
Jesus observing how pertinently he had answered, said to him, You are not far from the kingdom of God. After that, no person ventured to put questions to him.
35 ၃၅ ထိုအခါ ယေရှု သည် ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ “ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ကြသနည်း။”
As Jesus was teaching in the temple, he asked them, Why do you scribes assert, that the Messiah must be a son of David?
36 ၃၆ ဒါဝိဒ်၏စကားမှာ၊ ထာဝရ ဘုရားက၊ သင် ၏ ရန်သူ တို့ကို သင် ၏ခြေ တင် ရာငါမချ မ ထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူသည်ဟု သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဒါဝိဒ် ဆို သတည်း။”
Yet David, himself, speaking by the Holy Spirit, says, "The Lord, said to my Lord, Sit at my right hand, until I make your foes your footstool."
37 ၃၇ ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကိုသခင် ဟူ၍ခေါ် လျှင် အဘယ်သို့ သူ ၏သား ဖြစ် သနည်းဟု မေးတော်မူ၏။ လူ များ အပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကား တော်ကို နားထောင် ကြ၏။”
David himself, therefore, calls him his Lord; how then can he be his son? And the common people heard him with delight.
38 ၃၈ ထိုသို့ဆုံးမဩဝါဒ ပေးစဉ်တွင်တစ်ဖန် မိန့် တော်မူသည်ကား၊ ကျမ်းပြု ဆရာတို့ကို ရှောင် ကြလော့။ သူ တို့သည်ရှည်သောအင်္ကျီ ကိုဝတ်လျက် လည် ခြင်းငှာအလိုရှိ ကြ၏။ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊”
Further, in teaching, he said to them, Beware of the scribes, who affect to walk in robes; who love salutations in public places,
39 ၃၉ ပွဲ သဘင်။ တရားစရပ် တို့၌ မြင့်မြတ် သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။”
and the principal seats in the synagogues, and the uppermost places at entertainments;
40 ၄၀ သူ တို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာရှည် စွာသော ပဌနာ စကားကို ရွတ်တတ်ကြ၏။ သူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကို ခံရ ကြမည် ဟု မိန့်တော်မူ၏။
who devour the families of widows, and use long prayers for a disguise. They shall undergo the severest punishment.
41 ၄၁ ထိုနောက် ယေရှုသည် ဘဏ္ဍာတိုက် ရှေ့ မှာ ထိုင် တော်မူစဉ်တွင်၊ လူ များတို့သည် ကြေး ငွေကိုဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို ကြည့်ရှု တော်မူ၏။ ငွေရတတ် သောသူအများ တို့သည် များစွာ သွင်းချ ကြ၏။
And Jesus sitting opposite the treasury, observed the people throwing money into the treasury; and many rich persons put in much.
42 ၄၂ ဆင်းရဲ သောမုဆိုးမ တစ် ယောက်သည်လာ ၍ တစ်ပဲ လောက်တန် သောကြေးနီ ဒင်္ဂါးနှစ် ပြားကို သွင်းချ ၏။
Then the poor widow came, who threw in two mites, (which make a farthing.)
43 ၄၃ ကိုယ်တော်သည် တပည့် တော်တို့ကိုခေါ် ၍ ငါအမှန် ဆို သည်ကား၊ ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သောသူ အပေါင်း တို့ထက် ထို ဆင်းရဲသား မုဆိုးမ သည်သာ၍ သွင်းချ ခဲ့ပြီ။”
Jesus having called his disciples, said to them, Indeed, I say to you, that this poor widow has given more than any of those who have thrown into the treasury;
44 ၄၄ အကြောင်းမူကား ၊ ထိုသူအပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ်ထဲက နှုတ်၍သွင်းချ ကြ၏။ ထို မိန်းမ မူကား အလွန်ဆင်းရဲ လျက်ပင်၊ မိမိ အသက် မွေးစရာဥစ္စာရှိသမျှ ကို သွင်းချ လေပြီ ဟုမိန့် တော်မူ၏။
for they all have contributed out of their superfluous stores; whereas she has given all the little she had--her whole living.

< မာကု 12 >