< လုကာ 5 >

1 တရံရောအခါ ဂင်္နေသရက် အိုင် နား မှာ ရပ် တော်မူ၍ ၊ လူ များတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင် ခြင်းငှာကိုယ်တော် အနီးသို့ တိုးဝင် ကြစဉ် တွင်၊ ကမ်း နား မှာဆိုက် သော လှေ နှစ် စင်းကိုမြင် တော်မူ၏။
Now it came to pass, while the multitude pressed upon him and heard the word of God, that he was standing by the lake of Gennesaret;
2 တံငါ တို့သည် လှေ ထဲက ထွက် ၍ပိုက်ကွန် တို့ကို ဆေးလျှော် လျက်နေကြ၏။
and he saw two boats standing by the lake: but the fishermen had gone out of them, and were washing their nets.
3 ထို လှေ တို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင် တော်မူပြီးလျှင် ၊ လှေကိုကမ်း နားမှာ အနည်းငယ် ခွာ ဖွင့်စေခြင်းငှာရှိမုန် ကို အခွင့်တောင်း တော်မူ၏။ ထို လှေ ပေါ်မှာထိုင် လျက် လူ များတို့ကို ဆုံးမ ဩဝါဒပေးတော်မူ၏။
And he entered into one of the boats, which was Simon’s, and asked him to put out a little from the land. And he sat down and taught the multitudes out of the boat.
4 စကား တော်ပြတ် သောအခါ ၊ ရေနက် ရာအရပ်သို့ ရွှေ့ ဦးလော့။ ပိုက်ကွန် ကိုချ ၍ ငါးကိုအုပ် စမ်းလော့ ဟု ရှိမုန် အား မိန့် တော်မူ၏။
And when he had left speaking, he said unto Simon, Put out into the deep, and let down your nets for a draught.
5 ရှိမုန် ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ကြိုးစား သော်လည်း တစ် ကောင်ကိုမျှမရ ပါ။ သို့ရာတွင် အမိန့် တော်ရှိလျှင် ပိုက်ကွန် ကို ချ ပါမည်ဟု လျှောက် လေ၏။
And Simon answered and said, Master, we toiled all night, and took nothing: but at thy word I will let down the nets.
6 ထိုသို့ ချ ကြပြီးလျှင် ၊ အလွန် များစွာ သောငါး တို့ကို အုပ်မိ သဖြင့် ပိုက်ကွန် သည် စုတ်ပျက် စရှိ၏။
And when they had this done, they enclosed a great multitude of fishes; and their nets were breaking;
7 အခြား သော လှေ တစ်စင်း၌ ရှိသော အပေါင်းအဖော် တို့သည်လာ ၍ကူညီ စေခြင်းငှာသူ တို့ကို အမှတ်ပေး သဖြင့် ၊ သူတို့သည်လာ ၍ လှေ နှစ် စင်းနစ် လုမတတ် ငါးနှင့်ပြည့် စေကြ၏။
and they beckoned unto their partners in the other boat, that they should come and help them. And they came, and filled both the boats, so that they began to sink.
8 ရှိမုန် ပေတရု သည်မြင် လျှင်၊ ယေရှု ၏ ပုဆစ် တော်ကိုဦးတိုက် ၍ ၊ သခင် ၊ အကျွန်ုပ်သည် အပြစ် များသော သူ ဖြစ် ပါ၏။ အကျွန်ုပ် ဆီမှ ကြွသွား တော်မူပါဟု လျှောက် လေ၏။
But Simon Peter, when he saw it, fell down at Jesus’ knees, saying, Depart from me; for I am a sinful man, O Lord.
9 အဘယ်ကြောင့် ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိ သောငါး များကိုထောက် သဖြင့်၊ ရှိမုန် နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် မှစ၍ ရှိမုန် နှင့်ပါသမျှ သောသူ တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
For he was amazed, and all that were with him, at the draught of the fishes which they had taken;
10 ၁၀ ယေရှု ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည်ယခု မှစ၍ လူ တို့ကိုဘမ်းမိ သောသူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
and so were also James and John, sons of Zebedee, which were partners with Simon. And Jesus said unto Simon, Fear not; from henceforth thou shalt catch men.
11 ၁၁ ကမ်း နားမှာ လှေ ကိုဆိုက် ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှ တို့ကို စွန့်ပစ် ၍ နောက် တော်သို့လိုက်ကြ၏။
And when they had brought their boats to land, they left all, and followed him.
12 ၁၂ ကိုယ်တော် သည် မြို့ တစ် မြို့၌ ရှိ တော်မူစဉ် ၊ တစ်ကိုယ်လုံး နူနာစွဲ သော သူ တစ်ယောက်သည် ကိုယ်တော် ကို မြင် လျှင် ပြပ်ဝပ် ၍ ၊ သခင် ၊ အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
And it came to pass, while he was in one of the cities, behold, a man full of leprosy: and when he saw Jesus, he fell on his face, and besought him, saying, Lord, if thou wilt, thou canst make me clean.
13 ၁၃ ယေရှုကလည်း ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟုမိန့် တော်မူလျက် ၊ လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင်နူနာ ပျောက် လေ ၏။
And he stretched forth his hand, and touched him, saying, I will; be thou made clean. And straightway the leprosy departed from him.
14 ၁၄ ယေရှု ကလည်း ၊ ဤ အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။
And he charged him to tell no man: but go thy way, and shew thyself to the priest, and offer for thy cleansing, according as Moses commanded, for a testimony unto them.
15 ၁၅ သို့သော်လည်း သိတင်း တော်သည်သာ၍ ကျော်စော သဖြင့် ၊ များစွာ သောလူ အပေါင်းတို့သည် တရား နာလိုသောငှာ၎င်း ၊ အနာ ငြိမ်း စေခြင်းကျေးဇူးတော်ကို ခံလိုသောငှာ၎င်း၊ စုဝေး လျက်ရှိကြ၏။
But so much the more went abroad the report concerning him: and great multitudes came together to hear, and to be healed of their infirmities.
16 ၁၆ ကိုယ်တော် သည် တော အရပ်သို့ ကြွ ၍ ဆုတောင်း လေ့ရှိတော်မူ၏။
But he withdrew himself in the deserts, and prayed.
17 ၁၇ တစ်နေ့သ၌ ကိုယ်တော် သည် ဆုံးမ ဩဝါဒပေးတော်မူစဉ် ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဂါလိလဲ ပြည်မြို့ရွာ များ တို့က ရောက်လာ သော ဖာရိရှဲ တို့နှင့် နိဿရည်း ဆရာတို့သည် ထိုင် လျက်ရှိ ကြ၏၊ အနာ ရောဂါ ငြိမ်းစေခြင်းငှာသခင်ဘုရား ၏ တန်ခိုး တော်သည် ထင်ရှား ၏။
And it came to pass on one of those days, that he was teaching; and there were Pharisees and doctors of the law sitting by, which were come out of every village of Galilee and Judaea and Jerusalem: and the power of the Lord was with him to heal.
18 ၁၈ ထိုအခါ လက်ခြေသေ သောသူ တစ်ယောက်ကို အိပ်ရာ နှင့်တကွအထံသို့ဆောင်ခဲ့ ၍၊ ရှေ့ တော်၌ သွင်း ထား ခြင်းငှာရှာကြံ ကြ၏။
And behold, men bring on a bed a man that was palsied: and they sought to bring him in, and to lay him before him.
19 ၁၉ လူစုဝေး လျက်ရှိသောကြောင့် ဝင်စရာ လမ်းကိုမ တွေ့ သဖြင့် ၊ အိမ်မိုး ပေါ်သို့ တက် ၍ အုတ်မိုး ကို ဖောက်ပြီးမှလူနာ ကို အိပ်ရာ နှင့်တကွ လူများ အလယ် ယေရှု ၏ ရှေ့ တော်သို့ လျှော့ချ ကြ၏။
And not finding by what [way] they might bring him in because of the multitude, they went up to the housetop, and let him down through the tiles with his couch into the midst before Jesus.
20 ၂၀ ကိုယ်တော်သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လူနာအား၊ အချင်းလူ ၊ သင် ၏အပြစ် ကို လွတ် စေပြီ ဟု မိန့် တော်မူ၏။
And seeing their faith, he said, Man, thy sins are forgiven thee.
21 ၂၁ ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ ဘုရားကိုလွန်ကျူး ၍ ပြော သောဤ သူ ကား အဘယ်သူ နည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည် အပြစ် ကို လွှတ် နိုင် သနည်းဟု ထင်မှတ် ကြ၏။
And the scribes and the Pharisees began to reason, saying, Who is this that speaketh blasphemies? Who can forgive sins, but God alone?
22 ၂၂ ယေရှု သည် ထိုသူ တို့၏ ထင်မှတ် ခြင်းကိုသိ တော်မူလျှင် ၊ သင် တို့စိတ် ထဲမှာ အဘယ်ကြောင့် ထင်မှတ် ကြသနည်း။
But Jesus perceiving their reasonings, answered and said unto them, What reason ye in your hearts?
23 ၂၃ အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟု ပြော လွယ်သလော ။ သင် ထ ၍ လှမ်းသွား လော့ ဟုပြောလွယ်သလော။
Whether is easier, to say, Thy sins are forgiven thee; or to say, Arise and walk?
24 ၂၄ လူ သား သည်မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ယာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့။ သင့် အား ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
But that ye may know that the Son of man hath power on earth to forgive sins (he said unto him that was palsied), I say unto thee, Arise, and take up thy couch, and go unto thy house.
25 ၂၅ ထိုသူသည်လည်း လူ အများရှေ့ မှာ ချက်ခြင်း ထ ၍ အိပ်ရာကိုဆောင် လျက်၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိ အိမ် သို့ သွား လေ၏။
And immediately he rose up before them, and took up that whereon he lay, and departed to his house, glorifying God.
26 ၂၆ ထိုသူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ် သော အမှုအရာကို ယနေ့ မြင် ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
And amazement took hold on all, and they glorified God; and they were filled with fear, saying, We have seen strange things today.
27 ၂၇ ထိုနောက် ကိုယ်တော်သည် ထကြွ ၍ လေဝိ အမည် ရှိသော အခွန်ခံ သူသည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ငါ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
And after these things he went forth, and beheld a publican, named Levi, sitting at the place of toll, and said unto him, Follow me.
28 ၂၈ ထိုသူသည်လည်း ရှိသမျှ တို့ကို စွန့်ပစ် လျက် ထ ၍နောက် တော်သို့လိုက်လေ၏။
And he forsook all, and rose up and followed him.
29 ၂၉ ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ၌ ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။
And Levi made him a great feast in his house: and there was a great multitude of publicans and of others that were sitting at meat with them.
30 ၃၀ ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က သင်တို့သည် အခွန်ခံ သောသူ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သောက် ကြသနည်းဟု တပည့် တော်တို့ကိုကဲ့ရဲ့အပြစ်တင် ကြ၏။
And the Pharisees and their scribes murmured against his disciples, saying, Why do ye eat and drink with the publicans and sinners?
31 ၃၁ ယေရှု ကလည်း ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို မ ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။
And Jesus answering said unto them, They that are whole have no need of a physician; but they that are sick.
32 ၃၂ ဖြောင့်မတ် သောသူတို့သည် နောင်တ သို့ ခေါ် ခြင်းငှာလာ သည်မ ဟုတ် ဆိုး သော သူတို့ကို ခေါ်ခြင်းငှာ ငါ လာ သတည်း ဟု မိန့် တော်မူ၏။
I am not come to call the righteous but sinners to repentance.
33 ၃၃ လူအချို့တို့က၊ ယောဟန် ၏ တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ခြင်းနှင့် ဆုတောင်း ခြင်းတို့ကို အဖန်တလဲလဲ ပြု ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် စား သောက် လျက် နေကြ ပါသနည်းဟု လျှောက် ကြ၏။
And they said unto him, The disciples of John fast often, and make supplications; likewise also the [disciples] of the Pharisees; but thine eat and drink.
34 ၃၄ ကိုယ်တော် ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိစဉ်အခါ သူတို့ကို အစာရှောင် စေနိုင် သလော။
And Jesus said unto them, Can ye make the sons of the bride-chamber fast, while the bridegroom is with them?
35 ၃၅ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလရောက် လိမ့်မည်။ ထို ကာလ အခါသူတို့သည် အစာရှောင် ကြလိမ့်မည်။
But the days will come; and when the bridegroom shall be taken away from them, then will they fast in those days.
36 ၃၆ ဥပမာ ကား ၊ အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် အထည်သစ် သည် ဆွဲဆုတ် တတ်၏။ ဖာ သောအထည်သစ် သည် အဝတ်ဟောင်း နှင့် မ သင့် မတင့်တတ်။
And he spake also a parable unto them; No man rendeth a piece from a new garment and putteth it upon an old garment; else he will rend the new, and also the piece from the new will not agree with the old.
37 ၃၇ ၎င်းနည်း၊ ဟောင်း သောသားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် အသစ် သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် ၊ စပျစ်ရည် သည်ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။
And no man putteth new wine into old wineskins; else the new wine will burst the skins, and itself will be spilled, and the skins will perish.
38 ၃၈ အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။
But new wine must be put into fresh wineskins.
39 ၃၉ ဟောင်း သောစပျစ်ရည်ကိုသောက် ပြီးသော သူသည်လည်း အသစ် သောစပျစ်ရည်ကို ချက်ခြင်းအလို မ ရှိတတ်။ ဟောင်း သော စပျစ်ရည်သာ၍ကောင်း သည်ကိုသိ၏ ဟုမိန့် တော်မူ၏။
And no man having drunk old [wine] desireth new: for he saith, The old is good.

< လုကာ 5 >