< လုကာ 7 >

1 ထိုဒေသနာ တော်ကို ယေရှုသည် ပရိသတ် တို့အား အကုန်အစင် ဟောတော်မူပြီးမှကပေရနောင် မြို့ သို့ ကြွဝင် တော်မူ၏။
⸀Ἐπειδὴἐπλήρωσεν πάντα τὰ ῥήματα αὐτοῦ εἰς τὰς ἀκοὰς τοῦ λαοῦ, εἰσῆλθεν εἰς Καφαρναούμ.
2 ထိုမြို့၌ တပ်မှူး ၏ကျွန် တစ် ယောက်သည်နာ ၍ သေခါနီး ရှိ ၏။ သူ၏သခင် သည် သူ့ကိုချစ် ၍၊
Ἑκατοντάρχου δέ τινος δοῦλος κακῶς ἔχων ἤμελλεν τελευτᾶν, ὃς ἦν αὐτῷ ἔντιμος.
3 ယေရှု ၏ သိတင်း တော်ကိုကြား လျှင် ၊ ယုဒ အမျိုး အကြီးအကဲ တို့ကိုအထံ တော်သို့ စေလွှတ် သဖြင့်၊ ကိုယ်တော်သည်ကြွ ၍ထိုကျွန် ကိုချမ်းသာ ပေးတော်မူမည်အကြောင်း တောင်းပန် လေ၏ ။
ἀκούσας δὲ περὶ τοῦ Ἰησοῦ ἀπέστειλεν πρὸς αὐτὸν πρεσβυτέρους τῶν Ἰουδαίων, ἐρωτῶν αὐτὸν ὅπως ἐλθὼν διασώσῃ τὸν δοῦλον αὐτοῦ.
4 ထိုသူ တို့သည် ယေရှု ထံတော်သို့ ရောက် လျှင် ၊ ကျေးဇူးတော်ကို ခံ မည့်သူ သည်ခံထိုက် သောသူဖြစ် ပါ၏။
οἱ δὲ παραγενόμενοι πρὸς τὸν Ἰησοῦν παρεκάλουν αὐτὸν σπουδαίως λέγοντες ὅτι Ἄξιός ἐστιν ᾧ ⸀παρέξῃτοῦτο,
5 သူ သည် အကျွန်ုပ် တို့အမျိုး ကို နှစ်သက် ၍ အကျွန်ုပ် တို့အဘို့ တရားစရပ် ကို ဆောက် ပါပြီဟု၍ ကျပ်ကျပ် တောင်းပန် ကြ၏။
ἀγαπᾷ γὰρ τὸ ἔθνος ἡμῶν καὶ τὴν συναγωγὴν αὐτὸς ᾠκοδόμησεν ἡμῖν.
6 ယေရှု သည် သူ တို့နှင့်အတူ ကြွ တော်မူ၏။ တပ်မှူး အိမ် နှင့်မ နီးမဝေး ရောက် တော်မူသောအခါ ၊ တပ်မှူးသည် မိမိ အဆွေ တို့ကို စေလွှတ် ၍၊ သခင် ၊ ကိုယ်ကို ပင်ပန်း စေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ အိမ်မိုး အောက် သို့ ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မ ခံထိုက် ပါ။
ὁ δὲ Ἰησοῦς ἐπορεύετο σὺν αὐτοῖς. ἤδη δὲ αὐτοῦ οὐ μακρὰν ἀπέχοντος ἀπὸ τῆς οἰκίας ἔπεμψεν ⸂φίλους ὁ ἑκατοντάρχης λέγων αὐτῷ· Κύριε, μὴ σκύλλου, οὐ γὰρ ⸂ἱκανός εἰμι ἵνα ὑπὸ τὴν στέγην μου εἰσέλθῃς·
7 ထိုအတူ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ ရောက် ထိုက် သောသူမ ဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့် တော်တစ်ခွန်းရှိ လျှင် အကျွန်ုပ် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
διὸ οὐδὲ ἐμαυτὸν ἠξίωσα πρὸς σὲ ἐλθεῖν· ἀλλὰ εἰπὲ λόγῳ, καὶ ⸀ἰαθήτωὁ παῖς μου·
8 ဥပမာကား၊ အကျွန်ုပ် သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ် သော်လည်းစစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟု ဆို လျှင် သွား ပါ၏။ တစ်ဦး ကိုလာ ခဲ့ဟုခေါ်လျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် စေ၏။
καὶ γὰρ ἐγὼ ἄνθρωπός εἰμι ὑπὸ ἐξουσίαν τασσόμενος, ἔχων ὑπʼ ἐμαυτὸν στρατιώτας, καὶ λέγω τούτῳ· Πορεύθητι, καὶ πορεύεται, καὶ ἄλλῳ· Ἔρχου, καὶ ἔρχεται, καὶ τῷ δούλῳ μου· Ποίησον τοῦτο, καὶ ποιεῖ.
9 ထို စကားကို ယေရှု သည်ကြား တော်မူလျှင် အံ့ဩ ခြင်းရှိ၍ နောက် တော်သို့လိုက်သောသူ များကို လှည့်ကြည့် လျက်၊ ငါဆို သည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး ဟု မိန့် တော်မူ၏။
ἀκούσας δὲ ταῦτα ὁ Ἰησοῦς ἐθαύμασεν αὐτόν, καὶ στραφεὶς τῷ ἀκολουθοῦντι αὐτῷ ὄχλῳ εἶπεν· Λέγω ὑμῖν, ⸀οὐδὲἐν τῷ Ἰσραὴλ τοσαύτην πίστιν εὗρον.
10 ၁၀ တပ်မှူးစေလွှတ် သော သူ တို့သည် အိမ် သို့ ပြန်ရောက် လျှင် ၊ အနာရောဂါစွဲသော ကျွန် သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ ကြ၏။
καὶ ὑποστρέψαντες ⸂εἰς τὸν οἶκον οἱ πεμφθέντες εὗρον ⸀τὸνδοῦλον ὑγιαίνοντα.
11 ၁၁ နက်ဖြန် နေ့၌ နာဣန မြို့ သို့ ကြွ တော်မူ၍ ၊ တပည့် တော်များနှင့် လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြ၏။
Καὶ ἐγένετο ἐν τῷ ἑξῆς ⸀ἐπορεύθηεἰς πόλιν καλουμένην Ναΐν, καὶ συνεπορεύοντο αὐτῷ οἱ μαθηταὶ ⸀αὐτοῦκαὶ ὄχλος πολύς.
12 ၁၂ မြို့ တံခါး အနီး သို့ရောက်သောအခါ ၊ မုဆိုးမ ၌ တစ်ယောက်တည်း သောသား အသေ လောင်းကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား ၍၊ မြို့သူ မြို့သားများတို့သည် လိုက် ကြ၏။
ὡς δὲ ἤγγισεν τῇ πύλῃ τῆς πόλεως, καὶ ἰδοὺ ἐξεκομίζετο τεθνηκὼς ⸂μονογενὴς υἱὸς τῇ μητρὶ αὐτοῦ, καὶ αὐτὴ ⸀ἦνχήρα, καὶ ὄχλος τῆς πόλεως ἱκανὸς ⸁ἦνσὺν αὐτῇ.
13 ၁၃ သခင် ဘုရားသည် ထိုမိန်းမ ကိုမြင် လျှင် သနား ခြင်းစိတ်တော်ရှိ၍၊ မ ငို နှင့် ဟု မိန့် တော်မူလျှက် အနီး သို့ ကြွ၍ တလား ကို လက်နှင့်တို့ တော်မူသဖြင့် ၊ ထမ်း သောသူ တို့သည် ရပ် ၍နေကြ၏၊
καὶ ἰδὼν αὐτὴν ὁ κύριος ἐσπλαγχνίσθη ἐπʼ αὐτῇ καὶ εἶπεν αὐτῇ· Μὴ κλαῖε.
14 ၁၄ ကိုယ်တော်ကလည်း ၊ အချင်းလုလင် ၊ ထ လော့၊ သင့် အားငါအမိန့် ရှိသည် ဟု မိန့် တော်မူလျှင် ၊
καὶ προσελθὼν ἥψατο τῆς σοροῦ, οἱ δὲ βαστάζοντες ἔστησαν, καὶ εἶπεν· Νεανίσκε, σοὶ λέγω, ἐγέρθητι.
15 ၁၅ သေ သောသူ သည် ထိုင် ၍ စကား ပြော၏။ ကိုယ်တော်သည်လည်း ထိုသူ ကိုမိခင် အား အပ်ပေး တော်မူ၏။
καὶ ἀνεκάθισεν ὁ νεκρὸς καὶ ἤρξατο λαλεῖν, καὶ ἔδωκεν αὐτὸν τῇ μητρὶ αὐτοῦ.
16 ၁၆ လူအပေါင်း တို့သည် ကြောက်ရွံ့ ခြင်း သို့ရောက်၍ ၊ ကြီးစွာ သောပရောဖက် သည် ငါ တို့တွင် ပေါ်ထွန်း ပြီ။ ဘုရားသခင် သည် မိမိ လူမျိုး ကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။
ἔλαβεν δὲ φόβος πάντας, καὶ ἐδόξαζον τὸν θεὸν λέγοντες ὅτι Προφήτης μέγας ⸀ἠγέρθηἐν ἡμῖν, καὶ ὅτι Ἐπεσκέψατο ὁ θεὸς τὸν λαὸν αὐτοῦ.
17 ၁၇ ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။
καὶἐξῆλθεν ὁ λόγος οὗτος ἐν ὅλῃ τῇ Ἰουδαίᾳ περὶ αὐτοῦ ⸀καὶ πάσῃ τῇ περιχώρῳ.
18 ၁၈ ယောဟန် ၏ တပည့် တို့သည် ထို အကြောင်း အရာအလုံးစုံ တို့ကို မိမိ ဆရာအားကြားပြော ကြ၏။
Καὶ ἀπήγγειλαν Ἰωάννῃ οἱ μαθηταὶ αὐτοῦ περὶ πάντων τούτων. καὶ προσκαλεσάμενος δύο τινὰς τῶν μαθητῶν αὐτοῦ ὁ Ἰωάννης
19 ၁၉ ထိုအခါ ယောဟန် သည် မိမိ တပည့် နှစ် ယောက်ကို ခေါ် ပြီးလျှင် ယေရှု ထံတော်သို့ စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
ἔπεμψεν πρὸς τὸν ⸀κύριονλέγων· Σὺ εἶ ὁ ἐρχόμενος ἢ ⸀ἄλλονπροσδοκῶμεν;
20 ၂၀ ထိုသူတို့သည် အထံ တော်သို့ ရောက် လျှင်၊ ကိုယ်တော် သည်ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေခြင်းငှာ၊ ဗတ္တိဇံ ဆရာယောဟန် သည် အကျွန်ုပ် တို့ကို ကိုယ်တော် ထံသို့ စေလွှတ် ပါပြီဟု လျှောက် ကြ၏။
παραγενόμενοι δὲ πρὸς αὐτὸν οἱ ἄνδρες εἶπαν· Ἰωάννης ὁ βαπτιστὴς ⸀ἀπέστειλενἡμᾶς πρὸς σὲ λέγων· Σὺ εἶ ὁ ἐρχόμενος ἢ ἄλλον προσδοκῶμεν;
21 ၂၁ ထို အချိန် နာရီ၌ ယေရှုသည် လူများ တို့ကို အနာ ရောဂါဝေဒနာ ဘေး၊ နတ် ဆိုး ဘေးနှင့် ကင်းလွတ် စေ တော်မူ၏။ မျက်စိ ကန်းသောသူများ တို့ကိုလည်း မျက်စိ မြင်စေခြင်းငှာကျေးဇူး ပြုတော်မူ၏။
ἐν ⸀ἐκείνῃτῇ ὥρᾳ ἐθεράπευσεν πολλοὺς ἀπὸ νόσων καὶ μαστίγων καὶ πνευμάτων πονηρῶν, καὶ τυφλοῖς πολλοῖς ⸀ἐχαρίσατοβλέπειν.
22 ၂၂ ထိုအခါ ယေရှုက၊ သင်တို့သည်ကြား ရသမျှ၊ မြင် ရသမျှ တို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြ လော့။ မျက်စိ ကန်းသောသူတို့သည်မျက်စိမြင် ရကြ၏ ။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သော သူတို့သည် သန့်ရှင်း ခြင်းသို့ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။
καὶ ⸀ἀποκριθεὶςεἶπεν αὐτοῖς· Πορευθέντες ἀπαγγείλατε Ἰωάννῃ ἃ εἴδετε καὶ ἠκούσατε· ⸀τυφλοὶἀναβλέπουσιν, χωλοὶ περιπατοῦσιν, λεπροὶ καθαρίζονται, ⸀κωφοὶἀκούουσιν, νεκροὶ ἐγείρονται, πτωχοὶ εὐαγγελίζονται·
23 ၂၃ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကိုကြားရကြ၏။ ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ ဟု ပြန်ပြောတော်မူ ၏။
καὶ μακάριός ἐστιν ὃς ἐὰν μὴ σκανδαλισθῇ ἐν ἐμοί.
24 ၂၄ ယောဟန် စေလွှတ် သောသူ တို့သည် သွား ကြသည်နောက် ၊ ယေရှုသည် ယောဟန် ကို အကြောင်း ပြု၍ ပရိသတ် တို့အား၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှု ခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သောကျူပင် ကို ကြည့်ရှုခြင်းငှာ သွား သလော။
Ἀπελθόντων δὲ τῶν ἀγγέλων Ἰωάννου ἤρξατο λέγειν ⸂πρὸς τοὺς ὄχλους περὶ Ἰωάννου· Τί ⸀ἐξήλθατεεἰς τὴν ἔρημον θεάσασθαι; κάλαμον ὑπὸ ἀνέμου σαλευόμενον;
25 ၂၅ သို့မဟုတ် နူးညံ့ သောအဝတ် ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာသွားသလော။ တင့်တယ် သော အဝတ် ကိုဝတ်ဆင်၍ ကောင်းမွန် စွာစားသောက်သောသူ တို့သည် မင်းအိမ် ၌ နေ တတ်ကြ၏။
ἀλλὰ τί ⸀ἐξήλθατεἰδεῖν; ἄνθρωπον ἐν μαλακοῖς ἱματίοις ἠμφιεσμένον; ἰδοὺ οἱ ἐν ἱματισμῷ ἐνδόξῳ καὶ τρυφῇ ὑπάρχοντες ἐν τοῖς βασιλείοις εἰσίν.
26 ၂၆ ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏။
ἀλλὰ τί ⸀ἐξήλθατεἰδεῖν; προφήτην; ναί, λέγω ὑμῖν, καὶ περισσότερον προφήτου.
27 ၂၇ ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသော ငါ ၏တမန် ကိုသင့် ရှေ့ ၌ငါစေလွှတ် ၏ဟုဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
οὗτός ἐστιν περὶ οὗ γέγραπται· ⸀Ἰδοὺἀποστέλλω τὸν ἄγγελόν μου πρὸ προσώπου σου, ὃς κατασκευάσει τὴν ὁδόν σου ἔμπροσθέν σου.
28 ၂၈ ငါဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံဆရာယောဟန် ထက် ကြီးမြတ် သော ပရောဖက် တစ်ယောက် မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်တွင် အငယ်ဆုံး သောသူ သည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
⸀λέγωὑμῖν, μείζων ἐν γεννητοῖς γυναικῶν ⸀Ἰωάννουοὐδείς ἐστιν· ὁ δὲ μικρότερος ἐν τῇ βασιλείᾳ τοῦ θεοῦ μείζων αὐτοῦ ἐστιν.
29 ၂၉ အခွန်ခံ သူမှစ၍ လူ အပေါင်း တို့သည် ယောဟန်၏စကားကို ကြားနာ ရလျှင် ၊ ဘုရားသခင် ကို ချီးမွမ်း ၍ ယောဟန် ပေးသော ဗတ္တိဇံ ကို ခံ ကြ၏။
(καὶ πᾶς ὁ λαὸς ἀκούσας καὶ οἱ τελῶναι ἐδικαίωσαν τὸν θεόν, βαπτισθέντες τὸ βάπτισμα Ἰωάννου·
30 ၃၀ ဖာရိရှဲ နှင့် ကျမ်းတတ် တို့မူကား ၊ သူ တို့အကျိုး အလိုငှာ ဘုရားသခင် ကြံစည် တော်မူသော ကျေးဇူးတော်ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံ ကို မ ခံဘဲနေကြ၏။
οἱ δὲ Φαρισαῖοι καὶ οἱ νομικοὶ τὴν βουλὴν τοῦ θεοῦ ἠθέτησαν εἰς ἑαυτούς, μὴ βαπτισθέντες ὑπʼ αὐτοῦ.)
31 ၃၁ ထိုကြောင့် ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ အဘယ်သူ နှင့်တူ သနည်း။
Τίνι οὖν ὁμοιώσω τοὺς ἀνθρώπους τῆς γενεᾶς ταύτης, καὶ τίνι εἰσὶν ὅμοιοι;
32 ၃၂ ပွဲ သဘင်၌ ထိုင်နေ သောသူငယ်ချင်းတို့သည် တစ် ယောက်ကိုတစ်ယောက် အသံလွှင့် ကြ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာမြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ် တို့နှင့် ဤလူမျိုးသည် တူ လှ၏။
ὅμοιοί εἰσιν παιδίοις τοῖς ἐν ἀγορᾷ καθημένοις καὶ προσφωνοῦσιν ἀλλήλοις, ⸂ἃ λέγει· Ηὐλήσαμεν ὑμῖν καὶ οὐκ ὠρχήσασθε· ⸀ἐθρηνήσαμενκαὶ οὐκ ἐκλαύσατε·
33 ၃၃ အကြောင်းမူကား ၊ ဗတ္တိဇံ ဆရာယောဟန် သည် မုန့် ကိုမ စား ၊ စပျစ်ရည် ကိုမ သောက် ဘဲ လာ သည်ရှိသော်သင်တို့က၊ ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
ἐλήλυθεν γὰρ Ἰωάννης ὁ βαπτιστὴς ⸀μὴ⸂ἐσθίων ἄρτον μήτε πίνων οἶνον, καὶ λέγετε· Δαιμόνιον ἔχει·
34 ၃၄ လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤသူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။
ἐλήλυθεν ὁ υἱὸς τοῦ ἀνθρώπου ἐσθίων καὶ πίνων, καὶ λέγετε· Ἰδοὺ ἄνθρωπος φάγος καὶ οἰνοπότης, φίλος τελωνῶν καὶ ἁμαρτωλῶν.
35 ၃၅ သို့သော်လည်း ပညာ တရားသည် မိမိ သား ရှိသမျှ တို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့်လွတ်၏ ဟု မိန့်တော်မူ၏။
καὶ ἐδικαιώθη ἡ σοφία ἀπὸ ⸂πάντων τῶν τέκνων αὐτῆς.
36 ၃၆ ဖာရိရှဲ တစ် ယောက်သည် အစာကို သုံးဆောင် တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ ထိုဖာရိရှဲ ၏ အိမ် သို့ ကြွ ၍ စားပွဲ၌လျောင်း တော်မူသည်။
Ἠρώτα δέ τις αὐτὸν τῶν Φαρισαίων ἵνα φάγῃ μετʼ αὐτοῦ· καὶ εἰσελθὼν εἰς ⸂τὸν οἶκον τοῦ Φαρισαίου ⸀κατεκλίθη
37 ၃၇ ထိုသို့စားပွဲ၌လျောင်း တော်မူသည်ကိုထို မြို့ ၌ ဆိုး သောမိန်းမ တစ်ယောက်သည် သိ လျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ ၊
καὶ ἰδοὺ γυνὴ ⸂ἥτις ἦν ἐν τῇ πόλει ἁμαρτωλός, ⸀καὶἐπιγνοῦσα ὅτι ⸀κατάκειταιἐν τῇ οἰκίᾳ τοῦ Φαρισαίου, κομίσασα ἀλάβαστρον μύρου
38 ၃၈ နောက် တော်၌ ခြေ တော်အနီးမှာရပ် လျက် ငိုကြွေး ၍ ခြေ တော်ပေါ်သို့မျက်ရည် ကျ လျှင် မိမိ ဆံပင် နှင့်သုတ် လေ၏။ ခြေ တော်ကိုလည်း နမ်း ၍ ဆီမွှေး နှင့် လိမ်း လျက်နေလေ၏။
καὶ στᾶσα ⸂ὀπίσω παρὰ τοὺς πόδας αὐτοῦ κλαίουσα, ⸂τοῖς δάκρυσιν ἤρξατο βρέχειν τοὺς πόδας αὐτοῦ καὶ ταῖς θριξὶν τῆς κεφαλῆς αὐτῆς ἐξέμασσεν, καὶ κατεφίλει τοὺς πόδας αὐτοῦ καὶ ἤλειφεν τῷ μύρῳ.
39 ၃၉ ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
ἰδὼν δὲ ὁ Φαρισαῖος ὁ καλέσας αὐτὸν εἶπεν ἐν ἑαυτῷ λέγων· Οὗτος εἰ ⸀ἦνπροφήτης, ἐγίνωσκεν ἂν τίς καὶ ποταπὴ ἡ γυνὴ ἥτις ἅπτεται αὐτοῦ, ὅτι ἁμαρτωλός ἐστιν.
40 ၄၀ ယေရှု ကလည်း ၊ အချင်းရှိမုန် ၊ သင့် အား ငါပြော စရာတစ်ခု ရှိ သည် ဟု မိန့် တော်မူလျှင် ၊ အရှင် ဘုရား အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
καὶ ἀποκριθεὶς ὁ Ἰησοῦς εἶπεν πρὸς αὐτόν· Σίμων, ἔχω σοί τι εἰπεῖν. ὁ δέ· ⸂Διδάσκαλε, εἰπέ, φησίν⸃.
41 ၄၁ ယေရှုက၊ ဥစ္စာရှင် တစ်ဦး ၌ ကြွေးစား နှစ် ဦးရှိ ၏။ တစ် ယောက်၌ကား ဒေနာရိ အပြားငါးရာ ၊ တစ် ယောက်၌ ကား ငါးဆယ် ကြွေး ရှိ၏။
δύο χρεοφειλέται ἦσαν δανιστῇ τινι· ὁ εἷς ὤφειλεν δηνάρια πεντακόσια, ὁ δὲ ἕτερος πεντήκοντα.
42 ၄၂ သူ တို့သည် ကြွေးဆပ် ရန်မ ရှိ သောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ် ယောက်တို့ကို အချည်းနှီး လွှတ်၏။ သို့ဖြစ်လျှင် ထိုသူ နှစ်ယောက်တွင် အဘယ်သူ သည်ကြွေးရှင် ကိုသာ၍ ချစ် လိမ့်မည်နည်း ဟု မေးတော်မူ၏။
μὴ ⸀ἐχόντωναὐτῶνἀποδοῦναι ἀμφοτέροις ἐχαρίσατο. τίς οὖν ⸀αὐτῶν πλεῖον ⸂ἀγαπήσει αὐτόν;
43 ၄၃ ရှိမုန် ကလည်း၊ သာ၍ ကျေးဇူးကိုခံရ သောသူ သည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင် ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင် သည်အတိုင်း မှန် ပေ၏ဟု မိန့် တော်မူပြီးမှ ၊
⸀ἀποκριθεὶςΣίμων εἶπεν· Ὑπολαμβάνω ὅτι ᾧ τὸ πλεῖον ἐχαρίσατο. ὁ δὲ εἶπεν αὐτῷ· Ὀρθῶς ἔκρινας.
44 ၄၄ ထို မိန်းမ ကို လှည့် ၍ ရှိမုန် အားလည်း၊ သင်သည် ဤ မိန်းမ ကိုမြင်သလော ။ သင် ၏အိမ် သို့ ငါဝင် သော် သင်သည် ခြေ ဆေးရေ ကိုမ ပေး ။ ဤ မိန်းမမူကား ၊ ငါ့ ခြေ ပေါ်သို့မျက်ရည် ကျ ၍ မိမိ ဆံပင် နှင့်သုတ် လေပြီ။
καὶ στραφεὶς πρὸς τὴν γυναῖκα τῷ Σίμωνι ἔφη· Βλέπεις ταύτην τὴν γυναῖκα; εἰσῆλθόν σου εἰς τὴν οἰκίαν, ὕδωρ ⸀μοιἐπὶ ⸀πόδαςοὐκ ἔδωκας· αὕτη δὲ τοῖς δάκρυσιν ἔβρεξέν μου τοὺς πόδας καὶ ταῖς ⸀θριξὶναὐτῆς ἐξέμαξεν.
45 ၄၅ သင်သည် ငါ့ ကိုမ နမ်း ၊ သူ မူကား ၊ အိမ်သို့ဝင် သောအချိန်မှစ၍ ငါ့ ခြေ ကိုနမ်း လျက်မ စဲ ဘဲနေ၏။
φίλημά μοι οὐκ ἔδωκας· αὕτη δὲ ἀφʼ ἧς εἰσῆλθον οὐ διέλιπεν καταφιλοῦσά μου τοὺς πόδας.
46 ၄၆ သင်သည်ငါ့ ခေါင်း ကို ဆီ နှင့်မ လိမ်း ။ သူ မူကား ၊ ငါ့ ခြေ ကို ဆီမွှေး နှင့်လိမ်း လေပြီ။
ἐλαίῳ τὴν κεφαλήν μου οὐκ ἤλειψας· αὕτη δὲ μύρῳ ἤλειψεν ⸂τοὺς πόδας μου.
47 ၄၇ ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
οὗ χάριν, λέγω σοι, ἀφέωνται αἱ ἁμαρτίαι αὐτῆς αἱ πολλαί, ὅτι ἠγάπησεν πολύ· ᾧ δὲ ὀλίγον ἀφίεται, ὀλίγον ἀγαπᾷ.
48 ၄၈ ထိုမိန်းမ အားလည်း ၊ သင် သည် အပြစ် တို့နှင့် လွတ် လေပြီ ဟု မိန့် တော်မူ၏။
εἶπεν δὲ αὐτῇ· Ἀφέωνταί σου αἱ ἁμαρτίαι.
49 ၄၉ စားပွဲ၌လျောင်း သောသူ တို့က၊ အပြစ် ကိုလွှတ် သော ဤ သူကား အဘယ်သူ နည်းဟု အောက်မေ့ ကြ၏။
καὶ ἤρξαντο οἱ συνανακείμενοι λέγειν ἐν ἑαυτοῖς· Τίς οὗτός ἐστιν ὃς καὶ ἁμαρτίας ἀφίησιν;
50 ၅၀ ယေရှုသည် ထို မိန်းမ အား သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်တင် ပြီ။ ငြိမ်ဝပ် စွာသွား လော့ ဟု မိန့် တော်မူ၏။
εἶπεν δὲ πρὸς τὴν γυναῖκα· Ἡ πίστις σου σέσωκέν σε· πορεύου εἰς εἰρήνην.

< လုကာ 7 >