< လုကာ 9 >

1 တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို စုဝေး စေတော်မူပြီးမှ ၊ နတ်ဆိုး အပေါင်း တို့ကို နိုင်သောတန်ခိုး နှင့် အနာ ရောဂါတို့ကို ငြိမ်း စေခြင်းငှာအခွင့် တန်ခိုးကို ပေး တော်မူ၏။
တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏။
2 ဘုရားသခင် ၏ နိုင်ငံ တော်အကြောင်းကို ဟောပြော စေခြင်းငှာ၎င်း ၊ လူနာ တို့ကို ချမ်းသာ စေခြင်းငှာ၎င်းစေလွှတ် တော်မူ၍ ၊
ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ၎င်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ၎င်း စေလွှတ်တော်မူ၍၊
3 သင်တို့သည် လမ်း ခရီးဘို့ အဘယ် အရာကိုမျှမယူ ကြနှင့်။ တောင်ဝေး ၊ လွယ်အိတ် ၊ မုန့် ၊ ငွေ ကိုမ ယူကြ နှင့်။ အင်္ကျီ နှစ် ထည်ကိုလည်း မ ပါ စေကြနှင့်။
သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြ နှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။
4 မည်သည့် အိမ် သို့ ဝင် လျှင် ထို အိမ်တွင် ထို အရပ်မှမထွက် မသွားမှီတိုင်အောင်နေ ကြလော့။ အကြင်သူ တို့သည် သင် တို့အားဧည့်သည် ဝတ်ကို မ ပြုဘဲနေ၏။
မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့။ အကြင်သူ တို့သည် သင်တို့အားဧည့်သည်ဝတ်ကို မပြုဘဲနေ၏။
5 ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။
ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။
6 တပည့်တော်တို့သည် ထွက်သွား ၍ ဧဝံဂေလိ တရားကို ဟောလျက် ၊ ခပ်သိမ်းသောအရပ် တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာ တို့တွင် ဒေသစာရီ လှည့်လည် ကြ၏။7
တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ၏။
7 ယေရှုပြု တော်မူသမျှ တို့ကို စော်ဘွား ဟေရုဒ် သည်ကြား လျှင် တွေးတော သောစိတ်ရှိ၏။ အကြောင်းမူကား ၊ လူအချို့ က၊ ယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီဟု ဆို ကြ၏။
ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူ ကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။
8 အချို့ ကဧလိယ ပေါ်ထွန်း ပြီဟု ဆိုကြ၏။ အချို့ ကရှေး ပရောဖက် တပါးပါး ထ ပြန်ပြီဟုဆိုကြ၏။
အချို့ကဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့ကရှေးပရောဖက်တပါးပါးထပြန်ပြီဟုဆိုကြ၏။
9 ဟေရုဒ် မင်းကလည်း ၊ ယောဟန် ၏လည်ပင်း ကို ငါ ဖြတ်လေပြီ။ ဤမျှလောက် သောသိတင်း ကို ငါကြား ရသော ဤ သူကား အဘယ်သူ နည်းဟုဆိုလျက်ယေရှု ကို မြင် ခြင်းငှာအလိုရှိ ၏။
ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြား ရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ၏။
10 ၁၀ တမန်တော် တို့သည် အထံ တော်သို့ပြန်လာ ၍ မိမိတို့ပြု သမျှ တို့ကို ကြားလျှောက် ကြ၏။ ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ၊ ဗက်ဇဲဒ မြို့နယ် အတွင်း တော၌ဆိတ်ကွယ် ရာအရပ်သို့ ကြွ တော်မူ၏။ လူ အစုအဝေးတို့ သည် သိ လျှင် နောက်တော်သို့ လိုက် ကြ၏။
၁၀တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော် သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ၏။ လူအစုအဝေးတို့ သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။
11 ၁၁ ထိုလူ များကို လက်ခံ တော်မူလျက် ၊ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်း ကို ဟောပြော ၍၊ နာ သော သူ တို့ကို ချမ်းသာ ပေးတော်မူ၏။
၁၁ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသော သူတို့ကို ချမ်းသာပေးတော်မူ၏။
12 ၁၂ မိုဃ်း ချုပ် သောအခါ တကျိပ် နှစ်ပါးသောသူ တို့သည် ချဉ်းကပ် လျက်၊ လူ များတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ ၊ အိပ်ရာ ၊ စားစရာ ကို ရှာ စေခြင်းငှာ အခွင့် ပေးတော်မူပါ။ ဤ အရပ်သည် တော အရပ် ဖြစ် ပါ၏ ဟု လျှောက် ကြလျှင် ၊
၁၂မိုဃ်းချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ ဟု လျှောက်ကြလျှင်၊
13 ၁၃ ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု မိန့် တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ် တို့သည်သွား ၍ ဤ လူ အပေါင်း တို့စားစရာ ဘို့ မ ဝယ် လျှင် ၊ မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ် တို့၌ မရှိ ပါဟုလျှောက် ကြ၏။
၁၃ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။
14 ၁၄ ထိုသို့လျှောက်သည်အကြောင်း ကား၊ လူ ငါးထောင် ခန့် မျှရှိ သတည်း။ ထိုအခါ လူ များတို့ကို တစ်စုလျှင် ငါးဆယ် စီ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။
၁၄ထိုသို့လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစုလျှင် ငါးဆယ်စီအစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။
15 ၁၅ တပည့် တော်တို့သည် အမိန့်တော်အတိုင်း ပြု ၍ ၊ လူအပေါင်း တို့ကို လျောင်း စေပြီးလျှင် ၊
၁၅တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊
16 ၁၆ ယေရှုသည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ကောင်းကင် သို့ ကြည့်မျှော် လျက်၊ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူ များရှေ့၌ ထည့် စေခြင်းငှာတပည့် တော်တို့အားပေး တော်မူ၏။
၁၆ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အားပေးတော်မူ၏။
17 ၁၇ လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကိုကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့်ရကြ၏။
၁၇လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။
18 ၁၈ တရံရောအခါ ၊ ယေရှု သည် တပည့် တော်တို့နှင့်တကွ ဆိတ်ကွယ် ရာအရပ်၌ ဆုတောင်း တော်မူစဉ်၊ လူ များတို့သည် ငါ့ ကိုအဘယ်သူ ဖြစ် သည်ကို ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊
၁၈တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
19 ၁၉ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ရှေး ပရောဖက် တပါးပါးထ ပြန်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
၁၉လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
20 ၂၀ သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင် ၊ ပေတရု က၊ ကိုယ်တော်သည် ဘုရားသခင် ၏ ခရစ်တော် ဖြစ်တော်မူသည်ဟု လျှောက် လေ၏။
၂၀သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော် သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
21 ၂၁ ထို အကြောင်းကို အဘယ်သူ အားမျှ မပြော စိမ့်သောငှာတပည့် တော်တို့ကို ကြပ်တည်း စွာ ပညတ် တော်မူ၏။
၂၁ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော် မူ၏။
22 ၂၂ ထိုမှတပါး၊ လူ သား သည် များစွာ ခံရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့၏ ငြင်းပယ် ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟူသော အကြောင်း များတို့ကို မိန့် တော်မူ၏။
၂၂ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။
23 ၂၃ ထိုမှတစ်ပါး ၊ လူအပေါင်း တို့အား မိန့် တော်မူသည်ကား၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို နေ့တိုင်း ထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
၂၃ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
24 ၂၄ အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူ သည် မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
၂၄အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
25 ၂၅ ဤ စကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ ကိုယ်ကိုကိုယ် ဆုံးရှုံး သောသူ သည် အဘယ် ကျေးဇူး ရှိသနည်း။
၂၅ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။
26 ၂၆ အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏၊ လူ သား သည် မိမိ ဘုန်း၊ မိမိအဘ ခမည်းတော်၏ ဘုန်း၊ သန့်ရှင်း သောကောင်းကင် တမန်တို့၏ဘုန်း ကို ဆောင် လျက်ကြွလာ သောအခါ ၊ ထို သူကို ရှက် တော်မူလတံ့။
၂၆အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။
27 ၂၇ ငါအမှန် ဆို သည်ကား၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို မ မြင် မှီ သေ ခြင်းသို့ မ ရောက် ရကြ ဟု မိန့်တော်မူ၏။
၂၇ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။
28 ၂၈ ထိုသို့ မိန့် တော်မူသည်နောက် ၊ ရှစ် ရက် လောက် လွန်သောအခါ ၊ ယေရှုသည်ပေတရု ၊ ယောဟန် ၊ ယာကုပ် တို့ကိုခေါ် ၍ ဆုတောင်း ခြင်းငှာတောင် ပေါ်သို့ တက်ကြွ တော်မူ၏။
၂၈ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။
29 ၂၉ ဆုတောင်း တော်မူစဉ် တွင်မျက်နှာ တော်သည် ထူးခြား သောအဆင်း အရောင်ရှိ၍ ၊ အဝတ် တော်လည်း ပြောင်ပြောင် လက်လက်ဖြူ ၏။
၂၉ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။
30 ၃၀ မောရှေ နှင့် ဧလိယ တည်းဟူသောလူ နှစ် ယောက်တို့သည် ဘုန်း အသရေနှင့် ထင်ရှား ၍၊
၃၀မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊
31 ၃၁ ကိုယ်တော် နှင့်အတူဆွေးနွေး လျက် ယေရုရှလင် မြို့၌ စုတေ့ တော်မူမည်အကြောင်းအရာကို ပြော ကြ၏။
၃၁ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ၏။
32 ၃၂ ပေတရု နှင့် သူ ၏အဘော် တို့သည် မျက်စိလေးလံ သဖြင့် တငိုက်ငိုက် ရှိ ကြ၏၊ နိုး သောအခါ ဘုန်း အသရေတော်ကို၎င်း ၊ ကိုယ်တော် နှင့် ရပ် နေသောလူ နှစ် ယောက်ကို၎င်း မြင် ကြ၏။
၃၂ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်း အသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။
33 ၃၃ ထိုသူ တို့သည် အထံ တော်မှ သွား ကြစဉ် ၊ ပေတရု က၊ သခင် ၊ ဤ အရပ်၌နေ ဘွယ်ကောင်း ပါ၏။ ကိုယ်တော် ဘို့တဲတစ် ဆောင်၊ မောရှေ ဘို့တစ် ဆောင်။ ဧလိယ ဘို့တစ် ဆောင်၊ တဲ သုံး ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း ၍ လျှောက် လေ၏။
၃၃ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ် တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။
34 ၃၄ ထိုသို့ လျှောက် ပြီးမှ မိုဃ်းတိမ် သည် သူ တို့ကိုလွှမ်းမိုး ၍ ၊ မောရှေ နှင့် ဧလိယသည်တိမ် ထဲသို့ ဝင် သည်ကို တပည့်တော်တို့သည် ကြောက် ခြင်းရှိကြသည်ဖြစ်၍ ၊
၃၄ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊
35 ၃၅ ဤ သူကားငါ ၏ချစ်သား ပေတည်း ။ သူ ၏ စကားကိုနားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော် ဖြစ် လေ၏။
၃၅ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ၏။
36 ၃၆ ထို အသံ တော်ဖြစ် သည် ခဏခြင်းတွင်၊ ယေရှု သည် တစ်ယောက်တည်း ရှိ တော်မူ၏။ တပည့် တော်တို့သည်မိမိတို့မြင် သောအရာ ကိုဝှက်ထား ၍ ၊ ထို ကာလ ၌ အဘယ်သူ အားမျှမကြား မပြောဘဲနေကြ၏။
၃၆ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။
37 ၃၇ နက်ဖြန် နေ့၌ တောင် ပေါ် ကဆင်း ကြပြီးလျှင်၊ များစွာ သောလူ အစုအဝေးသည် ကိုယ်တော် ကို ခရီးဦးကြိုပြု ၏။
၃၇နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီး ဦးကြိုပြု၏။
38 ၃၈ လူအစုအဝေး ၌ ပါသောသူ တစ်ယောက်က၊ အရှင် ဘုရား၊ အကျွန်ုပ် ၏သား ကို ကြည့်ရှု တော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန် ပါ၏။ အကျွန်ုပ် ၌ သား တစ်ယောက်တည်းရှိ ပါ၏။
၃၈လူအစုအဝေး၌ ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတယောက်တည်းရှိပါ၏။
39 ၃၉ နတ် ဘမ်းစား သဖြင့် သူသည်ရုတ်ခနဲ အော်ဟစ် ၍ ၊ အမြှုတ် ထွက်လျက် တောင့်မာ ခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့နာကျင် စွာနှိပ်စက်ပြီးမှနတ်သည်အလွန် သွား ခဲ ၏။
၃၉နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။
40 ၄၀ ထိုနတ် ကို နှင်ထုတ် ပါမည်အကြောင်း တပည့် တော်တို့အား အကျွန်ုပ်တောင်းပန် သော်လည်း သူတို့သည်မ တတ်နိုင် ကြပါဟု အော်ဟစ် လျက် လျှောက် လေ၏။
၄၀ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။
41 ၄၁ ယေရှု ကလည်း ၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည်သင် တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံ ရမည်နည်း။ သင် ၏သား ကို ငါ့ထံသို့ယူခဲ့ ဟု မိန့် တော်မူ၏။
၄၁ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။
42 ၄၂ သူငယ်လာ စဉ် ပင်နတ်ဆိုး သည် မြေပေါ်မှာလှဲ ၍ တောင့်မာ စေ၏။ ယေရှု သည် ညစ်ညူး သောနတ် ကို ဆုံးမ ၍ ထို သူငယ် ကို ချမ်းသာ စေပြီးမှ အဘ အား အပ်ပေး တော်မူ၏။
၄၂သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။
43 ၄၃ လူအပေါင်း တို့သည် ဘုရားသခင် ၏ မဟာ တန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။
၄၃လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။
44 ၄၄ ထိုသို့ယေရှုပြု တော်မူသမျှ ကို လူအပေါင်း တို့သည် အံ့ဩ ချီးမွမ်းကြစဉ် တပည့် တော်တို့အား ၊ သင် တို့ သည် ငါ့စကား ကို နားထောင် မှတ်မိ ကြလော့။ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီဟု မိန့် တော်မူ၏။
၄၄ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ၏။
45 ၄၅ ထို စကား တော်၏အနက် မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်း မ မေး မလျှောက်ဝံ့ကြ။
၄၅ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ။
46 ၄၆ ထိုအခါ အဘယ်သူ သည် သာ၍ ကြီးမြတ်အံ့နည်း ဟု တပည့်တော်တို့သည်အချင်းချင်း ငြင်းခုံ ကြ၏။
၄၆ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။
47 ၄၇ ယေရှု သည် သူ တို့အကြံအစည် ကို သိမြင် လျှင် ၊ သူငယ် တစ်ယောက်ကိုယူ ၍ မိမိ အနား ၌ထား ပြီးမှ ၊
၄၇ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊
48 ၄၈ အကြင်သူ သည် ငါ့ မျက်နှာ ကိုထောက်၍ဤ သူငယ် ကိုလက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။ ငါ့ ကို လက်ခံ သောသူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုပင်လက်ခံ ၏။ သင် တို့တွင် အငယ်ဆုံး သောသူသည် သာ၍ကြီးမြတ် သော သူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
၄၈အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံး သောသူ သည်သာ၍ကြီးမြတ်သော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
49 ၄၉ ယောဟန် ကလည်း ၊ သခင် ၊ ကိုယ်တော် ၏ နာမ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သောသူ တစ် ယောက်ကို အကျွန်ုပ်တို့ တွေ့ပါ၏။ သူ သည် အကျွန်ုပ် တို့နှင့်အတူ မ လိုက် သောကြောင့် အကျွန်ုပ်တို့တားမြစ် ကြပါ၏ဟု လျှောက် သော်၊
၄၉ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူ တယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ် တားကြပါ၏ဟု လျှောက်သော်၊
50 ၅၀ ယေရှု က၊ ထိုသူ ကို မ မြစ်တား ကြနှင့်။ သင် တို့ ရန်သူ ဘက်၌မ ရှိ သောသူ သည် သင် တို့ဘက် ၌ရှိ သည် ဟု မိန့် တော်မူ၏။
၅၀ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။
51 ၅၁ ကောင်းကင် သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက် သောအခါ ၊ ယေရုရှလင် မြို့သို့ တူရူ ကြွ အံ့သောငှာသဘောထား တော်မူ၏။
၅၁ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွ အံ့သောငှါ သဘောထားတော်မူ၏။
52 ၅၂ ရှေ့ တော်သို့ တမန်တော် တို့ကို စေလွှတ် တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏အဘို့ကို ပြင်ဆင် ခြင်းငှာ သွား ၍ ရှမာရိ ရွာ တရွာသို့ ဝင်ကြ ၏။
၅၂ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဘို့ကို ပြင်ဆင် ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ဝင်ကြ၏။
53 ၅၃ ကိုယ်တော်သည် ယေရုရှလင် မြို့သို့ သွား အံ့သောအခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍လက် မ ခံကြ။
၅၃ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍ လက်မခံကြ။
54 ၅၄ ထိုအကြောင်းကို တပည့် တော်ယာကုပ် ၊ ယောဟန် တို့သည်မြင် လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့အကျွန်ုပ်တို့သည် ကောင်းကင် မှ မီး ကျ စေ၍ ထိုသူ တို့ကို လောင် စေခြင်းငှာအလိုရှိ တော်မူသလောဟု လျှောက် ကြသော်၊
၅၄ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်းစေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက် ကြသော်၊
55 ၅၅ ယေရှုသည် လှည့်ကြည့် ၍ ၊ သင်တို့သည် ကိုယ်စိတ် သဘော ကို ကိုယ်မသိကြ၊ လူသား သည် လူတို့ ၏ အသက်ကို သတ်အံ့ သောငှာ ကြွလာသည် မဟုတ်။ ကယ်တင် အံ့သောငှာ ကြွလာ သည် ဟု ဆုံးမ တော်မူပြီးမှ ၊
၅၅ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊
56 ၅၆ အခြား သောရွာ သို့ ကြွ တော်မူ၏။
၅၆အခြားသောရွာသို့ကြွတော်မူ၏။
57 ၅၇ လမ်း ၌ သွား ကြစဉ် လူတစ်ဦး က၊ သခင် ကိုယ်တော်ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
၅၇လမ်း၌သွားကြစဉ် လူတဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။
58 ၅၈ ယေရှု ကလည်း ၊ မြေခွေး သည်မြေတွင်း ရှိ ၏၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် နားနေရာ အရပ်ရှိ၏။ လူ သား မူကား ခေါင်း ချ ရာမျှမ ရှိ ဟုမိန့် တော်မူ၏။
၅၈ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။
59 ၅၉ အခြား သောသူကို၊ ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူလျှင် ၊ ထိုသူက၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသောအခွင့် ကို ပေးတော်မူပါဟုလျှောက် လေသော်၊
၅၉အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊
60 ၆၀ ယေရှုက၊ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေ။ သင် မူကား သွား ၍ ဘုရားသခင့် နိုင်ငံ တော်၏အကြောင်းကို ဟောပြော လော့ ဟု မိန့် တော်မူ၏။
၆၀ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံ တော်၏အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။
61 ၆၁ အခြား သောသူကလည်း ၊ သခင် ၊ ကိုယ်တော် နောက် သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ် အိမ် ၌ ရှိရစ်သောသူ တို့ကို အရင် သွား၍ အခွင့်ပန် ပါရစေဟု လျှောက် လျှင် ၊
၆၁အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊
62 ၆၂ ယေရှု က၊ ထွန်ကိုင်း ကို ကိုင် လျက်နောက် သို့လှည့် ၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် မ ထိုက် မတန် ဟု မိန့် တော်မူ၏။
၆၂ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။

< လုကာ 9 >