< လုကာ 3 >

1 ကဲသာ ဘုရင် တိဗေရိ နန်းစံ တစ်ဆယ်ငါး နှစ် တွင် ၊ ယုဒ ပြည်၌ ပုန္တိ ပိလတ် သည်မြို့ဝန် အရာ၊ ဂါလိလဲ ပြည်၌ ဟေရုဒ် သည် စော်ဘွား အရာ၊ ဣတုရဲ ပြည်နှင့် တရာခေါနိတ် ပြည် ၌ ဟေရုဒ် ညီ ဖိလိပ္ပု သည် စော်ဘွား အရာ၊ အဘိလင် ပြည်၌ လုသာနိ သည် စော်ဘွား အရာ၊
Then, in the fifteenth year of the reign of Tiberius Caesar, Pontius Pilate being procurator of Judea, and Herod tetrarch of Galilee, and his brother Philip tetrarch of Ituraea and of the region of Trachonitis, and Lysanias tetrarch of Abilene,
2 အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။
under the high priests Annas and Caiaphas: the word of the Lord came to John, the son of Zechariah, in the wilderness.
3 ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ လာ သည်ကား၊ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။
And he went into the entire region of the Jordan, preaching a baptism of repentance for the remission of sins,
4 လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။
just as it has been written in the book of the sermons of the prophet Isaiah: “The voice of one crying out in the wilderness: Prepare the way of the Lord. Make straight his paths.
5 ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင် ရမည်။
Every valley shall be filled, and every mountain and hill shall be brought low. And what is crooked shall be made straight. And the rough paths shall be made into level ways.
6 လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။
And all flesh shall see the salvation of God.”
7 ထိုအခါ ၊ ဗတ္တိဇံ ကို ခံအံ့သောငှာလာ ကြသော လူ အစုအဝေးတို့အား ယောဟန် ဟောပြော သည်ကား၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောဘေးဒဏ် မှ ပြေးသွား စိမ့်သောငှာအဘယ်သူ သည် သင် တို့ကို သတိပေး ဘိသနည်း။
Therefore, he said to the crowd that went out in order to be baptized by him: “You progeny of vipers! Who told you to flee from the approaching wrath?
8 နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။
So then, produce fruits worthy of repentance. And do not begin to say, ‘We have Abraham as our father.’ For I tell you that God has the power to raise up sons to Abraham from these stones.
9 သစ်ပင် အမြစ် နား မှာ ပုဆိန် ထား လျက်ရှိသည် ဖြစ်၍၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရသည်ဟု ဟောပြောလေ၏။
For even now the axe has been placed at the root of the trees. Therefore, every tree that does not produce good fruit shall be cut down and cast into the fire.”
10 ၁၀ လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊
And the crowed was questioning him, saying, “What then should we do?”
11 ၁၁ ယောဟန်က၊ အင်္ကျီ နှစ် ထည်ရှိ သောသူ သည် အင်္ကျီမ ရှိ သောသူ အားမျှ စေ။ စားစရာ ရှိ သောသူ သည် လည်း ထိုနည်းတူ ပြု စေဟု ပြန်ပြော ၏။
But in response, he said to them: “Whoever has two coats, let him give to those who do not have. And whoever has food, let him act similarly.”
12 ၁၂ အခွန်ခံ သူတို့သည် ဗတ္တိဇံ ကို ခံခြင်းငှာလာ ၍ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊
Now the tax collectors also came to be baptized, and they said to him, “Teacher, what should we do?”
13 ၁၃ သင် တို့သခင်သည် ခွဲဝေ စီမံသည်ထက် သာ၍ မ ခွဲ မခံကြနှင့်ဟု ပြန်ပြော ၏။
But he said to them, “You should do nothing more than what has been appointed to you.”
14 ၁၄ စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။
Then the soldiers also questioned him, saying, “And what should we do?” And he said to them: “You should strike no one, and you should not make false accusations. And be content with your pay.”
15 ၁၅ လူ အများ တို့သည် မြော်လင့် ၍ ၊ ယောဟန် သည် ခရစ်တော် မှန် သည်မမှန်သည်ကို နှလုံး ထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊
Now all were thinking about John in their hearts, and the people were supposing that perhaps he might be the Christ.
16 ၁၆ ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
John responded by saying to everyone: “Indeed, I baptize you with water. But there will arrive one stronger than me, the laces of whose shoes I am not worthy to loosen. He will baptize you in the Holy Spirit, and with fire.
17 ၁၇ လက် တော်တွင် စံကော ပါလျက် မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့်၊ ဂျုံ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့် ရှို့ တော်မူလတံ့ဟု ပြောဆို ၏။
His winnowing fan is in his hand. And he will purify his threshing floor. And he will gather the wheat into the barn. But the chaff he will burn with unquenchable fire.”
18 ၁၈ အခြား သောစကားများ နှင့် ဆုံးမ သွေးဆောင်၍ ဧဝံဂေလိတရား ကို လူ အများတို့အားဟောပြော လေ၏။
Indeed, he also proclaimed many other things, exhorting the people.
19 ၁၉ ထိုနောက် စော်ဘွား ဟေရုဒ် သည် မိမိ ညီ ၏ ခင်ပွန်း ဟေရောဒိ အကြောင်း မှစ၍ ၊ မိမိပြု သောဒုစရိုက် အပြစ်ရှိသမျှ တို့ကို ယောဟန် သည် ဖော်ပြ ဆုံးမသောကြောင့်၊
But Herod the tetrarch, when he was corrected by him concerning Herodias, his brother’s wife, and concerning all the evils that Herod had done,
20 ၂၀ ဟေရုဒ် သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန် ကို ထောင် ထဲမှာ လှောင် ထား၏။
added this also, above all else: that he confined John to prison.
21 ၂၁ လူ အပေါင်း တို့သည် ဗတ္တိဇံ ကိုခံကြသောအခါ ၊ ယေရှု သည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်း စဉ် တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊
Now it happened that, when all the people were being baptized, Jesus was baptized; and as he was praying, heaven was opened.
22 ၂၂ သန့်ရှင်း သောဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ကိုယ် ထင်ရှား လျက် ကိုယ်တော် ပေါ်၌ ဆင်းသက် တော်မူ၍ ၊ သင် ကား၊ ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
And the Holy Spirit, in a corporal appearance like a dove, descended upon him. And a voice came from heaven: “You are my beloved Son. In you, I am well pleased.”
23 ၂၃ ထိုအခါ ယေရှု သည် အနှစ် သုံးဆယ် ခန့် မျှရှိ တော်မူ၏။ လူများအထင် အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ် တည်း။ ယောသပ်အဘဧလိ ၊
And Jesus himself was beginning to be about thirty years old, being (as it was supposed) the son of Joseph, who was of Heli, who was of Matthat,
24 ၂၄ ဧလိအဘ မဿတ် ၊ မဿတ်အဘလေဝိ ။ လေဝိအဘ မေလခိ ၊ မေလခိအဘ ယန္န ၊ ယန္နအဘ ယောသပ် ၊
who was of Levi, who was of Melchi, who was of Jannai, who was of Joseph,
25 ၂၅ ယောသပ်အဘမတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘနာဟုံ ၊ နာဟုံအဘဧသလိ ၊
who was of Mattathias, who was of Amos, who was of Nahum, who was of Esli, who was of Naggai,
26 ၂၆ ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘမတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘယုဒ ၊ ယုဒအဘယောဟန္န ၊
who was of Maath, who was of Mattathias, who was of Semein, who was of Josech, who was of Joda,
27 ၂၇ ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရုဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလအဘနေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊
who was of Joanan, who was of Rhesa, who was of Zerubbabel, who was of Shealtiel, who was of Neri,
28 ၂၈ အဒ္ဒိအဘကောသံ ၊ ကောသံအဘဧလမောဒံ ၊ ဧလမောဒံအဘဧရ ၊
who was of Melchi, who was of Addi, who was of Cosam, who was of Elmadam, who was of Er,
29 ၂၉ ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မသ္သတ်အဘလေဝိ ၊
who was of Joshua, who was of Eliezer, who was of Jorim, who was of Matthat, who was of Levi,
30 ၃၀ လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒအဘယောသပ် ၊ ယောသပ်အဘယောနန် ၊ ယောနန်အဘဧလျာကိမ် ၊ ဧလျာကိမ်အဘမေလေ ၊
who was of Simeon, who was of Judah, who was of Joseph, who was of Jonam, who was of Eliakim,
31 ၃၁ မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသအဘနာသန် ၊ နာသန်အဘဒါဝိဒ် ၊
who was of Melea, who was of Menna, who was of Mattatha, who was of Nathan, who was of David,
32 ၃၂ ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲအဘဩဗက် ၊ ဩဗက်အဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘနာရှုန် ၊
who was of Jesse, who was of Obed, who was of Boaz, who was of Salmon, who was of Nahshon,
33 ၃၃ နာရှုန်အဘအမိနဒပ် ၊ အမိနဒပ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက်အဘယုဒ ၊
who was of Amminadab, who was of Aram, who was of Hezron, who was of Perez, who was of Judah,
34 ၃၄ ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊
who was of Jacob, who was of Isaac, who was of Abraham, who was of Terah, who was of Nahor,
35 ၃၅ နာခေါ်အဘစေရောက် ၊ စေရောက်အဘရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘဟေဗာ ၊ ဟေဗာအဘ ရှာလ ၊
who was of Serug, who was of Reu, who was of Peleg, who was of Eber, who was of Shelah,
36 ၃၆ ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘအာဖာဇဒ် ၊ အာဖာဇဒ်အဘရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊
who was of Cainan, who was of Arphaxad, who was of Shem, who was of Noah, who was of Lamech,
37 ၃၇ လာမက်အဘမသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘမဟာလေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊
who was of Methuselah, who was of Enoch, who was of Jared, who was of Mahalalel, who was of Cainan,
38 ၃၈ ကာဣနန်အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရားသခင် ပေတည်း။
who was of Enos, who was of Seth, who was of Adam, who was of God.

< လုကာ 3 >