< လုကာ 6 >

1 ဒုတိယဧကဒက်ဥပုသ်နေ့ ၌ ကိုယ်တော် သည် ဂျုံစပါးလယ်ကွက် တို့ကို ရှောက်ကြွ တော်မူလျှင် ၊ တပည့် တော်တို့သည် စပါး အသီးအနှံကိုဆွတ် ၍ လက် နှင့် ပွတ်နယ် စား ကြ၏။
One Sabbath Jesus was passing through the grainfields, and His disciples began to pick the heads of grain, rub them in their hands, and eat them.
2 ဖာရိရှဲ အချို့ တို့က၊ ဥပုသ်နေ့ ၌ မ ပြုအပ် သောအမှု ကိုသင်တို့သည် အဘယ်ကြောင့် ပြု ကြသနည်းဟု ဆို ကြသော်၊
But some of the Pharisees asked, “Why are you doing what is unlawful on the Sabbath?”
3 ယေရှု က၊ ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ ၊
Jesus replied, “Have you not read what David did when he and his companions were hungry?
4 ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ၍ ယဇ်ပုရောဟိတ် တို့မှတစ်ပါး အဘယ်သူ မျှမ စား အပ် သော ရှေ့ တော် မုန့် ကို ယူ စား ၍ ၊ မိမိ အဘော် တို့အားပေး သည်အကြောင်းကိုမျှ သင်တို့သည်မ ဘတ် ဘူးသလော။
He entered the house of God, took the consecrated bread and gave it to his companions, and ate what is lawful only for the priests to eat.”
5 ထိုမှတပါး ၊ လူ သား သည် ဥပုသ်နေ့ ကိုပင် အစိုးရ သည် ဟု မိန့် တော်မူ၏။
Then Jesus declared, “The Son of Man is Lord of the Sabbath.”
6 အခြား သောဥပုသ်နေ့ ၌ ကိုယ်တော် သည်တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူသည်တွင်၊ ထို စရပ်၌ လက်ျာ လက် သေ သောသူ တစ်ယောက်ရှိ ၏။
On another Sabbath Jesus entered the synagogue and was teaching, and a man was there whose right hand was withered.
7 ဥပုသ်နေ့ ၌ သူ၏ရောဂါကို ငြိမ်း စေမည် မငြိမ်းစေမည်ကို ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ ၍ ချောင်းကြည့် ကြ၏။
Looking for a reason to accuse Jesus, the scribes and Pharisees were watching Him closely to see if He would heal on the Sabbath.
8 ကိုယ်တော် သည် ထိုသူ တို့အကြံအစည် ကိုသိ လျှင်၊ လက် သေ သောသူ အား၊ ထ လော့။ အလယ် ၌ မတ်တတ် နေလော့ ဟု မိန့် တော်မူသည်အတိုင်း ထိုသူသည်ထ ၍ မတ်တတ် နေ၏။
But Jesus knew their thoughts and said to the man with the withered hand, “Get up and stand among us.” So he got up and stood there.
9 ယေရှု ကလည်း၊ သင် တို့ကိုငါမေး မည်။ ဥပုသ်နေ့ ၌ အဘယ်သို့ပြုအပ် သနည်း။ ကျေးဇူးပြု အပ်သလော ။ သူ့အကျိုးကို ဖျက်ဆီး အပ်သလော။ အသက် ကို ကယ် အပ်သလော ၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူပြီးလျှင် ၊
Then Jesus said to them, “I ask you, which is lawful on the Sabbath: to do good or to do evil, to save life or to destroy it?”
10 ၁၀ ထိုသူ အပေါင်း တို့ကို ပတ်လည် ကြည့်ရှုလျက်၊ သင် ၏လက် ကို ဆန့် လော့ ဟု ထိုသူ အားမိန့် တော်မူ၍ သူသည်မိမိလက်ကိုဆန့် လျှင် ၊ ထိုလက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။
And after looking around at all of them, He said to the man, “Stretch out your hand.” He did so, and it was restored.
11 ၁၁ ထိုသူ များတို့သည် ဒေါသ စိတ်နှင့် ယစ်မူး ၍ ယေရှု အား အဘယ်သို့ ပြု အံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ၏။
But the scribes and Pharisees were filled with rage and began to discuss with one another what they might do to Jesus.
12 ၁၂ ထို နေ့ရက် ကာလ၌ ကိုယ်တော် သည် ဆုတောင်း ပဌနာပြုခြင်းငှာတောင် ပေါ်သို့ ကြွ ၍ ဘုရားသခင် အား ဆုတောင်း ပဌနာပြုလျက် တစ် ညဉ့်နေ တော်မူ၏။
In those days Jesus went out to the mountain to pray, and He spent the night in prayer to God.
13 ၁၃ မိုဃ်းလင်း သောအခါ တပည့် တော်တို့ကို ခေါ် တော်မူ၍ ၊
When daylight came, He called His disciples to Him and chose twelve of them, whom He also designated as apostles:
14 ၁၄ ပေတရု အမည်သစ်ကိုရသော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊ ယာကုပ် နှင့် ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊
Simon, whom He named Peter, and his brother Andrew; James and John; Philip and Bartholomew;
15 ၁၅ မသ္သဲ နှင့် သောမ ၊ အာလဖဲ ၏သားယာကုပ် နှင့် ဇေလုပ် ဟုခေါ်ဝေါ် သော ရှိမုန် ၊
Matthew and Thomas; James son of Alphaeus and Simon called the Zealot;
16 ၁၆ ယာကုပ် ၏ ညီယုဒ နှင့် ကိုယ်တော်ကိုအပ်နှံ သော ယုဒ ရှကာရုတ် တည်းဟူသောတကျိပ် နှစ်ပါးတို့ကို ရွေးကောက် ၍ တမန်တော် အမည် ဖြင့် သမုတ်တော်မူ၏။
Judas son of James, and Judas Iscariot, who became a traitor.
17 ၁၇ ထိုသူ တို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ ၍ မြေညီ ရာအရပ် ၌ ရပ် တော်မူ၏။ တရား နာခြင်းငှာ၎င်း ၊ အနာ ရောဂါတို့ကိုငြိမ်း စေခြင်းငှာ၎င်း၊ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်။ ပင်လယ် ကမ်းနား၊ တုရု မြို့၊ ဇိဒုန် မြို့ အရပ်ရပ် တို့က လာ ကြ သော လူ အစုအဝေး အပေါင်း တို့နှင့် တပည့် တော်အပေါင်း တို့သည် ရှိကြ၏။
Then Jesus came down with them and stood on a level place. A large crowd of His disciples was there, along with a great number of people from all over Judea, Jerusalem, and the sea coast of Tyre and Sidon.
18 ၁၈ ညစ်ညူး သောနတ် ညှင်းဆဲ သောသူ တို့သည်လည်း လာ၍ချမ်းသာ ရကြ၏။
They had come to hear Him and to be healed of their diseases, and those troubled by unclean spirits were healed.
19 ၁၉ ကိုယ်တော် အထဲ ကတန်ခိုး ထွက် ၍ လူအပေါင်း တို့ကို သက်သာ စေတော်မူသည်ဖြစ်၍၊ ပရိသတ် အပေါင်း တို့သည် ကိုယ်တော် ကိုတို့ ခြင်းငှာရှာကြံ ကြ၏။
The entire crowd was trying to touch Him, because power was coming from Him and healing them all.
20 ၂၀ ထိုအခါ ကိုယ်တော် သည်မြော် ၍ တပည့် တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲ သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏နိုင်ငံဖြစ် ၏။
Looking up at His disciples, Jesus said: “Blessed are you who are poor, for yours is the kingdom of God.
21 ၂၁ ယခု တွင် ငတ်မွတ် သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ဝပြော ခြင်းသို့ ရောက်ကြလတံ့။ ယခု တွင် ငိုကြွေး သော သင်တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ရယ် ကြ လတံ့။ သူတစ်ပါး တို့သည် လူ သား ကြောင့် သင် တို့ကိုမုန်း သောအခါ ၊
Blessed are you who hunger now, for you will be filled. Blessed are you who weep now, for you will laugh.
22 ၂၂ ပယ်ရှား နှင်ထုတ်၍ ကဲ့ရဲ့ ခြင်း၊ အသရေ ရှုတ်ချ ခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။
Blessed are you when people hate you, and when they exclude you and insult you and reject your name as evil because of the Son of Man.
23 ၂၃ ထို ကာလ ၌ ဝမ်းမြောက် ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန် ကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သူ တို့၏ဘိုးဘေး များသည် ပရောဖက် တို့ကို ထိုသို့ ပင်ပြု ကြပြီ။
Rejoice in that day and leap for joy, because great is your reward in heaven. For their fathers treated the prophets in the same way.
24 ၂၄ တစ်နည်းကား၊ ငွေရတတ် သောသင် တို့ သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် မိမိ သက်သာ ခြင်းကို ယခုခံရ ကြ၏။
But woe to you who are rich, for you have already received your comfort.
25 ၂၅ ဝ စွာစားရသော သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ငတ်မွတ် ခြင်းသို့ ရောက်ရကြလတံ့။ ယခု ရယ် တတ်သောသင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ညည်းတွား ငိုကြွေး ရကြလတံ့။
Woe to you who are well fed now, for you will hunger. Woe to you who laugh now, for you will mourn and weep.
26 ၂၆ လူ တို့သည် သင် တို့ကို ချီးမွမ်း သောအခါ ၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သူ တို့၏ ဘိုးဘေး များသည် မိစ္ဆာ ပရောဖက်တို့ကို ထိုသို့ ပင် ပြု ကြပြီ။
Woe to you when all men speak well of you, for their fathers treated the false prophets in the same way.
27 ၂၇ ငါ့စကားကိုကြား ရသော သင် တို့အား ငါဆို သည်ကား၊ သင် တို့၏ ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကို မုန်း သောသူ တို့အား ကျေးဇူး ပြု ကြလော့။
But to those of you who will listen, I say: Love your enemies, do good to those who hate you,
28 ၂၈ သင် တို့ကို ကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင် တို့ကို နှောင့်ရှက် သောသူ တို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
bless those who curse you, pray for those who mistreat you.
29 ၂၉ သင် ၏ ပါး တဘက်ကို ပုတ် သောသူ အား ပါးတဘက် ကိုပေး ဦးလော့။ သင့် ဝတ်လုံ ကို သိမ်းယူ သော သူ အား သင့်အင်္ကျီ ကိုလည်း ယူစေခြင်းငှာအခွင့် ပေးဦးလော့။
If someone strikes you on one cheek, turn to him the other also. And if someone takes your cloak, do not withhold your tunic as well.
30 ၃၀ အကြင်သူ သည် သင့် ကိုတောင်း ၏။ ထိုသူအားပေး လော့။ သင့် ဥစ္စာ ကို သိမ်းယူ သောသူ အားပြန် ၍ မ တောင်းနှင့်။
Give to everyone who asks you, and if anyone takes what is yours, do not demand it back.
31 ၃၁ သင်တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေလို သည်အတိုင်း သူတစ်ပါး ၌ ပြု ကြလော့။
Do to others as you would have them do to you.
32 ၃၂ သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သောသူ တို့သည် ကိုယ် ကိုချစ် သောသူ တို့အား ချစ်တုံ့ပြု ကြသည် မဟုတ်လော။
If you love those who love you, what credit is that to you? Even sinners love those who love them.
33 ၃၃ သင် တို့ကို ကျေးဇူးပြု သောသူ တို့အားသာ ကျေးဇူး ပြုလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သော သူ တို့သည် ဤမျှလောက် ပြု ကြသည်မဟုတ်လော့။
If you do good to those who do good to you, what credit is that to you? Even sinners do the same.
34 ၃၄ သူတစ်ပါးအား ဥစ္စာချေးငှား သောအခါ ဆပ်ပေး လိမ့်မည်ဟု မြော်လင့် လျက် ချေးငှားလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံ လို၍ ဆိုး သောသူချင်းတို့အား ချေးငှား တတ် သည် မဟုတ်လော။
And if you lend to those from whom you expect repayment, what credit is that to you? Even sinners lend to sinners, expecting to be repaid in full.
35 ၃၅ သင် တို့မူကား ရန်သူ တို့ကိုချစ် ကြသလော။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မြော်လင့် ခြင်း မ ရှိဘဲချေးငှား ကြလော့။ ထိုသို့ပြုလျှင်သင် တို့အကျိုး ကြီး လိမ့်မည်။ အမြင့်ဆုံး သောဘုရား၏ သား ဖြစ် ကြလိမ့်မည်။
But love your enemies, do good to them, and lend to them, expecting nothing in return. Then your reward will be great, and you will be sons of the Most High; for He is kind to the ungrateful and wicked.
36 ၃၆ ထိုဘုရား သည် ကျေးဇူး မသိသောသူ ၊ ဆိုးညစ် သောသဘောရှိသော သူတို့အား ကျေးဇူး ပြု တော်မူ၏။ ထို့ကြောင့် သင် တို့အဘ သည် သနား ခြင်းစိတ်ရှိ တော်မူသည်နည်းတူ သင်တို့သည်လည်း သနား ခြင်းစိတ်ရှိ ကြ လော့။
Be merciful, just as your Father is merciful.
37 ၃၇ သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။ မ ပြုလျှင်သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်း နှင့် ကင်းလွတ် ကြလိမ့်မည်။ သူတစ်ပါးကို အပြစ် မ စီရင်ကြနှင့် ။ မ စီရင်လျှင် သင်တို့သည် အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ် ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ် လိမ့်မည်။
Do not judge, and you will not be judged. Do not condemn, and you will not be condemned. Forgive, and you will be forgiven.
38 ၃၈ သူတစ်ပါးအားပေး ကြလော့။ ပေးလျှင် သူတစ်ပါးသည် သင် တို့အားပေး ကြလိမ့်မည်။ အမှန် ခြင် ရုံမျှမက၊ သိပ်နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက်ရှိခြင်းနှင့် သင် တို့ရင်ခွင် ၌ ပေး ကြလိမ့်မည်။ အကြောင်းမူကား ၊ အကြင် ချိန်၊ တင်းပမာဏ နှင့် သင် တို့သည် သူတစ်ပါးအားပေး ၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။
Give, and it will be given to you. A good measure, pressed down, shaken together, and running over will be poured into your lap. For with the measure you use, it will be measured back to you.”
39 ၃၉ ဥပမာ ကား ၊ လူကန်း သည် လူကန်း ကို လမ်းပြနိုင် သလော။ နှစ် ဦးတို့သည် တွင်း ထဲသို့ ကျ လိမ့်မည်မ ဟုတ်လော။
Jesus also told them a parable: “Can a blind man lead a blind man? Will they not both fall into a pit?
40 ၄၀ တပည့် သည် ဆရာ ထက် မ သာ။ အပြီး သင်ပြီးသော တပည့်တိုင်း မိမိ ဆရာ ကဲ့သို့ ဖြစ် လိမ့်မည်။
A disciple is not above his teacher, but everyone who is fully trained will be like his teacher.
41 ၄၁ ကိုယ် မျက်စိ ၌ ရှိသောတံကျင် ကို မ အောက် မမေ့ဘဲ၊ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို အဘယ်ကြောင့် ကြည့်ရှု သနည်း။
Why do you look at the speck in your brother’s eye, but fail to notice the beam in your own eye?
42 ၄၂ ကိုယ် မျက်စိ ၌ ရှိသော တံကျင် ကို မ မြင်မှတ် ဘဲလျက်၊ ညီအစ်ကို ၊ သင် ၏မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို ထုတ် ပါရစေဟု အဘယ်သို့ ညီအစ်ကို အားဆို ရသနည်း။ လျှို့ဝှက် သောသူ၊ ကိုယ် မျက်စိ ၌ ရှိသောတံကျင် ကို ရှေးဦးစွာ ထုတ် လော့။ နောက်မှ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကိုထုတ် ခြင်းငှာရှင်းလင်း စွာမြင်လိမ့်မည်။
How can you say, ‘Brother, let me take the speck out of your eye,’ while you yourself fail to see the beam in your own eye? You hypocrite! First take the beam out of your own eye, and then you will see clearly to remove the speck from your brother’s eye.
43 ၄၃ မကောင်း သောအသီး ကိုသီး သော အပင်ကား၊ ကောင်း သောအပင် မ ဟုတ် ။ ကောင်း သောအသီး ကို သီး သော အပင်ကား၊ မကောင်း သောအပင် မ ဟုတ်။
No good tree bears bad fruit, nor does a bad tree bear good fruit.
44 ၄၄ အသီး ကိုထောက်၍အပင် သဘော ကိုသိ ရ၏။ ဆူးပင် ၌ သင်္ဘောသဖန်း သီးကို မ ဆွတ် တတ်။ တောချုံ ၌ စပျစ်သီး ကိုမ ဆွတ် တတ်။
For each tree is known by its own fruit. Indeed, figs are not gathered from thornbushes, nor grapes from brambles.
45 ၄၅ ကောင်း သောသူ သည် ကောင်း သော မိမိစိတ် နှလုံး ဘဏ္ဍာတိုက် ထဲက ကောင်း သောအရာ ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောအရာ ကိုထုတ်ဘော် တတ်၏။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွတ် တတ်၏။
The good man brings good things out of the good treasure of his heart, and the evil man brings evil things out of the evil treasure of his heart. For out of the overflow of the heart, the mouth speaks.
46 ၄၆ ငါ့စကား ကို နား မ ထောင်ဘဲလျက်၊ ငါ့ ကိုသခင် ၊ သခင် ဟု အဘယ်ကြောင့် ခေါ် ကြသနည်း။
Why do you call Me ‘Lord, Lord,’ but not do what I say?
47 ၄၇ ငါ့ ထံသို့ လာ ၍ ငါ့ စကား ကိုကြား သည်အတိုင်း နားထောင် သောသူ သည် အဘယ်သူ နှင့် တူ သနည်း ဟူမူကား၊
I will show you what he is like who comes to Me and hears My words and acts on them:
48 ၄၈ တိုက် ကိုတည် သောအခါ နက် စွာတူး ၍ ကျောက် ပေါ်မှာ တိုက်မြစ် ချ သောသူ နှင့်တူ၏။ မြစ် ရေထ သဖြင့် ရေစီး ၍ ထို တိုက် ကိုရိုက်ခတ် သောအခါ ကျောက်ပေါ်မှာတည် လျက်ရှိသောကြောင့် မ လှုပ် နိုင် ရာ။
He is like a man building a house, who dug down deep and laid his foundation on the rock. When the flood came, the torrent crashed against that house but could not shake it, because it was well built.
49 ၄၉ ငါ့စကားကိုကြား ၍ နားထောင် သောသူ မူကား ၊ အခုအခံ မ ရှိဘဲ မြေ ပေါ်မှာ တိုက် ကိုတည် သောသူ နှင့်တူ၏။ ရေစီး ၍ ထို တိုက် ကိုရိုက်ခတ် သောအခါ၊ ချက်ခြင်း လဲ ၍ အကုန်အစင် ပြိုပျက် လေသည် ဟု ဟော တော်မူ၏။
But the one who hears My words and does not act on them is like a man who built his house on ground without a foundation. The torrent crashed against that house, and immediately it fell—and great was its destruction!”

< လုကာ 6 >