< မာလခိ 3 >

1 ကြည့်ရှု လော့။ ငါ သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို ငါ စေလွှတ် မည်။ သင် တို့ရှာ သော သခင် ၊ သင် တို့တောင့်တ သော ပဋိညာဉ် တမန် တော်သည် မိမိ ဗိမာန် တော်သို့ ချက်ချင်း လာ လိမ့်မည်။ ကြည့်ရှု လော့။ ထိုသခင်လာ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Ímé, elküldöm én az én követemet, és megtisztítja előttem az útat, és mindjárt eljön az ő templomába az Úr, a kit ti kerestek, és a szövetségnek követe, a kit ti kívántok; ímé, eljön, azt mondja a Seregeknek Ura.
2 လာ တော်မူသော နေ့ ရက်ကို အဘယ်သူ သည် မ တိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်း တော်မူ သောအခါ အဘယ်သူ သည် ခံရ လိမ့်မည်နည်း။ ထို သခင် သည် ငွေ စစ်သောသူ၏မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။
De kicsoda szenvedheti el az ő eljövetelének napját? És kicsoda áll meg az ő megjelenésekor? Hiszen olyan ő, mint az ötvösnek tüze, és a ruhamosóknak lúgja!
3 ငွေ ကို ချွတ် ၍ သန့်ရှင်း စေသောသူကဲ့သို့ထိုင် လျက် ရွှေ ငွေ ကို ချွတ်သကဲ့သို့ ၊ လေဝိ သား တို့ကို ချွတ် ၍ သန့်ရှင်း စေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ ဖြစ် ၍ ဖြောင့်မတ် ခြင်းပူဇော် သက္ကာကို ပူဇော် ကြ လိမ့်မည်။
És ül mint ötvös vagy ezüsttisztogató és megtisztítja Lévi fiait és fényessé teszi őket, mint az aranyat és ezüstöt; és igazsággal visznek ételáldozatot az Úrnak.
4 ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့၏ ပူဇော် သက္ကာသည် ရှေး လွန် လေပြီးသော နှစ် ၊ လ၊ နေ့ ရက်ကာလ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား နှစ်သက် တော်မူဘွယ်ဖြစ်လိမ့်မည်။
És kedves lesz az Úrnak a Júda és Jeruzsálem ételáldozatja, mint a régi napokban és előbbi esztendőkben.
5 သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Mert ítéletre indulok hozzátok, és gyors tanú leszek a szemfényvesztők ellen, a paráznák és hamisan esküvők ellen, és azok ellen, a kik megrövidítik a munkásnak bérét, az özvegyet és árvát, és a kik nyomorgatják az idegent, és nem félnek engem, azt mondja a Seregeknek Ura.
6 ငါ သည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲ ခြင်း မ ရှိ။ ထိုကြောင့် ၊ ယာကုပ် အမျိုးသား တို့၊ သင်တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ကြ။
Mert én, az Úr, meg nem változom, ti pedig, Jákóbnak fiai, nem emésztettek meg!
7 ဘိုးဘေး တို့ လက်ထက် မှစ၍ သင်တို့သည် ငါ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ တိမ်းရှောင် ကြပြီ။ ငါ ထံ သို့ ပြန် လာကြလော့။ ငါသည်လည်း သင် တို့ဆီသို့ ပြန် လာမည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန် လာရပါ မည်နည်းဟု သင်တို့မေး ကြသည်တကား။
Atyáitok idejétől fogva eltértetek rendeléseimtől és nem tartottátok meg azokat. Térjetek hozzám, és én is hozzátok térek, azt mondja a Seregeknek Ura. De azt mondjátok: Miben térjünk meg?
8 လူ သည် ဘုရား သခင်၏ဥစ္စာတော်ကို လုယူ ရ မည်လော။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူ ပါသနည်းဟု သင်တို့မေး လျှင်၊ ဆယ် ဘို့တဘို့ကို၎င်း ၊ ပူဇော် သက္ကာတို့ ကို၎င်းလုယူကြပြီ။
Avagy az ember csalhatja-é az Istent? ti mégis csaltatok engem. És azt mondjátok: Mivel csalunk téged? A tizeddel és az áldozni valóval.
9 သင် တို့သည် ကျိန် ခြင်းအမင်္ဂလာ ကို ခံရကြ၏။ အကြောင်း မူကား၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။
Átokkal vagytok elátkozva, mégis csaltok engem: a nép egészben!
10 ၁၀ ဆယ် ဘို့တဘို့ရှိသမျှ ကို ဘဏ္ဍာ တိုက်ထဲ သို့ သွင်း ၍ ၊ ငါ့ အိမ် တော်၌ စားစရာ ရှိ စေခြင်းငှါပြုကြလော့။ ငါသည် မိုဃ်းကောင်းကင် ပြတင်းပေါက် တို့ကို ဖွင့် ၍ ကောင်းကြီး မင်္ဂလာကို အကုန်အစင်သွန်းလောင်း မည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်း ကြလော့ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Hozzátok be a tizedet mind az én tárházamba, hogy legyen ennivaló az én házamban, és ezzel próbáljatok meg engem, azt mondja a Seregeknek Ura, ha nem nyitom meg néktek az egek csatornáit, és ha nem árasztok reátok áldást bőségesen.
11 ၁၁ ကိုက်စား တတ်သော အကောင်ကို သင် တို့အတွက် ငါဆုံးမ ၍ ၊ သင် တို့၏ မြေ အသီး အနှံကို မ ဖျက်ဆီး ရ။ သင် တို့၏ စပျစ် ဥယျာဉ် သည် အသီး မသီးဘဲ မ နေရဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
És megdorgálom érettetek a kártevőt, és nem veszti el földetek gyümölcsét, és nem lesz a szőlőtök meddő a mezőn, azt mondja a Seregeknek Ura.
12 ၁၂ လူမျိုး အပေါင်း တို့သည် သင် တို့ကို မင်္ဂလာ ရှိ သောသူဟူ၍ခေါ်ဝေါ်ကြလိမ့်မည်။ သင် တို့ပြည် သည် လည်း နှစ်သက် ဘွယ်သော ပြည်ဖြစ် လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
És boldognak mondanak titeket mind a nemzetek; mert kívánatos földdé lesztek ti, azt mondja a Seregeknek Ura.
13 ၁၃ သင် တို့သည် ငါ့ တဘက် ၌ ရဲရင့် စွာ ပြောကြပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ သို့ရာတွင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် တဘက် ၌ အဘယ်သို့ ပြော မိပါသနည်းဟု သင်တို့မေး ကြသည်တကား။
Keményen szóltatok ellenem, azt mondja az Úr, és azt mondjátok: Mit szóltunk ellened?
14 ၁၄ ထာဝရဘုရား ၏အမှု ကို ဆောင်ရွက်သော်လည်း အကျိုး မရှိ။ စီရင် ထုံးဖွဲ့တော်မူချက်ကိုစောင့် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ရှေ့ မှာ ညှိုးငယ် စွာ ကျင့်ကြံ ပြုမူခြင်းအားဖြင့် အဘယ် ကျေးဇူး ရှိသနည်း။
Azt mondtátok: Hiábavaló az Isten szolgálata, és mi haszna, hogy megtartjuk törvényeit, és hogy alázatosan járunk a Seregeknek Ura előtt?
15 ၁၅ မာန ထောင်လွှားသောသူတို့ကို မင်္ဂလာ ရှိသော သူဟူ၍ငါ တို့သည် ခေါ်ဝေါ်ကြ၏။ အကယ် စင်စစ်ဒုစရိုက် ကိုပြု သောသူတို့သည် အောင် တတ်ကြ၏။ အကယ် စင်စစ်ဘုရား သခင်ကို စုံစမ်း သော်လည်း ချမ်းသာ ရ တတ်ကြ၏ဟု သင်တို့သည် ပြော ကြပြီ။
Sőt inkább magunk hirdetjük boldogoknak a kevélyeket; hiszen gyarapodtak, noha gonoszságot űznek, és megszabadulnak, noha kisértik az Istent!
16 ၁၆ ထိုအခါ ထာဝရဘုရား ကို ကြောက်ရွံ့ သော သူတို့ သည် တယောက် ကိုတယောက်နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရား သည်လည်း နားထောင် ၍ ကြား တော်မူ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ နာမ တော်ကို အောက်မေ့ သောသူတို့အဘို့ ၊ ရှေ့ တော်တွင် စာရင်း ၌ မှတ်သား လျက်ရှိ၏။
Akkor tanakodtak egymással az Úrnak tisztelői, az Úr pedig figyelt és hallgatott, és egy emlékkönyv iraték ő előtte azoknak, a kik félik az Urat és becsülik az ő nevét.
17 ၁၇ ထိုသူတို့သည် ငါ စီရင် သောနေ့ ရက်၌ ငါ ပိုင် ထိုက်သော ဘဏ္ဍာ တော်ဖြစ် ကြလိမ့်မည်။ အဘ ၏အမှု ကို ဆောင်သောသား ကို အဘ နှမြော သကဲ့သို့ ထိုသူ တို့ကို ငါနှမြော မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
És azon a napon, azt mondja a Seregeknek Ura, a melyet én szerzek, tulajdonommá lesznek és kedvezek nékik, a mint kiki kedvez a maga fiának, a ki szolgálja őt.
18 ၁၈ တဖန် သင်တို့သည် ပြောင်းလဲ ၍ ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သောသူ၊ ဘုရား သခင်၏အမှု တော်ကို ဆောင်သောသူ၊ မ ဆောင် သောသူတို့ကို ပိုင်းခြား၍ သိ ရကြလိမ့်မည်။
És megtértek és meglátjátok, hogy különbség van az igaz és a gonosz között, az Isten szolgája között és a között, a ki nem szolgálja őt.

< မာလခိ 3 >