< လုကာ 7 >
1 ၁ ထိုဒေသနာ တော်ကို ယေရှုသည် ပရိသတ် တို့အား အကုန်အစင် ဟောတော်မူပြီးမှကပေရနောင် မြို့ သို့ ကြွဝင် တော်မူ၏။
2 ၂ ထိုမြို့၌ တပ်မှူး ၏ကျွန် တစ် ယောက်သည်နာ ၍ သေခါနီး ရှိ ၏။ သူ၏သခင် သည် သူ့ကိုချစ် ၍၊
3 ၃ ယေရှု ၏ သိတင်း တော်ကိုကြား လျှင် ၊ ယုဒ အမျိုး အကြီးအကဲ တို့ကိုအထံ တော်သို့ စေလွှတ် သဖြင့်၊ ကိုယ်တော်သည်ကြွ ၍ထိုကျွန် ကိုချမ်းသာ ပေးတော်မူမည်အကြောင်း တောင်းပန် လေ၏ ။
4 ၄ ထိုသူ တို့သည် ယေရှု ထံတော်သို့ ရောက် လျှင် ၊ ကျေးဇူးတော်ကို ခံ မည့်သူ သည်ခံထိုက် သောသူဖြစ် ပါ၏။
5 ၅ သူ သည် အကျွန်ုပ် တို့အမျိုး ကို နှစ်သက် ၍ အကျွန်ုပ် တို့အဘို့ တရားစရပ် ကို ဆောက် ပါပြီဟု၍ ကျပ်ကျပ် တောင်းပန် ကြ၏။
6 ၆ ယေရှု သည် သူ တို့နှင့်အတူ ကြွ တော်မူ၏။ တပ်မှူး အိမ် နှင့်မ နီးမဝေး ရောက် တော်မူသောအခါ ၊ တပ်မှူးသည် မိမိ အဆွေ တို့ကို စေလွှတ် ၍၊ သခင် ၊ ကိုယ်ကို ပင်ပန်း စေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ အိမ်မိုး အောက် သို့ ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မ ခံထိုက် ပါ။
7 ၇ ထိုအတူ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ ရောက် ထိုက် သောသူမ ဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့် တော်တစ်ခွန်းရှိ လျှင် အကျွန်ုပ် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
8 ၈ ဥပမာကား၊ အကျွန်ုပ် သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ် သော်လည်းစစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟု ဆို လျှင် သွား ပါ၏။ တစ်ဦး ကိုလာ ခဲ့ဟုခေါ်လျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် စေ၏။
9 ၉ ထို စကားကို ယေရှု သည်ကြား တော်မူလျှင် အံ့ဩ ခြင်းရှိ၍ နောက် တော်သို့လိုက်သောသူ များကို လှည့်ကြည့် လျက်၊ ငါဆို သည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး ဟု မိန့် တော်မူ၏။
10 ၁၀ တပ်မှူးစေလွှတ် သော သူ တို့သည် အိမ် သို့ ပြန်ရောက် လျှင် ၊ အနာရောဂါစွဲသော ကျွန် သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ ကြ၏။
11 ၁၁ နက်ဖြန် နေ့၌ နာဣန မြို့ သို့ ကြွ တော်မူ၍ ၊ တပည့် တော်များနှင့် လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြ၏။
12 ၁၂ မြို့ တံခါး အနီး သို့ရောက်သောအခါ ၊ မုဆိုးမ ၌ တစ်ယောက်တည်း သောသား အသေ လောင်းကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား ၍၊ မြို့သူ မြို့သားများတို့သည် လိုက် ကြ၏။
13 ၁၃ သခင် ဘုရားသည် ထိုမိန်းမ ကိုမြင် လျှင် သနား ခြင်းစိတ်တော်ရှိ၍၊ မ ငို နှင့် ဟု မိန့် တော်မူလျှက် အနီး သို့ ကြွ၍ တလား ကို လက်နှင့်တို့ တော်မူသဖြင့် ၊ ထမ်း သောသူ တို့သည် ရပ် ၍နေကြ၏၊
14 ၁၄ ကိုယ်တော်ကလည်း ၊ အချင်းလုလင် ၊ ထ လော့၊ သင့် အားငါအမိန့် ရှိသည် ဟု မိန့် တော်မူလျှင် ၊
15 ၁၅ သေ သောသူ သည် ထိုင် ၍ စကား ပြော၏။ ကိုယ်တော်သည်လည်း ထိုသူ ကိုမိခင် အား အပ်ပေး တော်မူ၏။
16 ၁၆ လူအပေါင်း တို့သည် ကြောက်ရွံ့ ခြင်း သို့ရောက်၍ ၊ ကြီးစွာ သောပရောဖက် သည် ငါ တို့တွင် ပေါ်ထွန်း ပြီ။ ဘုရားသခင် သည် မိမိ လူမျိုး ကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။
17 ၁၇ ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။
18 ၁၈ ယောဟန် ၏ တပည့် တို့သည် ထို အကြောင်း အရာအလုံးစုံ တို့ကို မိမိ ဆရာအားကြားပြော ကြ၏။
19 ၁၉ ထိုအခါ ယောဟန် သည် မိမိ တပည့် နှစ် ယောက်ကို ခေါ် ပြီးလျှင် ယေရှု ထံတော်သို့ စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
20 ၂၀ ထိုသူတို့သည် အထံ တော်သို့ ရောက် လျှင်၊ ကိုယ်တော် သည်ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေခြင်းငှာ၊ ဗတ္တိဇံ ဆရာယောဟန် သည် အကျွန်ုပ် တို့ကို ကိုယ်တော် ထံသို့ စေလွှတ် ပါပြီဟု လျှောက် ကြ၏။
21 ၂၁ ထို အချိန် နာရီ၌ ယေရှုသည် လူများ တို့ကို အနာ ရောဂါဝေဒနာ ဘေး၊ နတ် ဆိုး ဘေးနှင့် ကင်းလွတ် စေ တော်မူ၏။ မျက်စိ ကန်းသောသူများ တို့ကိုလည်း မျက်စိ မြင်စေခြင်းငှာကျေးဇူး ပြုတော်မူ၏။
22 ၂၂ ထိုအခါ ယေရှုက၊ သင်တို့သည်ကြား ရသမျှ၊ မြင် ရသမျှ တို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြ လော့။ မျက်စိ ကန်းသောသူတို့သည်မျက်စိမြင် ရကြ၏ ။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သော သူတို့သည် သန့်ရှင်း ခြင်းသို့ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။
23 ၂၃ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကိုကြားရကြ၏။ ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ ဟု ပြန်ပြောတော်မူ ၏။
24 ၂၄ ယောဟန် စေလွှတ် သောသူ တို့သည် သွား ကြသည်နောက် ၊ ယေရှုသည် ယောဟန် ကို အကြောင်း ပြု၍ ပရိသတ် တို့အား၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှု ခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သောကျူပင် ကို ကြည့်ရှုခြင်းငှာ သွား သလော။
25 ၂၅ သို့မဟုတ် နူးညံ့ သောအဝတ် ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာသွားသလော။ တင့်တယ် သော အဝတ် ကိုဝတ်ဆင်၍ ကောင်းမွန် စွာစားသောက်သောသူ တို့သည် မင်းအိမ် ၌ နေ တတ်ကြ၏။
26 ၂၆ ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏။
27 ၂၇ ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသော ငါ ၏တမန် ကိုသင့် ရှေ့ ၌ငါစေလွှတ် ၏ဟုဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
28 ၂၈ ငါဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံဆရာယောဟန် ထက် ကြီးမြတ် သော ပရောဖက် တစ်ယောက် မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်တွင် အငယ်ဆုံး သောသူ သည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
29 ၂၉ အခွန်ခံ သူမှစ၍ လူ အပေါင်း တို့သည် ယောဟန်၏စကားကို ကြားနာ ရလျှင် ၊ ဘုရားသခင် ကို ချီးမွမ်း ၍ ယောဟန် ပေးသော ဗတ္တိဇံ ကို ခံ ကြ၏။
30 ၃၀ ဖာရိရှဲ နှင့် ကျမ်းတတ် တို့မူကား ၊ သူ တို့အကျိုး အလိုငှာ ဘုရားသခင် ကြံစည် တော်မူသော ကျေးဇူးတော်ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံ ကို မ ခံဘဲနေကြ၏။
31 ၃၁ ထိုကြောင့် ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ အဘယ်သူ နှင့်တူ သနည်း။
32 ၃၂ ပွဲ သဘင်၌ ထိုင်နေ သောသူငယ်ချင်းတို့သည် တစ် ယောက်ကိုတစ်ယောက် အသံလွှင့် ကြ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာမြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ် တို့နှင့် ဤလူမျိုးသည် တူ လှ၏။
33 ၃၃ အကြောင်းမူကား ၊ ဗတ္တိဇံ ဆရာယောဟန် သည် မုန့် ကိုမ စား ၊ စပျစ်ရည် ကိုမ သောက် ဘဲ လာ သည်ရှိသော်သင်တို့က၊ ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
34 ၃၄ လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤသူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။
35 ၃၅ သို့သော်လည်း ပညာ တရားသည် မိမိ သား ရှိသမျှ တို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့်လွတ်၏ ဟု မိန့်တော်မူ၏။
36 ၃၆ ဖာရိရှဲ တစ် ယောက်သည် အစာကို သုံးဆောင် တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ ထိုဖာရိရှဲ ၏ အိမ် သို့ ကြွ ၍ စားပွဲ၌လျောင်း တော်မူသည်။
37 ၃၇ ထိုသို့စားပွဲ၌လျောင်း တော်မူသည်ကိုထို မြို့ ၌ ဆိုး သောမိန်းမ တစ်ယောက်သည် သိ လျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ ၊
38 ၃၈ နောက် တော်၌ ခြေ တော်အနီးမှာရပ် လျက် ငိုကြွေး ၍ ခြေ တော်ပေါ်သို့မျက်ရည် ကျ လျှင် မိမိ ဆံပင် နှင့်သုတ် လေ၏။ ခြေ တော်ကိုလည်း နမ်း ၍ ဆီမွှေး နှင့် လိမ်း လျက်နေလေ၏။
39 ၃၉ ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
40 ၄၀ ယေရှု ကလည်း ၊ အချင်းရှိမုန် ၊ သင့် အား ငါပြော စရာတစ်ခု ရှိ သည် ဟု မိန့် တော်မူလျှင် ၊ အရှင် ဘုရား အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
41 ၄၁ ယေရှုက၊ ဥစ္စာရှင် တစ်ဦး ၌ ကြွေးစား နှစ် ဦးရှိ ၏။ တစ် ယောက်၌ကား ဒေနာရိ အပြားငါးရာ ၊ တစ် ယောက်၌ ကား ငါးဆယ် ကြွေး ရှိ၏။
42 ၄၂ သူ တို့သည် ကြွေးဆပ် ရန်မ ရှိ သောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ် ယောက်တို့ကို အချည်းနှီး လွှတ်၏။ သို့ဖြစ်လျှင် ထိုသူ နှစ်ယောက်တွင် အဘယ်သူ သည်ကြွေးရှင် ကိုသာ၍ ချစ် လိမ့်မည်နည်း ဟု မေးတော်မူ၏။
43 ၄၃ ရှိမုန် ကလည်း၊ သာ၍ ကျေးဇူးကိုခံရ သောသူ သည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင် ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင် သည်အတိုင်း မှန် ပေ၏ဟု မိန့် တော်မူပြီးမှ ၊
44 ၄၄ ထို မိန်းမ ကို လှည့် ၍ ရှိမုန် အားလည်း၊ သင်သည် ဤ မိန်းမ ကိုမြင်သလော ။ သင် ၏အိမ် သို့ ငါဝင် သော် သင်သည် ခြေ ဆေးရေ ကိုမ ပေး ။ ဤ မိန်းမမူကား ၊ ငါ့ ခြေ ပေါ်သို့မျက်ရည် ကျ ၍ မိမိ ဆံပင် နှင့်သုတ် လေပြီ။
45 ၄၅ သင်သည် ငါ့ ကိုမ နမ်း ၊ သူ မူကား ၊ အိမ်သို့ဝင် သောအချိန်မှစ၍ ငါ့ ခြေ ကိုနမ်း လျက်မ စဲ ဘဲနေ၏။
46 ၄၆ သင်သည်ငါ့ ခေါင်း ကို ဆီ နှင့်မ လိမ်း ။ သူ မူကား ၊ ငါ့ ခြေ ကို ဆီမွှေး နှင့်လိမ်း လေပြီ။
47 ၄၇ ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
48 ၄၈ ထိုမိန်းမ အားလည်း ၊ သင် သည် အပြစ် တို့နှင့် လွတ် လေပြီ ဟု မိန့် တော်မူ၏။
49 ၄၉ စားပွဲ၌လျောင်း သောသူ တို့က၊ အပြစ် ကိုလွှတ် သော ဤ သူကား အဘယ်သူ နည်းဟု အောက်မေ့ ကြ၏။
50 ၅၀ ယေရှုသည် ထို မိန်းမ အား သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်တင် ပြီ။ ငြိမ်ဝပ် စွာသွား လော့ ဟု မိန့် တော်မူ၏။