< မာကု 11 >
1 ၁ ယေရုရှလင် မြို့နှင့် အနီးသံလွင် တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာသို့ရောက် ကြသောအခါ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် တော်မူ၍ ၊
When they drew near to Jerusalem, to Bethphage and Bethany, at the Mount of Olives, he sent two of his disciples,
2 ၂ သင် တို့ရှေ့ ၌ ရှိသောရွာ သို့ သွား ကြ။ ထိုရွာ သို့ ရောက် လျှင် အဘယ်သူ မျှမ စီး ဘူးသော မြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်း တွေ့ လိမ့်မည်။ မြည်းကြိုး ကို ဖြည် ၍ ဆောင်ခဲ့ ကြ။”
and said to them, "Go your way into the village that is opposite you. Immediately as you enter into it, you will find a young donkey tied, on which no one has yet sat. Untie him, and bring him.
3 ၃ “သူတစ်ပါး က၊ အဘယ်ကြောင့် ဤသို့ ပြု သနည်းဟု သင် တို့အားဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် ထိုသူ သည် ချက်ခြင်း ပေး လိုက်မည်” ဟု မှာထား တော်မူ၏။
If anyone asks you, 'Why are you doing this?' say, 'Because the Lord needs it,' and he will send it back here at once."
4 ၄ တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါး ပြင် မှာ ချည် ထားသောမြည်းကလေး ကို တွေ့ ပြီးလျှင် မြည်းကြိုး ကို ဖြည် ကြ၏။
They went away, and found a colt tied at the door outside in the open street, and they untied him.
5 ၅ ထို အရပ်၌ ရပ် နေသောလူ အချို့ တို့က၊ အဘယ်ကြောင့် မြည်း ကြိုးကိုဖြည် သနည်းဟုဆို လျှင် ၊
Some of those who stood there asked them, "What are you doing, untying the young donkey?"
6 ၆ ယေရှု မှာထား တော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြော ပြီးမှ ထိုသူတို့သည် အခွင့် ပေးကြ၏။
They said to them just as Jesus had said, and they let them go.
7 ၇ ယေရှု ထံတော်သို့ မြည်းကလေး ကိုဆောင်ခဲ့ ၍ မိမိ တို့အဝတ် ကို မြည်း ကျောပေါ်မှာတင် ကြပြီးလျှင် ကိုယ်တော်သည် စီး တော်မူ၏။
They brought the young donkey to Jesus, and threw their garments on it, and Jesus sat on it.
8 ၈ လူအများ တို့သည် မိမိ တို့အဝတ် ကိုလမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ် ၍ လမ်း၌ ခင်းကြ၏။
Many spread their garments on the way, and others spread branches which they had cut from the fields.
9 ၉ ရှေ့ နောက် လိုက်သွားသောသူ တို့က၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွ တော်မူသောသူ သည်မင်္ဂလာ ရှိစေသတည်း။
Those who went in front, and those who followed, shouted, "Hosanna. Blessed is he who comes in the name of the Lord.
10 ၁၀ ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လု သော ငါ တို့အဘ ဒါဝိဒ် ၏နိုင်ငံ တော်သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် ကြ၏။
Blessed is the kingdom of our father David. Hosanna in the highest."
11 ၁၁ ယေရှုသည် ယေရုရှလင် မြို့သို့ ၎င်း၊ ဗိမာန် တော်သို့ ၎င်း ဝင် ၍ အရာရာ တို့ကို ကြည့်ရှု တော်မူပြီးလျှင်မိုဃ်းချုပ် သောကြောင့် တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့်တကွ ဗေသနိ ရွာသို့ ထွက်ကြွ တော်မူ၏။
And he entered into the temple in Jerusalem. When he had looked around at everything, it being now evening, he went out to Bethany with the twelve.
12 ၁၂ နက်ဖြန် နေ့၌ ဗေသနိ ရွာမှ ပြန် ကြစဉ်တွင်ဆာမွတ် တော်မူ၏။
The next day, when they had come out from Bethany, he was hungry.
13 ၁၃ အရွက် နှင့်ပြည့်စုံ သော သင်္ဘောသဖန်း ပင်ကိုအဝေး က မြင် လျှင် ။ သင်္ဘောသဖန်း သီးဆွတ်ချိန် ကာလမ ရောက် သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ရောက် သောအခါ ၊ အရွက် ကိုသာ တွေ့ တော်မူသည်ရှိသော်၊
Seeing a fig tree afar off having leaves, he came to see if perhaps he might find anything on it. When he came to it, he found nothing but leaves, for it was not the season for figs.
14 ၁၄ ယခုမှစ၍ အစဉ်မပြတ် သင် ၏အသီး ကို အဘယ်သူ မျှမစား စေနှင့် ဟုမိန့် တော်မူ၏။ တပည့် တော်တို့သည် လည်း ကြား ကြ၏။ (aiōn )
Jesus told it, "May no one ever eat fruit from you again." and his disciples heard it. (aiōn )
15 ၁၅ ယေရုရှလင် မြို့သို့ ရောက် သောအခါ ယေရှုသည် ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန် တော်၌ ရောင်း ဝယ် သောသူ တို့ကို နှင်ထုတ် ၍ ပွဲစား ခုံ တို့ကို၎င်း၊ ချိုးငှက် ရောင်း သောသူ တို့၏ ထိုင်ရာ ကို၎င်း တွန်းလှဲ တော်မူ၍၊
They came to Jerusalem, and he entered into the temple, and began to throw out those who sold and those who bought in the temple, and overthrew the tables of the money changers, and the seats of those who sold the doves.
16 ၁၆ ဗိမာန် တော်ထဲ၌ အဆောက်အဦး ကို အဘယ်သူ မျှ မ ဆောင် မရွက်ရမည်အကြောင်း မြစ်တား တော်မူလျက် ၊
He would not allow anyone to carry a container through the temple.
17 ၁၇ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာအိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့ဟု ကျမ်းစာ၌လာ သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား” ဟူ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
He taught, saying to them, "Is it not written, 'My house will be called a house of prayer for all the nations?' But you have made it a den of robbers."
18 ၁၈ ကျမ်းပြု ဆရာနှင့် ယဇ်ပုရောဟိတ် အကြီးတို့သည်ကြား လျှင် ၊ ကိုယ်တော် ကို သတ် ရသောအခွင့် ကို ရှာကြံ ကြ၏။ လူ အပေါင်း တို့သည် ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အံ့ဩ မိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ကြ ၏။
The chief priests and the scribes heard it, and sought how they might destroy him. For they feared him, because all the crowd was astonished at his teaching.
19 ၁၉ ည အချိန်ရောက် သောအခါ မြို့ ပြင် သို့ထွက် တော်မူ၏။
When evening came, they went out of the city.
20 ၂၀ နံနက် အချိန်တွင် လမ်း၌သွား ကြစဉ်၊ သင်္ဘောသဖန်း ပင်သည် အမြစ် မှစ၍ သွေ့ခြောက် လျက်ရှိသည်ကို မြင် ကြ၏။
As they passed by in the morning, they saw the fig tree withered away from the roots.
21 ၂၁ ပေတရု သည် သတိရ လျှင် ၊ အရှင် ဘုရားကြည့် တော်မူပါ။ ကျိန် တော်မူသော သင်္ဘောသဖန်း ပင်သည် သွေ့ခြောက် ပါပြီတကားဟု လျှောက် လေ၏။
Peter, remembering, said to him, "Teacher, look. The fig tree which you cursed has withered away."
22 ၂၂ ယေရှု ကလည်း ၊ သင်တို့သည်ဘုရားသခင် ကို ယုံကြည် ခြင်းရှိ ကြလော့။”
Jesus answered them, "Have faith in God.
23 ၂၃ ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ယုံမှား သောစိတ် နှင့် ကင်း ၍ မိမိဆို သည်အတိုင်း ဖြစ် မည်ဟု ယုံကြည် လျက်။ ထို တောင် ကို နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင် ၊ ထိုသူ ဆိုသည်အတိုင်း၊ ဖြစ် လိမ့်မည်။”
Truly I tell you, whoever may tell this mountain, 'Be taken up and cast into the sea,' and does not doubt in his heart, but believes that what he says will happen, it will be done for him.
24 ၂၄ ထို့ကြောင့် ငါဆို သည်ကား၊ သင် တို့သည် ကျေးဇူးကိုရ မည်ဟု ယုံကြည် သောစိတ်နှင့် ဆုတောင်း သမျှ တို့ကို ရ ကြလိမ့်မည်။”
Therefore I tell you, whatever you ask for in prayer, believe that you have received it, and it will be yours.
25 ၂၅ သင်တို့သည် ဆုတောင်း သောအခါ သူတစ်ပါး ၌ အပြစ်တင်ခွင့်ရှိ လျှင် ၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင်ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မူမည်။”
Whenever you stand praying, forgive, if you have anything against anyone; so that your Father, who is in heaven, may also forgive you your wrongdoing.
26 ၂၆ သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ” ဟုမိန့်တော်မူ၏။
But if you do not forgive, neither will your Father in heaven forgive your wrongdoing."
27 ၂၇ ယေရုရှလင် မြို့သို့ တစ်ဖန် ရောက် ကြပြီးမှ ဗိမာန် တော်တွင် စင်္ကြံသွား တော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊
They came again to Jerusalem, and as he was walking in the temple, the chief priests, and the scribes, and the elders came to him,
28 ၂၈ ကိုယ်တော်သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သနည်း။ ဤသို့ ပြု သောအခွင့် ကို အဘယ်သူ ပေး သနည်းဟု မေးလျှောက် ကြသော် ၊
and they began saying to him, "By what authority do you do these things? And who gave you this authority to do these things?"
29 ၂၉ ယေရှု က၊ ငါသည်တစ်စုံတစ်ခု ကိုမေး ဦးမည်။ သင်တို့ဖြေ ကြလော့။ ဖြေလျှင် ဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါပြော မည်။”
Jesus said to them, "I will also ask you one question. Answer me, and I will tell you by what authority I do these things.
30 ၃၀ ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော။ ဤအမေးကို ဖြေ ကြလော့” ဟု မိန့် တော်မူ၏။
The baptism of John—was it from heaven, or from people? Answer me."
31 ၃၁ ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ကြ၍ ၊ ဘုရား က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့် မ ယုံ သနည်းဟု သူမေး လေဦးမည်။
They reasoned with themselves, saying, "If we should say, 'From heaven;' he will say, 'Why then did you not believe him?'
32 ၃၂ လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ လူ များကိုကြောက် ရ၏။ ယောဟန် သည် ပရောဖက် အမှန် ဖြစ် သည် ကို လူအပေါင်း တို့သည် အယူ ရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
If we should say, 'From people'"—they feared the crowd, for all held John to really be a prophet.
33 ၃၃ အကျွန်ုပ်တို့မ သိ ပါဟု ယေရှု အားပြန်ပြော ကြ၏။ ယေရှု ကလည်း ၊ ထိုအတူဤ အမှုများကို အဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော “ဟု မိန့် တော်မူ၏။
They answered and said to Jesus, "We do not know." Jesus said to them, "Neither do I tell you by what authority I do these things."