< မာလခိ 4 >

1 မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန ကြီးသောသူနှင့် ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ တို့အရင်း အဖျား မျှ မ ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Vì nầy, ngày đến, cháy như lò lửa. Mọi kẻ kiêu ngạo, mọi kẻ làm sự gian ác sẽ như rơm cỏ; Đức Giê-hô-va vạn quân phán: Ngày ấy đến, thiêu đốt chúng nó, chẳng để lại cho chúng nó hoặc rễ hoặc nhành.
2 ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။
Nhưng về phần các ngươi là kẻ kính sợ danh ta, thì mặt trời công bình sẽ mọc lên cho, trong cánh nó có sự chữa bịnh; các ngươi sẽ đi ra và nhảy nhót như bò tơ của chuồng.
3 မ တရားသောသူတို့ ကိုလည်း နင်း ကြလိမ့်မည်။ ထိုသို့ငါ စီရင် သော နေ့ ရက်၌ သူတို့သည် သင် တို့ခြေ ဘဝါး အောက် ၌ မြေမှုန့် ကဲ့သို့ဖြစ် ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Các ngươi sẽ giày đạp những kẻ ác, vì trong ngày ta làm, chúng nó sẽ như là tro dưới bàn chơn các ngươi, Đức Giê-hô-va vạn quân phán vậy.
4 ဣသရေလ အမျိုးသားအပေါင်း တို့အဘို့ ဟောရပ် အရပ်၌ ငါမှာ ထားသော ၊ ငါ့ ကျွန် မောရှေ ၏ တရား တည်းဟူသောစီရင် ထုံးဖွဲ့ တော်မူချက်တို့ကို အောက်မေ့ ကြလော့။
Các ngươi khá nhớ lại luật pháp của đầy tớ ta là Môi-se, mà ta đã truyền cho nó tại Hô-rép, tức là những lề luật và mạng lịnh cho cả Y-sơ-ra-ên.
5 ကြည့်ရှု လော့။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ ရက်ကြီး မ ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့ ငါ စေလွှတ် မည်။
Nầy, ta sẽ sai đấng tiên tri Ê-li đến cùng các ngươi trước ngày lớn và đáng sợ của Đức Giê-hô-va chưa đến.
6 ငါသည် လာ ၍ သင်တို့၏ပြည် ကို ကျိန် ခြင်းဘေး နှင့် ဒဏ် မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သား တို့နှင့် အဘ တို့ကို၎င်း၊ အဘ တို့နှင့် သား တို့ကို၎င်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော်မူ၏။
Người sẽ làm cho lòng cha trở lại cùng con cái, lòng con cái trở lại cùng cha, kẻo ta đến lấy sự rủa sả mà đánh đất nầy.

< မာလခိ 4 >