< လုကာ 1 >

1 ရှေ့ဦးစွာ မှစ၍ ကိုယ်တိုင်မြင်သောသက်သေ ဖြစ်လျက်၊ နှုတ်ကပတ် တော်မှုကိုဆောင်ရွက် သောသူ တို့သည်၊
Seeing that many took in hand to set in order a narration of the matters that have been fully assured among us,
2 ငါ တို့သည် ထင်ရှားစွာဖြစ်လေပြီး သော အတ္ထုပ္ပတ္တိ များကို ငါ တို့အားကြားပြော သည် အစဉ် အတိုင်းမှတ်သားသောစာ ကို စီရင် ရေးထားသောသူ အများ ရှိကြသည်ဖြစ်၍၊
as they delivered to us, who from the beginning became eyewitnesses, and officers of the word,
3 ငါ သည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံ တို့ကို ရှေ့ဦးစွာ မှစ၍၊
it seemed good also to me, having followed from the first after all things exactly, to write to you in order, most noble Theophilus,
4 စေ့စေ့ ဖွေရှာလိုက်စစ် ပြီးလျှင်၊ ကိုယ်တော်သင် ပြီးသောအကြောင်းအရာတို့သည်ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ အစဉ် အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိ ပါ၏၊ အလွန်မြတ် သော သော်ဖိလု ။
that you may know the certainty of the things wherein you were instructed.
5 ယုဒ ပြည်ကို အစိုးရသော ဟေရုဒ် မင်းကြီး လက်ထက် ၊ အဘိယ အသင်း အဝင်ဖြစ် ၍၊ ဇာခရိ အမည် ရှိ သော ယဇ် ပုရောဟိတ်တစ်ပါး ရှိ၏။ သူ ၏ခင်ပွန်း သည် အာရုန် အမျိုးအနွယ်ဖြစ်၏။ သူ့ အမည် ကား ဧလိရှဗက် တည်း။
There was in the days of Herod, the king of Judea, a certain priest, by name Zacharias, of the division of Abijah, and his wife of the daughters of Aaron, and her name Elizabeth;
6 ထိုသူနှစ် ယောက်တို့သည် ထာဝရ ဘုရား၏ ပညတ်တရား တော်အမျိုးမျိုး တို့ကို ကျင့်ဆောင် ၍ အပြစ်တင်ခွင့်နှင့်လွတ် သဖြင့်၊ ဘုရားသခင် ရှေ့ တော်၌ ဖြောင့်မတ် ခြင်း ပါရမီရှိ ကြ၏။
and they were both righteous before God, going on in all the commands and righteousnesses of the LORD blameless,
7 ဧလိရှဗက် သည် မြုံ သောကြောင့် သူတို့သည်သား မ ရှိ ။ ထိုသူ နှစ် ယောက်တို့သည် အသက် အရွယ်ကြီးရင့် ကြ၏။
and they had no child, because that Elizabeth was barren, and both were advanced in their days.
8 ဇာခရိသည် မိမိ အသင်း နှင့်တကွအလှည့် သင့်၍ ၊ ဘုရားသခင့် ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ၊
And it came to pass, in his acting as priest, in the order of his division before God,
9 ယဇ် ပုရောဟိတ်ထုံးစံ အတိုင်း စာရေးတံ ချသဖြင့်၊ သူ သည်ထာဝရ ဘုရား၏ ဗိမာန် တော်အတွင်း သို့ ဝင် ၍နံ့သာပေါင်း ကိုမီးရှို့၏။
according to the custom of the priesthood, his lot was to make incense, having gone into the temple of the LORD,
10 ၁၀ ထိုသို့နံ့သာပေါင်း ကို မီးရှို့သည့်အချိန် တွင်၊ လူ အများ အပေါင်း တို့သည် ပြင် ၌ဆုတောင်း လျက် နေ ကြ ၏။
and all the multitude of the people were praying outside, at the hour of the incense.
11 ၁၁ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည်ထင်ရှား ၍၊ နံ့သာပေါင်း ကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ၌ ရပ် နေသည်ကို၊
And there appeared to him a messenger of the LORD standing on the right side of the altar of the incense,
12 ၁၂ ဇာခရိ သည်မြင် လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့် ခြင်းသို့ရောက် ၏။
and Zacharias, having seen, was troubled, and fear fell on him;
13 ၁၃ ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။
and the messenger said to him, “Do not fear, Zacharias, for your supplication was heard, and your wife Elizabeth will bear a son to you, and you will call his name John,
14 ၁၄ သင် သည်ဝမ်းသာ ရွင်မြူး ခြင်း ရှိ လိမ့်မည်။ ထိုသား ကိုဘွားမြင် သောကြောင့် လူအများ တို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
and there will be joy to you, and gladness, and many will rejoice at his birth,
15 ၁၅ အကြောင်းမူကား ၊ ထိုသားသည် ထာဝရ ဘုရားရှေ့ တော်၌ ကြီးမြတ် သောသူဖြစ် လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုး ကို မ သောက် ဘဲနေ၍ ၊ အမိ ဝမ်း ထဲ ကပင် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လိမ့်မည်။
for he will be great before the LORD, and wine and strong drink he may not drink, and he will be full of the Holy Spirit, even from his mother’s womb;
16 ၁၆ ဣသရေလ အမျိုးသား အများ တို့ကို သူ တို့ဘုရားသခင် ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
and he will turn many of the sons of Israel to the LORD their God,
17 ၁၇ အဘ တို့နှင့် သား တို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာ၎င်း၊ ငြင်းဆန် သောသူတို့ကို သူတော်ကောင်း တို့၏ သတိပညာ လမ်းသို့ ပြောင်းလဲ စေသောအားဖြင့်၊ ထာဝရ ဘုရားအဘို့အလိုငှာ ပြင်ဆင် သောလူမျိုး ဖြစ် စေခြင်းငှာ၎င်း၊ သူ သည်ဧလိယ ၏ စိတ်ဝိညာဉ် တန်ခိုး နှင့် ပြည့်စုံလျက်၊ ဘုရားသခင် ရှေ့ တော်သို့ သွား လိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို ၏။
and he will go before Him, in the spirit and power of Elijah, to turn hearts of fathers to children, and disobedient ones to the wisdom of righteous ones, to make ready for the LORD, a people prepared.”
18 ၁၈ ဇာခရိ ကလည်း ၊ ထိုသို့ ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့ သိ ရပါမည်နည်း။ အကျွန်ုပ် သည် လူအို ဖြစ် ပါ၏။ အကျွန်ုပ် မယား သည်လည်း အသက် အရွယ်ကြီးရင့် ပါပြီဟုကောင်းကင်တမန် အား ပြောဆို လျှင်၊
And Zacharias said to the messenger, “Whereby will I know this? For I am aged, and my wife is advanced in her days?”
19 ၁၉ ကောင်းကင် တမန်က၊ ငါ သည် ဘုရားသခင့် အထံ တော်၌ ခစား သောဂါဗြေလ ဖြစ် ၏။ သင့် ကို နှုတ်ဆက် ၍ ဤ ဝမ်းမြောက်စရာသိတင်းကို ကြားပြော စေခြင်းငှာငါ့ကိုစေလွှတ် တော်မူ၏။
And the messenger answering said to him, “I am Gabriel, who has been standing near before God, and I was sent to speak to you, and to proclaim this good news to you,
20 ၂၀ သင် သည် ငါ့ စကား ကိုမ ယုံသောကြောင့် ဤအကြောင်းအရာမ ဖြစ် မှီနေ့ တိုင်အောင်စကား မ ပြောနိုင် ဘဲ၊ အ လျက် နေ လိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန် လျှင် ပြည့်စုံ လိမ့်မည်ဟု ပြောဆို ၏။
and behold, you will be silent, and not able to speak, until the day that these things will come to pass, because you did not believe my words that will be fulfilled in their season.”
21 ၂၁ လူ များတို့သည် ဇာခရိ ကို ငံ့လင့် ၍ ၊ ဗိမာန် တော်အတွင်း ၌ ကြာမြင့် စွာနေသည်ကိုအံ့ဩ ခြင်းရှိကြ၏။
And the people were waiting for Zacharias, and wondering at his lingering in the temple,
22 ၂၂ သူသည်ထွက်လာ သောအခါ စကားမ ပြော နိုင် သည်ဖြစ်၍ ၊ ဗိမာန် တော်၌ ဗျာဒိတ် ရူပါရုံကို မြင် ပြီဟု ရိပ်မိ ကြ၏။ ဇာခရိ သည်သူ တို့အား အရိပ် အမှတ်ကိုသာပေး၍ စကားအ လျက် နေ ၏။
and having come out, he was not able to speak to them, and they perceived that he had seen a vision in the temple, and he was beckoning to them, and remained mute.
23 ၂၃ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအချိန် ကာလကုန် သောအခါ ၊ ဇာခရိသည် မိမိ အိမ် သို့ သွား လေ၏။
And it came to pass, when the days of his service were fulfilled, he went away to his house,
24 ၂၄ ထိုနောက် သူ ၏ခင်ပွန်း ဧလိရှဗက် သည် ပဋိသန္ဓေ စွဲ၍ ၊
and after those days, his wife Elizabeth conceived, and hid herself five months, saying,
25 ၂၅ ငါသည်လူတို့ တွင် ခံရသော ကဲ့ရဲ့ခြင်း အကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ခြင်းငှာငါ့ ကို ကြည့်ရှု တော်မူစဉ် တွင်၊ ဤ ကျေးဇူးတော်ကို ပြု တော်မူပြီဟုဆို လျက် ၊ ငါး လ ပတ်လုံးအိမ်တွင်း၌အောင်း၍ နေလေ ၏။
“Thus the LORD has done to me, in days in which He looked on [me], to take away my reproach among men.”
26 ၂၆ ငါးလ လွန် သောအခါ ၊ ဂါလိလဲ ပြည် နာဇရက် မြို့၌ ဒါဝိဒ် အမျိုးသား ၊ ယောသပ် အမည် ရှိသောလူ နှင့် ထိမ်းမြားဆောင်နှင်း ၍၊
And in the sixth month the messenger Gabriel was sent by God, to a city of Galilee, the name of which [is] Nazareth,
27 ၂၇ မရှက်တင်သေးသော သတို့သမီး ကညာဆီသို့ ဘုရားသခင် သည် ကောင်းကင်တမန် ဂါဗြေလ ကို စေလွှတ် တော်မူ၏။ သတို့သမီး ကညာကား ၊ မာရိ အမည် ရှိ၏။
to a virgin, betrothed to a man, whose name [is] Joseph, of the house of David, and the name of the virgin [is] Mary.
28 ၂၈ ကောင်းကင်တမန်သည် ရောက်လာ လျှင် ၊ ကျေးဇူး တော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရ ဘုရားသည် သင် နှင့်အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏။
And the messenger having come in to her, said, “Greetings, favored one, the LORD [is] with you; blessed [are] you among women”;
29 ၂၉ မာရိ သည် ထို စကားကိုကြားလျှင် စိတ် နှလုံးမငြိမ်မဝပ်ရှိ၍ ၊ ဤ နှုတ်ဆက် ခြင်းကား အဘယ်သို့ သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍နေ ၏။
and she, having seen, was troubled at his word, and was reasoning of what kind this salutation may be.
30 ၃၀ ကောင်းကင် တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာ ရ ပြီ။
And the messenger said to her, “Do not fear, Mary, for you have found favor with God;
31 ၃၁ သင်သည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယေရှု အမည် ဖြင့် မှည့် ရ မည်။
and behold, you will conceive in the womb, and will bring forth a Son, and call His Name Jesus;
32 ၃၂ ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။
He will be great, and He will be called Son of the Highest, and the LORD God will give Him the throne of His father David,
33 ၃၃ ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ် ကို အစဉ်မပြတ် အုပ်စိုး လိမ့်မည်။ သူ ၏နိုင်ငံ သည်လည်း ဆုံး ခြင်းမ ရှိ ရဟုပြောဆို ၏။ (aiōn g165)
and He will reign over the house of Jacob for all ages; and of His kingdom there will be no end.” (aiōn g165)
34 ၃၄ မာရိ ကလည်း ၊ ဤအမှုအရာ သည် အဘယ်သို့ ဖြစ် လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျား နှင့် မ ဆက်ဆံ ပါဟု ကောင်းကင်တမန် အား ပြန်ပြော ၏။
And Mary said to the messenger, “How will this be, seeing I do not know a husband?”
35 ၃၅ ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် ၏အပေါ်မှာ သက်ရောက် တော်မူ၍ ၊ အမြင့်ဆုံး သောဘုရား၏တန်ခိုးအာနုဘော် တော်သည် သင့် ကိုလွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်း သောသားသည် လည်း ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။
And the messenger answering said to her, “The Holy Spirit will come on you, and the power of the Highest will overshadow you, therefore also the holy-begotten thing will be called Son of God;
36 ၃၆ ထိုမှတပါး ၊ အမြုံမ ဟူ၍ခေါ်ဝေါ် သောသင် ၏ အဆွေအမျိုး ဧလိရှဗက် သည် ပဋိသန္ဓေ စွဲယူ၍ ယခု ခြောက် လ အဝင်ရှိ ပြီ။
and behold, Elizabeth, your relative, she also has conceived a son in her old age, and this is the sixth month to her who was called barren;
37 ၃၇ ဘုရားသခင် တတ်နိုင် တော်မမူသောအမှုမ ရှိဟုပြောဆို လျှင် ၊
because nothing will be impossible with God.”
38 ၃၈ မာရိ က၊ အကျွန်ုပ်သည် ထာဝရ ဘုရား၏ကျွန် မဖြစ်ပါ၏၊ ကိုယ်တော် ၏စကား အတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန် သည် မာရိ ထံမှ သွား လေ၏။
And Mary said, “Behold, the maidservant of the LORD; let it be to me according to your saying,” and the messenger went away from her.
39 ၃၉ ထို အခါ မာရိ သည်ထ ၍ ၊ တောင် ကြားအရပ်၌ ရှိ သောယုဒ မြို့တစ်မြို့ သို့ အလျင်အမြန် သွား ပြီးလျှင်၊
And Mary having arisen in those days, went into the hill-country, with haste, to a city of Judea,
40 ၄၀ ဇာခရိ အိမ် သို့ ဝင် ၍ ဧလိရှဗက် ကို နှုတ်ဆက် လေ၏။
and entered into the house of Zacharias, and greeted Elizabeth.
41 ၄၁ ထို နှုတ်ဆက် ခြင်းစကားကို ဧလိရှဗက် သည် ကြား စဉ် တွင် မိမိ ဝမ်း ၌ ရှိသောသူငယ် သည်ခုန် ၍ ၊ မိမိသည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လျက်၊
And it came to pass, when Elizabeth heard the salutation of Mary, the baby leapt in her womb; and Elizabeth was filled with the Holy Spirit,
42 ၄၂ သင် သည် မိန်းမ တကာတို့ ထက်မြတ်စွာသောမင်္ဂလာ ရှိ၏။ သင် ၏ဝမ်း ၌ရှိသောသူငယ် သည်လည်း မြတ်စွာသော မင်္ဂလာ ရှိ၏။
and spoke out with a loud voice and said, “Blessed [are] you among women, and blessed [is] the Fruit of your womb;
43 ၄၃ အကျွန်ုပ် သခင် ၏ မယ်တော် သည် အကျွန်ုပ် ဆီသို့ ကြွလာ သောကျေးဇူးကို အဘယ် အကြောင်းကြောင့် အကျွန်ုပ် ခံရပါသနည်း။
and from where [is] this to me, that the mother of my Lord might come to me?
44 ၄၄ သင် ၏နှုတ်ဆက် ခြင်းစကား သံကို အကျွန်ုပ် ကြား စဉ် တွင်၊ အကျွန်ုပ် ဝမ်း ထဲ၌ သူငယ် သည်ရွှင်မြူး သော စိတ်နှင့် ခုန် ၏။
For behold, when the voice of your salutation came to my ears, the baby in my womb leapt in gladness;
45 ၄၅ ယုံကြည် သောမိန်းမ သည်မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ ထိုမိန်းမ အား ထာဝရ ဘုရားမိန့် တော်မူသောစကား သည် ပြည့်စုံ လိမ့်မည်ဟု ကြီး သောအသံ နှင့် မြွက်ဆို ၏။
and blessed [is] she who believed, for there will be a completion to the things spoken to her from the LORD.”
46 ၄၆ မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။
And Mary said, “My soul magnifies the LORD,
47 ၄၇ ငါ့ ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ကို အမှီပြု ၍ ငါ့ ဝိညာဉ် သည် ရွှင်လန်း ခြင်းရှိ၏။
And my spirit was glad on God my Savior,
48 ၄၈ အကြောင်းမူကား ၊ မိမိ ကျွန် မ၏နှိမ့်ချသောအဖြစ် ကိုကြည့်ရှု တော်မူပြီ။ နောင် ကာလ၌ ခပ်သိမ်း သောလူ အစဉ်အဆက်တို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
Because He looked on the lowliness of His maidservant, For behold, from now on all the generations will call me blessed,
49 ၄၉ တန်ခိုး နှင့်ပြည့်စုံတော်မူသောဘုရား သည် အံ့ဘွယ် သောကျေးဇူးတော်ကို ငါ့ အားပြု တော်မူပြီ၊ ထိုဘုရား နာမ တော်သည် ရိုသေ ဘွယ်ဖြစ်တော်မူ၏။
For He who is mighty did great things to me, And holy [is] His Name,
50 ၅၀ ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူ တို့သည် သနား တော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ် ခံစားကြ၏။
And His kindness [is] to generations of generations, To those fearing Him;
51 ၅၁ လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။
He did powerfully with His arm, He scattered abroad the proud in the thought of their heart,
52 ၅၂ ဘုရင် တို့ကို ရာဇပလ္လင် ပေါ် မှချ ၍ နှိမ့်ချ သောသူတို့ကို ချီးမြှောက် တော်မူပြီ။
He brought down the mighty from thrones, And He exalted the lowly,
53 ၅၃ ငတ်မွတ် သောသူတို့ကို ကောင်းမွန် စွာကျွေး ၍ ရ တတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။
He filled the hungry with good, And the rich He sent away empty;
54 ၅၄ ငါ တို့ဘိုးဘေး များတို့အား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
He has taken hold of His servant Israel, To remember kindness,
55 ၅၅ အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။ (aiōn g165)
As He spoke to our fathers, To Abraham and to his seed—throughout the age.” (aiōn g165)
56 ၅၆ မာရိ သည်လည်း ဧလိရှဗက် ထံမှာ သုံး လ ခန့် နေ ပြီးမှ မိမိ အိမ် သို့ ပြန် လေ၏။
And Mary remained with her about three months, and turned back to her house.
57 ၅၇ ဧလိရှဗက် သည် ဘွား အံ့သောနေ့ လစေ့ သောအခါ သား ယောက်ျားကိုဘွားမြင် ၏။
And to Elizabeth was the time fulfilled for her bringing forth, and she bore a son,
58 ၅၈ ထာဝရ ဘုရားသည် ထူးမြတ် သောသနား ခြင်းကျေးဇူးတော်ကို ဧလိရှဗက် အား ပြုတော်မူသည်ကို ၊ အိမ်နီးချင်း အဆွေအမျိုး တို့သည် ကြား လတ်သော်၊ သူ နှင့်အတူဝမ်းမြောက်ဝမ်းသာ ကြ၏။
and the neighbors and her relatives heard that the LORD was making His kindness great with her, and they were rejoicing with her.
59 ၅၉ ရှစ် ရက်မြောက်သောနေ့ ၌ အရေဖျားလှီး ခြင်းကို သူငယ် အားပေးအံ့သောငှာလာ ကြ၍၊ အဘ ၏အမည် ဖြစ်သော ဇာခရိ အမည်ဖြင့် မှည့် သောအခါ အမိ က၊ ထိုသို့မ မှည့်ရ။
And it came to pass, on the eighth day, they came to circumcise the child, and they were calling him by the name of his father, Zacharias,
60 ၆၀ ယောဟန် အမည်ဖြင့် မှည့် ရမည်ဟုဆို လျှင် ၊ သူတို့က၊
and his mother answering said, “No, but he will be called John.”
61 ၆၁ ယောဟန် အမည် ဖြင့် သင် ၏အဆွေအမျိုး တွင် တစ်ယောက် ကိုမျှမမှည့် ဟုဆို ၍ ၊
And they said to her, “There is none among your relatives who is called by this name,”
62 ၆၂ အဘ သည်အဘယ်သို့ မှည့် စေ လိုသနည်းဟု အမှတ် အားဖြင့်မေး ကြ၏။
and they were making signs to his father, what he would wish him to be called,
63 ၆၃ အဘသည်လည်း သင်ပုံး ကိုတောင်း ၍ ၊ သူ ၏အမည် ကားယောဟန် ဖြစ် ၏ဟု ရေး လေသော်၊ ထိုသူ အပေါင်း တို့သည် အံ့ဩ ခြင်းရှိကြ၏။
and having asked for a tablet, he wrote, saying, “John is his name”; and they all wondered;
64 ၆၄ ထိုခဏခြင်း တွင် ဇာခရိ သည်နှုတ် ဖွင့် ခြင်း၊ လျှာ လွတ်ခြင်းရှိသည်ဖြစ်၍၊ စကား အားဖြင့်ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလေ၏။
and his mouth was opened immediately, and his tongue, and he was speaking, praising God.
65 ၆၅ အိမ်နီးချင်း ရှိသမျှ တို့သည် ကြောက်ရွံ့ ခြင်းရှိ ကြ၍ ထို အမှုအရာ များသည် ယုဒ ပြည်တောင် ကြားအရပ် တို့၌ အနှံ့အပြား ကျော်စော လေ၏။
And fear came on all those dwelling around them, and in all the hill-country of Judea were all these sayings spoken of,
66 ၆၆ ကြား သောသူ အပေါင်း တို့သည် နှလုံး ထဲ၌ မှတ်သား ၍ ၊ ဤ သူငယ် သည် အဘယ်သို့ သောသူဖြစ် လိမ့်မည်နည်းဟုဆို ကြ၏။ ထာဝရ ဘုရား၏ လက် တော်သည်လည်း သူငယ် နှင့်အတူ ရှိ တော်မူ၏။
and all who heard laid them up in their hearts, saying, “What then will this child be?” And the hand of the LORD was with him.
67 ၆၇ သူ ၏အဘ ဇာခရိ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝ လျက် ၊
And his father Zacharias was filled with the Holy Spirit, and prophesied, saying,
68 ၆၈ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။
“Blessed [is] the LORD, the God of Israel, Because He looked on, And worked redemption for His people,
69 ၆၉ အကြောင်းမူကား ၊ ကမ္ဘာ ဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်း သောပရောဖက် တို့နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
And raised a horn of salvation to us, In the house of His servant David,
70 ၇၀ ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု (aiōn g165)
As He spoke by the mouth of His holy prophets, Which have been from the age; (aiōn g165)
71 ၇၁ ငါ တို့အဘ အာဗြဟံ အား ကျိန်ဆို ခြင်းဂတိ တော်တည်းဟူသော သန့်ရှင်း သောပဋိညာဉ် တရားကို အောက်မေ့ တော်မူသဖြင့် ၎င်း၊
Salvation from our enemies, And out of the hand of all hating us,
72 ၇၂ ငါ တို့ ဘိုးဘေး များနှင့် ဝန်ခံတော်မူသော သနား ခြင်းကျေးဇူးကို ပြု တော်မူသဖြင့်၎င်း၊
To do kindness with our fathers, And to be mindful of His holy covenant,
73 ၇၃ မိမိ လူမျိုး ကို အကြည့်အရှု ကြွလာလျက် ရွေးနှုတ် ခြင်းကျေးဇူးကိုပြု တော်မူ၍ ၊
An oath that He swore to Abraham our father,
74 ၇၄ ငါ တို့ကိုရန်သူ လက် မှ ၎င်း ၊ မုန်း သောသူ ရှိသမျှ တို့လက်မှ ၎င်း ကယ်လွှတ် မည်အကြောင်း၊
To give to us, without fear, Having been delivered out of the hand of our enemies,
75 ၇၅ ကယ်လွှတ် ခြင်းဦးချို ကို မိမိ ကျွန် ဒါဝိဒ် အမျိုး ထဲ၌ ငါ တို့အားပေါ်ထွန်း စေတော်မူပြီ။
To serve Him, in holiness and righteousness Before Him, all the days of our life.
76 ၇၆ အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။
And you, child, Prophet of the Highest will you be called; For you will go before the face of the LORD, To prepare His ways.
77 ၇၇ အကြောင်းမူကား ၊ ငါ တို့ဘုရားသခင် ၏ သနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ ၍ ကယ်တင် ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏လူမျိုး အား ဖော်ပြ သဖြင့်၊ ထာဝရ ဘုရား၏ လမ်းခရီး တော် ကို ပြင်ဆင် ခြင်းငှာသင်သည် ရှေ့ တော်၌သွား ရလိမ့်မည်။
To give knowledge of salvation to His people In forgiveness of their sins,
78 ၇၈ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊
Through the yearnings of our God, In which the rising from on high looked on us,
79 ၇၉ မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။
To give light to those sitting in darkness and death-shade, To guide our feet to a way of peace.”
80 ၈၀ ထိုသူငယ် သည်ကား ၊ ကြီးပွား ၍ ဉာဏ် သတ္တိ နှင့်ပြည့်စုံ၏။ ဣသရေလ လူ တို့အား မ ထင်ရှား မှီ တိုင်အောင်တော အရပ်၌ နေ လေ၏။
And the child grew, and was strengthened in spirit, and he was in the deserts until the day of his showing to Israel.

< လုကာ 1 >