< လုကာ 4 >
1 ၁ ယေရှု သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ ယော်ဒန် မြစ်နားမှ ပြန် စဉ်တွင် ဝိညာဉ် တော်သည် တော သို့ ပို့ဆောင် တော်မူ၏။
Yesu alitoka katika mto Yordani akiwa amejaa Roho Mtakatifu, akaongozwa na Roho mpaka jangwani.
2 ၂ အရက် လေးဆယ် ပတ်လုံးမာရ်နတ် ၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထို ကာလ ပတ်လုံးအစာအာဟာရကို သုံးဆောင် တော်မ မူ။ ထိုကာလလွန် ပြီးမှ မွတ်သိပ် တော်မူ၏။
Huko alijaribiwa na Ibilisi kwa muda wa siku arubaini. Wakati huo wote hakula chochote, na baada ya siku hizo akasikia njaa.
3 ၃ မာရ်နတ် ကလည်း ၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် လျှင် ဤ ကျောက်ခဲ ကိုမုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
Ndipo Ibilisi akamwambia, “Kama wewe ni Mwana wa Mungu, amuru jiwe hili liwe mkate.”
4 ၄ ယေရှု ကလည်း ၊ လူ သည်မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှ အားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာ၌လာ သည် ဟု ပြန်ပြောတော်မူ ၏။
Yesu akamjibu, “Imeandikwa: Mtu haishi kwa mkate tu.”
5 ၅ တစ်ဖန် မာရ်နတ် သည် ယေရှု ကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍၊ ဤလောက ၌ရှိသမျှ သော တိုင်း နိုင်ငံတို့ကို တစ်ခဏခြင်း တွင် ပြညွှန် ၍ ၊
Kisha Ibilisi akamchukua hadi mahali pa juu, akamwonyesha kwa mara moja falme zote za ulimwengu. Huyo Shetani akamwambia,
6 ၆ ဤ ဘုန်း တန်ခိုး အာနုဘော်ရှိသမျှ ကို ငါ ၌အပ် ခဲ့ပြီ။ ငါသည် ပေးလို သောသူ အားပေး ရသည်ဖြစ်၍ ကိုယ်တော် အား ပေး ပါမည်။
“Nitakupa uwezo juu ya falme zote hizi na fahari zake, kwa maana nimepewa hivi vyote; nikitaka kumpa mtu ninaweza.
7 ၇ ငါ့ ကိုကိုးကွယ် လျှင် ဤအလုံးစုံ တို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက် လေ၏။
Hivi vyote vitakuwa mali yako wewe, kama ukiniabudu.”
8 ၈ ယေရှု ကလည်း ၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
Yesu akamjibu, “Imeandikwa: Utamwabudu Bwana Mungu wako, na utamtumikia yeye peke yake.”
9 ၉ တစ်ဖန် မာရ်နတ်သည် ယေရှု ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန် တော်၏ အထွဋ် ၌ တင် ထားပြီးလျှင်၊
Ibilisi akamchukua mpaka Yerusalemu, kwenye mnara wa Hekalu, akamwambia, “Kama wewe ni Mwana wa Mungu,
10 ၁၀ ကျမ်းစာလာ သည်ကား၊ သင့် ကို စောင့်ရှောက် စေခြင်းငှာကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍ ၊
kwa maana imeandikwa: Atawaamuru malaika wake wakulinde,
11 ၁၁ သင် ၏ခြေ ကိုကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ၊ သူတို့သည် သင့် ကိုလက် နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သား တော်မှန် လျှင် ဤ အထွဋ်မှ ကိုယ် ကိုအောက် သို့ ချ လိုက်တော်မူပါဟု လျှောက် လေ၏။
na tena, Watakuchukua mikononi mwao usije ukajikwaa mguu wako kwenye jiwe.”
12 ၁၂ ယေရှု ကလည်း ၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်း မ ပြုရဟု ကျမ်းစကား ရှိ သည် ဟု ပြန်ပြောတော်မူ ၏။
Lakini Yesu akamjibu, “Imeandikwa: Usimjaribu Bwana Mungu wako.”
13 ၁၃ ထိုသို့ မာရ်နတ် သည် စုံစမ်း သွေးဆောင်ခြင်း အမှုအလုံးစုံ ကို အကုန်အစင်ပြု ပြီးလျှင်၊ အထံ တော်မှ ထွက်သွား ၍ ကာလ အတန်အရာနေလေ၏။
Ibilisi alipokwishamjaribu kwa kila njia, akamwacha kwa muda.
14 ၁၄ ယေရှု သည် ဝိညာဉ် တော်တန်ခိုး နှင့် ဂါလိလဲ ပြည်သို့ ပြန် ၍ ၊ သိတင်း တော်သည် ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။ တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးတော်မူ၍ ၊
Yesu alirudi Galilaya akiwa amejaa nguvu za Roho Mtakatifu, na habari zake zikaenea katika sehemu zote za jirani.
15 ၁၅ လူအပေါင်း တို့သည် ကိုယ်တော်ကိုချီးမွမ်း ကြ၏။
Naye akawa anawafundisha watu katika masunagogi yao, akasifiwa na wote.
16 ၁၆ ကြီးပွား တော်မူရာ နာဇရက် မြို့သို့ ရောက် ပြန်လျှင် ၊ ထုံးစံ တော်ရှိသည်အတိုင်း ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ ကျမ်းစာကို ဘတ်ရွတ် ခြင်းငှာထ တော်မူ၏။
Basi, Yesu alikwenda Nazareti, mahali alipolelewa, na siku ya Sabato, aliingia katika sunagogi, kama ilivyokuwa desturi yake. Akasimama ili asome Maandiko Matakatifu kwa sauti.
17 ၁၇ စရပ်စောင့်သည် ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ကိုပေး သည်ဖြစ်၍ ၊ ကျမ်းစာ ကိုဖွင့် တော်မူလျှင် တွေ့ သောအချက် စကားဟူမူကား၊
Akapokea kitabu cha nabii Isaya, akakifungua na akakuta mahali palipoandikwa:
18 ၁၈ ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။
“Roho wa Bwana yu juu yangu, kwani amenipaka mafuta niwahubirie maskini Habari Njema. Amenituma niwatangazie mateka watapata uhuru, vipofu watapata kuona tena; amenituma niwakomboe wanaoonewa,
19 ၁၉ အကြောင်းမူကား ၊ ဆင်းရဲသား တို့အား ဝမ်းမြောက် စရာသိတင်းကိုကြားပြောစေခြင်းငှာငါ့ ကို ဘိသိတ် ပေး တော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာ၎င်း၊ ဘမ်း သွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ် ခြင်းအကြောင်းနှင့် မျက်စိ ကန်းသောသူတို့အား မျက်စိမြင်ပြန် ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မ စေခြင်းငှာ၎င်း၊ ထာဝရ ဘုရား၏ မင်္ဂလာ နှစ် ကာလကို ကြားပြော စေခြင်းငှာ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီဟုလာသတည်း။
na kutangaza mwaka wa neema ya Bwana.”
20 ၂၀ ကျမ်းစာ ကိုလိပ် ၍ စရပ်စောင့် အားပေး ပြီးမှ ထိုင် တော်မူ၏။ စရပ် ၌ ရှိသောသူ အပေါင်း တို့သည် ကိုယ်တော် ကိုစေ့စေ့ ကြည့်လျက်နေ ကြ၏။
Baada ya kusoma, akafunga kile kitabu, akampa mtumishi, kisha akaketi; watu wote wakamkodolea macho.
21 ၂၁ ယေရှုကလည်း၊ ယနေ့ ပင် ဤ ကျမ်းစာ ချက်သည် သင် တို့ကြား သည့်အတိုင်း ပြည့်စုံ လေပြီ ဟု မိန့် တော်မူ၏။
Naye akaanza kuwaambia, “Andiko hili mlilosikia likisomwa, limetimia leo.”
22 ၂၂ ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ် သော နှုတ် ထွက် စကား ကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူ သည် ယောသပ် ၏ သား မ ဟုတ် တုံလောဟု ဆို ကြ၏။
Wote wakavutiwa sana naye, wakastaajabia maneno mazuri aliyosema. Wakanena, “Je, huyu si mwana wa Yosefu?”
23 ၂၃ ယေရှုကလည်း၊ အကယ်၍သင်တို့သည် ပုံပမာ ဆောင်လျှက်၊ အချင်းဆေးသမား ၊ ကိုယ် အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြား သည်အတိုင်း၊ သင်သည် ကပေရနောင် မြို့၌ ပြု သမျှ သော အမှုအရာတို့ကို ကိုယ် နေရင်း မြို့၌ လည်း ၊ ပြုပါဟူ၍ငါ့ အား ပြောဆို ကြလိမ့်မည်။ သို့သော်လည်း ၊ ငါအမှန် ဆို သည်ကား၊
Naye akawaambia, “Bila shaka mtaniambia msemo huu: Mganga jiponye mwenyewe, na pia mtasema: Yote tuliyosikia umeyafanya kule Kafarnaumu, yafanye hapa pia katika kijiji chako.”
24 ၂၄ အဘယ် ပရောဖက် မျှ မိမိ နေရင်း မြို့၌ မျက်နှာ မရတတ်။
Akaendelea kusema, “Hakika nawaambieni, nabii hatambuliwi katika kijiji chake.
25 ၂၅ ငါအမှန် ဆို ပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ်လုံး မိုဃ်းခေါင် ၍၊ ပြည် နိုင်ငံတစ်လျှောက်လုံး အစာ အာဟာရအလွန် ခေါင်းပါးခြင်းရှိ သောအခါ ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမ အများ ရှိ ကြ၏။
Lakini, sikilizeni! Kweli kulikuwa na wajane wengi katika nchi ya Israeli nyakati za Eliya. Wakati huo mvua iliacha kunyesha kwa muda wa miaka mitatu na nusu; kukawa na njaa kubwa katika nchi yote.
26 ၂၆ သို့သော်လည်း ၊ ထိုမုဆိုးမတစ်ယောက်ရှိရာ သို့မျှ ဧလိယ ကိုစေလွှတ် တော်မမူ။ ဇိဒုန် ပြည် ဇရတ္တ မြို့သူ ဖြစ်သော မုဆိုးမ တစ်ယောက်ရှိရာ သို့ စေလွှတ်တော်မူ၏။
Hata hivyo, Eliya hakutumwa kwa mjane yeyote ila kwa mwanamke mjane wa Sarepta, Sidoni.
27 ၂၇ ပရောဖက် ဧလိရှဲ လက်ထက် တွင်လည်း ၊ ဣသရေလ အမျိုး၌ နူနာစွဲ သောသူအများ ရှိ ကြ၏။ သို့သော်လည်း ၊ နေမန် အမည်ရှိသောရှုရိ လူမှတစ်ပါး အဘယ်သူ မျှသန့်ရှင်း ခြင်းသို့ မရောက် ဟုမိန့်တော်မူ၏။
Tena, katika nchi ya Israeli nyakati za Elisha kulikuwa na wenye ukoma wengi. Hata hivyo, hakuna yeyote aliyetakaswa ila tu Naamani, mwenyeji wa Siria.”
28 ၂၈ တရားစရပ် ၌ ရှိသော လူအပေါင်း တို့သည် ထို စကားတော်ကို ကြား သောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊
Wote waliokuwa katika lile sunagogi waliposikia hayo walikasirika sana.
29 ၂၉ ထ ၍ ကိုယ်တော် ကိုမြို့ ပြင် သို့ နှင်ထုတ် ပြီးလျှင် ၊ ထို မြို့ တည် ရာတောင် ထိပ် စွန်းအငူမှ စောက်ထိုး တွန်းချခြင်းငှာ ဆောင်သွား ကြ၏။
Wakasimama, wakamtoa nje ya mji wao uliokuwa umejengwa juu ya kilima, wakampeleka mpaka kwenye ukingo wa kilima hicho ili wamtupe chini.
30 ၃၀ ကိုယ်တော် သည် သူ တို့အလယ် ၌ လျှောက် ၍ ကြွသွား တော်မူ၏။
Lakini Yesu akapita katikati yao, akaenda zake.
31 ၃၁ ဂါလိလဲ ပြည် ကပေရနောင် မြို့ သို့ ရောက် လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။
Kisha Yesu akashuka mpaka Kafarnaumu katika mkoa wa Galilaya, akawa anawafundisha watu siku ya Sabato.
32 ၃၂ အာဏာ နှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာ တော်ကိုအလွန်အံ့ဩ ကြ၏။
Wakastaajabia uwezo aliokuwa nao katika kufundisha.
33 ၃၃ ထိုတရားစရပ် ၌ ညစ်ညူး သော နတ်ဆိုး စွဲ သောသူ တစ်ယောက်ရှိ ၍ ၊
Na katika lile sunagogi kulikuwa na mtu aliyekuwa amepagawa na roho ya pepo mchafu; akapiga ukelele wa kuziba masikio:
34 ၃၄ ဪ နာဇရက် မြို့သားယေရှု ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏၊ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ကြီး သောအသံ နှင့် ဟစ်ကြော် လေ၏။
“We! Yesu wa Nazareti! Kwa nini unatuingilia? Je, umekuja kutuangamiza? Ninakufahamu wewe ni nani. Wewe ni mjumbe Mtakatifu wa Mungu!”
35 ၃၅ ယေရှု ကလည်း ၊ တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့ ဟု ဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည်ထိုသူ ကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ် မ ပြုဘဲ ထွက်သွား ၏။
Lakini Yesu akamkemea huyo pepo akisema: “Nyamaza! Mtoke mtu huyu!” Basi, huyo pepo baada ya kumwangusha yule mtu chini, akamtoka bila kumdhuru hata kidogo.
36 ၃၆ လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤ စကား သည် အဘယ်သို့ သော စကားနည်း၊ ညစ်ညူး သောနတ် တို့ကို အာဏာ တန်ခိုး နှင့် မှာထား ၍ သူတို့သည် ထွက်သွား ကြသည်တကားဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
Watu wote wakashangaa, wakawa wanaambiana, “Hili ni jambo la ajabu, maana kwa uwezo na nguvu anawaamuru pepo wachafu watoke, nao wanatoka!”
37 ၃၇ သိတင်း တော်သည်လည်း ၊ ပတ်ဝန်းကျင် အရပ် တို့၌ နှံ့ပြား ကျော်စောလေ၏။
Habari zake zikaenea mahali pote katika mkoa ule.
38 ၃၈ တရားစရပ် မှ ထွက် ပြီးလျှင် ရှိမုန် အိမ် သို့ ကြွ တော်မူ၏ ။ ရှိမုန် ၏ယောက္ခမ သည် ပြင်းစွာ သော ဖျားနာ စွဲ သည်ဖြစ်၍ သူ့ အတွက် ကိုယ်တော် ကိုတောင်းလျှောက် ကြ၏။
Yesu alitoka katika lile sunagogi, akaenda nyumbani kwa Simoni. Mama mmoja, mkwewe Simoni, alikuwa na homa kali; wakamwomba amponye.
39 ၃၉ ကိုယ်တော်သည် ထိုမိန်းမ ၏အနား မှာရပ် ၍ ဖျားနာ ကိုဆုံးမ တော်မူလျှင် ၊ သူ သည် အဖျားပျောက် သဖြင့် ချက်ခြင်း ထ ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။
Yesu akaenda akasimama karibu naye, akaikemea ile homa, nayo ikamwacha. Mara yule mama akainuka, akawatumikia.
40 ၄၀ နေ ဝင် သောအခါ အမျိုးမျိုး သော အနာ ရောဂါစွဲ သောသူ တို့၏ အဆွေခင်ပွန်းအပေါင်း တို့သည် ထို လူနာ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍၊ ကိုယ်တော် သည် ထိုလူနာ အသီးသီး တို့ အပေါ်၌လက် တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်း စေတော်မူ၏။
Jua lilipokuwa linatua, wote waliokuwa na wagonjwa wao mbalimbali waliwaleta kwake; naye akaweka mikono yake juu ya kila mmoja wao, akawaponya wote.
41 ၄၁ နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။
Pepo waliwatoka watu wengi, wakapiga kelele wakisema: “Wewe u Mwana wa Mungu!” Lakini Yesu akawakemea, wala hakuwaruhusu kusema, maana walimfahamu kwamba yeye ndiye Kristo.
42 ၄၂ မိုဃ်းလင်း သောအခါ တော အရပ် သို့ ထွက် ကြွ တော်မူ၍ ၊ လူ အများတို့သည် ကိုယ်တော် ကိုရှာ ကြ၏၊ အထံ တော်သို့ ရောက် လျှင် ၊ မိမိ တို့နေရာမှ ထွက်ကြွ တော် မ မူမည်အကြောင်း ဆီးတား ကြ၏။
Kesho yake asubuhi Yesu aliondoka akaenda mahali pa faragha. Watu wakawa wanamtafuta, na walipofika mahali alipokuwa, wakajaribu kumzuia ili asiondoke kwao.
43 ၄၃ ကိုယ်တော်ကလည်း၊ ဘုရားသခင် ၏နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို အခြား သောမြို့ ရွာတို့ ၌ ငါ ဟောပြောရ မည်။
Lakini yeye akawaambia, “Ninapaswa kuhubiri Habari Njema za Ufalme wa Mungu katika miji mingine pia, maana nilitumwa kwa ajili hiyo.”
44 ၄၄ ထိုသို့ အလို့ငှာ ငါ့ကိုစေလွတ် လျက်ရှိသည် ဟု မိန့် တော်မူ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ် တို့၌ တရား ဟောပြော လျက်နေ တော်မူ၏။
Akawa anahubiri katika masunagogi ya Yudea.