< မာလခိ 3 >

1 ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗိမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“Angalieni, nitamtuma mjumbe wangu, atakayeiandaa njia mbele yangu. Ndipo ghafula Bwana mnayemtafuta atakuja hekaluni mwake. Mjumbe wa Agano, ambaye mnamwonea shauku, atakuja,” asema Bwana Mwenye Nguvu Zote.
2 လာ တော်မူသော နေ့ ရက်ကို အဘယ်သူ သည် မ တိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်း တော်မူ သောအခါ အဘယ်သူ သည် ခံရ လိမ့်မည်နည်း။ ထို သခင် သည် ငွေ စစ်သောသူ၏မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။
Lakini ni nani atakayeweza kustahimili hiyo siku ya kuja kwake? Ni nani awezaye kusimama atakapotokea? Kwa kuwa atakuwa kama moto wa mfua fedha au kama sabuni ya afuaye nguo.
3 ငွေ ကို ချွတ် ၍ သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် ၍ သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ၍ ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။
Ataketi kama mfuaji na asafishaye fedha. Atawatakasa Walawi, naye atawasafisha kama dhahabu na fedha. Kisha Bwana atakuwa na watu watakaoleta sadaka katika haki,
4 ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့၏ ပူဇော် သက္ကာသည် ရှေး လွန် လေပြီးသော နှစ် ၊ လ၊ နေ့ ရက်ကာလ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား နှစ်သက် တော်မူဘွယ်ဖြစ်လိမ့်မည်။
nazo sadaka za Yuda na Yerusalemu zitakubalika kwa Bwana, kama katika siku zilizopita, kama katika miaka ya zamani.
5 သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“Basi nitakuja karibu nanyi ili kuhukumu. Nami nitakuwa mwepesi kushuhudia dhidi ya wachawi, wazinzi, waapao kwa uongo, wanaopunja vibarua malipo yao, wanaowaonea wajane na yatima, na wanaowanyima wageni haki, lakini hawaniogopi mimi,” asema Bwana Mwenye Nguvu Zote.
6 ငါ သည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲ ခြင်း မ ရှိ။ ထိုကြောင့် ၊ ယာကုပ် အမျိုးသား တို့၊ သင်တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ကြ။
“Mimi Bwana sibadiliki. Kwa hiyo ninyi, enyi uzao wa Yakobo, hamjaangamizwa.
7 ဘိုးဘေး တို့ လက်ထက် မှစ၍ သင်တို့သည် ငါ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ တိမ်းရှောင် ကြပြီ။ ငါ ထံ သို့ ပြန် လာကြလော့။ ငါသည်လည်း သင် တို့ဆီသို့ ပြန် လာမည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန် လာရပါ မည်နည်းဟု သင်တို့မေး ကြသည်တကား။
Tangu wakati wa baba zenu mmegeukia mbali na amri zangu nanyi hamkuzishika. Nirudieni mimi, nami nitawarudia ninyi,” asema Bwana Mwenye Nguvu Zote. “Lakini mnauliza, ‘Tutarudi kwa namna gani?’
8 လူ သည် ဘုရား သခင်၏ဥစ္စာတော်ကို လုယူ ရ မည်လော။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူ ပါသနည်းဟု သင်တို့မေး လျှင်၊ ဆယ် ဘို့တဘို့ကို၎င်း ၊ ပူဇော် သက္ကာတို့ ကို၎င်းလုယူကြပြီ။
“Je, mwanadamu atamwibia Mungu? Hata hivyo mnaniibia mimi. “Lakini mnauliza, ‘Tunakuibia kwa namna gani?’ “Mnaniibia zaka na dhabihu.
9 သင် တို့သည် ကျိန် ခြင်းအမင်္ဂလာ ကို ခံရကြ၏။ အကြောင်း မူကား၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။
Mko chini ya laana, ninyi taifa lote, kwa sababu mnaniibia mimi.
10 ၁၀ ဆယ် ဘို့တဘို့ရှိသမျှ ကို ဘဏ္ဍာ တိုက်ထဲ သို့ သွင်း ၍ ၊ ငါ့ အိမ် တော်၌ စားစရာ ရှိ စေခြင်းငှါပြုကြလော့။ ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက် တို့ကို ဖွင့် ၍ ကောင်းကြီး မင်္ဂလာကို အကုန်အစင်သွန်းလောင်း မည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်း ကြလော့ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Leteni zaka kamili ghalani, ili kuwe na chakula katika nyumba yangu. Nijaribuni katika hili,” asema Bwana Mwenye Nguvu Zote, “nanyi mwone kama sitawafungulia madirisha ya mbinguni na kuwamwagieni baraka nyingi mpaka mkose nafasi ya kutosha.
11 ၁၁ ကိုက်စား တတ်သော အကောင်ကို သင် တို့အတွက် ငါဆုံးမ ၍ ၊ သင် တို့၏ မြေ အသီး အနှံကို မ ဖျက်ဆီး ရ။ သင် တို့၏ စပျစ် ဥယျာဉ် သည် အသီး မသီးဘဲ မ နေရဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Nami kwa ajili yenu nitamkemea yeye alaye, wala hataharibu mazao ya ardhi yenu, wala mzabibu wenu hautapukutisha matunda yake kabla ya wakati wake,” asema Bwana Mwenye Nguvu Zote.
12 ၁၂ လူမျိုး အပေါင်း တို့သည် သင် တို့ကို မင်္ဂလာ ရှိ သောသူဟူ၍ခေါ်ဝေါ်ကြလိမ့်မည်။ သင် တို့ပြည် သည် လည်း နှစ်သက် ဘွယ်သော ပြည်ဖြစ် လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“Ndipo mataifa yote yatawaita mliobarikiwa, kwa maana nchi yenu itakuwa ya kupendeza sana,” asema Bwana Mwenye Nguvu Zote.
13 ၁၃ သင် တို့သည် ငါ့ တဘက် ၌ ရဲရင့် စွာ ပြောကြပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ သို့ရာတွင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် တဘက် ၌ အဘယ်သို့ ပြော မိပါသနည်းဟု သင်တို့မေး ကြသည်တကား။
“Mmesema vitu vigumu dhidi yangu,” asema Bwana. “Hata hivyo mnauliza, ‘Tumesema nini dhidi yako?’
14 ၁၄ ထာဝရဘုရား ၏အမှု ကို ဆောင်ရွက်သော်လည်း အကျိုး မရှိ။ စီရင် ထုံးဖွဲ့တော်မူချက်ကိုစောင့် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ရှေ့ မှာ ညှိုးငယ် စွာ ကျင့်ကြံ ပြုမူခြင်းအားဖြင့် အဘယ် ကျေးဇူး ရှိသနည်း။
“Mmesema, ‘Ni bure kumtumikia Mungu. Tumepata faida gani kwa kushika maagizo yake na kwenda kama waombolezaji mbele za Bwana Mwenye Nguvu Zote?
15 ၁၅ မာန ထောင်လွှားသောသူတို့ကို မင်္ဂလာ ရှိသော သူဟူ၍ငါ တို့သည် ခေါ်ဝေါ်ကြ၏။ အကယ် စင်စစ်ဒုစရိုက် ကိုပြု သောသူတို့သည် အောင် တတ်ကြ၏။ အကယ် စင်စစ်ဘုရား သခင်ကို စုံစမ်း သော်လည်း ချမ်းသာ ရ တတ်ကြ၏ဟု သင်တို့သည် ပြော ကြပြီ။
Lakini sasa wenye kiburi wanabarikiwa. Hakika watenda mabaya wanastawi, pia hata wale wanaoshindana na Mungu ndio wanaosalimika.’”
16 ၁၆ ထိုအခါ ထာဝရဘုရား ကို ကြောက်ရွံ့ သော သူတို့ သည် တယောက် ကိုတယောက်နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရား သည်လည်း နားထောင် ၍ ကြား တော်မူ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ နာမ တော်ကို အောက်မေ့ သောသူတို့အဘို့ ၊ ရှေ့ တော်တွင် စာရင်း ၌ မှတ်သား လျက်ရှိ၏။
Ndipo wale waliomcha Bwana wakasemezana wao kwa wao, naye Bwana akasikiliza na akasikia. Kitabu cha kumbukumbu kikaandikwa mbele yake kuhusu wale ambao walimcha Bwana na kuliheshimu jina lake.
17 ၁၇ ထိုသူတို့သည် ငါ စီရင် သောနေ့ ရက်၌ ငါ ပိုင် ထိုက်သော ဘဏ္ဍာ တော်ဖြစ် ကြလိမ့်မည်။ အဘ ၏အမှု ကို ဆောင်သောသား ကို အဘ နှမြော သကဲ့သို့ ထိုသူ တို့ကို ငါနှမြော မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“Nao watakuwa watu wangu,” asema Bwana Mwenye Nguvu Zote, “katika siku ile nitakapowafanya watu kuwa hazina yangu. Nitawahurumia, kama vile kwa huruma mtu amhurumiavyo mwanawe anayemtumikia.
18 ၁၈ တဖန် သင်တို့သည် ပြောင်းလဲ ၍ ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သောသူ၊ ဘုရား သခင်၏အမှု တော်ကို ဆောင်သောသူ၊ မ ဆောင် သောသူတို့ကို ပိုင်းခြား၍ သိ ရကြလိမ့်မည်။
Kwa mara nyingine tena utaona tofauti kati ya wenye haki na waovu, kati ya wale wanaomtumikia Mungu na wale wasiomtumikia.

< မာလခိ 3 >