< မာလခိ 2 >
1 ၁ အို ယဇ်ပုရောဟိတ် တို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သင် တို့အား မိန့်တော်မူသောပညတ် စကားဟူမူကား၊
And now, O ye priests, this commandment is for you.
2 ၂ ငါ ၏နာမ တော်ကို ချီးမွမ်း လိုသောငှါ သင်တို့သည် နား မ ထောင်၊ နှလုံး မ သွင်း ဘဲနေလျှင် ၊ ကျိန် ခြင်းဘေးကို သင် တို့အပေါ် သို့ ငါလွှတ် လိုက်မည်။ သင် တို့၏ မင်္ဂလာ ကို အမင်္ဂလာ ဖြစ်စေမည်။ ထိုမျှမက ၊ နှလုံး မ သွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာ ဖြစ်စေပြီ။
If ye will not hear, and if ye will not lay it to heart, to give glory unto my name, saith YHWH of hosts, I will even send a curse upon you, and I will curse your blessings: yea, I have cursed them already, because ye do not lay it to heart.
3 ၃ သင်တို့မျိုးစေ့ ကို ငါ ဖျက် မည်။ တိရစ္ဆာန်ချေး တည်းဟူသောသင် တို့ဓမ္မပွဲ ၏တိရစ္ဆာန်ချေး ကို သင် တို့မျက်နှာ ပေါ် ၌ ငါကြဲ မည်။ သူတပါးတို့သည် သင် တို့ကို ထိုတိရစ္ဆာန်ချေး နှင့်အတူ ယူ သွားကြလိမ့်မည်။
Behold, I will corrupt your seed, and spread dung upon your faces, even the dung of your solemn feasts; and one shall take you away with it.
4 ၄ ငါ ၏ပဋိညာဉ် ကို လေဝိ အမျိုး၌ တည် စေခြင်းငှါ ၊ ဤ ပညတ် စကားကို သင် တို့ဆီသို့ ငါပေး လိုက်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
And ye shall know that I have sent this commandment unto you, that my covenant might be with Levi, saith YHWH of hosts.
5 ၅ ငါဖွဲ့သော အသက် ပဋိညာဉ် ၊ ငြိမ်ဝပ် ခြင်း ပဋိညာဉ်သည် ထိုအမျိုး ၌ ရှိ ၏။ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ၏နာမ တော်ရှေ့ ၌ ထိတ်လန့် သောကြောင့်ငါဖွဲ့၍ ပေး ၏။
My covenant was with him of life and peace; and I gave them to him for the fear wherewith he feared me, and was afraid before my name.
6 ၆ ထိုအမျိုးသည် သစ္စာ တရား စကားကို ပြော တတ် ၏။ သူ့ နှုတ် ၌ အပြစ် ကိုရှာ ၍မ တွေ့။ ငြိမ်ဝပ် ခြင်းတရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ငါ နှင့်အတူ သွား လာ၍ ၊ များစွာ သောသူတို့ ကို ဒုစရိုက် အပြစ်မှ လွှဲရှောင် စေတတ် ၏။
The law of truth was in his mouth, and iniquity was not found in his lips: he walked with me in peace and equity, and did turn many away from iniquity.
7 ၇ ယဇ်ပုရောဟိတ် ၏နှုတ်ခမ်း သည် ပညာ ကို စောင့် ရမည်။ သူ ၏နှုတ် ၌ လူတို့သည် တရား တော်ကို ရှာ ရကြမည်။ အကြောင်း မူကား၊ သူ သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စေလွှတ်တော်မူသောတမန် ဖြစ်၏။
For the priest's lips should keep knowledge, and they should seek the law at his mouth: for he is the messenger of YHWH of hosts.
8 ၈ သင် တို့မူကား ၊ လမ်း လွှဲကြပြီ။ လူများ တို့သည် တရား တော်ကို ထိမိ၍ လဲ စေခြင်းငှါပြုကြပြီ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ကြပြီဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
But ye are departed out of the way; ye have caused many to stumble at the law; ye have corrupted the covenant of Levi, saith YHWH of hosts.
9 ၉ သို့ဖြစ်၍ ၊ သင် တို့သည် ငါ့ လမ်း တို့ကို မ လိုက် ၊ တရား အမှုတွင် လူမျက်နှာ ကို ထောက် သောကြောင့် ၊ လူ ခပ်သိမ်း တို့သည် သင် တို့ကို မထီမဲ့မြင် ပြု၍ ရှုတ်ချ စေခြင်းငှါငါ စီရင် မည်။
Therefore have I also made you contemptible and base before all the people, according as ye have not kept my ways, but have been partial in the law.
10 ၁၀ ခပ်သိမ်း သော ငါ တို့၌ တပါး တည်းသော အဘ ရှိသည်မ ဟုတ်လော။ တပါး တည်းသော ဘုရား သခင်သည် ငါ တို့ကို ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ ဘိုးဘေး တို့နှင့် ဖွဲ့တော်မူသောပဋိညာဉ် ကို ရှုတ်ချ ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက် ကိုတယောက်သစ္စာ ဖျက်ကြသနည်း။
Have we not all one father? hath not one El created us? why do we deal treacherously every man against his brother, by profaning the covenant of our fathers?
11 ၁၁ ယုဒ အမျိုးသည် သစ္စာ ပျက်၏။ ဣသရေလ ပြည်သူ၊ ယေရုရှလင် မြို့သားတို့သည် ရွံ့ရှာ ဘွယ်သော အမှုကို ပြု ကြ၏။ ယုဒ အမျိုးသည် ထာဝရဘုရား ချစ် တော်မူသော သန့်ရှင်း ခြင်းတရားတော်ကို ရှုတ်ချ ၍ ၊ တပါး အမျိုးဘုရား ၏သမီး နှင့် လက်ထပ် ပါသည်တကား။
Judah hath dealt treacherously, and an abomination is committed in Israel and in Jerusalem; for Judah hath profaned the holiness of YHWH which he loved, and hath married the daughter of a strange el.
12 ၁၂ ထိုသို့ ပြု သောဆရာနှင့်တပည့်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောသူကို၎င်း ၊ ယာကုပ် တဲ တို့မှ ပယ် ဖြတ်တော်မူမည်။
YHWH will cut off the man that doeth this, the master and the scholar, out of the tabernacles of Jacob, and him that offereth an offering unto YHWH of hosts.
13 ၁၃ တဖန် သင်တို့ပြု သောအမှုဟူမူကား၊ ထာဝရဘုရား ၏ ယဇ် ပလ္လင်ကို မျက်ရည် ကျခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့် ဖုံးအုပ် ကြပြီ။ ထိုကြောင့် ၊ ပူဇော် သက္ကာကို မှတ် တော်မ မူ။ သင် တို့လက် မှ နှစ်သက် သောစိတ် နှင့် ခံ တော်မမူ။
And this have ye done again, covering the altar of YHWH with tears, with weeping, and with crying out, insomuch that he regardeth not the offering any more, or receiveth it with good will at your hand.
14 ၁၄ အဘယ်ကြောင့် နည်းဟု သင်တို့မေး လျှင်၊ သင့် အသက်ပျို စဉ်အခါ လက်ထပ်၍နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယား တဘက် နှင့် သင့် တဘက် ၌ ထာဝရဘုရား သည် သက်သေ ဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင် ၏ အဆွေ ခင်ပွန်း၊ သင် ဖွဲ့သော ပဋိညာဉ် နှင့်ဆိုင်သော မယား ဖြစ်သတည်း။
Yet ye say, Wherefore? Because YHWH hath been witness between thee and the wife of thy youth, against whom thou hast dealt treacherously: yet is she thy companion, and the wife of thy covenant.
15 ၁၅ တဦး တည်းသော်လည်း၊ ကိုယ်တော် ၌ ဝိညာဉ် တော် အကျန် အကြွင်းရှိ၏။ အဘယ်ကြောင့် တဦး တည်း ကိုသာ ဖန်ဆင်း တော်မူသနည်းဟူမူကား၊ ဘုရား သခင်နှင့် ထိုက်တန်သောအမျိုး ကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍ ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ အသက်ပျို စဉ်အခါ လက်ထပ်သော မယား ကို သစ္စာ ဖျက် ၍ မ ပြစ်မှားကြနှင့်။
And did not he make one? Yet had he the residue of the spirit. And wherefore one? That he might seek a seed of Elohim. Therefore take heed to your spirit, and let none deal treacherously against the wife of his youth.
16 ၁၆ မယားကိုစွန့် ခြင်းအမှု၊ မိမိ ခင်ပွန်း ၌ ပြစ်မှားသောအပြစ် ကို ဖုံးအုပ် ခြင်းအမှုကို ငါမုန်း သည်ဟု၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ထိုကြောင့် ၊ ကိုယ် စိတ် သဘောကို ချုပ်တည်း ကြလော့။ သစ္စာ ကို မ ပျက်ကြနှင့်။
For YHWH, the Elohim of Israel, saith that he hateth putting away: for one covereth violence with his garment, saith YHWH of hosts: therefore take heed to your spirit, that ye deal not treacherously.
17 ၁၇ သင် တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင်စကား များကြ၏။ နားတော်ငြီးသည် တိုင်အောင်အဘယ်သို့ ပြုမိသနည်းဟုမေး သော် ၊ ဒုစရိုက် ကိုပြု သောသူတိုင်း ထာဝရဘုရား ရှေ့ တော်၌ ကောင်း ၏။ ထိုသို့သောသူတို့ ကို နှစ်သက် တော်မူ၏ ဟူ၍၎င်း ၊ စစ်ကြော စီရင်တော်မူသောဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။
Ye have wearied YHWH with your words. Yet ye say, Wherein have we wearied him? When ye say, Every one that doeth evil is good in the sight of YHWH, and he delighteth in them; or, Where is the Elohim of judgment?